← Chapters

အသူရာဂိုဏ်း၏ အတိတ်

Vol. 5 Ch. 56

အသူရာဂိုဏ်း၏ အတိတ်

Vol. 5 Ch. 56

ကျိလင်းမြို့ရှိ ကြယ်ရောင်စုံတောက်ပလျက်ရှိသော ညနေချမ်း အချိန်အခါလေးတစ်ခုတွင် ဖြစ်သည်။

ကျိလင်းမြို့စား၏ အိမ်တော်သည် ယခုညချမ်း၌ ဤအရှေ့ပိုင်းတိုက်ကြီးရှိ အထင်ရှားဆုံး လူငယ်ပါရမီရှင်များ၏ စုဝေးရာ နေရာဌာနလေးတစ်ခုလည်း ဖြစ်လာခဲ့လေသည်။

အသူရာဂိုဏ်းနှင့် ဆက်ဆံရေးကောင်းမွန်သော ဂိုဏ်းများစွာမှ အကြီးအကဲ များ၏ လက်ရင်းတပည့်များသည် ဤအိမ်တော်တွင်းသို့ရောက်ရှိနေကြပြီဖြစ်သည်။

၎င်းတို့အားလုံးသည် ၎င်းတို့၏ တည်ရှိမှုကို သတိထားမိစေရန် ရောက်ရှိလာခဲ့ ကြခြင်းလည်းဖြစ်သည်။ အချို့က ၎င်းတို့၏ ဂျူနီယာဂိုဏ်းတူညီ၊ညီမလေးများကိုပင် ကမ္ဘာကို လှည့်လည်ကြည့်ရှုစေရန်ဆိုသည့်အကြောင်းပြချက်ဖြင့် ၎င်းတို့နှင့်အတူ ခေါ်ဆောင်လာခဲ့ကြသည်။

"မင်း သိလား ခုမြို့စားအိမ်တော်အသစ်ကို အရင်က မြို့စားအိမ်တော်အဟောင်း တည်ရှိခဲ့တဲ့ နေရာမှာပဲ ပြန်တည်ဆောက်ထားတာတဲ့"

……………………………………….

အိမ်ရှေ့မင်းသားသည် သူ့အခန်းထဲတွင် ရပ်နေလျက်ရှိပြီး မည်သူမည်ဝါမှန်း မသိရသေးသော အခြားလူငယ်လေးတစ်ဦးသည် သူ၏ဘေးတွင် ရှိနေလေသည်။

ဧည့်သည်အများစုသည် အောက်ထပ်တွင် ရှိနေကြသေးသော်လည်း အကြောင်းတစ်ချို့ကြောင့် ဤလူငယ်ကို မင်းသားနှင့် ကြိုတင်တွေ့ဆုံခွင့် ပေးထားခဲ့ခြင်းဖြစ်သည်။

"ဒါက အကို့ရဲ့ ချစ်လှစွာသော ညီတော် အသတ်ခံခဲ့ရတဲ့ နေရာပဲ။"

ထိုအမည်မသိရသေးသောသူသည် ဝိုင်ကို တစ်ငုံမျှ သောက်လိုက်ရင်း အိမ်ရှေ့မင်းသား ပြောသည်ကို နားထောင်နေလိုက်သည်။

"အဲဒီအကြောင်းကို ကျွန်တော်ကြားဘူးတယ် ဒါကအကြီးအကဲကျန်း ရဲ့ လက်ချက်ပဲမဟုတ်လား"

"မှန်တယ် သူမက ကျုပ်ရဲ့ အပြစ်မရှိတဲ့ညီတော်လေးတစ်ယောက်ကို သတ်ခဲ့တာပဲ သူ…သူ မရှိတော့ဘူးဆိုတာကိုကျုပ် ခုထိမယုံကြည်နိုင်သေးဘူး"

အိမ်ရှေ့မင်းသားသည် ဝမ်းနည်းမှုအချို့ကိုထိုလူရှေ့တွင် ထုတ်ဖော်ပြသခဲ့သည်။

အိမ်ရှေ့မင်းသား၏ ကိုယ်ပိုင် အစေခံသည် သူတို့၏နောက်တွင် ရပ်လျက်ရှိနေပြီး မင်းသား၏ သရုပ်ဆောင်မှုကို အနည်းငယ် ရယ်ချင်နေခဲ့သည်။ သူက ပင် ဝမ်းနည်းနေ သတဲ့ အမှန်မှာမူသူ့ထက် ထိုကိစ္စတွင် ပို၍ ပျော်ရွှင်နိုင်သူဟူ၍ ရှိဦးမည်တဲ့လား။

"မိစ္ဆာဂိုဏ်းရဲ့ အကြီးအကဲတိုင်းက အဲဒီလိုပဲ သူတို့က အရမ်း မောက်မာကြတယ် သူတို့ရဲ့ ကျရှုံးခန်းတွေစတင်ရောက်ရှိလာဖို့က အချိန်တစ်ခုပဲ လိုပါတော့တယ်"

"မှန်တယ်"

အိမ်ရှေ့မင်းသားက ခေါင်းညိတ်လိုက်သည်။

"ညီတော်က ကျုပ် ဆရာရဲ့ သားပဲ ဒါကြောင့် ညီတော်က ဒီအရာတွေအကြောင်းကို သိနေမှာ သေချာတယ် အသူရာဂိုဏ်းက အချိန်အတော်ကြာအောင် သူတို့ရဲ့ခွန်အားကို တိတ်တိတ်လေး စုဆောင်းနေခဲ့ရတာ"

"ကျုပ်တို့က တခြားဂိုဏ်းတွေ အများကြီးနဲ့ မဟာမိတ်ဖွဲ့ထားနိုင်တယ် ပြီးတော့ အခု ကျုပ်တို့ လိုအပ်တာက ပြန်တိုက်ခိုက်ဖို့ အခွင့်အရေးလေးတစ်ခုပဲလိုတော့တာ ပြီးရင် အဲဒီ မောက်မာတဲ့သူတွေကို သူတို့ရဲ့ ထိုင်ခုံပေါ်ကနေအကုန် ဆွဲချပစ်မယ်"

လူငယ်သည် မတုံ့ပြန်ခဲ့ပါ။ သူသည် ထိုအရာအားလုံးကို သိနေခဲ့ပြီးဖြစ်သည်။

အိမ်ရှေ့မင်းသားသည် အသူရာဂိုဏ်းချုပ်၏ တပည့်ရင်းဖြစ်သော်လည်း သူသည် အသူရာဂိုဏ်းချုပ်၏ သားအရင်းဖြစ်သည်။ ထို့ကြောင့် သူသည် အိမ်ရှေ့မင်းသား ထက်ပင် များစွာ ပိုသိထားလေသည်။

သူသည် သူ၏ဖခင်က မိစ္ဆာဂိုဏ်း၏ မဟာအကြီးအကဲများ အထူးသဖြင့် မိစ္ဆာဂိုဏ်းချုပ်ကို မည်မျှ မုန်းတီးကြောင်း အသိဆုံးသည်။

သူ့ဖခင်သည် ၎င်းတို့၏ နောက်ဆုံး တွေ့ဆုံခဲ့မှုအကြောင်းကို မည်သည့်အခါမျှ မမေ့နိုင်ခဲ့ပါ။ ထိုအချိန်တွင် သူသည် အသူရာဂိုဏ်း၌ ဂိုဏ်းချုပ်ပင် မဟုတ်သေးချေ။

ဖန်းယုသည်လည်း အလွန်ငယ်ရွယ်သောအချိန်တွင်ပင် မိစ္ဆာဂိုဏ်းကြီး၏ ဂိုဏ်းချုပ်တစ်ယောက် ဖြစ်လာခဲ့လေသည်။

ဖန်းယုသည် ထိုအချိန်တုံးက မိန်းမပျိုလေးတစ်ဦးမျှသာ ရှိသေးသည်။ ထိုစဉ်တုံးက သူ့အဖိုးသည် ဖန်းယုထက်ပင် များစွာအသက်ပို၍ကြီးလေသည်။ ထိုအချိန်တွင် အရှင်သခင် လေးဦး၏ နာမည်များပင်ကျော်ကြားမှု မရှိသေးပါ။

အသူရာဂိုဏ်းနှင့် မိစ္ဆာဂိုဏ်း နှစ်ဂိုဏ်းလုံးသည် ထိုအချိန်က ခွန်အားချင်း တူညီသည့် အခြေအနေတွင်ရှိခဲ့လေသည်။

ထိုအချိန်တွင် သူ့အဖိုးသည် အသူရာဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်လေသည်။ သူသည် မိစ္ဆာဂိုဏ်းချုပ်ဖန်းယုကို မဟာမိတ်ဖွဲ့ဖို့ ဆွေးနွေးရန် ဖိတ်ကြားခဲ့လေသည်။

ဖန်းယုသည် ထိုဖိတ်ကြားမှုကို လုံးဝ လျစ်လျူရှုခဲလေသည်။ သို့သော်လည်း သူ့အဖိုးသည် ထိုမျှနှင့် လက်မလျှော့ခဲ့ပါ။

အသက်ပိုင်းရော ဝါစဉ်အရရော ဖန်းယုထက်များစွာပိုကြီးမြင့်သော သူ၏ အဖိုးသည် သူ၏မာနများကို ဘေးဖယ်ထားကာ မိစ္ဆာဂိုဏ်းဆီသို့ကိုယ်တိုင် သွားရောက်ခဲ့လေသည်။

ထိုနောက် သူသည် ဖန်းယုနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။ သို့သော် ထိုအမျိုးသမီးငယ်သည် သူတို့ကို ဂရုပင် မစိုက်ခဲ့ပါ။

သူ့ဖခင်သည် သူ့အဖိုးနှင့်အတူ လိုက်ပါသွားခဲ့သည့်အတွက် ထိုအချိန်က အကြောင်းအရာများကို ကိုယ်တိုင်မြင်ခဲ့ရခြင်းဖြစ်လေသည်။

သူ့အဖိုး၏ ဤအရှက်ခွဲခံရမှုအား ဘယ်တော့မှ မမေ့စေရန် ဤဇာတ်လမ်းကို သူ့အား အကြိမ်ပေါင်းများစွာ ပြန်လည်ပြောပြ ခဲ့လေသည်။

ထိုအချိန်တွင် မိစ္ဆာဂိုဏ်းချုပ်ဖန်းယုကို ဖော်ပြရန် သူ့ဖခင် အသုံးပြုခဲ့သော စကားလုံး နှစ်လုံးသာ ရှိသည်။

"နှလုံးသားမဲ့ရုပ်သေးရုပ်"

သူ့အဖိုးသည် သူမကို မဟာမိတ်ဖွဲ့ခြင်း၏ အကျိုးအမြတ်များအကြောင်း ပြောပြပြီး သူမကို ဆွဲဆောင်ရန် ကြိုးစားခဲ့သည်။ သို့သော် သူမက သဘောမတူခဲ့ပါ။

သူမသည် ၎င်းတို့အား သူတောင်းစားများကိုနှင်ထုတ် သကဲ့သို့ ပြန်လည်ထွက်ခွာရန် ပြောဆိုခဲ့သည်။

"မင်းက အရမ်း မောက်မာလွန်းတယ် မိန်းကလေး မင်းက တကယ်ပဲ ဘယ်သူ့ကိုမှ မရှုံးနိုင်တော့ဘူးလို့ ထင်နေတာလား ငါတို့နဲ့ မဟာမိတ်ဖွဲ့ခြင်းကို မင်းဘက်က လက်မခံဘူးဆိုရင် ငါတို့ဂိုဏ်းတွေကမင်းနဲ့ ရန်သူတွေဖြစ်လာကြလိမ့်မယ် အဲ့ဒီအချိန်ကျရင် အကျိုးဆက်တွေကို မင်းခံနိုင်ရည်ရှိပါ့မလား"

ထိုသို့နှင်ထုတ်ခံရ၍ ပြန်လည်ထွက်ခွာချိန်တွင် သူ့အဖိုးပြန်ပြောနိုင်ခဲ့သည့် တစ်ခုတည်းသော အခိုက်အတန့်လည်း ဖြစ်သည်။ ဤကိစ္စသည် ဤနေရာတွင် သာအဆုံးသတ်ခဲ့သင့်သည်။ သို့သော် ယင်းက ထိုသို့ မဖြစ်ခဲ့ပါ။

အချိန်အတော်ကြာ ငြိမ်သက်နေခဲ့သော ဖန်းယုသည် နောက်ဆုံးတွင် လှုပ်ရှားလာခဲ့သည်။

သူမ၏ လက်ထဲတွင် မည်သည့် လက်နက်မျှ မရှိနေခဲ့ပါ။ သူမသည် သူမ၏ လက်ချောင်းများကို ရိုးရှင်းစွာ လှုပ်ရှားလိုက်ပြီး မမြင်နိုင်သောဖိအားတစ်ခု သူမ၏ ပတ်ပတ်လည်တွင် ပေါ်ပေါက်လာပြီး ဤအခန်းအတွင်းရှိ လူတိုင်းကို ဖိနှိပ်ထားလိုက်လေသည်။

သူ့အဖိုးနှင့် သူ့ဖခင် နှစ်ဦးစလုံးသည် ထိုထူးဆန်းသော ဖိအား၏ဒဏ်ကို မခုခံနိုင်ဘဲ အတင်းအကျပ်ပင် ဒူးထောက်လိုက်ရလေသည်။

ယခုအချိန်အထိ သူ၏ဖခင်သည် ၎င်းတို့ တိုက်ခိုက်ခြင်းခံခဲ့ရသော တွေ့ဆုံခန်းမတွင် မိစ္ဆာဂိုဏ်း၏ ကြီးမားသောအစီအရင် ဖွဲ့စည်းမှုတစ်ခု ရှိနေခဲ့ခြင်းကြောင့်သာ ဖြစ်ရမည်ဟု ယုံကြည်နေဆဲဖြစ်သည်။

"နှလုံးသားမဲ့ရုပ်သေးရုပ်" သည် ထိုအချိန်၌ စတင်လှုပ်ရှားခဲ့သည်။ သူမသည် သူ၏ အဖိုးရှေ့တွင်ရုတ်တရက်ပေါ်လာပြီး သူ့အဖိုး၏ဆံပင်များကို ဆွဲကိုင်ထားလိုက်သည်။

"ရှင်က ဒီလိုတောင်ပြောရဲတယ်ဆိုတော့ ရှင့်ဂိုဏ်းက ရန်သူ ဖြစ်ချင်တာသေခြာလားဆိုတာ ကျွန်မစောင့်ကြည့်ချင်သေးတယ်"

သူမသည် စကားဆုံးသည်နှင့်တပြိုင်နက် သူ့အဖိုး၏ ဦးခေါင်းကို ဆွဲဖြုတ် ပစ်လိုက်လေတောသည်။

အရာအားလုံကို မယုံကြည်နိုင် ဖြစ်နေသောသူ့ဖခင်၏ မျက်နှာပေါ်သို့ သူ့အဖိုး၏ သွေးများ စွန်းပေသွားခဲ့လေသည်။

ထို့နောက်တွင် သူ့အဖေမြင်တွေ့ခဲ့ရသည်မှာ သွေးစွန်းနေသော သူမ၏ လက်များဖြင့် သူ့အဖိုး၏ ဦးခေါင်းကို လွှင့်ပစ်ရင်း သွေးအေးစွာထွက်ခွာသွားသော ခံစားချက်ကင်းမဲ့သောအမျိုးသမီးငယ်လေး၏ နောက်ကျောကိုပင် ဖြစ်လေသည်။

"ရှင်တို့ဟာ မိစ္ဆာဂိုဏ်းကို အချိန်မရွေးစစ်ကြေညာခွင့်ရှိတယ်"

ယင်းသည် သူ့ဖခင် သူမထံမှ နောက်ဆုံးကြားခဲ့ရသော စကားလုံးများပင် ဖြစ်လေသည်။

သူ့ဖခင်သည် မိစ္ဆာဂိုဏ်းမှအသက်ရှင်လျက် ပြန်လာနိုင်ခဲ့သော်လည်း အကြောင်းကြောင်းကြောင့် သူသည် စစ်ကြေညာရန် အလွန်ပင် ကြောက်ရွံ့နေခဲ့လေသည်။

သူသည် ယင်းသို့စစ်ကြေငြာမိလျှင် သူ၏ဂိုဏ်းတစ်ခုလုံး ချေမှုန်းခံရတော့မည် ဖြစ်မှန်း သိရှိနေခဲ့လေသည်။ သို့သော် သူသည် ဤဖြစ်ရပ်ကို တစ်ရက်မှ မမေ့နိုင်ခဲ့ပါ။

သူ့ဖခင်သည် အသူရာဂိုဏ်း၏ ဂိုဏ်းချုပ်အသစ် ဖြစ်လာခဲ့သော်လည်း သူသည် ဤမုန်းတီးမှုကို ဘယ်သောအခါမှ မမေ့ပစ်ခဲ့ပါ။

နောက်နှစ်အနည်းငယ်ကြာသည်အထိ သူသည် မိစ္ဆာဂိုဏ်းကို ဖျက်ဆီးရန် အခြားသောဂိုဏ်းများနှင့် မဟာမိတ်ဖွဲ့ရန် ကြံစည်ခဲ့လေသည်။

သို့သော် ကံမကောင်းစွာဖြင့် သူသည် ထိုအခွင့်အရေးကိုမရရှိခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ထိုအချိန်သည် မိစ္ဆာဂိုဏ်းမှ အနီးအနားတွင်ရှိသော ဂိုဏ်းအားလုံးကို ချေမှုန်းရန် စတင်ခဲ့သော အချိန်ဖြစ်နေသောကြောင့်ဖြစ်သည်။

ထိုအချိန်က ဂိုဏ်းများစွာအခြေမှုန်းခံခဲ့ရပြီး အနည်းငယ်မျှသာ ရှင်သန်နိုင်ခဲ့ လေသည်။

၎င်းတို့ထဲတွင် အသူရာဂိုဏ်းမှာလည်း တစ်ဂိုဏ်းအပါအဝင် ဖြစ်လေသည်။ အသူရာဂိုဏ်းချုပ်သည် ၎င်းတို့ဂိုဏ်းမှာ မိစ္ဆာဂိုဏ်းနယ်မြေနှင့် အလွန် ဝေးကွာလွန်းသောကြောင့်ဖြစ်မည်ဟု ယူဆခဲ့သော်လည်း ယင်းသည် အမှန်တကယ် အကြောင်းရင်း ဟုတ်မဟုတ်ကိုမူ သူလည်းမသိနိုင်ခဲ့ပါ။

ထိုစဉ်က တိုက်ကြီးလေးခုသည် ၎င်းတို့၏ အင်အားများကို အပြိုင်အဆိုင် စုစည်းနေသော အချိန်နှင့်လည်း တိုက်ဆိုင်နေခဲ့သည်။

မြောက်ပိုင်းဒေသတွင် နီခရိုမန်ဆာမျှော်စင်သည် အခြားမှော်မျှော်စင်အားလုံးကို ဖိနှိပ်လိုက်ခြင်းအားဖြင့် အင်အားကြီးထွားလာခဲ့သည်။

အနောက်ပိုင်းတွင် သန့်စင်ဘုရင့်နိုင်ငံတော်

သည် သန့်စင်ဘုရားကျောင်း၏ အထောက်အပံ့ဖြင့် ပိုမို၍ တန်ခိုးအင်အားကြီးထွားလာခဲ့သည်။

တောင်ပိုင်းနယ်မြေ၏ အားအကောင်းဆုံး သူရဲကောင်းမှာလည်း တောင်ပိုင်းတိုက်ကြီး၏ အင်အားဗဟိုချက် ဖြစ်လာမည့် သူရဲကောင်းအကယ်ဒမီကျောင်းကို စတင်တည်ထောင်နိုင်ခဲ့လေသည်။

#Catfoot

All Chapters