← Chapters

ရှင့်အဖေဖြစ်နေရင်တောင်မရဘူး

Vol. 5 Ch. 57

ရှင့်အဖေဖြစ်နေရင်တောင်မရဘူး

Vol. 5 Ch. 57

တိုက်ကြီးလေးခုတွင် အင်အားဗဟိုချက်များ ပေါ်ထွက်လာသည်နှင့်အမျှ အရှင်သခင်လေးဦးသည် ဦးဆောင်သူများဖြစ်လာခဲ့ကြသည်။

အရှင်သခင်လေးဦးတွင် တရားဝင် အဆင့်သတ်မှတ်ချက် မရှိကြပါ။ တိုက်ကြီးတစ်ခုစီတွင် ၎င်းတို့၏ အရှင်သခင်သည် အားအကောင်းဆုံးဖြစ်သည် ဟူ၍သာ လူသိများလေသည်။

အရှေ့ပိုင်းတိုက်ကြီးရှိ အဆင့်သတ်မှတ်ချက်များတွင် အနည်းငယ် ဘက်လိုက်မှုအပေါ်တွင် အခြေခံထားသည်။

ပထမအရှင်သခင်မှာ အရှေ့ပိုင်းတိုက်ကြီး၏ ဂိုဏ်းချုပ် ဖန်းယုဖြစ်သည်။ သူမကို နှလုံးသားမဲ့အရှင်သခင်ဟုလည်း လူသိများလေသည်။

ဒုတိယအရှင်သခင်မှာ နီခရိုမန်ဆာမျှော်စင်၏ အုပ်ချုပ်သူဖြစ်သည်။ သူ၏အစစ်အမှန်နာမည်ကို မည်သူမျှ မသိကြသော်လည်း သူ့ကို သေမင်းအရှင်သခင်ဟု သိထားကြလေသည်။

တတိယအရှင်သခင်မှာ သန့်စင်ဘုရင်နိုင်ငံတော်၏ သန့်စင်ပရောဟိတ်မပင် ဖြစ်သည်။ သူမ၏ နာမည်မှာ အီဗန်ဂျလင်းဖြစ်သည်။ ထို့အပြင် ပြည်သူ အများအပြားက သူမသည် နတ်ဘုရားမတစ်ပါးမှ ပြန်လည်ဝင်စားခြင်း ဖြစ်သည်ဟုလည်းပြောဆိုကြပြီး သန့်စင်နတ်ဘုရားမဟုလည်းခေါ်တွင်လေသည်။

သူမကို ပြန်လည်ဝင်စားခြင်းအရှင်သခင်ဟု ခေါ်သည်။

အရှေ့ပိုင်းတိုက်ရှိလူများသည် တောင်ပိုင်းတိုက်ကို မုန်းတီးသောကြောင့် ၎င်းတို့၏ အရှင်သခင်ကိုလည်း နောက်ဆုံးအဆင့်တွင်သာ သတ်မှတ်ထားလေသည်။

စတုတ္ထအရှင်သခင်မှာ သူရဲကောင်းအကယ်ဒမီ၏ကျောင်းအုပ်ဖြစ်သူ မစ်ထ် ဖြစ်ပြီး တောင်ပိုင်းတိုက်ကြီးတွင် တစ်ဦးတည်းသော SSS အဆင့် သူရဲကောင်းတစ်ဦးလည်း ဖြစ်လေသည်။

သို့သော် အရှေ့ပိုင်းတိုက်ကြီးရှိ လူများမှာမူ သူမကို အမှိုက်သရိုက်အရှင်သခင် ဟု ခေါ်ကြလေသည်။

....

တစ်ချိန်တုံးက အသူရာဂိုဏ်းနှင့် တန်းတူအဆင့်တွင်သာရှိခဲ့သော ဖန်းယုသည် ယခုအခါတွင် အရှင်သခင်များထဲမှ တစ်ဦး ဖြစ်လာခဲ့လေသည်။

အသူရာဂိုဏ်းချုပ်ကို သတ်ပြီးသည့်တိုင် သူမသည် မည်သည့် အကျိုးဆက်ကိုမျှ မရင်ဆိုင်ခဲ့ရပေ။

တစ်ဖက်တွင် အသူရာဂိုဏ်းမှာမူ ပို၍ အားနည်းလာခဲ့သည်။ မိစ္ဆာဂိုဏ်း ကို ခဏလောက်မေ့ထားလိုက်ပါက ၎င်းတို့အသူရာဂိုဏ်းသည် အရှေ့ပိုင်းတိုက်ကြီးတွင် အားအကောင်းဆုံးဂိုဏ်းတစ်ခု ဖြစ်နေဆဲပင်ဖြစ်သည်။

လက်ရှိ အသူရာဂိုဏ်းချုပ်သည် သူ၏ဆုံးဖြတ်ချက်ကို နောင်တမရသော ရက် တစ်ရက်မျှ မရှိခဲ့ချေ။

သူသည် အခွင့်အရေးရစဉ်တုံးက မိစ္ဆာဂိုဏ်းအား တိုက်ခိုက်ခဲ့သင့်သည်ဟု အမြဲ တမ်းတွေးတောနေမိလေသည်။

သူသည် အလွန် အစိုးရိမ်လွန်ခဲ့သောကြောင့် မိစ္ဆာဂိုဏ်းကို ပို၍ အားကောင်းလာရန် အခွင့်အရေး ပေးမိသလိုဖြစ်သွားခဲ့သည် ဟုတွေးထင်ခဲ့လေသည်။

သူသည် ယခုအချိန်အထိ ထိုကိစ္စအား လက်မလျှော့သေးပါ။ ဤသို့ဖြင့် မိစ္ဆာဂိုဏ်း ချုပ် ဖန်းယုသည် သူ့နှလုံးသားထဲတွင် ကြီးမာသောအစိုင်အခဲတစ်ခုအဖြစ် ဖြစ်တည်လာခဲ့လေသည်။ သူသည် ထို နှလုံးသားကင်းမဲ့သောရုပ်သေးရုပ် ကို ဖျက်ဆီးပစ်ချင်မိခဲ့သည်။ သူသည် မိစ္ဆာဂိုဏ်းကို ချေမှုန်းချင်နေခဲ့သည်။

ထို့ကြောင့် သူသည် မဟာမိတ်များကိုလည်း ပိုမိုစုဆောင်းနေခဲ့လေသည်။ သူသည် ရတနာများကို စုဆောင်းကာ မိစ္ဆာဂိုဏ်းမှ အရာအားလုံးကို ပြန်လည်ရယူနိုင်မည့် တစ်နေ့အတွက် ပြင်ဆင်စောင့်ဆိုင်းလျက်ရှိနေသည်။

အရာအားလုံး အဆင်သင့် မဖြစ်မချင်း သူသည် အရာရာကို ချုပ်ထိမ်း ထားရမည်ဖြစ်သည်။ လူအများစုက သူသည် ကြောက်ရွံ့သောကြောင့်ဟု ထင်နေကြသော်လည်း သူ၏သားဖြစ်သူသည်သာ သူ့အဖေသည် အချိန်အခါကောင်းကို စောင့်နေခြင်းဖြစ်ကြောင်း သိနေလေသည်။

"ဆရာက မိစ္ဆာဂိုဏ်းကို ဖျက်ဆီးပြီး အသူရာဂိုဏ်းက အားအကောင်းဆုံး ဖြစ်လာမယ့် နေ့တစ်နေ့ ကို အကိုတော် မစောင့်နိုင်တော့ဘူးဗျာ"

"အဲဒီအချိန်က သေချာပေါက် ရောက်လာပါလိမ့်မယ် အဖေက နောက်ထပ် အရှင်သခင်တစ်ယောက် ဖြစ်လာဖို့က အချိန်တစ်ခုပဲလိုတော့တာဖြစ်တယ် ဒါပေမယ့် အဲဒီအချိန်ထိ အကိုက ဒီကိစ္စတွေကို လုံး၀ပေါက်ကြားစေလို့မရဘူးနော်"

"အဲ့ဒီလိုဘယ်တော့မှဖြစ်မလာစေရပါဘူးစိတ်ချပါ"

"အကိုတော်က အဲဒီလောက် မမိုက်မဲဘူးဆိုတာ ကျုပ်သိပါတယ် ဘာလို့လဲဆိုတော့ ကျုပ်အဖေက အရှင်သခင် ဖြစ်လာတဲ့တနေ့ကျရင် အကိုယ်တော်ရဲ့ ရာထူးကလည်း အများကြီးမြင့်တက်သွားမှာမို့လို့ပဲ"

လူငယ်သည် ပြုံးပြလိုက်သည်။ သူသည် ကုန်နေသော၀ိုင်ခွက်ကို ပြန်လည်ချထားလိုက်ကာ မတ်တပ်ထရပ်လိုက်သည်။

"ကဲဒါနဲ့ အကိုတော်ရဲ့ မွေးနေ့ပွဲကို ခုသွားတက်ကြရင်ကောင်းမလား"

"ဂျူနီယာညီတော်က အဆင်သင့် ဖြစ်နေပြီဆိုရင်သွားကြမယ်လေ "

အိမ်ရှေ့မင်းသားသည် နောက်ဆုံးတွင် ဂိုဏ်းချုပ်၏ သားနှင့်အတူ အခန်းထဲမှ ထွက်လာခဲ့လေသည်။

၎င်းတို့သည် လှေကားမှတဆင့် အောက်သို့ဆင်းသက်လာကာ စောင့်ဆိုင်းနေသောဧည့်သည်ဆီသို့ လျှောက်လှမ်းလာလေတော့သည်။

ခန်းမကြီး၏ အလယ်ရှိ သစ်သားစားပွဲပေါ်တွင် မွေးနေ့ကိတ်မုန့်တစ်လုံးကို တင်ထားလေသည်။

မြို့စားက ပြင်ဆင်မှုအားလုံးကို ပြုလုပ်ခဲ့ရသူဖြစ်သော်လည်း ဤပါတီပွဲ၏ အဓိကပုဂ္ဂိုလ်မှာ အိမ်ရှေ့မင်းသား ပင်ဖြစ်သည်။

သူသည် ခန်းမ၏ အလယ်တွင် ခဏရပ်ကာ ဧည့်သည်အားလုံးကို သူ၏ မွေးနေ့ပွဲသို့ တက်ရောက်လာပေးသည့်အတွက် ကျေးဇူးတင်ကြောင်း စကားအနည်းငယ် ပြောဆိုခဲ့သည်။

ခန်းမထဲတွင် ထင်ရှားသော ပါရမီရှင်လူငယ်များစွာ ရှိနေလေသည်။ ၎င်းတို့အားလုံးသည် နောက်မျိုးဆက်၏ အနာဂတ်များ ဖြစ်လာရန် အလားအလာ အရှိဆုံးပုဂ္ဂိုလ်လေးများဖြစ်ကြလေသည်။

အိမ်ရှေ့မင်းသား၏ မျက်လုံးထဲတွင်မူ ၎င်းတို့အားလုံးသည် သူ၏ အနာဂတ် လက်အောက်ငယ်သားများသာ ဖြစ်ကြလေသည်။

အသူရာဂိုဏ်းသည် အရှင်သခင်အဆင့်ဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာပြီးနောက်တွင် ဤလူငယ်များသာမက ၎င်းတို့၏ ဂိုဏ်းချုပ်များပင်လျှင် သူ၏ လက်အောက်ငယ်သားများ ဖြစ်လာကြလိမ့်မည်ဖြစ်သည်။

လက်ရှိတွင် မိစ္ဆာဂိုဏ်း၏ အတွင်းစည်းတပည့်တစ်ဦးပင်လျှင် ဤသေးငယ်သော ဂိုဏ်းကလေးများမှ ဂိုဏ်းချုပ်တစ်ဦးစီထက်ပင် ပို၍အရေးပါလေသည်။

ထိုအချိန်ရောက်သောအခါ သူသည် အရှင်သခင်အဆင့်ဂိုဏ်းကြီး၏ အကြီးအကဲ အဆင့်နှင့်တူတည့် တပည့်ခေါင်းဆောင်တစ်ယောက် ဖြစ်လာလိမ့်မည်ဖြစ်သည်။ သူသည် ထိုအချိန်ရောက်ရန်ကို မစောင့်နိုင်တော့ပါ။ သို့သော် ယခုအချိန်တွင်မူ သူသည် မည်သည့်အရာကိုမျှ ထုတ်ဖော်ပြောဆို၍ မရနိုင်သေးပါ။

"ဂန်ယန် ဘယ်မှာလဲ"

ခန်းမထဲတွင် လူများစွာ ရှိနေသည်။ သို့သော် အိမ်ရှေ့မင်းသားသည် လူတစ်ဦး ပျောက်ဆုံးနေကြောင်းကို ယခုမှ သတိထားမိလေသည်။

ကျိလင်းမြို့စား ဂန်ယန် သည် ဤနေရာတွင် ရှိမနေခဲ့ပါ။

"မြို့စားမင်းကို တခြားဧည့်သည်တစ်ဦးကို လာခေါ်သွားပါတယ်။"

"တခြားဧည့်သည်တစ်ဦး မြို့စားကိုယ်တိုင် သွားခေါ်ရတဲ့အထိ ဘယ် ဧည့်သည်ကများဒီလောက်မောက်မာနိုင်ရတာလဲ အဲဒီဧည့်သည်က ဒီနေ့ကငါ့မွေးနေ့ဆိုတာ မသိဘူးလား သူတို့ဒီကို ချက်ချင်း လာသင့်တယ်"

အိမ်ရှေ့မင်းသားသည် ထိုမောက်မာသောဧည့်သည်ကို မသိပါ။ ထိုဧည့်သည်သည် အဘယ်ကြောင့် ထိုမျမောက်မာမှုကို ပြသနေရသနည်း။

"ဒါနဲ့ အဲဒီဧည့်သည် ရဲ့ ရာထူးက-"

အစေခံက ရှင်းပြရန် ပြင်လိုက်စဉ်တွင်ပင် တံခါးချပ်မှာ ပွင့်သွားပြီး မြို့စားမင်းက ပြုံးရွှင်နေသော မျက်နှာဖြင့် ဝင်ရောက်လာခဲ့လေသည်။

"အရှင့်သားခင်ဗျာ အရှင့်ရဲ့ မွေးနေ့ပွဲကို တက်ရောက်ဖို့ အထူးဧည့်သည်တစ်ဦးကို ခေါ်လာခဲ့ပါတယ်"

သူသည် ထိုကဲ့သို့ ဧည့်သည်တစ်ဦးကို ခေါ်လာပေးသည့်အတွက် အိမ်ရှေ့မင်းသားက သူ့ကို ကျေးဇူးတင်နေမည်ဟု မျှော်လင့်နေခဲ့သည်။ သို့သော် ယင်းအစား သူသည် မျက်မှောင်ကြုတ်ခြင်းဖြင့်သာ ကြိုဆိုခံခဲ့ရသည်။

"အင်ဟုတ်ပြီ ဒါနဲ့ ဘယ်ကလူငယ်သခင်လေးများလည်း ဒါမှမဟုတ် သခင်မလေးများလား ကျုပ်သူ့ကိုအတော်စောင့်နေရဦးမလားမသိဘူး"

အိမ်ရှေ့မင်းသား၏ စကားများကို ကြားသောအခါ မြို့စား၏ မျက်နှာသည် ဖြူဖျော့သွားလေသည်။ အခြားလူ၏ အဆင့်အတန်းသည် မရိုးရှင်းကြောင်း သူသည် အိမ်ရှေ့မင်းသားကို သတိပေးချင်နေခဲ့သည်။

သူသည် အိမ်ရှေ့မင်းသားကို အံ့အားသင့်စေချင်ခဲ့သော်လည်း ထိုမိန်းကလေး၏အဆင့်အတန်းကို မရှင်းပြနိုင်ခင် ထိုကဲ့သို့ စကားများ ပြောဆိုလိမ့်မည်ဟု မထင်ခဲ့ပါ။

"ရှင့်လောက်တော့စာမဖွဲ့ဘူး ကျွန်မသာ တက်ရောက်ချင်ရင် ရှင့်အဖေဖြစ်နေရင်တောင် ထိုင်စောင့်နေရမှာပဲ"

အဝင်ဝမှ သာယာနာပျော်ဖွယ် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထိုအသံထဲတွင် မောက်မာမှုများသည် ထင်ရှားနေပြီး လူများစွာကို တုန်လှုပ်စေခဲ့သည်။

အသူရာဂိုဏ်းချုပ်၏ တပည့်ရင်းကိုပင် ထိုကဲ့သို့ ပြောရဲသော လူတစ်ဦး ရှိသေးသည်လား။ ဤအမျိုးသမီးသည် သူမကိုယ်သူမ မည်သူဟု ထင်နေသနည်း။

၎င်းတို့သည် ခန်းမထဲသို့ ဝင်လာသော လူကို မြင်သောအခါမှသာ ကံကောင်းစွာဖြင့် မပြောရသေးသော စကားများကို အချိန်မှီမျိုချလိုက်နိုင်သဖြင့် အသက်ရှုချောင်သွားသည်ဟု ခံစားလိုက်ကြရလေသည်။

အိမ်ရှေ့မင်းသားပင် တုန်လှုပ်သွားခဲ့သည်။ သူမသည် အခြားဧည့်သည်များကဲ့သို့ မည်သည့် ဇိမ်ခံဝတ်စုံကိုမျှ ဝတ်ဆင်ထားခြင်း မရှိပါ။ သို့သော် ၎င်းဝတ်ဆင်ထားသော ဝတ်စုံတစ်ခုတည်းသည်ပင် လူတိုင်းကို တုန်လှုပ်စေရန် လုံလောက်ခဲ့ပြီဖြစ်သည်။

၎င်းသည် မိစ္ဆာဂိုဏ်း၏ ဝတ်စုံပင် ဖြစ်သည်။ ထို့ပြင် ၎င်းသည် သာမန်ပြင်ပ တပည့်တစ်ဦး၏ဝတ်စုံ မဟုတ်ဘဲ ထိုအန္တရာယ်များသော ဂိုဏ်း၏ အတွင်းစည်းတပည့်ဝတ်စုံပင် ဖြစ်လေသည်။

အသူရာဂိုဏ်းချုပ်၏ သားသည် မျက်မှောင်ကြုတ်နေရာမှ ဤအမျိုးသမီးကို မြင်လိုက်ရသောအခါ သူ၏အမူအရာများသည် မှောင်မိုက်သွားလေတော့သည်။

#Catfoot

All Chapters