← Chapters

ငါဒီလိုဖြစ်ခွင့်မပေးဘူး

Vol. 5 Ch. 58

ငါဒီလိုဖြစ်ခွင့်မပေးဘူး

Vol. 5 Ch. 58

"သူမ ဘယ်ထွက်သွားတာလဲ"

အာရန်သည် တည်းခိုခန်းထဲတွင် ရှုယင်ကို စောင့်နေခဲ့သည်။ သူမ ဘယ်သွားသည်ကို သူ မသိပါ။ သူ အခန်းယူနေတုန်း သူမရုတ်တရက် ပျောက်သွားခြင်းဖြစ်သည်။

သူမက ထိုကဲ့သို့ ထွက်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပါ။ သူမက ၎င်းတို့၏ အစီအစဉ်အတွက် ကြိုတင်ပြင်ဆင်ရန် သွားခဲ့ခြင်းလော။ သို့သော် ထိုသို့ဆိုလျှင်ပင် သူမသည် ယခုအချိန်၌ ပြန်လာသင့်ပြီဖြစ်သည်။

နောက်ထပ် တစ်နာရီခန့်ကြာပြီးသောအခါ ရှုယင်သည် နောက်ဆုံးတွင် ပြန်ရောက်လာခဲ့လေသည်။ သူမကို အခြားအခန်းတစ်ခု ထပ်ယူပေးထား သော်လည်း သူမသည် အာရန်၏ အခန်းသို့သာ ပြန်လာခဲ့လေသည်။

"မင်း ပြန်လာပြီလား စောစောက ဘယ်သွားနေတာလဲ"

"ကျွန်မဂရုစိုက်စရာကိစ္စလေးနဲနဲရှိလို့ပါ"

"အဲဒီကိစ္စလေးနဲနဲဆိုတာက တစ်ယောက်ယောက်ရဲ့ အသတ်တွေနဲ့ သွား ပတ်သက်နေတယ်လို့တော့ ကိုယ့်ကို မပြောနဲ့နော်"

သူမသည် သူမ၏ လက်ကို ဆေးကြောထားကြောင်း အာရန် မြင်ပြီးဖြစ်သည်။ သို့သော် သွေးနံ့ဟူသည်မှာ လွယ်လွယ်ကူကူ ဆေးကြော၍ မရနိုင်ပါ။

"မင်း ဘယ်သူ့ကို သွားသတ်ခဲ့တာလဲ"

အာရန်သည် သူမအဘယ့်ကြောင့် ထိုသို့ သွားရောက်ပြုမူသနည်းဟု မေးမနေတော့ပါ။ သူသည် သူမက ဘယ်သူ့ကိုသတ်ခဲ့ခြင်းနှင့် အရေးကြီးသောသူ ဟုတ်မဟုတ် ဆိုသည်ကိုသာ တိုက်ရိုက် မေးခဲ့လေသည်။

"ကျွန်မ ကြိုးစားခဲ့ပါတယ်... ရှင့်စကားကို နားထောင်ပြီး ဘယ်သူ့ကိုမှ မသတ်ဖို့ ကျွန်မ ကြိုးစားခဲ့တယ် ဒါပေမယ့် ကျွန်မဒီအတိုင်းလွှတ်မပေးလိုက်နိုင်ဘူး… သူတို့က ရှင့်ကို လက်နက်တွေနဲ့ ချိန်ရွယ်ထားခဲ့ကြတယ် သူတို့က အမှန်တကယ် သေဖို့ ထိုက်တန်တယ်"

"လက်နက်တွေနဲ့ ချိန်ရွယ်ခဲ့ရုံနဲ့လား…"

အာရန်သည် ငိုချင်စိတ်ပင်ပေါက်သွားမိလေသည်။ ဤသည်မှာ သူ စိုးရိမ်နေခဲ့သော အရာပင် ဖြစ်သည်။

သူမသည် သူ့ကို အလွန် ချစ်မြတ်နိုးလွန်းနေသည်။ သူမသည် စောစောပိုင်းက သူ့အတွက် ပြဿနာ မဖန်တီးလိုသောကြောင့် အစောင့်များကို လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်တွင် ၎င်းတို့သည် လူမြင်ကွင်းတွင်သာ ရှိနေခဲ့ခြင်းကြောင့်လည်းဖြစ်သည်။

သို့သော် သူမသည် ၎င်းတို့၏ လုပ်ရပ်များကို မမေ့ခဲ့ပါ။

"ဘယ်သူမှ ကျွန်မကို မမြင်အောင် သေချာ လုပ်ခဲ့ပါတယ်"

ရှုယင်သည်အာရန်ထံမှ ချီးကျူးခံရရန် ကြောင်ငယ်လေးတစ်ကောင်ကဲ့သို့ စိုက်ကြည့်နေရင်း သူမလုပ်ရပ်များကိုပြောပြနေခဲ့သည်။

အာရန်သည် သူမ၏အမူအရာကို သတိမထားမိဟန်ဖြင့် ခေါင်းကိုသာတွင်တွင် ကုတ်နေမိလေသည်။

ဤကဲ့သို့အရာမျိုးကို ပြုလုပ်ခဲ့ပြီးသည်တောင်မှ သူမသည် မည်သူမျှမမြင်အောင် သေချာဂရိုစိုက် ခဲ့သည်ဟုဆိုကာ ချီးကျူးခံချင်နေသေးသည်တဲ့လား။ တစ်ခါတစ်ရံတွင် ဤအမျိုးသမီးသည် အမှန်တကယ် မည်မျှ အန္တရာယ်များသူ ဖြစ်ကြောင်း သူ မေ့လျော့လုနီးပါးဖြစ်သွားတတ်သည်။

သူသည် သူမကို ဆူပူရန် မပြုလုပ်နိုင်ပါ။

"မင်းက အလောင်းတွေတော့ သေခြာဂရုစိုက်ဝှက်ထားခဲ့တယ်မလား"

ရှုယင်က ခေါင်းညိတ်လိုက်သည်။

"သူတို့ကို ဘယ်တော့မှနောက်ထပ်ရှာမတွေ့နိုင်စေရဘူး"

"တော်လိုက်တာ"

အာရန်သည် သူမ၏ ခေါင်းကို ပုတ်လိုက်သည်။ သူမ၏ လုပ်ရပ်များကို ချီးကျူးလိုစိတ် မရှိသော်လည်း သူမကို ဝမ်းနည်းအောင်ပြုလုပ်လိုစိတ်လည်း ရှိမနေခဲ့ပါ။

ရှုယင်သည် ကလေးတစ်ဦးကဲ့သို့ ခေါင်းကို ငုံ့လျက် လှပစွာ ပြုံးနေခဲ့လေသည်။

သူမ၏ ထိုပုံကို မြင်လိုက်ရသောအခါ အာရန်သည် သူမထံမှ မျက်လုံးများကို အမှန်တကယ်ပင် မခွာနိုင်လောက်အောင်ဖြစ်သွားရလေသည်။ သူသည် သူမ၏ ဆွဲဆောင်မှုစွမ်းရည်ဖြင့် သက်ရောက်မှုမခံရသော်လည်း သူမသည် ဤကဲ့သို့ ပြုမူနေသောအခါ အမှန်တကယ်ကို ချစ်ဖို့ကောင်းလွန်းနေခဲ့သည်။

"ကိုယ် အခန်းနှစ်ခန်း ယူထားတယ် မင်းက ဒီအခန်းကို ယူထားနိုင်တယ် ကိုယ်ကတော့ အခြားအခန်းမှာ ပဲသွားအိပ်တော့မယ် မနက်ဖြန် ကိုယ်တို့မှာ လုပ်စရာတွေ အများကြီးသေးတယ်"

သူသည် သူမဆီမှမျက်လုံးကို အလျင်အမြန် ခွာလိုက်ပြီး ဤနေရာတွင် ပိုကြာကြာနေလျှင် ဘာတွေဖြစ်လာနိုင်မည်ကို သူမသိသဖြင့် အမြန်ထွက်ခွါ သွားရန်သာ ဆုံးဖြတ်လိုက်သည်။

ရှုယင်သည် သူမ၏ ခေါင်းကို မော့မကြည့်ဘဲ အာရန်၏ လက်ကို လှမ်းဆွဲထားလိုက်လေလိုက်သည်။

သူမက အသံတိုးတိုးလေးဖြင့် လှမ်းပြောလိုက်သည်။

"ကျေးဇူးပြုပြီး ဒီညဒီမှာပဲနေလိုက်ပါလား"

သူမ၏ ဆွဲဆောင်မှုရှိသော ထိုအသံလေးကို ကြားသောအခါ အာရန်သည် သူ၏ နှလုံးသားက အပြင်သို့ခုန်ပေါက်ထွက်လုမတက် ဖြစ်သွားခဲ့ရလေသည်။ သူသည် ယခုအချိန် စိတ်ကိုလွှတ်ပေးလိုက်လျှင် ဘာဆက်ဖြစ်လာနိုင်သည် ကို သိနေလေသည်။

ထိုစဉ်အာရန်သည် သူ့အိတ်ကပ်ထဲတွင် ရှိနေသော ဆီလက်စ်ကလေးအကြောင်း ကိုတွေးလိုက်မိသည်။ သူမသည် ကလေးငယ်တစ်ဦးကဲ့သို့ ဖြစ်ပြီး သူသည် သူမ၏ စိတ်ကို ထိုကဲ့သို့ အရာများဖြင့် ညစ်နွမ်းမသွားစေလိုခဲ့ပါ။

ဆီလက်စ်လေးသည် သူ့၏ လျှို့ဝှက်လက်နက်တစ်ခုကဲ့သို့ ဖြစ်သည်။ သူသမာဓိ အားနည်းလာပြီး စိတ်ကိုလွှတ်ပေးလိုက်ချင်သည့်အခါတိုင်းတွင် ဆီလက်စ်လေး အကြောင်းကို တွေးတောမိသည်နှင့် သူသည် အစွမ်းကုန် ခုခံနိုင်ခဲ့လေသည်။

"ကိုအရမ်း အိပ်ချင်လာပြီ ကိုယ်ခုချိန် ထွက်သွားတာ ပိုကောင်းလိမ့်တယ်"

အာရန်သည် ရှုယင်၏လက်ကလေးကို လွှတ်ကာ ထိုအခန်းမှ အလျင်အမြန် ပင်ထွက်လာခဲ့လိုက်လေသည်။

သူသည် အပြင်ရောက်သောအခါ စင်္ကြံတွင် ခဏရပ်လိုက်ပြီး တုန်လှုပ်နေသော သူ့နှလုံးသားနေရာကို ဖိထားလိုက်ရသည်။

"သူမက တကယ်ကို ဆွဲဆောင်မှုအားကောင်းလွန်းတယ်..."

ထိုအမျိုးသမီး၏ ဆွဲဆောင်မှုဒဏ်ကို ခုခံရန် မည်မျှ ခက်ခဲကြောင်း သူ့တစ်ယောက်တည်းသာ အသိဆုံးဖြစ်သည်။ သူသည် ဤမျှ အားကောင်းသော သမာဓိထားကာ ထွက်လာနိုင်ခဲ့သည်ကိုပင် သူ့ကိုယ်သူ မယုံကြည်နိုင်ဖြစ်နေ သေးလေသည်။

"ငါက သူမရဲ့ ချဉ်းကပ်မှုတွေကို ဒီလိုနည်းနဲ့ ဘယ်လောက်ကြာကြာ တွန်းလှန်နိုင်မှာမို့လဲ"

သူသည် သူ့အခန်းထဲသို့ ဝင်လာပြီး သူ့အနာဂတ်အတွက် အနည်းငယ် စိုးရိမ်နေခဲ့သည်။

....

ထို့နောက် အာရန် အိပ်ပျော်သွားသောအခါ ညသန်းခေါင်ယံအချိန်သို့ပင် ရောက်နေ ပြီ ဖြစ်လေသည်။ ဤခရီးရှည်ကြီးသည် သူ့ကို အမှန်တကယ်ပင် ပင်ပမ်းနွမ်းနယ်စေခဲ့လေသည်။

အချိန်အတော်ကြာခရီးထွက်ခဲ့ပြီးနောက် သူသည် သက်တောင့်သက်သာ အိပ်စက်ရန် အိပ်ရာတစ်ခုကို ရရှိခဲ့ပြီဖြစ်သည်။ ဤနွေးထွေးသော အိပ်ရာပေါ်သို့ လဲလျောင်းလိုက်သည်နှင့် တစ်ပြိုင်နက် သူသည်အိပ်ပျော်သွားလေတော့သည်။

သို့သော် ဆီလက်စ်သည် နိုးကြားနေဆဲဖြစ်သည်။ သူမသည် တိတ်ဆိတ်စွာဖြင့် အာရန်၏ အိပ်ပျော်နေသော မျက်နှာကို ထိုင်ကြည့်နေခဲ့သည်။

သူမသည် သူ့ပါးကို နောက်တစ်ကြိမ် ထိုးချင်ခဲ့သော်လည်း ယခင်တစ်ကြိမ် ဆူပူခံခဲ့ရသည်ကို သူမ မှတ်မိနေသေးသည်။

ထို့ကြောင့် သူမသည် ထိုသို့ မလုပ်တော့ပါ။ ထိုအစား သူမသည် ပြတင်းပေါက်ဆီသို့ ပျံသန်းသွားကာ အပြင်ဘက်ရှိ လှပသောညချမ်း၏ ကောင်းကင်ပြင်ကြီးကိုသာ ငေးကြည့်နေခဲ့လေသည်။

သူမသည် သူမ၏အချိန်အားလုံးကို အာရန်၏ အိတ်ကပ်ထဲတွင် နေထိုင်ခြင်းနှင့်သာကုန်ဆုံးစေခဲ့သည်။ သူမသည် ဤကမ္ဘာ၏ အံ့ဖွယ်အမှုများစွာကို မြင်တွေ့ခဲ့ရသော်လည်း ပို၍ မြင်ချင်သေးသည်။

ထို့နောက် ဆီလက်စ်ကလေးသည် ပြတင်းပေါက်ကို အနည်းငယ် ဖွင့်ကာ အပြင်သို့ ပျံထွက်သွားခဲ့လေသည်။ သူမသည် အိပ်ရန် မစီစဉ်ထားသောကြောင့် မနက်ဘက် ပြန်မလာခင် မြို့နားတစ်ဝိုက်သို့ ပျံသန်းကာ စူးစမ်းလေ့လာမှုအချို့ကို ပြုလုပ်ချင်နေခဲ့သည်။

........................................

နောက်ထပ် တစ်နာရီကြာသွားခဲ့သည်။ ဆီလက်စ်သည် အာရန်ကို တစ်ယောက်တည်း ထားခဲ့ကာ အာရန်၏ အခန်းမှ ထွက်ခွာသွားခဲ့လေသည်။

ထိုစဉ် အခန်း၏ တံခါးလက်ကိုင်သည် ဖြည်းဖြည်းချင်း လှည့်၍ပွင့်လာခဲ့သည်။

ထိုနောက်တစ်စုံတစ်ယောက်သည် အာရန်၏အခန်းတွင်းသို့ ဝင်ရောက် လာခဲ့လေသည်။ သူမသည် ရှုယင်မှလွဲ၍ အခြားမည်သူဖြစ်ဦးမည်နည်။

သူမသည် ငြိမ်းချမ်းစွာ အိပ်ပျော်နေသော အာရန်ကို စိုက်ကြည့်နေခဲ့သည်။

သူမသည် သူမအနောက်မှ တံခါးကိုဖြေးညှင်းစွာပိတ်လိုက်သည်။ ထို့နောက် အာရန်၏ အိပ်ရာပေါ်သို့ တက်ကာ သူ့ဘေးတွင် လှဲလျောင်းလိုက်လေသည်။

သူမသည် မည်သည့်အရာကိုမျှ မလုပ်ခဲ့ပါ။ သူမသည် အာရန်၏ ချစ်စရာကောင်းသောမျက်နှာလေးကိုစိုက်ကြည့်ရင်း နောက်ဆုံးတွင် သူမသည် လည်းအိပ်ပျော်သွားလေတော့သည်။

....

"ဒီပွဲကို အရေးကြီးတဲ့ ဧည့်သည်တစ်ဦး တက်ရောက်လာလိမ့်မယ်လို့ တကယ်ထင်မထားမိခဲ့ဘူး"

အိမ်ရှေ့မင်းသားသည် မိစ္ဆာဂိုဏ်းမှ အတွင်းစည်းတပည့်တစ်ဦး ရောက်ရှိလာသောကြောင့် အထူးသဖြင့် သူသည် ဤဂိုဏ်းကို တိုက်ခိုက်ရန်အကြောင်းကို ဆွေးနွေးပြီးစအချိန်တွင်ဖြစ်သောကြောင့် အတော်လေး တုန်လှုပ်သွားမိခဲ့သည်။

သူသည် သူ၏အစစ်အမှန် အတွေးများကို မဖော်ထုတ်ခဲ့ပါ။ သူသည် ယခုသည် အချိန်အခါကောင်း မဟုတ်သေးမှန်း သိနေလေသည်။

လောလောဆယ်အချိန်တွင် မိစ္ဆာဂိုဏ်းသည် အလွန် အင်အားတောင့်တင်း လျက်ရှိနေသည်။ ၎င်းသည် အတွင်းစည်းတပည့်တစ်ဦးသာ ဖြစ်လျှင်ပင် ရိုသေမှုအချို့ကိုတော့ ပြသရပေမည်။

"ကျုပ်တော့ နတ်ဘုရားတွေရဲ့ ကောင်းချီးပေးတာခံလိုက်ရပီထင်တယ်"

သူသည် အမျိုးသမီးထံသို့ ချဉ်းကပ်သွားကာ ကိုယ်တိုင် ရိုသေစွာနှုတ်ဆက်ရင်း ပြုံးပြလိုက်သည်။

လမ်းတစ်လျှောက်တွင် သူသည် အသူရာဂိုဏ်းချုပ်၏ သားဖြစ်သော သူ့ဂျူနီယာညီတော်၏ အမူအရာများကို တိတ်တဆိတ် အကဲခပ်နေခဲ့သည်။

ဤနေရာတွင် မိစ္ဆာဂိုဏ်းအား အမုန်းတီးဆုံးသောလူကိုပြပါဆိုလျှင် သူ့ကိုပင်ပြရပေလိမ့်မည်။

ကံကောင်းစွာဖြင့် သူသည် သာမန်မဟုတ်သော မည်သည့်အပြုအမူကိုမျှ မပြသခဲ့ပါ။ သူသည် အမျိုးသမီးကို မြင်သောအခါ မိမိလျှာကိုသာ တစ်ချက်ပြန်သပ်နေခဲ့သည်။

"ရှင်က ဟိုမြို့စားကို ကျေးဇူးတင်သင့်တယ် သူက ကျွန်မမငြင်းနိုင်အောင် အများကြီး တောင်းပန်ခဲ့တယ်လေ"

အမျိုးသမီးသည် အိမ်ရှေ့မင်းသားကို ဖြတ်ကျော်သွားပြီး တစ်ချက်ပင် ပြန်လှည့်မကြည့်ခဲ့ပါ။

သူမသည် သူ့ကို ပြန်လည်နှုတ်ဆက်ခြင်း သို့မဟုတ် သူ့မွေးနေ့အတွက် ဆုတောင်းပေးခြင်းပင် မပြုခဲ့ပါ။ သူမသည် ဤနေရာတွင် ရှိနေခြင်းအားဖြင့် သူ့ကို မျက်နှာသာပေးနေသကဲ့သို့သာ ပြုမူနေခဲ့လေသည်။

အိမ်ရှေ့မင်းသား၏ နှုတ်ခမ်းများသည် တစ်ချက်တွန့်သွားခဲ့သော်လည်း သူသည် ၎င်းအပြုအမူကို အလျင်အမြန်ပင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

#Catfoot

All Chapters