သူခိုးမလေး ဆီလက်စ်
Vol. 5 Ch. 59
အိမ်ရှေ့မင်းသားသည် မိစ္ဆာဂိုဏ်းမှ တပည့်များ မောက်မာသည့်အကြောင်းကို ကြားဖူးခဲ့သည်။
ယခု သူသည် ၎င်းကို မျက်စိဖြင့်တပ်အပ် မြင်နေရပြီဖြစ်သည်။ ဤမိစ္ဆာဂိုဏ်းမှ လူများသည် ဘယ်သူ့ကိုမှ အမှန်တကယ် ဂရုမစိုက်ကြောင်း သူကိုယ်တိုင် မြင်တွေ့လိုက်ရပြီဖြစ်သည်။
သူမ၏ ဂိုဏ်းနောက်ခံကြောင့်သာမဟုတ်လျှင် ထိုကဲ့သို့ အပြုအမူအတွက် ထိုအမျိုးသမီးကို သတ်ရန်ပင် သူ စီစဉ်မိလိမ့်မည်ဖြစ်သည်။
သူသည် သူ့ဒေါသကို ကျိလင်းမြို့စားဆီသို့သာ လှည့်နိုင်လေတော့သည်။
မိစ္ဆာဂိုဏ်းမှ တစ်စုံတစ်ယောက်ကိုတိုက်ရိုက် ဖိတ်ကြားခြင်းသည် တစ်မျိုးဖြစ်သည်။ သူသည် ဖိတ်ကြားလွှာ အနည်းငယ်ကိုလည်း ပို့ခဲ့ပြီးသည်။
သို့သော် ၎င်းဂိုဏ်းသူကို သူ၏မွေးနေ့ပွဲသို့ တက်ရောက်ရန်ပင် တောင်းပန်ခယ ခဲ့ရသည်တဲ့လား…….
ဤမြို့စားသည် သူ၏ အရှက်ကို လုံးဝခွဲလိုက်ခြင်းပင်ဖြစ်သည်။
'ဒီကိစ္စတွေပြီးသွားတဲ့အခါ သူ့ကို သင်ခန်းစာ ကောင်းကောင်းပေရမယ်။ ဒီအမျိုးသမီးကိုတော့ သူမက စည်းမကျော်သ၍ လွှတ်ပေးထားရမှာပဲ။
ဒါပေမယ့် သူမက လွန်လွန်ကြူးကြူးတွေစော်ကားလာရင်တော့ သူမကို အစဖျောက်ပစ်ရလိမ့်မယ်'
မိစ္ဆာဂိုဏ်းသည် အန္တရာယ်များပြီး မည်သူမျှ ၎င်းတို့၏ တပည့်များကို ထိခိုက်ရန် မကြိုးစားရဲကြပါ။
သို့သော် သူတို့မသိခဲ့ဘူးဆိုလျှင် မည်သည့်ပြသနာများရှိဦးမည်နည်း။
အိမ်ရှေ့မင်းသားသည် သူခေါင်းမခံရပဲ ထိုအမျိုးသမီးကို ဤလောကအတွင်းမှ ပျောက်ကွယ်သွားအောင် ပြုလုပ်လို့ရသည့် နည်းလမ်းပေါင်း ထောင်နှင့်ချီ ရှိနေလေသည်။
သူသည် သူ့ညီကို ပြန်သတ်ရန်အတွက် မိစ္ဆာဂိုဏ်း၏ အကြီးအကဲတစ်ဦးကို အသုံးချခဲ့သူဖြစ်ပြီး နောက်ဆုံးတွင်အသတ်မခံရပဲ အကျိုးအမြတ်များကိုရရှိခဲ့သူ ဖြစ်သည်။
အရိပ်ထဲတွင်နေကာ အရာရာအား မည်သို့ကြိုးကိုင်ရမည်ကို သူသည်ကောင်းစွာသိထားသူတစ်ဦးဖြစ်လေသည်။
ဖြစ်နိုင်လျှင် သူသည် ထိုအခြေအနေထိ သွားလိုစိတ် မရှိသေးပါ။
မင်းသားသည် သူ၏ခါးကိုပြန်မတ်လိုက်ပြီး အပြုံးတုတစ်ခု သည် သူ၏ မျက်နှာပေါ်သို့တဖန် ပြန်လည်ရောက်ရှိလာခဲ့လေသည်။
"ဒီလို အရေးပါတဲ့ဧည့်သည်မျိုးကို ခေါ်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မြို့စားမင်း"
သူသည် မြို့စားကို ကျေးဇူးတင်စကားပြောလိုက်သည်။
သူ့နှလုံးသားထဲတွင် ဒေါသကို မည်မျှချုပ်တည်းထားရကြောင်း သူကိုယ်တိုင်သာ အသိဆုံးဖြစ်သည်။
မြို့စားသည် မင်းသားက သူ့ကို အမှန်တကယ်ပင်ကျေးဇူးတင်နေသည်ဟု ထင်မှတ်သွားခဲ့သည်။ သူ့မျက်နှာသည် ပိုမို၍ဝင်းလက်လာလေသည်။
သူသည် အိမ်ရှေ့မင်းသား၏ မျက်နှာသာကို ရယူနိုင်ခဲ့ပြီးဖြစ်သည်။ သူ၏ အနာဂတ်သည် တောက်ပလျက်ရှိပြီဖြစ်သည်။
သူသည် အနာဂတ်တွင် များစွာ သောအခွင့်အလမ်း ဆုတံဆိပ်များရရှိတော့မည်ဖြစ်သည်။
အနည်းဆုံးတော့ ထိုစိတ်ကူးများသည် သေခြာသွားပြီဟုသူယုံကြည်ထားလိုက်လေသည်။
အိမ်ရှေ့မင်းသားသည် မွေးနေ့ကိတ်ကို ခွဲလိုက်ခြင်းဖြင့် မွေးနေ့ပွဲတော်ကို စတင်စေခဲ့လေသည်။
လူငယ်များသည် မင်းသားထံသို့ ချဉ်းကပ်လာကြကာ သူ့မွေးနေ့အတွက် ဆုတောင်းစကားများကို တစ်ယောက်ချင်းလာရောက် ပြောဆိုကြလေသည်။
သို့သော် ၎င်းတို့၏ အာရုံစူးစိုက်မှု အများစုသည် ထောင့်တစ်နေရာတွင်ထိုင်ကာ ဝိုင်ခွက်များကိုမော့သောက်နေသော မိစ္ဆာဂိုဏ်းမှ အမျိုးသမီးပေါ်တွင် သာရှိနေကြဆဲဖြစ်သည်။
မွေးနေ့ကိတ်ခွဲသည့် အခမ်းအနားပြီးသည့်နောက်တွင် လူငယ်အားလုံးအတွက် အခြားပွဲတစ်ခုကိုထပ်မံ ကျင်းပခဲ့လေသည်။
ထိုပွဲသည် ဖျော်ဖြေရေးအတွက်ဟုသာ ပြောကြသော်လည်း အမှန်တကယ်တွင် လူငယ်အားလုံးမှာ ၎င်းတို့၏ အရည်အချင်းများကို အများရှေ့တွင်ဖော်ထုတ် ပြသသည့် ပွဲတစ်ခုလည်း ဖြစ်လေသည်။
လူငယ်တိုင်းသည် တိုက်ပွဲအတွင်း အချင်းချင်းတစ်ဦးကိုတစ်ဦး စိန်ခေါ်ကာ ၎င်းတို့၏ ကျွမ်းကျင်မှုများကို ပြသရန်ခွင့်ပြုထားလေသည်။
လူငယ်များသည် သူရဲဘောကြောင်သူများအဖြစ် အများက ပျက်ရယ်ပြုမည်ကို အလိုမရှိကြချေ။
၎င်းတို့သည် အခြားဂိုဏ်းများမှ အတော်ဆုံးဆိုသူများနှင့် ၎င်းတို့၏ အင်အားကို စမ်းသပ်လိုနေခဲ့ကြသည်။
ထို့ကြောင့် လူငယ်အများအပြား သည် အခြားသူများကို စိန်ခေါ်ရန် ရှေ့သို့ ထွက်လာခဲ့ကြလေသည်။
"ရှင်တို့ လူငယ်တွေ ပျော်ရွှင်ကြပါ… ကျွန်မ ပြန်သွားတော့မယ်"
မိစ္ဆာဂိုဏ်းမှ အမျိုးသမီးသည် ဤပွဲအတွင်း ထပ်မံအချိန်မဖြုန်းလိုတော့ပေ။
သူမ၏ မျက်လုံးထဲတွင် ၎င်းတို့အားလုံးသည် ကလေးများအဆင့်သာ ရှိကြလေသည်။
သူမသည် ၎င်းတို့၏ ကျွမ်းကျင်မှုများကို ကြည့်ရန်ပင် စိတ်မဝင်စားခဲ့ပါ။
"မင်းက ဒီလောက်စောပြီး ထွက်သွားတော့မှာလား ငါကတော့ မိစ္ဆာဂိုဏ်းက တစ်စုံတစ်ယောက်နဲ့ လက်ရည်စမ်းသတ်ခွင့်ရတော့မယ်ဆိုပြီး မျှော်လင့်နေခဲ့တာ"
အသူရာဂိုဏ်းချုပ်၏ သားသည် သူမ ထွက်သွားသည်ကို ကြည့်ရင်း မတ်တပ်ရပ်လိုက်သည်။
သူသည် သူ့ကိုယ်သူ ထိန်းချုပ်ရန် ကြိုးစားခဲ့သော်လည်း သူမကို ထိုကဲ့သို့ လွယ်ကူစွာသွားခွင့်တော့ မပေးနိုင်ခဲ့ပေ။
သူသည် ထိုအမျိုးသမီးအား သူမ၏ စိတ်ကြီးဝင်နေမှုမှ အပိုးကျိုး၍ မှတ်သွားလောက်အောင် ပြုလုပ်လိုနေခဲ့သည်။
သူသည် မိစ္ဆာဂိုဏ်းမှ အကြီးအကဲ တစ်ဦး၏ တပည့်ကို အနိုင်ယူနိုင်မည်ဟုမသေခြာသော်လည်း ယခု အမျိုးသမီးသည် အတွင်းစည်းတပည့်အဆင့်သာ ဖြစ်လေသည်။
သူမကို အနိုင်ယူလိုက်နိုင်ပါက သူသည် မိစ္ဆာဂိုဏ်း၏ မည်သည့်အခါမျှ မရှုံးနိမ့်ဘူးဘူး ဟူသည့် ဒဏ္ဍာရီတစ်ခုကို ချိုးဖျက်နိုင်လိမ့်မည်ဖြစ်သည်။
ယခင်က မရရှိခဲ့ဘူးသော အခွင့်အရေးတစ်ခုလည်း ဖြစ်လေသည်။ အခြားဂိုဏ်းများစွာမှ အကြီးအကဲများ၏ တပည့်ရင်းများစွာသည် ဤနေရာတွင် ရှိနေကြလေသည်။
၎င်းတို့၏ ဂိုဏ်းများသည် တိုက်ကြီးတစ်လျှောက် အနှံ့အပြားရှိနေကြလေသည်။
၎င်းတို့သည် အသူရာဂိုဏ်းလောက် အင်အားမကြီးသော်လည်း ၎င်းတို့၏ ဂိုဏ်းများသည် မိမိတို့နယ်မြေအလျောက်ကိုယ်ပိုင်လွှမ်းမိုးမှုများတော့ ရှိကြလေသည်။
ဤသတင်းသည် ပျံ့နှံ့သွားရန် အချိန်တစ်ခုသာ လိုအပ်လေသည်။
"ကျွန်မမှာ ရှင်နဲ့လိုက်ကစားပေးဖို့ အချိန်မရှိဘူး"
အမျိုးသမီးသည် အာရုံမစိုက်ဘဲ ခေါင်းကိုသာခါပြရင်း ပြောလိုက်လေသည်။
"မင်း ကြောက်နေတယ်ဆိုရင်လဲ အဆင်ပြေပါတယ် ကိုယ်မင်းကို အတင်းအကျပ်မတောင်းဆိုပါဘူး"
လူငယ်သည် သူ့နေရာတွင်ပင်ပြန်လည် ထိုင်နေလိုက်သည်။ သူသည် ကြင်နာတတ်ပြီး အလျော့ပေးလိုက်ဟန် ပြောဆိုလိုက်သော်လည်း အမှန်မူ သူ့စကားများတွင် ကဲ့ရဲ့ရှုတ်ချမှုများ ပြည့်နှက်နေလေသည်။
ထိုခန်းမအတွင်းမှ အပြင်သို့ထွက်ခွာသွားခါနီးအချိန်တွင် အမျိုးသမီးသည် ရုတ်တရက် သူမ၏အရှိန်ကို ရပ်တန့်လိုက်လေသည်။
............................
လူတိုင်း၏ အာရုံစူးစိုက်မှုသည် ထိုရပ်တန့်သွားသော အမျိုးသမီးထံသို့ ရောက်ရှိသွားကြလေသည်။
တစ်စုံတစ်ယောက်က သူမကို အမှန်တကယ် စိန်ခေါ်ခဲ့ပြီဖြစ်ပြီး ၎င်းစိန်ခေါ်သူသည် အသူရာဂိုဏ်းချုပ်၏ သားပင်ဖြစ်လေသည်။
၎င်းတို့အားလုံးသည် ကြီးမားသော ပြပွဲတစ်ခု ကြည့်ရတော့မည်ဟု သိလိုက်ကြသည်။
သို့သော် ထိုခန်းမအတွင်းတွင် အခြားသေးငယ်သော ဧည့်သည်လေးတစ်ဦး ရှိနေသေးသည်ကိုမူ မည်သူမျှ သတိမထားမိခဲ့ကြပေ။
ထိုဧည့်သည်သေးသေးလေးတစ်ဦး ဝင်လာသည်ကိုလည်း မည်သူမျှ သတိမထားမိခဲ့ကြပါ။
ထိုလူအများကျောပေးထားသော ကိတ်မုန့်ဘန်းသည် အနည်းငယ်စီ တဖြည်းဖြည်းချင်းလျော့နည်းသွားနေလေသည်။
ဆီလက်စ်သည် သူမထက်များစွာပိုမြင့်မားသော ထိုကိတ်မုန့်ကြီးဘေးတွင် ထိုင်နေလေသည်။
အချိုပွဲများကို စွဲလမ်းတတ်သော ကလေးငယ်လေးတစ်ဦးသဖွယ် သူမသည် သူမ၏ ပါးစပ်သေးသေးလေးများဖြင့် ကိတ်မုန့်များကို ဆက်လက်စားနေခဲ့လေသည်။
သူမသည် ဤခန်းမထဲရှိ လေထုသည် အဘယ့်ကြောင့် ဤမျှ တင်းမာနေသည်ကို မသိသကဲ့သို့ ဂရုလည်း မစိုက်ခဲ့ပေ။
ကိတ်မုန့်၏အရသာသည် သူမအတွက် အခြားအရာများကို အာရုံစိုက်ရန်ထက်ပို၍ အဖိုးတန်နေလေသည်။ ဆီလက်စ်သည် ကိတ်မုန့်သူခိုးလေး ဖြစ်လာခဲ့ပြီဖြစ်သည်။
................
"ရှင်က ရိုက်နှက်တာခံချင်တယ်ဆိုရင် အစကတည်းက ပြောသင့်တယ်ထင်တယ် ကျွန်မက သနားကြင်နာတတ်တဲ့သူဆိုတော့ ရှင့် ဆန္ဒတွေကို ဖြည့်ဆည်းပေးလိုက်ပါမယ်"
ထိုသို့ပြောပြီးသည်နှင့် မိစ္ဆာဂိုဏ်းမှ မိန်းကလေးငယ်သည် နောက်ပြန်လှည့် လာလေသည်။
သူမသည် သူမ၏ အချိန်ကို ဖြုန်းတီးလိုစိတ် မရှိခဲ့သော်လည်း အချို့လူများက မိစ္ဆာဂိုဏ်းသည် အရှေ့ပိုင်းတိုက်ကြီးတွင် အဘယ့်ကြောင့် ထိုကဲ့သို့ မြင့်မားသောတည်ရှိမှုတစ်ခု ဖြစ်နေရကြောင်း မေ့လျော့သွားပုံရလေသည်။
ထိုငနဲသားသည် သူမကို စိန်ခေါ်လိုသောကြောင့် ဤနေရာတွင်ရှိနေသူများအား မိစ္ဆာဂိုဏ်းမှ တစ်စုံတစ်ယောက်ကို ဆန့်ကျင်တိုက်ခိုက်ခြင်း၏ အကျိုးဆက်များကို မြင်သွားကြစေရန် ဆန္ဒရှိနေခဲ့သည်။
"ဂျူနီယာညီလေး ယန်ရေ မင်းတကယ်တိုက်ခိုက်ချင်တာသေခြာလို့လား"
အိမ်ရှေ့မင်းသားသည် အနည်းငယ် တုံ့ဆိုင်းသွားခဲ့သည်။ သူသည် သူ့ဆရာ၏ သားကို သူ့နှင့်အတူ ဤနေရာသို့ခေါ်လာခဲ့မိလေသည်။
ထို့နောက် သူပင်လျှင် ဤကဲ့သို့ တစ်စုံတစ်ရာ ဖြစ်ပွားလိမ့်မည်ဟု မမျှော်လင့်မိခဲ့ပေ။
သူ့ဂျူနီယာညီလေး အနိုင်ရလျှင် အဆင်ပြေသေးသည်။
သို့သော် ရှုံးနိမ့်သွားလျှင် မည်သို့လုပ်မည်နည်း အသူရာဂိုဏ်းချုပ်၏ သားသည် မိစ္ဆာဂိုဏ်းမှ သာမန် အတွင်းစည်းတပည့်တစ်ဦးကိုပင် အနိုင်မယူနိုင်ပါက အရာရာသည်ပိုမို ရှုပ်ထွေးသွားနိုင်သည်။
ဤကဲ့သို့ ကောလာဟလများသည် အလွန် မြန်ဆန်စွာ ပျံ့နှံ့လေ့ရှိလေသည်။ ထို့နောက် သူသည် သူ့ဆရာ၏ ဖြစ်သွားမည့်အမူအရာကို စိတ်ကူးကြည့်၍ ပင်ရနိုင်နေသည်။
ထို့အပြင် သူ့ဂျူနီယာညီလေး သည်သာမန် ရှုံးရုံသာရှုံးလျှင် အဆင်ပြေသေးသည်။ သို့သော် သူသာ ထိုတိုက်ပွဲအတွင်းသေဆုံးလျှင်ကော မည်သည့်အရာများ ဆက်လက်ဖြစ်ပွားမည်နည်း။
အကျိုးဆက်များသည် သူ၏ စိတ်ကူးယဉ်နိုင်မှု အတိုင်းအတာထက်ပင် များစွာ ပိုမိုဆိုးရွားသွားနိုင်လေသည်။
#Catfoot