← Chapters

ခန္ဓာကိုယ်က ပါးစပ်ထက် ပိုရိုးသားတယ်

Vol. 5 Ch. 60

ခန္ဓာကိုယ်က ပါးစပ်ထက် ပိုရိုးသားတယ်

Vol. 5 Ch. 60

မနက်အစောပိုင်းတွင် ဖြစ်လေသည်။

အာရန်သည် သူ့ဘေးတွင် ရှုယင်တစ်ယောက်လာရောက် အိပ်စက်နေသည်ကို မသိသေးဘဲ အိပ်ရာထက်တွင် အိပ်ပျော်နေဆဲပင် ဖြစ်သည်။

အာရန်သည် သူ၏လက်တစ်ဖက်ဖြင့် ရှုယင်၏ သေးသွယ်သောခါးလေးကို ဖက်ထားမိလျက် ဖြစ်နေကြောင်းပင် မသိခဲ့ပါ။

၎င်းတို့နှစ်ဦးကြားတွင် မည်သည့် အကွာအဝေးမျှ ခြားထားခြင်းမရှိဘဲ အာရန်သည် သူမကို သတိမထားမိခင်မှာပင် ပွေ့ဖက်ထားမိသလို ဖြစ်သွားခဲ့ခြင်းဖြစ်သည်။

"အင်း….. ဒီတစ်ခေါက် အိပ်ယာက အတော်အိပ်လို့ကောင်းတာပဲ"

သူသည် ရှုယင်၏ လည်ပင်းကို မတော်တဆ မျက်နှာဖြင့် ညင်သာစွာ ပွတ်သပ်မိလိုက်ရင်း သူမ၏ ကိုယ်မှ ထွက်ပေါ်လျက်ရှိသောသော နွေးထွေးနူးညံ့မှု တစ်ခုကို ခံစားနေရလေသည်။

အာရန်၏လက်သည် သူမခါးဆီမှ တဖြည်းဖြည်း မြင့်တက်လာမိပြီး နူးညံ့သောတစ်စုံတစ်ရာကို ထိတွေ့ခံစားလိုက်မိလေသည်။

"ဟမ် … တစ်ခုခုတော့ မှားနေသလိုပဲ"

အာရန်သည် ယခုအတွေ့အကြုံအတွက် မကောင်းသော ခံစားချက်အချို့ ရလိုက်သဖြင့် သူ့လက်ဖြင့် အနည်းငယ် ညှစ်ကြည့်လိုက်သည်။

ဤရနံ့... ယင်းသည် သူအိပ်နေသောအိပ်ရာနှင့် မသက်ဆိုင်ပါ။ သူသည် နိုးတဝက်အိမ်မက်ဖြင့် အိပ်မောကျနေပြီး အရာရာကို အိမ်မက်မက်နေခြင်း ဟုတ်မဟုတ် မသေခြာနေပါ။

သူသည် ထိုသို့ညင်သာစွာ ညှစ်မိလိုက်သည်နှင့် တစ်ပြိုင်နက်တစ်စုံတစ်ယောက်၏ ညည်းတွားသံ တိုးတိုးလေးတစ်ခု ထွက်ပေါ်လာလေသည်။

သူသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိလိုက်သောအခါ သူ့နောက်ကျောတွင် ချွေးစေးများဖြင့် စိုရွှဲသွားလေသည်။

ဤညည်းသံသည် အိပ်မက်တစ်ခုဟုယူဆရန် အလွန်စစ်မှန်လွန်းနေသည်။

ထို့ပြင် သူ၏လက်များမှာ.....

ယင်းသည် သေချာပေါက် ခေါင်းအုံးပေါ်တွင် ရှိနေခြင်းမဟုတ်ပါ။

အာရန်သည် ဖြည်းညင်းစွာပင် မျက်လုံးများကို ဖွင့်လိုက်လေသည်။ ယင်းရနံ့ သည် ဘယ်သူ၏ ကိုယ်သင်းနံ့ဖြစ်ကြောင်း ထင်ရှားစွာမြင်လိုက်ရလေသည်။

သူသည် အိပ်ရာပေါ်တွင် တစ်ယောက်တည်းရှိနေခြင်း မဟုတ်ပါ။ ယင်းအစား သူသည် အမျိုးသမီးတစ်ဦးနှင့်အတူ ရှိနေလေသည်။

ပြီးတော့ သူသည် ဤအမျိုးသမီးမှာ ဘယ်သူဖြစ်သည် ဆိုသည်ကိုပင် ခန့်မှန်းရန် မလိုအပ်ပါ။

သူသည် ရှုယင်ထံမှ သူ၏လက်ကို ပြန်လည်ဖယ်ရှားလိုနေခဲ့သော်လည်း သူမသည် သူ့လက်ပေါ်တွင် သူမ၏ လက်ကို ထပ်ထား၍ သူ့ကို ဖယ်ရှားခွင့် မပြုခဲ့ချေ။

"မင်း နိုးလာပြီလား"

"ရှင် စ လှုပ်ရှားကတည်းက ကျွန်မ နိုးနေခဲ့တာ"

ရှုယင်သည် အလွန်ညင်သာသော အသံလေးဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။

"အဟွတ်… ကိုယ် မရည်ရွယ်ပါဘူး ကိုယ်အိပ်ပျော်နေခဲ့တာ"

"ဒါဆို ဆက်ပြီးအိပ်ပျော်နေလိုက်ပါဦး"

ရှုယင်က ပြုံးပြကာ သူမ၏ ရင်သားပေါ်တွင် ရှိနေသော သူ၏ လက်ကို ပိုမို၍ ပင် ဖိကပ်ထားလိုက်လေသည်။

အာရန်သည် သူ၏လက်ကို ဖယ်ရှားလိုနေခဲ့သော်လည်း ရှုယင်၏ လက်ဖြင့် ဖိကပ်ထားခြင်းကိုခံနေရလေသည်။

သူသည် သူ့အားနည်းချက်ကို ထုတ်ဖော်ရန် မလိုလားသောကြောင့် သူ့လက်ကို ဆွဲထုတ်ရန် ထပ်မကြိုးစားနိုင်တော့ပါ။

သူ့အားနည်းချက်ကို ထုတ်ဖော်မည့်အစား အလိုက်အထိုက်ပြန်၍ ဆက်ဆံသည် က ပို၍အဆင်ပြေမည်ဖြစ်မှန်းသဘောပေါက်လိုက်သည်။

"ဒါက ကိုယ်ထိတွေ့သင့်တဲ့ နေရာ မဟုတ်ဘူး ထင်လို့ပါ"

"ဒါဆို ရှင်က ဘယ်နေရာကို ထိတွေ့ချင်နေတာလဲ…."

"အဟွတ်…အဟွတ်"

"ရှုယင်ရေ ကိုယ်တို့မှာ ပိုအရေးကြီးတဲ့ လုပ်စရာကိစ္စတွေအများကြီး ရှိနေတယ်ဆိုတာ သတိရဦးလေ"

"အွန်း… အဲ့အတွက် အချိန်တွေအများကြီး ရှိပါသေးတယ် အဲကောင်မလေးလည်း ဒီမြို့ကနေ ထွက်မသွားသေးပါဘူး"

"ဒါနဲ့ မင်း... မင်းက ကိုယ့်အခန်းထဲကို ဘယ်လို ဝင်လာနိုင်တာလဲ ကိုယ့်အခန်းကို သော့ခတ်ထားခဲ့တာ သေချာပါတယ်"

"ကျွန်မက တည်းခိုခန်းပိုင်ရှင်ဆီကနေ အပိုသော့တစ်ချောင်း တောင်းခဲ့တယ်လေ"

"ပြီးတော့ သူက မင်းကို ပေးလိုက်တာပဲလား"

"သူ့မှာ တခြားရွေးချယ်စရာ ရှိသေးလို့လား"

"မင်းက တကယ် ဘယ်သူလဲဆိုတာကို ကိုယ်တစ်ချက်ချက် မေ့နေတာပဲ ထားလိုက်ပါ ဒါနဲ့ ကိုယ်တို့ တကယ် ပြင်ဆင်သင့်နေပြီနော် သူမက ခုမြို့ကနေ မထွက်သွားသေးရင်တောင် လုပ်စရာ ပြင်ဆင်မှုတွေ အများကြီး ရှိနေသေးတယ်မလား ကိုယ်လဲ သူမကို တပည့်အဖြစ် လက်ခံရဦးမယ်"

ထို့နောက်ရှုယင်က အာရန်၏ နားနားသို့ကပ်၍ …..

"ရှင့်ရဲ့ ခန္ဓာကိုယ်က ရှင့်ရဲ့ ပါးစပ်ထက် ပိုပြီးရိုးသားတယ်ထင်တယ်"

ရှုယင်က ထပ်မံ နောက်ပြောင်လိုက်သည်။

"ဒါက ယောင်္ကျားတစ်ယောက်အနေနဲ့ ပုံမှန်သဘာဝအတိုင်း တုံ့ပြန်မှုသက်သက်ပဲလေ ဘာများထူးဆန်းလို့လဲ"

ရှုယင်

"……….."

...........................................

မြို့စားမင်း၏ အိမ်တော်တွင်းတစ်နေရာ -

လူငယ်တစ်ဦးသည် သူ၏ဘယ်ဘက်ပါးရှိ နာကျင်မှုအချို့ကို ခံစားမိရင်း မျက်လုံးများကို ဖွင့်လိုက်လေသည်။

သူ့ရင်ဘတ်သည် အသက်ရှူတိုင်း မြင့်တက်လာပြီး နာကျင်မှုလှိုင်းတစ်ခုက သူ့ကို လွှမ်းခြုံသွားကာ သူ့ရင်ဘတ်ကို အလိုလို ပြန်လည်ဆုပ်ကိုင်ထားမိလိုက်သည်။

သူ့ခန္ဓာကိုယ်သည် လေးလံပြီး နာကျင်နေလေသည်။ ဤအခိုက်အတန့်သို့ သူ့ကို ဦးတည်စေခဲ့သော ဖြစ်ရပ်များကို ပြန်လည်အမှတ်ရရန် ကြိုးစားကြည့်လိုက် သော်လည်း ရှုပ်ထွေးမှုအချို့က သူ့စိတ်ကို ဖုံးလွှမ်းထားနေသကဲ့သို့ရှိ နေသည်။

သူသည် သူ့ပတ်ဝန်းကျင်ကို ဖြည်းဖြည်းချင်းပြန်လည် အာရုံစိုက်လိုက်လေသည်။

အခန်းသည် မှိန်မှိန်လေးသာ လင်းနေသော်လည်း သူသည် လူတစ်ဦး၏ ပုံရိပ်ကို မြင်နိုင်သေးသည်။

သူ့ဘေးမှ လူသည် အိမ်ရှေ့မင်းသားမှလွဲ၍ အခြားမည်သူဖြစ်ဦး မည်နည်း။

"ကျွန်‌တာ် ဒီကို ဘယ်လို ရောက်လာတာလဲ တိုက်ပွဲက ဘာဖြစ်သွားတာလဲ"

"ဂျူနီယာညီလေးယန် တိုက်ပွဲကလေ…..."

"အကိုတော်က ဘာလို့ တုံ့ဆိုင်းနေတာလဲ ကျွန်တော့်မှတ်ဉာဏ်တွေက နည်းနည်း စီဝေဝါးနေသလိုပဲ အဲဒီမှာ ဘာတွေဖြစ်ခဲ့တာလဲ"

အိမ်ရှေ့မင်းသားသည် ရှင်းပြခြင်းမပြုခင် အသက်ကို ခပ်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။

"တိုက်ပွဲက ဆယ်စက္ကန့်လောက်ပဲ ကြာခဲ့တယ် ပြီးတော့ ညီတော်…. မင်းက အပြင်းအထန် ရိုက်နှက်ခံခဲ့ရတယ် သူမက မင်းကို အရမ်းပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့တာကြောင့် မင်းက အရာအားလုံးကို ပြန်လည်အမှတ်ရဖို့ အနည်းငယ် အခက်အခဲကြုံနေရတာလို့ ထင်မိတယ်"

"အဓိပ္ပာယ်မရှိတာ ကျုပ်က ဘာလို့ ဒီလောက်မြန်မြန် ရှုံးနိုင်မှာလဲ ပြီးတော့ သာမန် အတွင်းစည်းတပည့်တစ်ဦးကိုတောင် ရှုံးသွားတာတဲ့လား"

"ဒါက အလိမ်ညာတစ်ခု ဖြစ်ဖို့တောင် အကိုတော်ဆန္ဒရှိခဲ့ပါတယ် ဒါပေမယ့် အဲဒီမှာ ရှိနေတဲ့ လူတိုင်းက ဒီအဖြစ်အပျက်တွေကို မြင်ခဲ့ကြရတယ်"

အိမ်ရှေ့မင်းသားသည် သက်ပြင်းချလိုက်လေသည်။

"ဒါပေမဲ့စိတ်မပူပါနဲ့ အကိုတော် ဒီည တိုက်ပွဲတွေရဲ့ ရလဒ်တွေကို ဘယ်တော့မှ အပြင်မှာ မဖော်ထုတ်မိဖို့ လူတိုင်းကို သတိပေးထားပါတယ်။"

"ဒါက ဘယ်လိုဖြစ်နိုင်တာလဲ" လူငယ်သည် သူ့ခေါင်းကို ဆုပ်ကိုင်လိုက်သည်။

"ကျုပ်က သာမန် အတွင်းစည်းတပည့်တစ်ဦးရဲ့ ရိုက်နှက်တာကို ခံခဲ့ရတယ်ဆိုတာသာ အဖေ သိသွားရင် ငါ့ကို သတ်ပစ်လိမ့်မယ်"

"သူက ဘယ်လို သိနိုင်မှာလဲ" အိမ်ရှေ့မင်းသားက ဝင်ပြောလိုက်သည်။

"ခုကိစ္စကို မြင်တဲ့ လူတွေက အပြင်ကို ဖြန့်ဝေဖို့ဆိုတာလုံး၀မဖြစ်နိုင်ဘူး ဘာလို့လဲဆိုတော့ ဒီကိစ္စဟာ အသူရာဂိုဏ်းကို စော်ကားတာနဲ့ အတူတူပဲမို့ပဲ ဒါကြောင့် ဂျူနီယာညီလေး ယန်က စိတ်ကိုလျှော့ထားစေချင်တယ်"

"ကျုပ် စိတ်မလျှော့နိုင်ဘူး"

ယန်ကွမ်းသည် ယင်းကို မယုံနိုင်သေးပါ။ သူသည် ထိုမိန်းကလေးကို အနိုင်ယူပြီး သူ့အဖေကို ဂုဏ်ယူစေလိမ့်မည်ဟု တွေးထားခဲ့ခြင်းဖြစ်သည်။

သို့သော် ယင်းအစား သူသည် ပိုးစိုပက်စက်ကို ရှုံးနိမ့်ခဲ့လေသည်။

ထို့အပြင် ယင်းမတိုင်ခင်၌ ပင် သူက လူတိုင်းရှေ့တွင် ပိုမိုအရှက်ရစေရန် စကားလုံးအချို့ကိုပင် ပြောဆိုမိခဲ့သေးသည်။

"တခြားသူတွေက မဖြန့်ဝေရင်တောင် အဲဒီမိန်းကလေးက မဖြန့်ဝေနိုင်ဘူးလို့ မဆိုလိုဘူး"

"ဂျူနီယာညီလေးယန် သူမက ဒီလိုမျိုးလုပ်မယ်လို့ အကိုတော်မထင်မိဘူး သူမက မိစ္ဆာဂိုဏ်းက လူတစ်ယောက်ပါ မင်းလည်းအသိပဲ အဲဒီကလူတွေ ဘယ်လောက်အထိ မောက်မာကြတယ်ဆိုတာ သူတို့က သူတို့ရဲ့ ဒီလိုမျိုးအောင်ပွဲအသေးအဖွဲတွေအကြောင်းကို ဘယ်တော့မှ စကားထဲထည့် ပြောမှာမဟုတ်ဘူး"

"အဲဒီလိုဖြစ်ရင်တောင် သူမကို ဒီတိုင်း လွှတ်ထားလို့ မဖြစ်ဘူး ကျုပ်က သူမကို မယုံနိုင်ဘူး ဒီသတင်းက သေချာပေါက် ပျံ့နှံ့သွားလိမ့်မယ်"

"ဒီနေရာမှာ ညက ဖြစ်ခဲ့တာတွေကိုသာ အဖေ သိသွားရင် ကျုပ်ကို သေခြာပေါက် သတ်ပစ်လိမ့်မယ်"

ယန်ကွမ်းသည် ခေါင်းကို မော့လိုက်ပြီး သူ့အမူအရာများ မှောင်မိုက်သွားလေသည်။

"သူမက အခု ဘယ်မှာလဲ"

"ဂျူနီယာညီလေးယန် မင်းက သူမကို သတ်ဖို့ တွေးနေတာတော့ မဟုတ်ဘူးမလား"

"ကျုပ်က တွေးနေရင်ကော ဘာဖြစ်လဲ သူမရဲ့ ဦးခေါင်းကသာ ကျုပ်အဖေကို အခုအချိန်မှာ ပျော်ရွှင်စေမှာဖြစ်တယ် ဒါက ငါ ယန်ကွမ်းဆိုတဲ့သူကို စော်ကားမိခြင်းရဲ့ အကျိုးဆက်ပဲ"

အိမ်ရှေ့မင်းသားသည် မည်သို့တုံ့ပြန်ရမည်ကိုပင် မသိတော့ပါ။

သူသည် သံသယဖြစ်စရာမလိုအောင်ပင် ထိုမိန်းကလေးအား အမှန်တကယ် သတ်ပစ်နိုင်သော်လည်း ယင်းသည် မနေ့ညက ဖြစ်ရပ်မတိုင်ခင်ထိ ဖြစ်သည်။

မကြာခင်မှာ လူတိုင်းက သူမသည် ယန်ကွမ်းနှင့် ပဋိပက္ခတစ်ခု ရှိခဲ့ကြောင်း သိသွားကြလိမ့်မည်ဖြစ်သည်။

ထိုမိန်းကလေး သေဆုံးသွားလျှင် သို့မဟုတ် ပျောက်ဆုံးသွားလျှင်ပင် အသူရာဂိုဏ်းသည် ငရဲသို့ ဆွဲချခံရပေလိမ့်မည်။

"ဂျူနီယာညီလေး ဒါက မှန်ကန်တဲ့ ရွေးချယ်မှုလို့ အကိုတော် မထင်ဘူး အသူရာဂိုဏ်းကဒီကိစ္စမျိုးအတွက် အဆင်သင့် မဖြစ်သေးဘူးလို့ထင်တယ်"

"အကိုတော်က ကျွန်တော့်ဘက်မှာ ရှိတာလား မရှိတာလား"

"ငါက မင်းဘက်မှာ သေခြာပေါက် ရှိတာပေ့ါကွာ ဒါပေမယ့်-"

"ဒါပေမယ့် ဆိုတဲ့ ဆင်ခြေတွေကို ကျွန်တော် နားထောင်မှာ မဟုတ်တော့ဘူး ဒီလိုပုံစံမျိုးနဲ့ အဖေ့ကို ဘယ်လိုမှ မျက်နှာချင်းဆိုင်လို့ မဖြစ်တော့ဘူး အကိုတော်က ကျွန်တော့်ကို မကူညီဘူးဆိုရင်လည်း ညီတော်… ကိုယ့်ကိုယ်ကို ပဲသတ်သေလိုက်တော့မယ်ဗျာ ပြီးတော့ အဖေက ကျွန်တော့်ကို မကာကွယ်နိုင် တဲ့အတွက် အကိုတော့်ကို အပြစ်တင်လိမ့်မယ်။ ပြီးတော့ အဲဒီနောက်ဆက်တွဲ အကျိုးဆက်တွေက ဘာဖြစ်မလဲဆိုတာ အကိုတော်သိပါတယ်"

အိမ်ရှေ့မင်းသားက သူသည် နက်နဲသော ရှုပ်ထွေးမှုထဲတွင် ဆွဲခေါ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

သူက ယန်ကွမ်းကို မကူညီခဲ့ပါက သူက သူ့ကိုယ်သူ အမှန်တကယ် သတ်သေသွားနိုင်သည်။

ထို့နောက်ထိုကိစ္စများသည် သူ့ခေါင်းပေါ်သို့ အမှန်အကန် ရောက်ရှိလာလိမ့်မည်ဖြစ်သည်။

ထိုသို့ ဖြစ်ခဲ့ပါက သူ၏ သူ့ကံကြမ္မာကို သူပင် စိတ်ကူးမယဉ်နိုင်တော့ပေ။

"ကောင်းပြီ အကိုတော် မင်းကို ကူညီမယ် ဒါပေမဲ့ ခုလောလောဆယ်တော့ လူအချို့ကို အရင်သွား စုဆောင်းလိုက်ဦးမယ်"

နောက်ဆုံးတွင် သူသည် အသူရာဂိုဏ်းချုပ်၏ သားဖြစ်သူ ယန်ကွမ်း ၏ အလိုအတိုင်းသာ လိုက်လျောလိုက်ရန် ရှိတော့လေသည်။

#Catfoot

Book 5

All Chapters