← Chapters

သဘာဝကောင်ကင် အထက်အဆင့် ခြေလှမ်းတစ်ဝက်

Vol. 3 Ch. 41

သဘာဝကောင်ကင် အထက်အဆင့် ခြေလှမ်းတစ်ဝက်

Vol. 3 Ch. 41

မျက်စိတစ်မှိတ်အတွင်း နောက်ထပ်တစ်နှစ်ကုန်သွားခဲ့သည်။ လင်းယွမ်၏ ဘဝက ထွေထွေထူးထူး ပြောင်းလဲသွားခြင်းမရှိပေ။ သူက အစစ်အမှန်သိုင်းတာအိုခန်းမနံရံများမှ ယခင်ကောင်းကင်သခင်များ ချန်ထားခဲ့သော အသိအမြင်များကို ဆင်ခြင်ခြင်း၊ လုံဟုတောင်ထိပ်သို့သွားပြီး တိမ်ပင်လယ်ကို ကြည့်ရှုခြင်း၊ ချင်းပင်းနှင့် တစ်ခါတစ်ရံ စကားများပြောဆိုခြင်းမှလွဲ၍ အခြားဘာမှမလုပ်ခဲ့ပေ။

ချင်းပင်းက လင်းယွမ်၏ လမ်းညွှန်မှုကြောင့် တတိယအဆင့်သို့ ချိုးဖျက်သွားနိုင်သည်ကို သိသောအခါ လင်းယွမ်နှင့် စကားပြောချင်သော်လည်း ပြင်ပကိစ္စမျာစနှင့် အလုပ်ရှုပ်နေခဲ့သည်။

နတ်ဆိုးတစ်သောင်းဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်၊ ဒုဂိုဏ်းခေါင်းဆောင် ကိုးယောက်၊ ကာကွယ်သူ ၄၃ယောက်၊ အဖွဲ့ခေါင်းဆောင် ၁၂၆ယောက်နှင့် နတ်ဆိုးကျင့်ကြံသူ သောင်းချီက လုံဟုတောင်သို့ တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။

သူတို့က လုံဟုတောင်မှ ထျန်းရှီဂိုဏ်းကို ဖျက်ဆီးနိုင်သည်နှင့် နတ်ဆိုးတစ်သောင်းဂိုဏ်းကို ဘယ်သူမှတားဆီးနိုင်တော့မည်မဟုတ်ပေ။

အစစ်အမှန်သိုင်းခန်းမတွင် လေထုက လေးလံထိုင်းမှိုင်းနေသည်။

ဆရာကြီးကန်ချင်း၏ ဦးဆောင်မှုအောက်တွင် များပြားသော သဘာဝကောင်းကင်အဆင့် ကျွမ်းကျင်သူများ စုစည်းနေကြသည်။ ထိုသဘာဝကောင်းကင်အဆင့် ကျွမ်းကျင်သူများက အခြားနယ်မြေများမှ ဖြစ်ပြီး ဆရာကြီးကန်ချင်း၏ ဆင်ခေါ်ခြင်းကြောင့် ရောက်လာကြခြင်း ဖြစ်သည်။

ထျန်းရှီဂိုဏ်းကျဆုံးသွားသည်နှင့် နောက်ထပ် လမ်းမှန်အင်အားစုများလည်း ဖျက်ဆီးခံရမည်ကိင သူတို့အားလုံး နားလည်ကြလေသည်။

" ဒုဂိုဏ်းခေါင်းဆောင် ကိုးယောက်က သဘာဝကောင်းကင်အဆင့်မှာ ရှိပြီးတော့ ကာကွယ်သူ ၄၃ယောက်က တတိယအဆင့်နဲ့အထက်မှာ ရှိကြတယ်။ သူတို့ကို ရင်ဆိုင်ဖို့က လွယ်မှာမဟုတ်ဘူး။ " သဘာဝကောင်းကင်အဆင့် သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးက ပြောလိုက်သည်။

အခြားသော ကျွမ်းကျင်သူများကလည်း သူမ၏ စကားကို ခေါင်းငြိမ့်လက်ခံလိုက်ကြသည်။

ထို့အပြင် နတ်ဆိုးတာအိုလေ့ကျင့်သူများက သတ်ဖြတ်ခြင်းတွင် ကျွမ်းကျင်ကြပြီး သူတို့ကို ကိုင်တွယ်ရန် မလွယ်ကူပေ။ လမ်းမှန်းဂိုဏ်းမှ သဘာဝကောင်းကင်အဆင့် ကျွမ်းကျင်သူနှစ်ယောက်က နတ်ဆိုးကျင့်ကြံသူတစ်ယောက်ကို ပူးပေါင်းတိုက်ခိုက်လျှင်တောင် တစ်ယောက်က သူသေကိုယ်သေတိုက်ခိုက်ပြီး တစ်ယောက်သာ လွတ်မြောက်နိုင်ပေလိမ့်မည်။

" အဲ့ဒါက ကိစ္စမရှိဘူး။ " ထျန်းရှီဂိုဏ်းခေါင်းဆောင် ကန်ချင်းက ပြောလိုက်သည်။

တိုက်ခိုက်ရေးစွမ်းအားတွင် ထျန်းရှီဂိုဏ်း၏ သဘာဝကောင်းကင်အဆင့် ကျွမ်းကျင်သူများက အဆုံးမဲ့ယင် သို့မဟုတ် အဆုံးမဲ့ယန် လမ်းစဉ်ကို လျှောက်လမ်းပြီး နတ်ဆိုးကျင့်ကြံသူများထက် ပိုအားကောင်းကြလေသည်။

ထို့အပြင် ဆရာကြီးကန်ချင်းက နတ်ဆိုးဂိုဏ်း၏ ဒုဂိုဏ်းခေါင်းဆောင်အချို့ကို ရှင်းလင်းနိုင်သည့်အပြင် နတ်ဆိုးတစ်သောင်းဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ပင် သူနှင့် ရင်ဆိုင်ရလျှင် နောက်ဆုတ်သွားနိုင်လေသည်။

သို့သော် ထိုအခြေအနေမျိုးတွင် နတ်ဆိုးတစ်သောင်းဂိုဏ်းက လုံဟုတောင်ကို တိုက်ခိုက်ရန် သတ္တိရှိနေဆဲ ဖြစ်သည်။ ထိုအချက်က ဆရာကြီးကန်ချင်းကို သတိထားသွားစေလေသည်။

ဖြစ်နိုင်ချေနှစ်ခုရှိ၏။ ပထမ နတ်ဆိုးတစ်သောင်းဂိုဏ်းက ရူးသွပ်သွားပြီး သေသည်အထိ တိုက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ဒုတိယအချက်မှာ သူတို့က လုံဟုတောင်ကို ဖျက်ဆီးနိုင်လိမ့်မည်ဟု ယုံကြည်မှုတစ်ခု ရှိနေပေလိမ့်မည်။

နတ်ဆိုးတစ်သောင်းဂိုဏ်းခေါင်းဆောင်က တိကျပြတ်သားသော လူတစ်ယောက်ဖြစ်ပြီး ကျရှုံးနိုင်သော တိုက္ပြဲမ်ားအား တိုက်ခိုက်မည်မဟုတ်သည်ကို ဆရာကြီးကန်ချင်းက သိထားလေသည်။

တစ်နေ့တွင် ချင်းပင်းက လုံဟုတောင်ထိပ်သို့ အလောတကြီး ရောက်လာခဲ့သည်။ " အကိုရှန်းဖုန်း တစ်ခုခုဖြစ်နေပြီ။ ဦးလေးချန်ရှင်း သူ.."

လင်းယွမ်က ချင်းပင်း၏ ဖြူရောနေသော မျက်နှာကို လေးနက်စွာ ကြည့်လိုက်သည်။ " ဦးလေးချန်ရှင်း ဘာဖြစ်လို့လဲ။ "

" ဦးလေးချန်ရှင်းက နတ်ဆိုးတစ်ယောက်ရဲ့ ခြုံခိုတိုက်ခိုက်တာခံရပြီး ငါတို့ ရောက်သွားတဲ့အချိန်မှာ သူက ဒဏ်ရာအပြင်အထန်ရပြီး သတိမေ့သွားတယ်။ ခေါင်းဆောင်နဲ့ အခြားသူတွေ သူ့ကို စစ်ဆေးကြည့်တော့ နတ်ဆိုးချီတွေက သူ့ရဲ့ ခန္ဓာကိုယ်ထဲ ဝင်ရောက်နေပြီး သတိပြန်ရဖို့ အရမ်းခက်ခဲတယ်လို့ ပြောကြတယ်။ " ချင်းပင်းက အခြေအနေကို တစ်ခါတည်း ရှင်းပြလိုက်သည်။

" ငါ့ကို အဲ့ဒီကို ခေါ်သွားပေး။ " လင်းယွမ်က တိုက်ရိုက်ပြောလိုက်သည်။ မည်သို့ပင်ဖြစ်စေ ချန်ရှင်းကြောင့်သာမဟုတ်လျှင် သူက ယနေ့အထိ အသက်ရှင်နိုင်မည် မဟုတ်ပေ။

လင်းယွမ်အတွက် သေခြင်းက အဆုံးသတ်မဟုတ်သော်လည်း နောက်တစ်ကြိမ်ဆင်းသက်ခြင်းက အခွင့်အရေးတစ်ခု ဖြုန်းတီးခြင်းသာ ဖြစ်သည်။

ခန်းမထဲတွင် လင်းယွမ်က သတိမေ့နေသော ချန်ရှင်းကို ကြည့်လိုက်သည်။ ချင်းပင်းက သူ၏ ဘေးတွင် ဝမ်းနည်းသော အမူအရာနှင့် ရပ်နေသည်။

ချန်ရှင်းက ထျန်းရှီဂိုဏ်းတွင် သဘောကောင်းသော လူတစ်ယောက်ဖြစ်ပြီး ချင်းပင်းက သူ့ဆီမှ အကူအညီများစွာ ရဖူးလေသည်။ ချင်းပင်း၏ စိတ်ထဲတွင် ချန်ရှင်းက အကြီးအကဲ တစ်ယောက်ဆိုသည်ထက် ဦးလေးတစ်ယောက်နှင့် ပိုတူလေသည်။

" သိပ်မပြင်းထန်ပါဘူး။ " သေချာစစ်ဆေးပြီးသောအခါ လင်းယွမ်က သက်ပြင်းချလိုက်သည်။

ချန်ရှင်းက နတ်ဆိုးတစ်ယောက်နှင့် တိုက်ခိုက်ပြီး နတ်ဆိုးချီက သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားခဲ့သည်။ ၎င်းက သူ့ကို သတိမေ့သော အခြေအနေသို့ ရောက်သွားစေခဲ့သည်။ ထိုကဲ့သို့ ပေါင်းစပ်မှုက အပြင်လူများ ဝင်နှောက်ယှက်ရန် ခက်ခဲပြီး သဘာဝကောင်းကင်အဆင့်များပင် အနည်းငယ်သာ တတ်နိုင်ကြလေသည်။

သို့သော် ထိုက်ယင်နှင့် ထိုက်ယန်စွမ်းအားများကို အခြေခံအဖြစ် အသုံးပြုပြီး သဘာဝကောင်းကင်အဆင့်သို့ တက်ရောက်ထားသော လင်းယွမ်အတွက် နတ်ဆိုးချီပေါင်းစပ်ခြင်းကို ဖြေရှင်းရန် အသေအဖွဲမျှသာ ဖြစ်လေသည်။

" ဦးလေးချန်ရှင်းကို ဂရုစိုက်ထားဦး။ အချိန်တစ်ခုကြာရင် ငါ သူ့ကို ကယ်ဖို့ ပြန်လာခဲ့မယ်။ " လင်းယွမ်က ချင်းပင်းကို ညွှန်ကြားလိုက်သည်။

ယခု လင်းယွမ်က ထိုက်ယင်နှင့် ထိုက်ယန်တို့ကို ပေါင်းစည်းရန် ခြေတစ်လှမ်းသာ လိုတော့လေသည်။ သူ၏ ကောင်းကင်ကို ဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဉာဏ်အလင်းတစ်ခုရလိုက်သည်နှင့် ကောင်းကင်သခင်တစ်ယောက်၏ အဆင့်သို့ တိုက်ရိုက် ရောက်သွားပေလိမ့်မည်။

" ကောင်းပြီ။ " ချင်းပင်းက ခနမှင်သက်သွားပြီးနောက် ပြန်ပြောလိုက်သည်။

ချန်ရှင်းမေ့မြောနေခြင်းက လင်းယွမ်အပေါ် ထိခိုက်ခြင်းမရှိပေ။ သူက ကောင်းကင်ကို ဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အိပ်နေလျှင်တောင် ဉာဏ်အလင်းထဲတွင် နစ်မြှုပ်နေခဲ့သည်။

[ သင်၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ယင်ယန်တာအိုအပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းလာပါပြီ။ ]

[ သင်၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ယင်ယန်တာအိုအပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းလာပါပြီ။ ]

လင်းယွမ်က ကျောက်တုံးကြီးပေါ်တွင် ထိုင်ပြီး ယင်ယန်စွမ်းအားများကို ဆက်လက်ဆင်ခြင်နေသည်။ ပြောရလျှင် ယင်နှင့်ယန်စွမ်းအားများက သူကြုံတွေ့ဖူးသော စွမ်းအားများထဲတွင် အဆင့်အမြင့်ဆုံး ဖြစ်လေသည်။

ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် လင်းယွမ်၏ ကျင့်ကြံခြင်းက ယခင် ကောင်းကင်သခင်များထက် ပို၍ နက်ရှိုင်းလေသည်။

လုံဟုတောင်နှင့် မိုင်ပေါင်းများစွာ ဝေးသော ခန်းမကြီးတစ်ခုအတွင်းတွင် အနက်ရောင်ဝတ်ရုံနှင့် လူတစ်ယောက်က ပလ္လင်တစ်ခုပေါ်တွင် ထိုင်နေသည်။ ထိုလူ၏ မျက်လုံးများက နက်မှောင်နေပြီး သာမန်လူတစ်ယောက်ကို တစ်ချက်ကြည့်ရုံဖြင့် လိုအင်ဆန္ဒများ ဖြစ်ပေါ်ပြီး စိတ်နှလုံးနတ်ဆိုး ထွက်ပေါ်လာနိုင်လေသည်။

" ဂိုဏ်းခေါင်းဆောင် ထျန်းရှီဂိုဏ်းကို တိုက်ခိုက်ဖို့က အရမ်းစောမနေဘူးလား။ " ညာဘက်အောက်ရှိ လူအိုကြီးတစ်ယောက်က မေးလိုက်သည်။

ထျန်းရှီဂိုဏ်း၏ အခြေခံအုတ်မြစ်က နက်ရှိုင်းပြီး သူတို့က ကောင်းကင်သခင် ၃၆ကို မွေးထုတ်ပေးနိုင်ခဲ့သည်။ ထို့အပြင် အခြားလမ်းမှန်ဂိုဏ်းများကလည်း ငြိမ်သက်မနေဘဲ အကူအညီပေးမည်မှာ သေချာလေသည်။

နတ်ဆိုးတစ်သောင်းဂိုဏ်းက အင်အားကြီးသော်လည်း ထျန်းရှီဂိုဏ်းကို ထိပ်တိုက်ရင်ဆိုင်ရန် သင့်တော်သောအချိန်မဟုတ်သေးပေ။

" အရည်အချင်းမရှိတဲ့ကောင်တွေ ငါက ယုံကြည်ချက်မရှိရင် ဒီဆုံးဖြတ်ချက်ကို ဘယ်လိုလုပ်ချမှာလဲ။ " ဂိုဏ်းခေါင်းဆောင်က အေးစက်စွာ ပြောလိုက်သည်။

အောက်မှ နတ်ဆိုးများစွာက ချွေးသီးချွေးပေါက်များ ကျလာပြီး သဘာဝအဆင့် ဒုဂိုဏ်းခေါင်းဆောင် ကိုးဦးပင် ကျောများ စိမ့်သွားကြသည်။

သူတို့၏ စွမ်းရည်များက သဘာဝကောင်းကင်အဆင့်သို့ မရောက်နိုင်သော်လည်း ဂိုဏ်းခေါင်းဆောင်က နည်းလမ်းအချို့ဖြင့် သူတို့အား ထိုအဆင့်ရောက်အောင် လုပ်ပေးခဲ့သည်ကို သူတို့သိကြလေသည်။ သူတို့က ဆုံးရှုံးမှုများ ရှိခဲ့သော်လည်း သဘာဝကောင်းကင်အဆင့် လူတိုင်း၏ အိပ်မက်တစ်ခုဖြစ်သောကြောင့် လုံးဝ နောင်တရခြင်းမရှိကြပေ။

" မင်းတို့ ဘာတွေစိုးရိမ်နေတာလဲ။ " နတ်ဆိုးတစ်သောင်းဂိုဏ်းခေါင်းဆောင်က မတ်တပ်ရပ်လိုက်သည်။ " ငါက သဘာဝကောင်းကင်အဆင့်ရဲ့ အထက်အဆင့်ကို ခြေလှမ်းတစ်ဝက် ဝင်ရောက်သွားပြီ။ ထျန်းရှီဂိုဏ်းမှာ ကောင်းကင်သခင်မရှိသရွေ့ငါသူတို့ကို အချိန်မရွေး ရှင်းထုတ်ပြစ်နိုင်တယ်။ " ဂိုဏ်းခေါင်းဆောင်က လေးနက်စွာ ပြောလိုက်သည်။

ယ်။ "

All Chapters