ကောင်းကင်သခင်အဆင့်
Vol. 3 Ch. 42
အောက်မှ ဒုဂိုဏ်းခေါင်းဆောင်များက ထိတ်လန့်သွားကြသည်။ သဘာဝကောင်းကင်အဆင့် ကန့်သတ်ချက်များကို ချိုးဖျက်ခြင်းက ထျန်းရှီဂိုဏ်းမှ ကောင်းကင်သခင်များအတွက် သီးသန့်မဟုတ်သည်မှာ အမှန်ပင်ဖြစ်သည်။
ကောင်းကင်သခင်များအပြင် သဘာဝကောင်းကင်အဆင့်ကို ခြေလှမ်းတစ်ဝက် ကျော်လွန်သော လူများလည်း ရှိလေသည်။ ယခု သူတို့၏ ခေါင်းဆောင်ကလည်း ထိုအဆင့်သို့ ရောက်နေခဲ့သည်။
" ဟမ့် ငါသာ မူလနတ်ဆိုးဂိတ်တံခါးရဲ့ အမွေအနှစ်ကို အပြည့်အဝစုပ်ယူနိုင်ရင် ဒါက ခြေလှမ်းတစ်ဝက်ကမှာ မဟုတ်တော့ဘူး။ " ဂိုဏ်းခေါင်းဆောင်က အောက်မှ လက်အောက်ငယ်သားများကို ကြည့်ပြီး မူလနတ်ဆိုးဂိတ်တံခါး အမွေအနှစ်နေရာတွင် သူကြုံတွေ့ခဲ့ရသော အတွေ့အကြုံများကို ပြန်သတိရသွား၏။
မရေတွက်နိုင်သော သေခြင်းရှင်ခြင်းအတွေ့အကြုံများကို ဖြတ်သန်းပြီးနောက် သူက မဟာအခွင့်အရေးတစ်ခုကို ရရှိခဲ့သည်။ ထို့အပြင် သူက အခွင့်အရေးတစ်ကြိမ်သာ ရှိပြီး ၎င်း၏ နေရာအတိအကျကို အတည်ပြုနိုင်ခြင်းမရှိခဲ့ပေ။
အချိန်ုကာလာသည်နှင့်အမျှ နတ်ဆိုးတစ်သောင်းဂိုဏ်းနှင့် ထျန်းရှီဂိုဏ်းကဲ့သို့သော လမ်းမှန်အင်အားစုများ၏ ထိပ်တိုက်တွေ့ဆုံမှုများက ပို၍ များပြားလာခဲ့သည်။
တစ်နှစ်ခွဲကြာပြီးနောက် လုံဟုတောင်ခြေတွင် နတ်ဆိုးတစ်သောင်းဂိုဏ်း၏ ထောင်ပေါင်းများစွာသော နတ်ဆိုးများ စုစည်းနေကြသည်။
ထျန်းရှီဂိုဏ်းမှ သဘာဝကောင်းကင်အဆင့်များကလည်း အသီးသီး ထွက်ပေါ်လာကြသည်။ သူတ်ု့က နတ်ဆိုးတစ်သောင်းဂိုဏ်းကို ဆန့်ကျင်တိုက်ခိုက်ကြလေသည်။
" ဟားဟားဟား ဆရာကြီးကန်ချင်း အရင်တုန်းကလို ငါမင်းကို ကြောက်နေဦးမယ် ထင်နေတာလား။ " နတ်ဆိုးတစ်သောင်းဂိုဏ်းခေါင်းဆောင်က မောက်မာစွာပြောလိုက်ပြီး နတ်ဆိုးတာအို၏ ကြောက်စရာကောင်းသော အော်ရာက အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
သူနှင့် ဆန့်ကျင်ဘက်တွင် ဆရာကြီးကန်ချင်းက တည်ငြိမ်စွာ ရှိနေသည်။
" မူလနတ်ဆိုးဂိတ်တံခါးရဲ့ အကြွင်းအကျန်တွေ သူတို့က ငါတို့ ကောင်းကင်သခင်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရတာပဲ မဟုတ်ဘူးလား။ " ဆရာကြီးကန်ချင်းက ပြောလိုက်သည်။
" အဲ့တော့ ဘာဖြစ်လဲ။ မင်းရဲ့ ထျန်းရှီဂိုဏ်းက နှစ်ငါးရာအတွင်းမှာ ကောင်းကင်သခင်တစ်ယောက်တောင် မမွေးထုတ်ပေးနိုင်ခဲ့ဘူးလေ။ နောက်ဆုံးမှာ ဒီကမ္ဘာကြီးကို မူလနတ်ဆိုးဂိတ်တံခါးကပဲ သိမ်းပိုက်နိုင်လိမ့်မယ်။ " နတ်ဆိုးတစ်သောင်းဂိုဏ်းခေါင်းဆောင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ အသွင်အပြင်က ပို၍ ကြောက်စရာကောင်းလာသည်။
ထိုစကားကို ကြားသောအခါ ဆရာကြီးကန်ချင်းက သက်ပြင်းချလိုက်သည်။ လင်းယွမ်သာ လမ်းမှားကို မလျှောက်ခဲ့လျှင် ထျန်းရှီဂိုဏ်းက ကောင်းကင်သခင်တစ်ယောက် မွေးထုတ်ပေးနိုင်ပေလိမ့်မည်။ သို့သော် လက်ရှိအခြေအနေက အသုံးမဝင်တော့ပေ။
ယခင်ကောင်းကင်သခင်များ၏ ကျင့်ကြံခြင်းအရှိန်အရ ကောင်းကင်သခင်တစ်ယောက်ဖြစ်လာရန် အနည်းဆုံး နှစ်ငါးဆယ်ကြညပေလိမ့်မည်။
လုံဟုတောင်ပေါ်မှ ဆင်းလာကြသော ကောင်းကင်သခင်များက အသက် ခြောက်ဆယ် ခုနှစ်ဆယ် ရှိနေကြပြီဖြစ်သည်။ အားလုံး အဆင်ပြေခဲ့လျှင်တောင် လင်းယွမ်က ကောင်းကင်သခင်တစ်ယောက်ဖြစ်လာရန် နှစ်ငါးဆယ် အချိန်ယူရဦးမည်ဖြစ်သည်။
" ဒီနေ့ မင်းငါ့ရဲ့ အစစ်အမှန် ခွန်အားကို မြင်တွေ့ရလိမ့်မယ်။ " နတ်ဆိုးတစ်သောင်းဂိုဏ်းခေါင်းဆောင်က သူ၏ ညာလက်ကို ရိုးရှင်းစွာ မြှောက်ပြီး အနည်းငယ် ဖိချလိုက်သည်။
" ဝုန်း " ကြောက်စရာကောင်းသော ဖိအားတစ်ခုက ဆင်းသက်လာသည်။
၎င်းကို မြင်သောအခါ ဆရာကြီးကန်ချင်းက တုန့်ဆိုင်းမနေတော့ဘဲ သူ၏ ဓားကို ဆွဲထုတ်လိုက်သည်။
ရွှမ်း...
ထက်ရှသော ဓားချီတစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်မှ နတ်ဆိုးချီများကို ထိုးဖောက်၍ နတ်ဆိုးခေါင်းဆောင်ဆီသို့ ဦးတည်သွားသည်။
" ကောင်းကင်သခင်ရဲ့ဓား... မဆိုးဘူး။ မင်းရဲ့ ခွန်အားနဲ့ ကောင်းကင်သခင်ရဲ့ စွမ်းအားကို ထုတ်ဖော်ရင် ငါ့ကို မှီလုနီးပါးဖြစ်နိုင်တယ်။ " နတ်ဆိုးခေါင်းဆောင်က မှတ်ချက်ပေးလိုက်သည်။
ထျန်းရှီဂိုဏ်း၏ လက်ရှိခေါင်းဆောင် ဆရာကြီးကန်ချင်းက ငယ်စဉ်က ဓားသင်္ချိုင်းထဲသို့ ဝင်ရောက်ပြီး ကောင်းကင်သခင်ဓား၏ ရွေးချယ်ခြင်းကို ခံခဲ့ရပြီး သဘာဝကောင်းကင်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
ကောင်းကင်သခင်၏ဓားက ကျန်းဝူဓားကို မယှဉ်နိုင်သော်လည်း ဓားထဲတွင် ယခင်ကောင်းကင်သခင်များ၏ စွမ်းအားများ ပါဝင်နေသည်။ ထျန်းရှီဂိုဏ်းမှ တူညီသော လမ်းကြောင်းကို လျှောက်လှမ်းကြသော သဘာဝကောင်းကင်အဆင့် ကျွမ်းကျင်သူများက ကောင်းကင်သခင်၏ စွမ်းအားကို အသက်သွင်းနိုင်ပေလိမ့်မည်။
" သနားစရာပဲ။ ကောင်းကင်သခင်ရဲ့ဓားက ပြင်ပပစ္စည်းတစ်ခု ဖြစ်နေတုန်းပဲ။ မင်းက အဲ့ဒါကို အသက်သွင်းနိုင်ရင်တောင် ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မှာမလို့လဲ။ " နတ်ဆိုးခေါင်းဆောင်က နှာခေါင်းရှုံ့လိုက်သည်။
" မင်းရဲ့ ထျန်းရှီဂိုဏ်းက သဘာဝကောင်းကင်အဆင့် ကျွမ်းကျင်သူအားလုံး ကောင်းကင်သခင်ရဲ့ဓားတစ်လက်စီကိုင်ပြီး ပေါင်းတိုက်ရင်တောင် ငါ့ကို အနိုင်ယူနိုင်ဦးမှာမဟုတ်ဘူး။ " နတ်ဆိုးခေါင်းဆောင်၏ အကြည့်များက အေးစက်သွား၏။
ထျန်းရှီဂိုဏ်း၏ သဘာဝကောင်းကင်အဆင့် ကျွမ်းကျင်သူများကလည်း အခြားနတ်ဆိုးများနှင့် တိုက်ခိုက်နေကြသောကြောင့် ဆရာကြီးကန်ချင်းကို ကူညီနိုင်စွမ်းမရှိကြပေါ
" သေပေတော့..." နတ်ဆိုးတစ်သောင်းဂိုဏ်းခေါင်းဆောင်က ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်နှင့် ကြောက်စရာကောင်းသော နတ်ဆိုးချီများက သူ့ကို လွှမ်းခြုံလာသည်။
" မကောင်းတော့ဘူး။ " ဆရာကြီးကန်ချင်း၏ အမူအရာက ပြောင်းလဲသွား၏။
လုံဟုတောင်ထိပ်ရှိ လေထုက တောင်ခြေမှ ဆိုးရွားသော အခြေအနေများနှင့် ဆန့်ကျင်ဘက်ဖြစ်၏။ မနက်ခင်း နေမင်းကြီးက နွေးထွေးမှုနှင့်အတူ ထွက်ပေါ်လာသည်။ လင်းယွမ်က ကျောက်တုံးကြီးပေါ်တွင် ထိုင်ပြီး ပြင်ပကိစ္စများကို လျစ်လျူရှုထားသည်။
" ရှန်းဖုန်း " ချင်းပင်းက ဘယ်သူမှသတိမထားမိခင် တောင်ပေါ်သို့ တက်လာခဲ့သည်။
" ဆရာကြီးကန်ချင်းက မင်းကို လျို့ဝှက်လမ်းကနေတစ်ဆင့် နဂါးတောင်က ထွက်သွားဖို့ မှာလိုက်တယ်။ " ချင်းပင်းက လျင်မြန်စွာ ပြောလိုက်သည်။
ဆရာကြီးကန်ချင်းက နတ်ဆိုးတစ်သောင်းဂိုဏ်းကို ပြတ်ပြတ်သားသား အနိုင်ယူနိုင်ရန် ယုံကြည်ချက်မရှိပေ။ ထျန်းရှီဂိုဏ်း၏ အမွေအနှစ် မပျောက်ပျက်စေရန် ကျန်းဝူဓားကို ဆက်ခံထားသော လင်းယွမ်က လုံဟုတောင်မှ ထွက်သွားရန် လိုအပ်လေသည်။
ကျန်းဝူဓားက နတ်ဆိုးတစ်သောင်းဂိုဏ်းသို့ မရောက်သွားလျှင် အနာဂတ်တွင် ကောင်းကင်သခင်များ ထွက်တပါ်လာနိုင်ရန် အခွင့်အရေးရှိလေသည်။ နှစ်ရာချီ သို့မဟုတ် ထောင်ချီကြာလျှင်တောင် ကောင်းကင်သခင်ထွက်ပေါ်လာသရွေ့ သူတို့ ထျန်းရှီဂိုဏ်း၏ အမွေအနှစ်ကို ပြန်လည်ထိန်းသိမ်းနိုင်ပေလိမ့်မည်။
" ရှန်းဖုန်း " လင်းယွမ်က တုန့်ပြန်ခြင်းမရှိသောအခါ ချင်းပင်းက အသံမြှင့်ပြီး ပြောလိုက်သည်။
သို့သော် လင်းယွမ်က လှုပ်ရှားခြင်းရှိဘဲ သူ၏ မျက်လုံးကို မှိတ်ထားခဲ့သည်။
" ရှန်းဖုန်း " ချင်းပင်းက လင်းယွမ်ဆီသို့ သွားပြီး လှုပ်နှိုးရန်ပြင်လိုက်သည်။
ကျောက်တုံးပေါ်တွင် ထိုငိနေသော လင်းယွမ်က ရုတ်တရက် မျက်လုံးများ ဖွင့်လာသည်။
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် တာအိုကို လေ့လာပြီး ထိုက်ယင်နှင့် ထိုက်ယန်စွမ်းအားများကို ပေါင်းစည်းပြီး သဘာဝကောင်းကင်အဆင့်ကို ကျော်လွန်နိုင်သွားပါပြီ။ ]
လင်းယွမ်၏ မျက်လုံးများက ကြည်လင်နေသည်။ " ဒါက ဒီလိုကိုး။ "
သူက ကျောက်တုံးပေါ်တွင် မတ်တပ်ရပ်လိုက်သည်။ သူ၏ အမြင်တွင် ကောင်းကင်နှင့်မြေကြီး၏ အရာခပ်သိမ်းက ယင်နှင့်ယန် အဖြူနှင့်အနက်အဖြစ် ရောစပ်ကာ အဆက်မပြတ် ပြောင်းလဲနေသည်ကို မြင်လိုက်ရသည်။
" ရှန်းဖုန်း မင်း " ချင်းပင်း၏ အကြည့်များက ပြောင်းလဲသွားပြီး ရှန်းဖုန်းက ယခင်နှင့်မတူတော့သည်ကို ခံစားလိုက်ရသည်။
" ခနနေဦး " လင်းယွမ်က ပြုံးပြီး ဟင်းလင်းပြင်ကို ဖမ်းဆုပ်လိုက်သည်။ ရုတ်တရက် ဓားတစ်ချောင်းက လင်းယွမ်၏ လက်ဖဝါးပေါ်တွင် ပေါ်လာသည်။
လင်းယွမ်က ဓားကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ " သွား "
ဝှစ်....
ဓားက ကောင်းကင်သို့ ပျံသန်းသွားပြီး လုံဟုတောင်ခြေသို့ ဦးတည်သွားသည်။
လုံဟုတောင်ခြေတွင် ဆရာကြီးကန်ချင်းက နတ်ဆိုးတစ်သောင်းဂိုဏ်းခေါင်းဆောင်နှင့် ထိပ်တိုက်ရင်ဆိုင်နေသည်။
ရုတ်တရက် နတ်ဆိုးတစ်သောင်းဂိုဏ်းခေါင်းဆောင်က တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး သူ၏ အမူအရာက ပြောင်းလဲသွားသကဲ့သို့ ချက်ချင်း နောက်ပြန်ဆုတ်လိုက်သည်။
ရှေးဟောင်းဓားတစ်လက်က ကောင်းကင်မှ ဆင်းသက်လာပြီး နတ်ဆိုးဂိုဏ်းခေါင်းဆောင် ရပ်နေသော နေရာသို့ ကျရောက်လာသည်။ ရှေးဟောင်းဓားက သုံးပေသာရှည်သော်လည်း ကြီးမားသော တာအိုတစ်ခုက ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းထားသည်။ သေချာကြည့်လျှင် ၎င်း၏ ကိုယ်ထည်ပေါ်တွင် ကျန်းဝူဟု ရေးထွင်းထားသည်ကို တွေ့ရပေလိမ့်မည်။
" ကျန်းဝူဓားလား။ " နတ်ဆိုးတစ်သောင်းဂိုဏ်းခေါင်းဆောင်၏ အမူအရာက လေးနက်သွားပြီး ဓားလာရာသို့ ကြည့်လိုက်သည်။
၎င်းက လုံဟုတောင်ထိပ်ပင်ဖြစ်၏။
လင်းယွမ်က သက်ပြင်းချလိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။ ထိုခြေတစ်လှမ်းက ကောင်းကင်မှ တိမ်ပင်လယ်ပေါ်သို့ ကျရောက်သွားပြီး တိမ်တိုက်များက လင်းယွမ်၏ ခြေထောက်အောက်သို့ ပြေးဝင်လာကြသည်။ ကောင်းကင်ရှိ တိမ်များပေါ်မှ လင်းယွမ်က တောင်ခြေသို့ ဆင်းသက်လာခဲ့သည်။
ချင်းပင်းက မှင်သက်သွားပြီး စကားမပြောနိုင်ဖြစ်သွား၏။ သူက တစ်စုံတစ်ခုကို နားလည်သွားပြီး သူ၏ မျက်လုံးများက နီရဲလာသည်။ " ဦးလေးချန်ရှင်း ထကြည့်ပါဦး။ အကိုရှန်းဖုန်းက ကောင်းကင်သခင်တစ်ယောက် တကယ်ဖြစ်လာခဲ့ပြီ။ "