← Chapters

တောင်ပေါ်မှဆင်းခြင်း

Vol. 3 Ch. 45

တောင်ပေါ်မှဆင်းခြင်း

Vol. 3 Ch. 45

ဆရာကြီးကန်ချင်းက ခေါင်းငြိမ့်ထောက်ခံလိုက်မီ လင်းယွမ်က အမှန်တကယ် ကောင်းကင်သခင်ဖြစ်သွားသည်ကို ချန်ရှင်းက ယုံကြည်သွားခဲ့သည်။ အတိအကျပြောရလျှင် သူက ၃၇ဆက်မြောက် ကောင်းကင်သခင်ဖြစ်လေသည်။

" ခန့်မှန်းလို့မရတဲ့ ဘဝတွေပဲ။ " ချန်ရှင်းက စိတ်ရှုပ်ထွေးပြီးနောက် ကျေနပ်သွားခဲ့သည်။

သူသတိမလစ်သွားမီ လမ်းမှန်အင်အားစုများက နတ်ဆိုးဂိုဏ်းကို စုပေါင်းတားဆီးနေခဲ့သည်။ နှစ်ဘက်ကြားမှ အခြေအနေက အတိအကျမသိရသော်လည်း ထျန်းရှီဂိုဏ်းကတော့ အားသာမှုများ မရှိခဲ့ပေ။

သို့သော် ယခု လင်းယွမ်က ကောင်းကင်သခင်တစ်ယောက်ဖြစ်လာပြီးနောက် နတ်ဆိုးတစ်သောင်းဂိုဏ်းကို နှိမ်နှင်းခဲ့ပြီး လုံဟုတောင်ခြေတွင် နတ်ဆိုးဂိုဏ်းသားများ၏ သွေးများမှာ နွေးနေဆဲ ဖြစ်သည်။

ထိုကဲ့သို့သော ပြောင်းလဲမှုက ချန်းရှင်းကို ထိတ်လန့်အံ့ဩစေခဲ့လေသည်။

လင်းယွမ်က ချန်ရှင်း၏ ခန္ဓာကိုယ်ကို စစ်ဆေးပြီးနောက် နတ်ဆိုးချီများ မရှိတော့သည်ကို အတည်ပြုပြီးမှ ထွက်ခွာသွားသည်။

ချန်ရှင်းက တာအိုဘုရားကျောင်း၏ ဝင်ပေါက်ထိ လိုက်ပို့ပြီး ထွက်ခွာသွားသော လင်းယွမ်၏ နောက်ကျောကို ကြည့်ပြီး ပြုံးနေသည်။ " ကျန်း မင်းရဲ့သားက ပြိုင်ဘက်ကင်းကောင်းကင်သခင်တစ်ယောက် ဖြစ်လာခဲ့ပြီ။ "

လင်းယွမ်က အစစ်အမှန်သိုင်းတာအိုခန်းမသို့ ပြန်လာခဲ့သည်။ ထိုနေရာက ကောင်းကင်သခင်များ တံခါးပိတ် ကျင့်ကြံသော နေရာဖြစ်လေသည်။ သူက ထိုင်လိုက်ပြီး သူ၏ စွမ်းအားများကို သေချာစစ်ဆေးလိုက်သည်။

" ကောင်းကင်သခင်..."

ကောင်းကင်သခင်တစ်ယောက်ဖြစ်လာပြီးနောက် လင်းယွမ်က နတ်ဆိုးတစ်သောင်းဂိုဏ်းကို ကိုင်တွယ်ခဲ့ရလေသည်။ ထို့နောက် သူက ချန်ရှင်းကို ကုသခဲ့ပြီး ယခုအချိန်က ကောင်းကင်သခင်၏ စွမ်းအားများကို ခံစားရမည့်အချိန် ဖြစ်လေသည်။

ပထမဆုံး သူ၏ သက်တမ်းဖြစ်၏။ ထိုက်ယင်နှင့်ထိုက်ယန်စွမ်းအားတို့ဖြင့် ကောင်းကင်သခင်အဆင့်သို့ တက်ရောက်ပြီးနောက် သူ၏ သက်တမ်းက နှစ်ငါးရာအထိ ထိုးတက်သွားသည်ကို ခံစားခဲ့ရသည်။ ယခင် ကောင်းကင်သခင်များ၏ သက်တမ်းက နှစ်နှစ်ရာသာ ရှိလေသည်။ လင်းယွမ်၏ သက်တမ်းက သူတို့ထက် နှစ်ဆကျော်ပိုများနေသည်။ ထို့အပြင် ထိုက်ယင်နှင့်ထိုက်ယန်စွမ်းအားတို့ကို ပေါင်းစပ်ခြင်းက လမ်းကြောင်းတစ်ခုတည်း ရွေးချယ်ခဲ့သော ကောင်းကင်သခင်များထက် ပိုမိုအားကောင်းသွားခဲ့သည်။

" နှစ်ငါးရာ.." လင်းယွမ်က အနည်းငယ် တုန်လှုပ်နေသည်။

သူက ပြင်ပအကူအညီများ မပါဘဲ နှစ်ငါးရာ အသက်ရှင်နိုင်သည်ကို ဆိုလိုလေသည်။ အကယ်၍ သူက စကြာဝဠာလူသားမဟာမိတ်သို့ ပြန်ရောက်ပြီး ခေတ်မီဇီဝပစ္စည်းများကို အသုံးပြုပါက သူက အနည်းဆုံး နှစ်နှစ်ထောင်ထိ အသက်ရှင်နိုင်မည်ဟု ခန့်မှန်းမိလေသည်။

သက်တမ်းကန့်သတ်ချက်က ကိုယ်တွင်းအင်္ဂါများ၏ ပျက်ဆီးခြင်းမှ ဆင်းသက်လာခြင်းဖြစ်ပြီး စကြာဝဠာလူသားမဟာမိတ်က ကိုယ်တွင်းအင်္ဂါအဟောင်းများနေရာတွင် အသစ်များ အစားထိုးနိုင်မည့် နည်းလမ်းကို ရှာဖွေနိုင်ခဲ့သည်။

ထို့ကြောင့် ပထမအလွှာ ဆင့်ကဲပြောင်းလဲသူများက အသက်လေးငါးရာအထိ အလွယ်တကူ ရှင်သန်နိုင်ကြခြင်း ဖြစ်သည်။

သို့သော် ကိုယ်တွင်းအင်္ဂါများကို အစားထိုးခြင်းက အသက်ရှည်နိုင်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ စိတ်ဝိညာဉ်က အားနည်းလာမည်ဖြစ်ပြီး ကိုယ်တွင်းအင်္ဂါများ အစားထိုးခြင်းကလည်း အသုံးဝင်တော့မည် မဟုတ်ပေ။

စိတ်ဝိညာဉ်ကလည်း အဆင့်များပေါ်တွင် မူတည်ပြီး ခွန်အားအဆင့်မြင့်လာသည်နှင့် စိတ်ဝိညာဉ်လည်း သန်မာလာမည်ဖြစ်သည်။

" ငါ့ရဲ့ လက်ရှိခွန်အားက လူသားမဟာမိတ်ရဲ့ အဆင့်တွေနဲ့ဆို ဒုတိယအလွှာ အဆင့်ကိုးနဲ့ ညီမျှလောက်တယ်။ " လင်းယွမ်က တွေးလိုက်သည်။

ဤကမ္ဘာ၏ ကျင့်ကြံခြင်းစနစ်တွင် သဘာဝကောင်းကင်အဆင့်က လူသားမဟာမိတ်တွင် ဒုတိယအလွှာ အဆင့်တစ် ဆင့်ကဲပြောင်းလဲသူများနှင့် ညီမျှလေသည်။ ကောင်းကင်သခင်များက ဒုတိယအလွှာ အဆင့်လေးနှင့် အဆင့်ခြောက် ကြားတွင် ရှိပေလိမ့်မည်။

လင်းယွမ်က ကောင်းကင်သခင်၏ အဆင့်ကို ယင်နှင့်ယန်နှစ်ခုလုံးကို အ​ခြေပြုပြီး ဝင်ရောက်ခဲ့သောကြောင့် သူ၏ ခွန်အားက ယခင်ကောင်းကင်သခင်များထက် ကျော်လွန်ပြီး ဒုတိယအလွှာ အဆင့်ကိုးနှင့် ယှဉ်နိုင်ခြင်း ဖြစ်၏။

အဆင့်ငယ်များ၏ ကွာခြားမှုကို အထင်သေး၍ မရပေ။ စကြာဝဠာလူသားမဟာမိတ်၏ အဆင့်သတ်မှတ်ချက်များက အဆင့်ငယ်တစ်ခုကွာခြားခြင်းက ခွန်အား နှစ်ဆနီးပါး ကွာခြားခြင်းကို ဆိုလိုလေသည်။

" ၆၁နှစ် ကျန်သေးတယ်။ " လင်းယွမ်က သူ၏ အချက်အလက်များကို ကြည့်လိုက်သည်။

နာမည် - ကျန်းရှန်းဖုန်း (လင်းယွမ်)

အဆင့်အတန်း - အနန္တနယ်မြေများ၏ ဂိတ်တံခါးစောင့်ကြပ်သူ

စွမ်းရည် - ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်း

လက်ရှိအ​ခြေအနေ - စိတ်အသိဆင်းသက်ခြင်း

ကျန်ရှိသောအချိန် - ၆၁နှစ် ၁၁လ။

ယခုအချိန် ဆင်းသက်ခြင်းတွင် လင်းယွမ်၏ နေချိန်က နှစ်ရှစ်ဆယ်ဖြစ်၏။ သူက ကောင်းကင်သခင်အဆင့်သို့ ရောက်ရန် ၁၉နှစ် ၁လ ကုန်ဆုံးသွားခဲ့သည်။

" အချိန်တွေ အများကြီး ရှိသေးတာပဲ။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။ သူ၏ ပထမဆုံးခရီးစဉ် နှစ်နှစ်ဆယ်နှင့် ယှဉ်လျှင် ယခု နေချိန်က သိသိသာသာ ပိုများလေသည်။

" ဖြစ်နိုင်တာ ငါ့ခွန်အား တိုးလာတာနဲ့ နေချိန်က ပိုတိုးလာတာလား။ " လင်းယွမ်က တွေးလိုက်သည်။

သူ၏ စိတ်က အနည်းငယ် တုန်ခါသွားပြီးနောက် ကျန်းဝူဓားက သူ၏ ရှေ့တွင် ပေါ်လာသည်။ ကောင်းကင်သခင်၏ အဆင့်သို့ ဝင်ရောက်ပြီးနောက် ကျန်းဝူဓားထဲမှ ထိုက်ယင်နှင့် ထိုက်ယန်စွမ်းအားများက သူ့အတွက် အထောက်အကူမဖြစ်တော့ပေ။ ထို့ကြောင့် လင်းယွမ်က ထိုဓားကို ဓားသင်္ချိုင်းထဲသို့ ပြန်ထားရန် ဆုံးဖြတ်ခဲ့လေသည်။

" သွား " လင်းယွမ်က ဓားလက်ကိုင်ကို ညင်သာစွာ ပုတ်လိုက်ရာ ကျန်းဝူဓားက ဓားအလင်းတန်းအဖြစ် ပြောင်းလဲပြီး ဓားသင်္ချိုင်းထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။

ကျန်းဝူဓားကို ပြန်ပို့ပြီး မကြာမီ ဆရာကြီးကန်ချင်းက လေးစားစွာ လျှောက်လာခဲ့သည်။

" ကောင်းကင်သခင်ရဲ့ ဓားကို ဘယ်လို ဖန်တီးရမလဲ။ ဘာတွေလိုအပ်လဲ ညွှန်ကြားပေးပါဦး။ " ဆရာကြီးကန်ချင်းက မေးလိုက်သည်။

ထျန်းရှီဂိုဏ်းတွင် ကောင်းကင်သခင်တိုင်းက သူတို့၏ ကိုယ်ပိုင်ဓားများကို ပိုင်ဆိုင်ကြလေသည်။ ကောင်းကင်သခင်၏ ဓားက မျိုးဆက်တစ်ခုမှ ကောင်းကင်သခင်၏ သင်္ကေတလည်း ဖြစ်၏။ ကောင်းကင်သခင် သေဆုံးသွားလျှင်တောင် ကျန်နေခဲ့သော ဓားက သူ့အား ကိုယ်စားပြုနေမည်ဖြစ်သည်။

နှစ်နှစ်ဆယ်ကြာတိုင်း ဓားသင်္ချိုင်းခရီးစဉ်တွင် ကောင်းကင်သခင်၏ ဓားကို ရွေးချယ်နိုင်သော လူတစ်ယောက်က ထျန်းရှီဂိုဏ်း၏ အလေးထားပျိုးထောင်ခြင်းကို ခံရပေလိမ့်မည်။

" ကောင်းကင်သခင်ရဲ့ဓား " လင်းယွမ်က သူ၏ ကိုယ်ပိုင် ကောင်းကင်သခင်ဓားအတွက် မည်သည့်လိုအပ်ချက်မှ မရှိပေ။ ဓားတစ်ချောင်းပုံသဏ္ဍန်ဖြစ်လျှင် အဆင်ပြေပြီဖြစ်သည်။

" ကောင်းကင်သခင်က ဓားလက်ကိုင် ဒါမှမဟုတ် ဓားကိုယ်ထည်ပေါ်မှာ ရေးထွင်းချင်တာများ ရှိလား။ " ဆရာကြီးကန်ချင်းက အသိပေးလိုက်သည်။

ပုံမှန်အားဖြင့် ကောင်းကင်သခင်များက သူတို့၏ ဓားပေါ်တွင် သူတို့၏ ကိုယ်ပိုင်သင်္ကေတများကို ရေးထွင်းခဲ့ကြလေသည်။

" ရေးထွင်းဖို့လား။ " လင်းယွမ်က ခနတွေးလိုက်သည်။ " ငါ့နာမည်က ကျန်းရှန်းဖုန်းဆိုတော့ ကောင်းကင်သခင်ဓားပေါ်မှာ တောင်ထိပ်တစ်ခုပုံ ရေထွင်ကြတာပေါ့။ "

" ပြဿနာမရှိဘူး။ " ဆရာကြီးကန်ချင်းက ချက်ချင်း လက်ခံလိုက်သည်။

" ခနနေဦး " လင်းယွမ်က ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။

ကျန်းရှန်းဖုန်းဟူသော နာမည်က သူ၏ မိဘများ ပေးခဲ့ခြင်းဖြစ်သည်။ မူလအားဖြင့် သူက ကျန်းမိသားစုခံတပ်ကို တောင်ထိပ်တစ်ခုသဖွယ် ကာကွယ်ပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ကံဆိုးစွာပင် လင်းယွမ်၏ မိဘများ ဆုံးပါးသွားသည်မှာ နှစ်နှစ်ဆယ်ကြာပြီဖြစ်သည်။

" နောက်ထပ် တောင်နှစ်လုံး ထပ်ထည့်လိုက်။ " လင်းယွမ်က သူ၏ စိတ်ကို ပြောင်းလဲလိုက်သည်။ " ကောင်းကင်သခင်ရဲ့ ဓားပေါ်မှာ တောင်ထိပ်သုံးခု ရေထွင်းလိုက်ပါ။ "

" တောင်ထိပ်သုံးခုလား။ " ဆရာကြီးကန်ချင်းက အနည်းငယ် ထိတ်လန့်သွား၏။

ရက်အနည်းငယ်ကြာပြီးသောအခါ ထျန်းရှီဂိုဏ်း၏ ပန်းပဲဆရာက ကောင်းကင်သခင်၏ ဓားကို လာရောက်ပေးအပ်ခဲ့သည်။ ထိုကဲ့သို့ အမြန်ရရှိခြင်း၏ အကြောင်းရင်းမှာ ထျန်းရှီဂိုဏ်း၏ မျိုးဆက်တိုင်းက ကောင်းကင်သခင်၏ ဓားသန္ဓေသားကို ကြိုတင်ဖန်တီးထားခြင်းကြောင့် ဖြစ်၏။ ကောင်းကင်သခင်တစ်ယောက် ထွက်ပေါ်လာသည်နှင့် သူတို့က အချိန်တိုအတွင်း ကောင်းကင်သခင်၏ ဓားကို အပြီးသတ်နိုင်လေသည်။

" တကယ် ဓားကောင်းပဲ။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်ပြီး ဓားကိုယ်ထည်ပေါ်မှ တောင်ထိပ်သုံးခုကို ကြည့်လိုက်သည်။ သူ၏ ချီးကျူးမှုက သာမန်ဓားများနှင့် ယှဉ်ကြည့်ခြင်းဖြစ်သည်။

ကောင်းကင်သခင်၏ ဓား၏ အထူးခြားဆုံးအချက်မှာ ဓားအတွင်း၌ ကောင်းကင်သခင်၏ စွမ်းအားများကို သိုလှောင်ထားနိုင်ပြီး အနာဂတ်မျိုးဆက်များက ထိုစွမ်းအားကို အသက်သွင်းပြီး တိုက်ခိုက်နိုင်လေသည်။

ဆရာကြီးကန်ချင်းက နတ်ဆိုးတစ်သောင်းဂိုဏ်းခေါင်းဆောင်ကို တိုက်ခိုက်ချိန်တွင် သူက ဓားထဲမှ ကောင်းကင်သခင်၏ စွမ်းအားကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

" တောင်ပေါ်က ဆင်းရမယ့်အချိန်ပဲ။ " လင်းယွမ်က သူ၏ ကိုယ်ပိုင်ကောင်းကင်သခင်ဓားကို ယူပြီး လုံဟုတောင်မှ ဆင်းသွားခဲ့သည်။

လွန်ခဲ့သော နှစ်နှစ်ဆယ်က ကျန်းမိသားစုခံတပ်ပျက်စီးခြင်း၊ ချန်ရှင်း၏ နတ်ဆိုးချီ တိုက်ခိုက်ခံရခြင်း၊ နတ်ဆိုးတစ်သောင်းဂိုဏ်းက လုံဟုတောင်ကို တိုက်ခိုက်ခဲ့ခြင်း။

ရန်ငြိုးအဟောင်းနှင့် အသစ်များက နတ်ဆိုးတစ်သောင်းဂိုဏ်းခေါင်းဆောင်နှင့် ဂိုဏ်းသားများကို သတ်လိုက်ရုံနှင့် အဆုံးသတ်သွားမည်မဟုတ်ပေ။

All Chapters