နတ်ဆိုးများကို ရှင်းလင်းပြီး ကမ္ဘာကြီးကို အေးချမ်းစေခြင်း....
Vol. 3 Ch. 46
ကမ္ဘာပေါ်တွင် နတ်ဆိုးကျင့်ကြံသူများ ဘယ်လောက်များရှိနေလဲ။ တစ်စုံတစ်ယောက်အား ထိုမေးခွန်းအား မေးခဲ့လျှင် ထိုလူက ရယ်ပေလိမ့်မည်။ ကမ္ဘာပေါ်တွင် နတ်ဆိုးကျင့်ကြံသူများက မရေတွက်နိုင်ပေ။
နတ်ဆိုးတစ်သောင်းဂိုဏ်း၏ ခေါင်းဆောင်နှင့် နတ်ဆိုးကျင့်ကြံသူများကို ရေတွက်ကြည့်လျှင်တောင် သူတို့၏ နာမည်အတိုင်း တစ်သောင်းပင် ကျော်ပေလိမ့်မည်။
အကြောင်းမှာ နတ်ဆိုးကျင့်ကြံသူတစ်ယောက်ဖြစ်လာရန် အလွန်လွယ်ကူပြီး အကျိုးအမြတ်က ကြီးမားသောကြောင့် ဖြစ်သည်။
သာမန်လူများက ကျင့်ကြံသူတစ်ယောက်ဖြစ်လာချင်လျှင် မရေတွက်နိုင်သော အားထုတ်မှုများနှင့် အချိန်များကို လိုအပ်လေသည်။ ထိုအပြင် အဆုံးသတ်က အောင်မြင်ရန် မသေချာပေ။ သို့သော် သူတို့က နတ်ဆိုးနည်းစနစ်တစ်ခုကို လေ့ကျင့်ပြီး လူများစွာ၏ အဆီအနှစ်နှင့် သွေးတို့ကို ဆုပ်ယူလိုက်ပါက နဝမအဆင့်သို့ တိုက်ရိုက်ရောက်သွားပေလိမ့်မည်ဖြစ်သည်။
နတ်ဆိုးနည်းစနစ်များက စတင်ရန် လွယ်ကူသော်လည်း လမ်းမှန်နည်းစနစ်များနှင့်ယှဉ်လျှင် အထက်သုံးဆင့်သို့ ရောက်ရန် ပို၍ ခက်ခဲလေသည်။
ကောင်းကင်သခင်ကျန်းက နတ်ဆိုးတစ်သောင်းဂိုဏ်ဝင်များစွာကို သတ်ဖြတ်ခဲ့ပြီး ယခု နတ်ဆိုးများကို သုတ်သင်ရန် လုံဟုတောင်မှ ဆင်းသက်လာခဲ့သည်။
နတ်ဆိုးတစ်သောင်းဌာနချုပ်တွင်....
လုံဟုတောင်တိုက်ပွဲတွင် နတ်ဆိုးတစ်သောင်းဂိုဏ်းခေါင်းဆောင်က သေဆုံးခဲ့ပြီး ဒိုဂုဏ်းခေါင်းဆောင် ကိုးယောက်တွင် တစ်ယောက်သာ အသက်ရှင်ခဲ့လေသည်။ ထိုအချိန်တွင် သူက လုံဟုတောင်နှင့် အနည်းငယ် ဝေးကွာနေခဲ့သောကြောင့် အသက်ဘေးမှလွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။
သူက အလွန်တုန်လှုပ်နေဆဲ ဖြစ်၏။ သူက ထွက်ပြေးနိုင်ခဲ့သော်လည်း နတ်ဆိုးဂိုဏ်းဝင်များ၏ ထောင်ချီသော အလောင်းများနှင့် မြစ်ချောင်းများကဲ့သို့ စီးဆင်းနေသော သွေးများက သူ၏ စိတ်ထဲတွင် ထင်ဟပ်နေဆဲ ဖြစ်သည်။
" ဒုဂိုဏ်းခေါင်းဆောင် ကျွန်တော်တို့ အခုဘာလုပ်ကြမလဲ။ "
" ဂိုဏ်းခေါင်းဆောင်နဲ့ အခြားသူတွေအားလုံးလည်း သေပြီ။ "
" ကျုပ်တို့ ဒီမှာဆက်နေဦးမှာလား။ " နတ်ဆိုးကျင့်ကြံသူတစ်ယောက်က တုန်ယင်နေသော အသံနှင့် ပြောလိုက်သည်။
" ငါတို့ ဒီမှာမနေရင် ဘယ်နေရာကို ပြေးမလဲ။ "
" ဌာနချုပ်က ရှုပ်ထွေးတဲ့ ယန္တရားတွေနဲ့ ပြည့်နေတဲ့နေရာပဲ။ ဒီနေရာမှာ ပုန်းနေတာက အလုံခြုံဆုံးပဲ။ " ဒုဂိုဏ်းခေါင်းဆောင်က သူ့ကိုသူ တည်ငြိမ်အောင်ထိန်းပြီး ပြောလိုက်သည်။
နတ်ဆိုးတစ်သောင်းဂိုဏ်း ထွက်ပေါ်လာချိန်တွင် သူတို့က လမ်းမှန်အင်အားစုများနှင့် တိုက်ခိုက်ချိန်တွင် အကယ်၍ ရှုံးနိမ့်ခဲ့ပါက ဌာနချုပ်မှာ သူတို့၏ နောက်ဆုံးခံစစ်အဖြစ် သတ်မှတ်ထားသည်။
နတ်ဆိုးတစ်သောင်းဌာနချုပ်က ယန္တရားဆရာ ဆယ်ယောက်ကျော်ဖြင့် တည်ဆောက်ထားပြီး သဘာဝကောင်းကင်အဆင့်များပင် သတိမထားပါက ဒဏ်ရာအပြင်းအထန် ရသွားနိုင်လေသည်။ ထို့ကြောင့် သူတို့က ဌာနချုပ်သို့ ပြန်ပြေးလာခဲ့ကြခြင်း ဖြစ်သည်။
ထိုအချိန်တွင် ရုတ်တရက် အပြင်မှ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ကြောက်စရာကောင်းသော တုန်ခါလှိုင်းတစ်ခုက ဌာနချုဏ်တစ်ခုလုံး ဖုံးလွှမ်းသွားသည်။
" မဟုတ်ဘူး။ မင်းဘယ်သူလဲ။ "
" မင်းငါတို့ကို ဘာလို့သတ်နေတာလဲ။ "
ဌာနချုပ်ထဲမှ နတ်ဆိုးကျင့်ကြံသူများ၏ အော်ဟစ်သံများက မျက်စိတစ်မှိတ်အတွင်း တိတ်ဆိတ်သွား၏။
တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော လင်းယွမ်က ဖြည်းညင်းစွာ လျှောက်လာသည်။
" ကောင်းကင်သခင် " ဒုဂိုဏ်းခေါင်းဆောင်က ခါးသီးစွာ ပြုံးလိုက်သည်။
ဌာနချုပ်မှ ယန္တရားများက ကောင်းကင်သခင်အား မရပ်တန့်နိုင်သည်ကို သူမျှော်လင့်ထားပြီးဖြစ်သည်။ သို့သော် ထိုလောက်ထိ မြန်လိမ့်မည်ဟု မထင်ခဲ့ပေ။ တစ်ချိန်က နတ်ဆိုးတစ်သောင်းဂိုဏ်း၏ ဂုဏ်ယူခဲ့သော ယန္တရားများက ကောင်းကင်သခင်ရှေ့တွင် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်ထိပင် မခံနိုင်ခဲ့ပေ။
" ကောင်းကင်သခင် ငါက ထျန်းရှီဂိုဏ်းနဲ့ ကောင်းကင်သခင်ကို အညံ့ခံရင် ငါ အသက်ရှင်နိုင်ဦမှာလား။ " ဒုဂိုဏ်းခေါင်းဆောင်က လက်မလျှော့သေးဘဲ တိုးညှင်းစွာ မေးလိုက်သည်။ သူက သဘာဝကောင်းကင်အဆင့်တစ်ယောက်ဖြစ်သောကြောင့် အသုံးဝင်သည်မှာ သေချာလေသည်။
" မလိုတော့ဘူး။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။ ထို့နောက် သူက လှည့်ပြီး ထွက်သွားသည်။
ထိုင်ခုံတွင် ထိုင်နေသော ဒုဂိုဏ်းခေါင်းဆောင်၏ နဖူးအလယ်တွင် အနီရောင်အစင်းကြောင်းတစ်ခု ပေါ်လာသည်။ ဘေးမှ နတ်ဆိုးကျင့်ကြံသူများအားလုံးကလည်း ခြွင်းချက်မရှိဘဲ လျင်မြန်စွာ လဲကျသွားကြသည်။
တာယုနိုင်ငံ၏ မြို့တော်။
သွေးနီရောင်ဝတ်ရုံနှင့် လူတစ်ယောက်က ထိတ်လန့်သော အမူအရာနှင့် အင်ပါယာနန်းတော်သို့ ပြေးသွားသည်။
" ငါက နတ်ဆိုးတစ်သောင်းဂိုဏ်းခေါင်းဆောင်ရဲ့ တပည့် အိုရန်ယဲ့ပါ။ သဘာဝကောင်းကင်အဆင့်ကို မြှင့်တင်ပေးနိုင်တဲ့ လျို့ဝှက်နည်းလမ်းကို ငါ သိတယ်။ " သွေးနီရောင်ဝတ်ရုံနှင့် အိုရန်ယဲ့က သူ၏ ရှေ့မှ အင်ပါယာနန်းတော်သို့ ကြည့်ပြီး သူ၏ အစစ်အမှန်ချီနှင့် အော်ပြောလိုက်သည်။
တာယုမင်းဆက်က စည်းလုံးညီညွှတ်၍ အင်အားကြီးမားသော မင်းဆက်တစ်ခုဖြစ်ပြီး အိုရန်ယဲ့အတွက် တစ်ခုတည်းသော အသက်ရှင်နိုင်မည့်လမ်းကြောင်းဖြစ်သည်။
" ငါ ဒီနည်းလမ်းကို တာယုမင်းဆက်ကို ဆက်သနိုင်တယ်။ ငါ့ရဲ့ တစ်ခုတည်းသော တောင်းဆိုချက်က မင်းတို့ ငါ့ကို ကာကွယ်ပြီး ကောင်ူကင်သခင်ကျန်းကို တားဆီးပေးဖို့ပဲ။ " အိုရန်ယဲ့က ဆက်ပြောလိုက်သည်။
သဘာဝကောင်းကင်အဆင့်ကို မြှင့်တင်ပေးနိုင်သော နည်းလမ်းက တာယုနိုင်ငံ မငြင်းဆန်နိုင်သောအရာဖြစ်လေသည်။ ၎င်းက ကြီးမားသော အခွင့်အရေးတစ်ခု ဖြစ်သောကြောင့် သူတို့က မည်မျှကုန်ကျသည်ဖြစ်စေ ကြိုးစားကြပေလိမ့်မည်။
ခနကြာသောအခါ အင်ပါယာနန်းတော်၏ ဂိတ်တံခါးက ပွင့်သွားပြီး လူအိုကြီးတစ်ယောက် ထွက်လာသည်။ ထိုလူအိုကြီးဆီမှ နက်နဲသော အော်ရာတစ်ခု ထွက်ပေါ်နေပြီး သဘာဝကောင်းကင်အဆင့်တစ်ယောက်ဖြစ်မည်မှာ သေချာလေသည်။
" မင်းသွားနိုင်ပြီ။ ကောင်းကင်သခင်ကျန်းက ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်းတဲ့သူပဲ။ သူသတ်ချင်တဲ့ လူတစ်ယောက်ကို ငါတို့လည်း ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ " လူအိုကြီးက သူ၏ ခေါင်းကို ခါပြီး ပြောလိုက်သည်။ ထို့နောက် သူက ပြန်လည်ထွက်ခွာသွားပြီး အင်ပါယာနန်းတော်၏ ဂိတ်တံခါးကလည်း ပြန်ပိတ်သွားသည်။
" မကူညီနိုင်ဘူးလား။ မင်းတို့က သဘာဝကောင်းကင်အဆင့်ကို မြှင့်တင်ပေးနိုင်တဲ့နည်းလမ်းကိုတောင် မလိုချင်ကြဘူးလား။ " သွေးနီရောင်ဝတ်ရုံနှင့် အိုရန်ယဲ့က တိတ်ဆိတ်သွား၏။
" ဒီကမ္ဘာမှာ ဘယ်သူမှ ငါ့ကို မကယ်နိုင်တော့ဘူးလား။ " သူက လုံးဝ စိတ်ပျက်သွား၏။
မကြာမီ သူ၏ အနောက်မှ ဓားအလင်းတန်းတစ်ခု လင်းလက်သွားပြီး အိုရန်ယဲ့၏ အသက်မဲ့သော ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ လဲကျသွားသည်။
" အနည်းဆုံးတော့ မင်းတို့က ကိုယ့်နေရာကို သိကြတာပဲ။ " လင်းယွမ်က တာယုအင်ပါယာနန်းတော်ကို ခနကြည့်ပြီး ပြန်လည်ထွက်ခွာသွားသည်။
အာတိတ်မြောက်ပိုင်းရေခဲလွင်ပြင်ရှိ ရေခဲနန်းတော်၏ ရှေ့တွင် အနက်ရောင်ဝတ်ရုံနှင့် လူတစ်ယောက်က ဒူးထောက်နေသည်။
" ငါ့ရဲ့ မူလနတ်ဆိုးဂိတ်တံခါးက လွန်ခဲ့တဲ့ နှစ်ခြောက်ထောင်ကတည်းက မြောက်ပိုင်းလွင်ပြင်နဲ့ပက်သက်မှုအချို့ ရှိခဲ့တယ်။ ငါသာ အသက်ရှင်မယ်ဆိုရင် မူလနတ်ဆိုးဂိတ်တံခါးရဲ့ လျို့ဝှက်ချက်တွေကို ထုတ်ပြနိုင်တယ်။ " အနက်ရောင်ဝတ်ရုံနှင့်လူက ရေခဲနန်းတော်ကို ကြည့်ပြီး ပြောလိုက်သည်။
တစ်ကမ္ဘာလုံးတွင် မြောက်ပိုင်းလွင်ပြင်၏ အရှင်သခင်ကသာ ကောင်းကင်သခင်ကျန်းကို တားဆီးနိုင်ပေလိမ့်မည်။
" မင်းက အသက်ရှင်ချင်တာလား။ " ရေခဲနန်းတော်ထဲတွင် ရွှေရောင်မျက်လုံးများနှင့် လူတစ်ယောက်ထိုင်နေသည်။
" ငါလည်း မသေချင်သေးဘူး။ " သူက ခံစားချက်များကို မဖုံးကွယ်ထားနိုင်ဘဲ သက်ပြင်းချလိုက်သည်။
" မြောက်ပိုင်းလွင်ပြင်သခင် ငါ့ရဲ့ မူလနတ်ဆိုးဂိတ်တံခါး ပျောက်ကွယ်သွားမယ့်အခြေအနေနဲ့ ကြုံတွေ့ရတဲ့အချိန်မှာ မင်းက တကယ် ရပ်ကြည့်နေမှာလား။ "
မည်သည့်တုန့်ပြန်မှုမှ ထွက်မလာဘဲ အနက်ရောင်ဝတ်ရုံနှင့် လူက စိတ်ပျက်စွာဖြင့် ခေါင်းမော့လာသည်။
ထိုအချိန်တွင် အနက်ရောင်ဝတ်ရုံနှင့် လူ၏ ခန္ဓာကိုယ်က လဲကျသွား၏။ လင်းယွမ်၏ အသံက သူ၏ ဘေးမှ ထွက်ပေါ်လာသည်။
" မြောက်ပိုင်းလွင်ပြင်သခင်လား။ " သူက ရှေ့မှ ရေခဲနန်းတော်အား အနည်းငယ် အံ့ဩစွာ ကြည့်လိုက်သည်။
ထျန်းရှီဂိုဏ်းမှ မှတ်တမ်းများအရ မြောက်ပိုင်းလွင်ပြင်မျိုးနွယ်က ကောင်းကင်သခင်များကဲ့သို့ သမိုင်းကြောင်းရှိသည်ကို သူသိလေသည်။
သို့သော် သူတို့က မြောက်ပိုင်းရေခဲလွင်ပြင်တွင်သာ နေထိုင်ပြီး အလယ်ပိုင်းသို့ ထွက်လာလေ့မရှိသောကြောင့် သူတို့အကြောင်းကို လူများ သိပ်မသိကြပေ။
" ကောင်းကင်သခင်ကျန်း ဒီနတ်ဆိုးက ငါ့ရဲ့ မြောက်ပိုင်းလွင်ပြင်နဲ့ ဘာမှမဆိုင်ပါဘူး။ သူ့သဘောနဲ့သူ ငါတို့ဆီကို ရောက်လာတာပါ။ " ရွှေရောင်မျက်လုံးများနှင့်လူက လင်းယွမ်၏ အကြည့်ကို သတိထားမိသွားပြီး ထိတ်လန့်စွာ ပြောလိုက်သည်။
" ငါသိတယ်။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်ပြီး ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
မြောက်ပိုင်းလွင်ပြင်သခင်က သက်ပြင်းချလိုက်သည်။ " ဒီမျိုးဆက်ရဲ့ ကောင်းကင်သခင်က ငါ့အပေါ် တော်တော်ဖိအားပေးနိုင်တာပဲ။ သူက အရင်မျိုးဆက်တွေထက် ပိုပြီး သန်မာတယ်။ "
မြောက်ပိုင်းလွင်ပြင်မျိုးနွယ်က ကောင်းကင်သခင်များကို အခြားလမ်းမှန်အင်အားစုများထက် ပိုမိုနားလည်လေသည်။ ထို့ကြောင့် ရွှေရောင်မျက်လုံးများနှင့် လူက လင်းယွမ်ဆီမှ ဖိအားကို ပို၍ ခံစားရခြင်း ဖြစ်သည်။
ခြောက်သွေ့နေသော ကန္တာရတစ်ခုထဲတွင် လူဆယ်ယောက်ကျော်က ထိတ်လန့်စွာ ထွက်ပြေးနေကြသည်။
" ကောင်းကင်သခင်ကျန်း ငါတို့ညီအကိုတွေက နတ်ဆိုးတွေဆိုပေမယ့် နတ်ဆိုးတစ်သောင်းဂိုဏ်းနဲ့ ဘာမှမပက်သက်ဘူးလေ။ "
" နတ်ဆိုးတစ်သောင်းဂိုဏ်းက လုံဟုတောင်ကို တိုက်ခိုက်တုန်းကလည်း ငါတို့မပါဝင်ခဲ့ဘူးလေ။ " ခေါင်းဆောင်က ကြောက်လန့်နေပြီး နောက်မှ တဖြည်းဖြည်း နီးကပ်လာသူလူကို ပြောလိုက်သည်။
" နတ်ဆိုးအားလုံး သေရမယ်။ " လင်းယွမ်က သူ၏ ညာလက်ကို မြှောက်၍ ဖိချလိုက်သည်နှင့် ရှေ့မှ ပြေးနေသော လူဆယ်ယောက်ကျော်က တပြိုင်နက် လဲကျသွားကြသည်။
လူစည်ကားသော လမ်းတစ်ခုပေါ်တွင် ရှေးဖြစ်ဟောသူက လမ်းသွားလမ်းလာများကို ခေါ်နေခဲ့သည်။
ထိုအချိန်တွင် သာမန်အသွင်အပြင်ရှိသော လူတစ်ယောက်က သူ၏ ရှေ့တွင် ရပ်တန့်သွားသည်။
" ပြောပါ ငါဘယ်လောက်အသက်ရှင်နိုင်ဦးမလဲ။ " သာမန်အသွင်အပြင်နှင့်လူက နီရဲနေသော မျက်လုံးများနှင့် မေးလိုက်သည်။
" မင်းရဲ့ အသက်ကို ကြည့်ရတာ..." ရှေ့ဖြစ်ဟောသူက တစ်ချက်ကြည့်လိုက်ပြီး သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူက သူ၏ ပစ္စည်းများကို ရုတ်တရက် သိမ်းဆည်းပြီးနောက် ချက်ချင်း လှည့်ထွက်သွားသည်။
" ဆရာ သူ့ကို ကြောက်နေတာလား။ သူ့ရဲ့ ကံကြမ္မာကိုတောင် မဖတ်ပေးရဲဘူးလား။ "
ထွက်ပြေးနေသော လူကြီး၏ နောက်တွင် ကလေးတစ်ယောက်လိုက်လာသည်။
" မင်းဘာသိလို့လဲ။ " ရှေးဖြစ်ဟောသူက သူ့ကို စိုက်ကြည့်လိုက်သည်။
" အစောကလူက ကြာကြာအသက်ရှင်မှာမဟုတ်တော့ဘူး။ ငါတို့ ဆက်နေနေရင် ငါတို့ပါရောပါသွားလိမ့်မယ်။ " ရှေးဖြစ်ဟောသူက လျင်မြန်စွာ ပြောလိုက်သည်။
" အာ ဘာလို့ရောပါရမှာလဲ။ " ကလေးက သူ၏ ဆရာမှာ အသန်မာဆုံးများထဲမှာ လူတစ်ယောက်ဖြစ်သော်လည်း ထိုကိစ္စထဲ ပါဝင်ရမည်ကို ကြောက်လန့်နေသောကြောင့် အံ့ဩသွား၏။
" ဘာလို့လဲဆိုတော့ အဲ့ဒီလူက နတ်ဆိုးကျင့်ကြံသူတစ်ယောက်ပဲ။ "
" နတ်ဆိုးလား။ " ၎င်းကို ကြားသောအခါ ကလေးက ခေါင်းငြိမ့်လိုက်သည်။
ယနေ့ခေတ်တွင် နတ်ဆိုးများက ကြီးမားသော ကပ်ဘေးကြီးနှင့် ရင်ဆိုင်နေရသည်ကို မသိသူမရှိပေ။ လုံဟုတောင်မှ ဆင်းလာသော ကောင်းကင်သခင်ကျန်းက နတ်ဆိုးများကို နေရာအနှံ့လိုက်လံရှာဖွေပြီး သတ်ဖြတ်နေခဲ့လေသည်။
" ကောင်းကင်သခင်ကျန်း " ရှေးဖြစ်ဟောသူက ရုတ်တရက် ရပ်တန့်သွားပြီး သူ၏ စိတ်က တုန်ခါသွား၏။
သူနှင့်ဆန့်ကျင်ဘက်တွင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က သာမန်အသွင်အပြင်နှင့် လူရှိရာဘက်သို့ လျှောက်လာနေသည်။
" ကောင်းကင်သခင်ကျန်း ရောက်လာပြီ။ " ရှေးဖြစ်ဟောသူက ရေရွတ်လိုက်သည်။
ကောင်းကင်သခင် ကျန်းရှန်းဖုန်းက တောင်ပေါ်မှဆင်းလာပြီး နတ်ဆိုးများအား သုတ်သင်ခဲ့သည်အကြောင်းကို နောက်ပိုင်းမျိုးဆက်များ မှတ်တမ်းတင်ထားပေလိမ့်မည်။ နှစ်ခြောက်ဆယ်အတွင်း နတ်ဆိုးများက တိမ်မြှုပ်ပျောက်ကွယ်သွားပြီး ကမ္ဘာကြီးလည်း အေးချမ်းသွားခဲ့သည်။ ထိုကာလကို နောက်ပိုင်းမျိုးဆက်များက နတ်ဆိုးသုတ်သင်ခြင်းကာလဟု ခေါ်ခဲ့ကြလေသည်။