← Chapters

မူလနတ်ဆိုးဝိညာဉ်

Vol. 3 Ch. 47

မူလနတ်ဆိုးဝိညာဉ်

Vol. 3 Ch. 47

အချိန်များက တရွေ့ရွေ့ကုန်ဆုံးလာပြီး မျက်စိတစ်မှိတ်အတွင်း နှစ်ခြောက်ဆယ်ကုန်သွားခဲ့သည်။

အနောက်ဘက်နယ်မြေရှိ ကန္တာရထဲတွင် ရှေးကျပြီးလျို့ဝှက်ဆန်းကျယ်သော အပျက်အစီးနေရာတစ်လု ရှိနေသည်။

" ဒီနေရာပဲ "

" ကောင်းကင်သခင်ကျန်း ပြောတဲ့အတိုင်းဆို ဒီနေရာက မူလနတ်ဆိုးဂိတ်တံခါးရဲ့ အပျက်အစီးနေရာပဲ။ "

" မြန်မြန် သခင်ကျန်းကို သတင်းပို့လိုက်။ "

သိုင်းပညာရှင် ဆယ်ယောက်ကျော်က စ်တ်လှုပ်ရှားစွာဖြင့် ပြောလိုက်ကြသည်။

သန်မာသော လူကြီးက အမိန့်ပေးပြီးနောက် အပျက်အစီးနေရာရှေ့တွင် ရပ်စောင့်နေလိုက်သည်။

" ဒီနေရာက မြေကြီးအကြောတွေနဲ့ တည်ဆောက်ထားလို့ တည်နေရာက မကြာခန ပြောင်းလဲနေတယ်။ မဟုတ်ရင် ငါတို့ ဒီလောက်ထိ ရှာနေစရာလိုမှာ မဟုတ်ဘူး။ "

နေ့တစ်ဝက်ကြာပြီးနောက် တာအိုဝတ်ရုံနှင့် လူငယ်တစ်ယောက်က အပျက်အစီးနေရာရှေ့တွင် ပေါ်လာသည်။

" သခင်ကျန်း " လူသန်ကြီးက ချက်ချင်း လျှောက်လာပြီး ရိုသေစွာ ပြောလိုက်သည်။

" သခင်ကျန်းကို နှုတ်ဆက်ပါတယ်။ " အခြားသူများကလည်း လေးစားစွာ အရိုအသေပေးလိုက်ကြသည်။

အားလုံးက ပုံမှန်ဟုထင်ရသော ထိုလူငယ်နှင့် ရင်ဆိုင်ရချိန်တွင် သူတို့က ကြီးမားသော ဖိအားကို ခံစားရလေသည်။ ထိုသခင်ကျန်းက ထျန်းရှီဂိုဏ်း၏ ကောင်းကင်သခင်များကြားတွင် အသန်မာဆုံး ဖြစ်သည်မှာ သံသယဝင်စရာပင် မလိုပေ။

ယခင်တုန်းက ကောင်းကင်သခင်များမှာ တောင်ပေါ်မှဆင်းပြီး နတ်ဆိုးများအား သုတ်သင်ခြင်းက ဓလေ့တစ်ခုလို ဖြစ်နေခဲ့သည်။ သို့သော် အများစုက နှစ်အနည်းငယ်ကြာအောင်သာ လုပ်ဆောင်ခဲ့ကြသည်။ သို့သော် ကောင်းကင်သခင်ကျန်းမှာ နှစ်ခြောက်ဆယ်ကြာအောင် နတ်ဆိုးများကို သုတ်သင်ရှင်းလင်းခဲ့လေသည်။ ယခုအချိန်တွင် ရက်စက်သော နတ်ဆိုးများက ဒဏ္ဍာရီတစ်ခုသဖွယ်ပင် ဖြစ်လာကြသည်။ အားလုံးက ကောင်းကင်သခင်ကျန်းကြောင့်ပင် ဖြစ်၏။

ကောင်းကင်သခင်ကျန်းက မရေတွက်နိုင်သော နတ်ဆိုးများစွာကို သတ်ဖြတ်ခဲ့ပြီး သူ၏ ရှေ့တွင် ဘယ်သူမှ သူတို့ကိုသူတို့ နတ်ဆိုးဟု မခေါ်ရဲကြတော့ပေ။

" ဒီနေရာပဲ။ " လင်းယွမ်က အပျက်အစီးနေရာကို သေချာစစ်ဆေးပြီးနောက် ရှေးဟောင်းမူလနတ်ဆိုးဂိတ်တံခါးဖြစ်သည်ကို အတည်ပြုနိုင်ခဲ့သည်။

မူလနတ်ဆိုးဂိတ်တံခါးက ပထမကောင်းကင်သခင်နှင့်ပင် ယှဉ်နိုင်ခဲ့ပြီး နတ်ဆိုးများအားလုံး၏ မူလအစဟုပင် ​ပြော၍ရပေသည်။

လင်းယွမ်က ကမ္ဘာပေါ်ရှိ နတ်ဆိုးများအားလုံးကို သုတ်သင်ချင်လျှင် ထိုနေရာကို ချန်ထား၍မရပေ။ သို့သော် မူလနတ်ဆိုးဂိတ်တံခါး၏ တည်နေရာက အမြဲတမ်းပြောင်းလဲနေခဲ့ပြီး ရှာမတွေ့ခဲ့ပေ။

ထို့ကြောင့် ကောင်းကင်သခင်တစ်ယောက်၏ အမိန့်နှင့် ကမ္ဘာပေါ်မှ သိုင်းပညာရှင်များအားလုံးကို စုစည်းခဲ့ပြီး အပျက်အစီနေရာကို ဖော်ထုတ်နိုင်ခဲ့လေသည်။

" ငါ အခုဝင်တော့မယ်။ မင်းတို့ မြန်မြန် ထွက်သွားကြတော့။ " လင်းယွမ်က အခြားသူများကို ကြည့်ပြီး ပြောလိုက်သည်။

" ဟုတ်ကဲ့။ " လူသန်ကြီးက ပြန်ဖြေလိုက်သည်။ " သခင်ကျန်း ဒီနေရာက အရမ်းအန္တရာယ်များတယ်။ ဂရုစိုက်ပါ။ "

ကောင်းကင်သခင်ကျန်းက နတ်ဆိုးများအား နှစ်ခြောက်ဆယ်တိုင်အောင် သုတ်သင်ပြီး ကမ္ဘာကြီးကို အေးချမ်းစေခဲ့သောကြောင့် လူတိုင်းက သူ့ကို လေးစားကြလေသည်။

" ငါသိပြီ။ " လင်းယွမ်က ခေါင်းငြိမ့်ပြီး အပျက်အစီးထဲသို့ ဝင်ရောက်သွားသည်။

" အဲ့ဒါ သခင်ကျန်းလား။ သူက တော်တော်ငယ်သေးတာပဲ။ "

" ငယ်တယ် လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်က သခင်ကျန်းက အသက်နှစ်ဆယ်ဖြစ်နေပြီ။ အခုဆို သူက အသက်ရှစ်ဆယ်တောင်ရောက်နေပြီ။ "

" ကောင်းကင်သခင်တွေက ငါတို့လို သေမျိုးတွေ စိတ်ကူယဉ်နိုင်တဲ့အရာ မဟုတ်ဘူး။ အရင်ကောင်းကင်သခင်တွေက အသက်နှစ်ရာအထိ ရှင်သန်နိုင်ခဲ့တယ်လို့ ငါကြားဖူးတယ်။ "

လူအုပ်ကြီးက တစ်ယောက်နှင့်တစ်ယောက် ဆွေးနွေးနေကြသည်။ ဤနှစ်များတွင် ကောင်းကင်သခင်ကျန်းက ဒဏ္ဍာရီတစ်ခုလို ဖြစ်လာခဲ့သည်။ ကောင်းကင်သခင်များကြားတွင် ကောင်းကင်သခင်ကျန်းက အသန်မာဆုံးဖြစ်ပြီး တာယုနိုင်ငံ၏ ဧကရာဇ်ပင် သူ့ကို လေးစားရလေသည်။

ဤနှစ်များတွင် ကောင်းကင်သခင်ကျန်းက သိုင်းပညာရှင်အားလုံးကို အမိန့်ပေးနိုင်ခြင်းမှာ နာခံမှုသက်သက်ကြောင့် မဟုတ်ဘဲ ပြိုင်ဘက်ကင်းသော ခွန်အားကြောင့်ပင် ဖြစ်သည်။

ကောင်းကင်သခင်ကျန်းက နတ်ဆိုးများစွာကို သတ်ဖြတ်ခဲ့သော်လည်း နတ်ဆိုးဟု သတ်မှတ်နိုင်သည်မှာ သူကိုယ်တိုင်သာ ဖြစ်သည်။ သင်က မည်သည့်ပညာကို လေ့ကျင့်သည်ဖြစ်စေ ကောင်းကင်သခင်ကျန်းက သင့်ကို နတ်ဆိုးတစ်ယောက်ဟုပြောလျှင် သင်က နတ်ဆိုးဖြစ်ပြီး ငြင်းဆန်နိုင်ခြင်းမရှိဘဲ သတ်ခံရပေလိမ့်မည်။

" ကောင်းပြီ။ သွားကြစို့။ "

" သခင်ကျန်းက ငါတို့ကို ထွက်သွားဖို့ တောင်းဆိုတဲ့အတွက် သူ့မှာ အကြောင်းရင်း သေချာပေါက်ရှိလိမ့်မယ်။ "

" မူလနတ်ဆိုးဂိတ်တံခါးက မရှိတော့ပေမယ့် သူတို့ရဲ့ အပျက်အစီးနေရာကို လျှော့တွက်လို့မရဘူး။ သခင်ကျန်းက အန္တရာယ်ကို မကြောက်ပေမယ့် ငါတို့က သခင်ကျန်းမဟုတ်ဘူး။ " လူသန်ကြီးက ပြောလိုက်ပြီးနောက် အခြားသူများနှင့်အတူ ထွက်ခွာသွားကြသည်။

မူလနတ်ဆိုးဂိတ်တံခါးအပျက်အစီးနေရာတွင် လင်းယွမ်က ဖြည်းညင်းစွာ လမ်းလျှောက်နေသည်။ မီတာတစ်ရာကျယ်ဝန်းသော ထိုက်ကျိစွမ်းအားနယ်ပယ်က သူ၏ ပတ်ဝန်းကျင်ကို ဖြန့်ကျက်ထားသည်။ မီတာတစ်ရာအတွင်း အရာရာတိုင်းက သူ၏ စိတ်ထဲတွင် ရှင်းလင်းနေသည်။

လွန်ခဲ့သော နှစ်ခြောက်ဆယ်ကပင် ကောင်းကင်သခင်တစ်ယောက်ဖြစ်လာပြီးနောက် လင်းယွမ်က ကောင်းကင်အောက်တွင် အသန်မာဆုံး လူတစ်ယောက် ဖြစ်လာခဲ့သည်။ ယခု နှစ်ခြောက်ဆယ်ကြာပြီးသောအခါ လင်းယွမ်ပင် သူ့ကိုသူ မည်မျှသန်မာသည်ကို မသိတော့ပေ။ နှစ်ခြောက်ဆယ်အတွင်း လင်းယွမ်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဆက်လက် လေ့ကျင့်ခဲ့လေသည်။

လင်းယွမ်က ကောင်းကင်သခင်မဖြစ်မီ လုံဟုတောင်မှ ထွက်မသွားခြင်းမှာ အချက်နှစ်ချက်ရှိလေသည်။ ပထမအချက်မှာ သူ၏ ခွန်အားက ပြိုင်ဘက်ကင်းမဟုတ်သေးသောကြောင့် ဖြစ်သည်။ ဒုတိယမှာ သူက အစစ်အမှန်သိုင်းတာအိုခန်းမကို အပြည့်အဝ နားမလည်သေးသောကြောင့် ဖြစ်သည်။ ထို့နောက် သူက တောင်ပေါ်မှဆင်းပြီး နတ်ဆိုးများကို သုတ်သင်ရင်း ကမ္ဘာအနှံ့လှည့်ပတ်သွားကာ ကမ္ဘာကြီးကို နားလည်အောင် ကြိုးစားခဲ့လေသည်။

အပျက်အစီးများ၏ အတွင်းပိုင်းက မှောင်မည်းနေပြီး ကြောက်စရာကောင်းလှသည်။ သို့သော် လင်းယွမ်က အပျက်အစီးနေရာ၏ အတွင်းပိုင်းကို ရောက်သည်အထိ အန္တရာယ်တစ်စုံတစ်ရာ မကြုံတွေ့ခဲ့ရသေးပေ။

မကြာမီ လင်းယွမ်က ပလ္လင်ကြီးတစ်ခုကို တွေ့လိုက်ရသည်။ ပလ္လင်က အနီနှင့်အနက်တို့ ရောယှက်နေပြီး ၎င်း၏ မျက်နှာပြင်မှ သွေးနံ့များ ထွက်ပေါ်နေဆဲ ဖြစ်သည်။

" ဟဲ ဟဲ ဟဲ..."

လင်းယွမ်က ပလ္လင်ကို ကြည့်နေချိန်တွင် အသံတစ်ခု ထွက်ပေါ်လာသည်။

ပလ္လင်ပေါ်တွင် သွေးရောင်အလင်းတန်းများ စုစည်းသွားပြီးနောက် သွေးရောင်ခန္ဓာတစ်ခု ပေါ်လာသည်။

" နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ နောက်ထပ် ကောင်းကင်သခင်တစ်ယောက် ထွက်ပေါ်လာပြီပေါ့။ " သွေးရောင်လူက လင်းယွမ်ကို ကြည့်ပြီး ရယ်လိုက်သည်။

" မင်းဘယ်သူလဲ။ " လင်းယွမ်က မေးလိုက်သည်။

" ငါဘယ်သူလဲ။ မင်းငါ့ကို မူလနတ်ဆိုးဝိညာဉ်လို့ ခေါ်နိုင်တယ်။ " စကားပြောနေစဉ် သွေးရောင်ပုံရိပ်၏ အသံက အနည်းငယ် တိုးသွား၏။

" မူလနတ်ဆိုးဝိညာဉ် " လင်းယွမ်က ခနစဉ်းစားပြီး ဆက်မေးလိုက်သည်။ " မင်းက ဒီနယ်မြေက မဟုတ်ဘူးလား။ "

လင်းယွမ်က ကျန်းဝူဓားကို ရချိန်တွင် ၎င်းက အခြားကမ္ဘာမှဖြစ်သည်ဟု မှန်းဆခဲ့သည်။ ကျန်းဝူဓားထဲမှ ထိုက်ယင်နှင့်ထိုက်ယန် စွမ်းအားများက ယခင်ကောင်းကင်သခင်များမပြောနှင့် လင်းယွမ်ပင် ထိုကဲ့သို့ မလုပ်နိုင်ပေ။ ထိုကြောင့် ထိုဓားက အခြားကမ္ဘာ သို့မဟုတ် အထက်ဘုံဟု ခေါ်သော နေရာမှ ဖြစ်ပေလိမ့်မည်။ ယခု မူလနတ်ဆိုးဝိညာဉ်ကို တွေ့ချိန်တွင် လင်းယွမ်၏ ခန့်မှန်းချက်က ပိုမိုသေချာသွားခဲ့သည်။ ထို့အပြင် မူလနတ်ဆိုးဝိညာဉ်တည်ရှိသည်မှာ နှစ်ပေါင်း ၆၈၀၀ ကျော်ပြီဖြစ်သည်။

" ဟားဟား ဒီမျိုးဆက်ရဲ့ ကောင်းကင်သခင်က ဒီနတ်ဆိုးဝိညာဉ်ရဲ့ မူလကို တကယ်ခန့်မှန်းနိုင်တာပဲ။ "

လင်းယွမ်ကို လေ့လာပြီးနောက် သူက ဆက်ပြောလိုက်သည်။ " ဒါပေမယ့် မင်းက ဒီနေရာကို ရောက်လာပြီဆိုတော့ ဒီနတ်ဆိုးဝိညာဉ်ရွေးချယ်လိုက်တဲ့လူက မင်းလက်ထဲမှာ သေဆုံးသွားပြီထင်တယ်။ "

လွန်ခဲ့သော နှစ်တစ်ရာက နတ်ဆိုးတစ်သောင်းဂိုဏ်းခေါင်းဆောင်က ထိုအပျက်အစီးနေရာသို့ မတော်တဆ ရောက်လာခဲ့သည်။ မူလနတ်ဆိုးဝိညာဉ်၏ လမ်းညွှန်မှုအောက်တွင် သူက မူလနတ်ဆိုးဂိတ်တံခါး၏ အမွေအနှစ်တစ်စိတ်တစ်ပိုင်းကို ရရှိခဲ့သည်။ ထို့နောက် သူက ကမ္ဘာကြီးကို ဖရိုဖရဲ ဖြစ်စေခဲ့လေသည်။

" ဒါနဲ့ ငါကို ​ပြောပါဦး။ မင်း ဒီနတ်ဆိုးဝိညာဉ်ကို ရှာနေတာ ဘာလုပ်ချင်လို့လဲ။ " မူလနတ်ဆိုးဝိညာဉ်က ပလ္လင်၏ အလယ်တွင် ရပ်ပြီး စိတ်ဝင်တစားမေးလိုက်သည်။

" ငါက မင်းကို ဖျက်ဆီးဖို့ စီစဉ်ထားတာ။ " လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။ မူလနတ်ဆိုးဂိတ်တံခါးပျက်စီးသွားလျှင် လာမည့် နှစ်ရာဂဏန်း သို့မဟုတ် နှစ်ထောင်ဂဏန်းအတွင်း နတ်ဆိုးမျာယ ပေါ်လာတော့မည်မဟုတ်ပေ။ နတ်ဆိုးများ ပေါ်လာလျှင်တောင် ကြီးကြီးမားမား အန္တရာယ်ပြုနိုင်မည်မဟုတ်ပေ။

" ဟားဟားဟား မင်းက ငါ့ကို ဖျက်ဆီးချင်တာလား။ ဘယ်လောက်တောင် မောက်မာလိုက်သလဲ။ မင်းရှေ့မှာ ဒီနေရာကို ကောင်းကင်သခင် နှစ်ဆယ်ကျော် ရှာတွေခဲ့တယ်။ "

" ဒီကမ္ဘာရဲ့ ပထမဆုံး ကောင်းကင်သခင်အပါအဝင်ပေါ့။ ငါက ဒီနေရာမှာ ဘာလို့အခုထိ ရပ်နေနိုင်သေးတယ်ထင်လဲ။ " သွေးရောင်နှင့်လူသဏ္ဍန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

" ထိုက်ယင် ထိုက်ယန် " လင်းယွမ်က စိတ်ထဲမှ ရေရွတ်လိုက်သည်နှင့် ပတ်ဝန်းကျင်မှ ထိုက်ယင်နှင့် ထိုက်ယန်စွမ်းအားများက ပလ္လင်ပေါ်သို့ ကျရောက်သွားသည်။

ဝုန်း ဝုန်း ဝုန်း....

အဖြူနှင့်အနက် စွမ်းအားများက ယင်ယန်ကားချပ်အဖြစ် ပြောင်းလဲသွားပြီး ပလ္လင်ကို ထိမှန်သွားသကဲ့သို့ အပျက်အစီးနေရာတစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။

ယင်ယန်စွမ်းအား၏ အောက်တွင် သွေးရောင်ခန္ဓာကိုယ်က အနည်းငယ် နောက်ဆုတ်လိုက်ရပြီး သွေးရောင်အလင်းများကလည်း အနည်းငယ် မှိန်ဖျော့သွားခဲ့သည်။

" ထိုက်ယင်နဲ့ ထိုက်ယန်ကို တပြိုင်နက် ထိန်းချုပ်နိုင်တယ်။ ဒါနဲ့တင် မင်းက ကမ္ဘာပေါ်က သိုင်းပညာရှင်တွေနဲ့ ကောင်းကင်သခင်တွေထက် ကျော်လွန်သွားခဲ့ပြီပဲ။ ဒါပေမယ့် အဲ့ဒါနဲ့ဆိုရင်တော့ မင်းငါ့ကို မဖျက်ဆီးနိုင်သေးဘူး။ "

ပလ္လင်မှ သွေးရောင်အလင်းများစွာ ထွက်ပေါ်လာပြီး သူ၏ စွမ်းအားကို မြှင့်တင်ပေးလိုက်သဘ်။

" စုစည်းစမ်း " လင်းယွမ်က ပတ်ဝန်းကျင်မှ ထိုက်ယင်နှင့် ထိုက်ယန်စွမ်းအားများက သူ၏ ညာလက်တွင် စုစည်းပြီး ဖြည်းညင်းစွာ ဖိချလိုက်သည်။

နှစ်ခြောက်ဆယ် ကျင့်ကြံခြင်းနှင့် ဉာဏ်အလင်းရပြီးသောအခါ သူ၏ ထိုက်ယင်နှင့်ထိုက်ယန် စွမ်းအားများက ပို၍ သန်မာလာခဲ့လေသည်။ ယင်ယန်စွမ်းအားများက လျင်မြန်စွာ ကျယ်ပြန့်လာပြီး ပင်လယ်ကြီးတစ်ခုသဖွယ် ဖြစ်လာခဲ့သည်။

" အသုံးမဝင်ဘူး။ မင်းငါ့ကို ဖျက်ဆီးလို့မရဘူး။ " မူလနတ်ဆိုးစိတ်ဝိညာဉ်၏ လေသံက အနည်းငယ် ပြောင်းလဲသွားသော်လည်း သူက ဆန့်ကျင်နေဆဲ ဖြစ်သည်။ သို့သော် အသက်ရှုချိန်အနည်းငယ် ကြာပြီးသောအခါ...

" ရပ် ရပ် ရပ် ငါတို့ ကောင်းကောင်းဆွေးနွေးရအောင်လေ။ အကြမ်းဖက်ဖို့ မလိုပါဘူး။ "

All Chapters