← Chapters

ပြန်သွားခြင်း....

Vol. 3 Ch. 48

ပြန်သွားခြင်း....

Vol. 3 Ch. 48

မူလနတ်ဆိုးဂိတ်တံခါး၏ အပျက်အစီးနေရာတွင် ထိုက်ယင်နှင့်ထိုက်ယန်စွမ်းအားများက ကြီးမားလှသော ပင်လယ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

မူလနတ်ဆိုးဝိညာဉ်၏ အသနားခံမှုကို လင်းယွမ်က လျစ်လျူရှုထားသည်။

ဝှစ်...

ယင်ယန်စွမ်းအားတစ်ခုက ဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီး မူလနတ်ဆိုးဝိညာဉ်၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွား၏။ ချက်ချင်း သွေးရောင်အလင်းများက ဆူပွက်လာပြီး ဒဏ်ရာက ချက်ချင်း ပြန်ကောင်းသွား၏။

လင်းယွမ်က ခန ရပ်တန့်သွားသည်။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် မူလနတ်ဆိုးဝိညာဉ်၏ အနှစ်သာရကို လေ့လာပြီး မဟာဖျက်ဆီးခြင်း မူလသို့ပြန်ခြင်း နတ်ဆိုးသိုင်းပညာကို နားလည်သွားပါပြီ ]

ထိုခနတွင် မဟာဖျက်ဆီးခြင်း မူလသို့ပြန်ခြင်းနတ်ဆိုးသိုင်းပညာ၏ အသိအမြင်များက လင်းယွမ်၏ စိတ်ထဲသို့ စီးဆင်းလာသည်။

" ဒီသိုင်းပညာက..." လင်းယွမ်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွား၏။ ထိုသိုင်းပညာက ကောင်းကင်သခင်အဆင့် သိုင်းပညာတစ်ခု ဖြစ်လေသည်။

" မူလနတ်ဆိုးဝိညာဉ် " လင်းယွမ်က ပလ္လင်ပေါ်မှ သွေးရောင်ပုံရိပ်ကို ကြည့်လိုက်သည်။ မူလနတ်ဆိုးဝိညာဉ်က ဘာလဲ။ ကာကွယ်သူလား မဖြစ်နိုင်ပေ။ မူလနတ်ဆိုးက မူလနတ်ဆိုးဂိတ်တံခါး သို့မဟုတ် ပလ္လပေါ်မှ ထွက်သွားနိုင်ခြင်းမရှိပေ။ ထို့ကြောင့် ကာကွယ်သူတစ်ယောက် မဟုတ်သည်မှာ ထင်ရှားလေသည်။

ထိုနတ်ဆိုးဝိညာဉ်မှာ အမွေအနှစ်ဆက်ခံခြင်းကဲ့သို့သော တစ်ခုခုနှင့် သက်ဆိုင်လိမ့်မည်ဟု သူခန့်မှန်းမိလေသည်။

မူလနတ်ဆိုးဝိညာဉ်က မူလနတ်ဆိုးဂိတ်တံခါး၏ အမွေအနှစ်ကို စောင့်ကြပ်ပြီး အကယ်၍ သူတို့ပျောက်ကွယ်သွားလျှင်တောင် အမွေအနှစ်က ဆက်လက်တည်ရှိပေလိမ့်မည်။ လွန်ခဲ့သော နှစ်ခြောက်ဆယ်ကျော်က နတ်ဆိုးတစ်သောင်းဂိုဏ်းခေါင်းဆောင်ကလည်း မူလနတ်ဆိုးဂိတ်တံခါး၏ အမွေအနှစ်တစ်စိတ်တစ်ပိုင်းကို ဆက်ခံခဲ့လေသည်။

ယခု မူလနတ်ဆိုးဝိညာဉ်ကို ယင်ယန်ဓားက ထိုးဖောက်သွားချိန်တွင် ပြန်လည်ကောင်းမွန်လာရန်အတွက် မူလသို့ပြန်ခြင်းသိုင်းပညာကို အလိုအလျောက် ထုတ်သုံးခဲ့လေသည်။ ရလဒ်အနေဖြင့် လင်းယွမ်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းကြောင့် ထိုသိုင်းပညာကို နားလည်သွားခဲ့သည်။

လွန်ခဲ့သော နှစ်ခြောက်ဆယ်အတွင်း တစ်လောကလုံးရှိ နတ်ဆိုးများကို လိုက်လံသတ်ဖြတ်နေရင်း လင်းယွမ်က နတ်ဆိုးသိုင်းပညာများနှင့် လျို့ဝှက်နည်းစနစ်များကို နားလည်ခဲ့လေသည်။ သို့သော် ထိုသိုင်းပညာများက အဆင့်မြင့်မားခြင်းမရှိဘဲ လင်းယွမ်က ၎င်းတို့ကို အာရုံမစိုက်ခဲ့ပေ။

ယခု သူ၏ ရှေ့တွင် မူလနတ်ဆိုးဝိညာဉ်ရှိနေလေသည်။ ၎င်းက ကောင်းကင်သခင်များနှင့် ယှဉ်နိုင်သော နတ်ဆိုးတာအို အမွေအနှစ်တစ်ခု ဖြစ်လေသည်။

" ဖြည်းဖြည်းလုပ်ရမယ်။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။ သူက အစတွင် မူလနတ်ဆိုးဝိညာဉ်ကို လျင်မြန်စွာ သတ်ဖြတ်ပြီး တိုက်ပွဲကို အဆုံးသတ်ရန် စဉ်းစားထားခဲ့သည်။

သို့သော် ယခု မူလနတ်ဆိုးဝိညာဉ်မှ အကျိုးအမြတ်များ ရရှိနိုင်သောကြောင့် လင်းယွမ်က အလြယ္တကူ စွန့်ပစ်မည်မဟုတ်ပေ။ ထို့နောက် လင်းယွမ်က သူ၏ ခွန်အားကို ထိန်းချုပ်ပြီး မူလနတ်ဆိုးဝိညာဉ်အား အမွေအနှစ်စွမ်းအားများ ထုတ်သုံးလာအောင် ဖိအားပေးခဲ့သည်။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် မူလနတ်ဆိုးဝိညာဉ်၏ အနှစ်သာရကို လေ့လာပြီး နတ်ဆိုးသိုင်းပညာကို နားလည်သွားပါပြီ။ ]

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် မူလနတ်ဆိုးဝိညာဉ်၏ အနှစ်သာရကို လေ့လာပြီး နတ်ဆိုးသိုင်းပညာကို နားလည်သွားပါပြီ။ ]

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် မူလနတ်ဆိုးဝိညာဉ်၏ အနှစ်သာရကို လေ့လာပြီး နတ်ဆိုးသိုင်းပညာကို နားလည်သွားပါပြီ။ ]

အချိန်ကြာလာသည်နှင့်အမျှ မူလနတ်ဆိုးဝိညာဉ်က တဖြည်းဖြည်း ခြောက်သွေ့လာပြီး နတ်ဆိုးတာအို၏ အမွေအနှစ်များကလည်း လင်းယွမ်၏ လက်ထဲသို့ ကျရောက်သွားခဲ့သည်။

" မင်းငါ့ကို သတ်မှာလား မသတ်ဘူးလား။ " ပလ္လင်ပေါ်တွင် မူလနတ်ဆိုးဝိညာဉ်က မျှော်လင့်ချက်များအားလုံး ပျက်ဆီးသွားပြီဖြစ်သည်။

သူက သက်ရှိသတ္တဝါတစ်ကောင်မဟုတ်သော်လည်း အသိဉာဏ်ရှိပြီး လင်းယွမ်က သူ့ကို သတ်နိုင်သည်အထိ အစွမ်းထက်သော်လည်း အဘယ်ကြောင့် သူ့ကို ရက်ပေါင်းများစွာကြာအောင် ကစားနေခဲ့သည်ကို နားမလည်နိုင်ဖြစ်ရလေသည်။ မူလနတ်ဆိုးဝိညာဉ်နဲ့ ကစားရတာ ပျော်စရာကောင်းလို့လား။

" ကောင်းပြီ။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။ သူက ယင်ယန်စွမ်းအားများကို အသက်သွင်းပြီး မူလနတ်ဆိုးဝိညာဉ်ကို အဆုံးသတ်ပေးလိုက်သည်။

ထို့နောက် သူက မူလနတ်ဆိုးဂိတ်တံခါးမှ ထွက်လာပြီး နောက်သို့ တစ်ချက်ပြန်ကြည့်လိုက်သည်။ ထိုနေရာသို့ လာခြင်းက လင်းယွမ်အတွက် ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ရခဲ့လေသည်။ သူက အခြားကောင်းကင်သခင်များ မလုပ်နိုင်သော မူလနတ်ဆိုးဂိတ်တံခါးကို အဆုံးသတ်နိုင်ခဲ့သည့်အပြင် မူလနတ်ဆိုးဂိတ်တံခါး၏ ပြည့်စုံသော အမွေအနှစ်ကိုလည်း ရရှိခဲ့သည်။

သူ့ကို သန်မာစေလျှင် မှန်ကန်သော လမ်းစဉ် သို့မဟုတ် နတ်ဆိုးလမ်းစဉ်ဖြစ်စေ အရေးမကြီးပေ။ စကြာဝဠာလူသားမဟာမိတ်က ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးပြီး အချို့က သွေးနှင့် ဝိညာဉ်များကိုပင် အသုံးပြုကြလေသည်။

နတ်ဘုရားသုံးပါး၏ စကားမှာ စွမ်းအား၏ အနှစ်သာရမှာ မှန်သည် မှားသည်ဟူ၍ မရွိဘဲ အသုံးပြုသူအပေါ်တွင်သာ မူတည်လေသည်။

" နတ်ဆိုးလမ်းစဉ်..." လင်းယွမ်က အတွေးနက်သွား၏။

သူက လအနည်းငယ်အတွင်း ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် မူလနတ်ဆိုးဂိတ်တံခါး၏ အမွေအနှစ်များကို ကျွမ်းကျင်သွားခဲ့သည်။

ကောင်းကင်ကိုဆန့်ကျင်သောနားလည်နိုင်စွမ်းက သူ၏ ခွန်အားအပေါ်တွင်လည်း မူတည်သေးသည်။ ကောင်းကင်သခင်မဖြစ်မီ လင်းယွမ်က အစစ်အမှန်သိုင်းတာအိုခန်းမအတွင်းရှိ အသိအမြင်များကို နားလည်ရန် နှစ်အချို့ ကြာခဲ့လေဝည်။ ယခု ကောင်းကင်သခင်ဖြစ်ပြီး နှစ်ခြောက်ဆယ်ကြာပြီးသောအခါ သူက ထိုအသိအမြင်များနှင့် အဆင့်တူသော မူလနတ်ဆိုးဂိတ်တံခါး၏ အမွေအနှစ်ကို လအနည်းငယ်အတွင်း နားလည်နိုင်ခဲ့သည်။

လုံဟုတောင် လင်းယွမ်က အစစ်အမှန်သိုင်းခန်းမရှေ့တွင် ရပ်နေသည်။ သူက အစစ်အမှန်သိုင်းဧကရာဇ်၏ ရုပ်တုကို ကြည့်နေ၏။

" ကောင်းကင်သခင် " ချင်းပင်းက ချက်ချင်း ရှေ့တိုးလာသည်။

နှစ်ခြောက်ဆယ်ကြာပြီးနောက် ဆရာကြီးကန်ချင်းနှင့် အကြီးအကဲပင်းယန်တို့က ကွယ်လွန်သွားကြပြီဖြစ်ပြီး လက်ရှိ ထျန်းရှီဂိုဏ်းကို ချင်းပင်းနှင့် အခြားသဘာဝကောင်းကင်အဆင့်များက စီမံနေခဲ့သည်။

" ဆရာ " ထိုအချိန်တွင် လူတစ်ယောက် လမ်းလျှောက်လာပြီး လင်းယွမ်ကို အလွန်လေးစားစွာ ဦးညွှတ်လိုက်သည်။

" ဟမ် မင်းက ကောင်းကင်သခင်တစ်ယောက်ဖြစ်လာပြီလား။ ကောင်းတယ် ကောင်းတယ်။ " လင်းယွမ်က ထိုလူကို လှည့်ကြည့်လိုက်သည်။

ထိုလူက လင်းယွမ် နတ်ဆိုးများအား လိုက်လံသတ်ဖြတ်နေစဉ် လွန်ခဲ့သော နှစ်ငါးဆယ်က ကောက်ယူမွေးစားခဲ့သော မိဘမဲ့တစ်ယောက်ဖြစ်လေသည်။ သူ၏ နာမည်က ယုအန်းဖြစ်လေသည်။ သူ၏ ပါရမီကို သတိထားမိပြီး လင်းယွမ်က သူ့ကို ခေါ်ယူကာ နှစ်အနည်းငယ် သင်ကြားပေးခဲ့သည်။

ယုအန်း ဆယ်နှစ်အရွယ်တွင် လင်းယွမ်က သူ့ကို လုံဟုတောင်သို့ ခေါ်လာခဲ့သည်။ သူ၏ ပါရမီက ကျန်းဝူဓား၏ အသိမှတ်ပြုခြင်းကိုတော့ မခံရေပ။ သို့သော် လင်းယွမ်၏ အမိန့်အောက်တွင် ကျန်းဝူဓားက ရွေးချယ်စရာမရှိဘဲ ယုအန်းကို လက်ခံခဲ့ရသည်။ ယခု နှစ်လေးဆယ်ကြာပြီးသောအခါ ယုအန်းက လင်းယွမ်ကို စိတ်မပျက်စေခဲ့ဘဲ ကောင်းကင်သခင်တစ်ယောက် ဖြစ်လာခဲ့သည်။

ထို့ကြောင့် ထျန်းရှီဂိုဏ်းက ကောင်းကင်သခင်နှစ်ယောက်နှင့် ခေတ်သစ်တစ်ခုကို ထူထောင်နိုင်ခဲ့သည်။

" ဆရာကြောင့်သာမဟုတ်ရင် ယုအန်းက အရင်ကတည်းက တောင်အောက်မှာ သေသွားပါလိမ့်မယ်။ " ယုအန်းက လေးစားစွာ ပြောလိုက်သည်။

သူ၏ အောင်မြင်မှုများတွင် ကျန်းဝူဓားထက် လင်းယွမ်၏ လမ်းညွှန်မှုများက ပို၍ အရေးပါခဲ့သည်။ သူသန်မာလာသည်နှင့်အမျှ သူ၏ ဆရာက နားမလည်နိုင်အောင် နက်ရှိုင်းလှသည်ကို ယုအန်းက ခံစားခဲ့ရစည်။

ကလေးဘဝတွင် ယုအန်းက လင်းယွမ်ကို မြင်ချိန်တွင် သူ၏ ဆရာက အလွန်သန်မာသည်ဟု တွေးခဲ့သည်။ အထက်သုံးဆင့်သို့ ရောက်သောအခါ သူ၏ ဆရာကို ရင်ဆိုင်ရချိန်တွင် ကောင်းကင်၏ ဆန္ဒကို ရင်ဆိုင်ရသကဲ့သို့ ခံစားခဲ့ရသည်။ ယခု သူ ကောင်းကင်သခင်တစ်ယောက်ဖြစ်ပြီးနောက် သူ၏ ဆရာကို မြင်ချိန်တွင် အဆုံးမရှိသော ကောင်းကင်နှင့်မြေကြီးကို ရင်ဆိုင်ရသကဲ့သို့ ဖြစ်နေသည်။

ကျန်းမိသားစုခံတပ်တွင် မက်မွန်ပန်းများက လှပစွာ ပွင့်လန်းနေကြသည်။

လွန်ခဲ့သော နှစ်ပေါင်းရှစ်ဆယ်ကျော်က ဤနေရာရှိ ကျန်းမိသားစုခံတပ်ကို နတ်ဆိုးတစ်သောင်းဂိုဏ်းက ဖျက်ဆီးခဲ့ပြီး လူပေါင်းများစွာ၏ အသက်များ ဆုံးရှုံးကာ မြေပြင်ကို အနီရောင်စွန်းထင်စေခဲ့သည်။

လက်ရှိကျန်းမိသားစုခံတပ်က ယခင် ကျန်းမိသားစုဝင်များအားလုံးကို မြှုပ်နှံထားသော ဂူဗိမာန်တစ်ခု ဖြစ်လာခဲ့သည်။ ကောင်းကင်သခင်ကျန်းက ဂူဗိမာန်ထဲမှ ကွယ်လွန်သူများ၏ အေးချမ်းမှုကို အနှောက်အယှက်မဖြစ်စေရန် အစောင့်အကြပ်များ ချထားခဲ့သည်။

ယနေ့ ကျန်းမိသားစု ဂူဗိမာန်ထဲရှိ အုတ်ဂူတစ်ခုရှေ့တွင် လူငယ်တစ်ယောက် ရပ်နေခဲ့သည်။ ထိုလူငယ်က လင်းယွမ်ပင်ဖြစ်၏။ သူက ကျန်းခွန်းနှင့် စုယွင်ဟူသော အမည်များရေးထိုးထားသည့် အုတ်ဂူကို စိုက်ကြည့်နေသည်။ သူတို့က လင်းယွမ် သိမ်းပိုက်ထားသော ခန္ဓာကိုယ်၏ မိဘများ ဖြစ်လေသည်။

" အချိန်ကျပြီ။ " လင်းယွမ်၏ မျက်လုံးများထဲတွင် လွမ်းဆွတ်မှုအချို့ ရှိနေသည်။ သူက ဤကမ္ဘာကြီးတွင် နှစ်ရှစ်ဆယ်နေထိုင်ခဲ့ပြီး မူလကမ္ဘာသို့ ပြန်ရန် နာရီဝက်သာ လိုတော့လေသည်။

ယခု ထျန်းရှီဂိုဏ်းတွင် ကောင်းကင်သခင်တစ်ယောက် ရှိရုံသာမက လင်းယွမ်က သူ၏ ကောင်းကင်သခင်ဓားထဲတွင် ထိုက်ကျိလမ်းစဉ်ကို မြှုပ်နှံပြီး လုံဟုတောင်၏ ဓားသင်္ချိုင်းထဲတွင် ချန်ထားခဲ့သည်။ ထို့ကြောင့် လင်းယွမ်အတွက် စိုးရိမ်စရာမရှိတော့ပေ။ သူက ထွက်မသွားမီ ဤဘဝမှ သူ၏ မိဘများကို နောက်ဆုံးအကြိမ် နှုတ်ဆက်ခဲ့သည်။

နာရီဝက်ကြာသွားပြီးနောက် လင်းယွမ်၏ စိတ်ထဲရှိ အနန္တနယ်မြေများ၏ ဂိတ်တံခါးက ရုတ်တရက် တောက်ပလာသည်။ လင်းယွမ်၏ စိတ်အသိက လှုပ်ရှားသွားပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ယင်ယန်ထိုက်ကျိစွမ်းအားများက ပြန့်ကြဲသွားသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း လွင့်ပျယ်သွားပြီး လေတစ်ချက်ဝှေ့နှင့်အတူ ဤကမ္ဘာကြီးမှ ကောင်းကင်သခင် ကျန်းရှန်းဖုန်းက ပျောက်ကွယ်သွားခဲ့သည်။

All Chapters