သီအိုရီကန့်သတ်ချက် အဆင့်ခြောက်
Vol. 3 Ch. 50
စကြာဝဠာလူသားမဟာမိတ်၏ အကြီးမြတ်ဆုံးသော နတ်ဘုရားသုံးပါးမှာ ဉာဏ်ပညာ်နတ်ဘုရား၊ တရားမျှတမှုနတ်ဘုရားနှင့် လွတ်လပ်ခြင်းနတ်ဘုရားတို့ ဖြစ်၏။
လွတ်လပ်ခြင်းနတ်ဘုရားက ကျူးကျော်ခြင်းနှင့် နယ်ချဲ့ခြင်းကို တာဝမ်ယူ၏။ တရားမျှတမှုနတ်ဘုရားက တရားရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို ကိုင်တွယ်လေသည်။ ဉာဏ်ပညာနတ်ဘုရားက နိုင်ငံသားများနှင့် ထောက်ပံ့ပို့ဆောင်ရေးကို တာဝန်ယူလေသည်။ နတ်ဘုရားသုံးပါးက သူတို့၏ တာဝန်များကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ကြသောကြောင့် ယနေ့ခေတ် လူသားမျိုးနွယ်က ဖွံ့ဖြိုးတိုးတက်နေခြင်း ဖြစ်သည်။
ပုံမှန်အားဖြင့် နတ်ဘုရားအသီးသီးက သူတို့၏ နယ်ပယ်အသီးသီးတွင်သာ ပေါ်လာကြလေသည်။ ကြယ်နယ်မြေကို သက်ရောက်စေသော အဖြစ်အပျက်တစ်ခု ဖြစ်မှသာ သူတို့သုံးယောက်က အချင်းချင်း ဆက်သွယ်ပြီး ဆုံးဖြတ်ချက်ချကြလေသည်။
" စုန်ဝူယန်က နတ်ဘုရားသုံးပါးကို နှုတ်ဆက်ပါတယ်။ " စုန်ဝူယန်က လေးစားသော အမူအရာနှင့် ပြောလိုက်သည်။
နတ်ဘုရားသုံးပါးက ခံစားချက်များ မရှိဘဲ နိုင်ငံသားများအပေါ် ညီတူညီမျှ ဆက်ဆံကြသော်လည်း ထိုသုံးယောက်ရှေ့တွင် စုန်ဝူယန်က မလေးမစား မပြုမူရဲပေ။
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်မှာ အပြောင်းအလဲတွေကို ရှာတွေ့ခဲ့တယ်။ " ဉာဏ်ပညာနတ်ဘုရားက တည်ငြိမ်စွာ ပြောလိုက်သည်။
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်း လမ်းစဉ်။ " စုန်ဝူယန်က အံ့အားသင့်သွား၏။
သူက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို သိနေသည်။ သို့သော် ထိုလမ်းစဉ်က ကောင်းမွန်လှသော်လည်း သီအိုရီအရ ကန့်သတ်ချက်များကို သတ်မှတ်ထားပြီးဖြစ်သည်။
တတိယအဆင့် အလားအလာရှိသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုက နတ်ဘုရားသုံးပါကို ပေါ်လာစေခဲ့တာလား။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ သီအိုရီကန့်သတ်ချက်က ပြောင်းလဲသွားတာလား။
စုန်ဝူယန်က သူ့ဟာသူ တိတ်ဆိတ်စွာ တွက်ချက်နေသည်။ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ၏ သီအိုရီကန့်သတ်ချက်များက နတ်ဘုရားသုံးပါး၏ ကြောက်စရာကောင်းသော တွက်ချက်မှုစွမ်းအားဖြင့် ဆုံးဖြတ်ထားခြင်းဖြစ်သည်။
ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခု၏ သီအိုရီကန့်သတ်ချက်က အဆင့်သုံးဖြစ်လျှင် ထိုလမ်းစဉ်၏ အလားအလာကလည်း အဆင့်သုံးဖြစ်လေသည်။ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အများစုက သူတို့၏ သီအိုရီကန့်သတ်ချက်ကို မရောက်နိုင်ကြပေ။
နတ်ဘုရားသုံးပါး၏ သီအိုရီကန့်သတ်ချက်များက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အလားအလာကို အတိအကျတော့ မတွက်ချက်နိုင်ပေ။ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက အကြောင်းအမျိုးမျိုးကြောင့် ဖွံ့ဖြိုးတိုးတက်လာနိုင်လေသည်။
ဥပမာ အဆင့်တစ် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုက အထူးအကြောင်းရင်းများကြောင့် သီအိုရီကန့်သတ်ချက်များကို ချိုးဖျက်ပြီး အဆင့်နှစ်သို့ တိုးတက်လာနိုင်လေသည်။
" ဒါက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ရလဒ်တွေပဲ။ " ဉာဏ်ပညာနတ်ဘုရား၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။
တစ်ချိန်တည်းတွင် အလင်းမျက်နှာပြင်တစ်ခုက စုန်ဝူယန်၏ ရှေ့တွင် ပေါ်လာသည်။ ၎င်းပေါ်တွင် ပုံရိပ်များပေါ်လာပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစာဉ်ကို သရုပ်ဖော်နေသည်။ စုန်ဝူယန်က ချက်ချင်း သီအိုရီကန့်သတ်ချက်ကို ကြည့်လိုက်သည်။
" အဆင့်ခြောက် " စုန်ဝူယန်က မှင်သက်သွားပြီး မှားဖတ်မိသည်ဟုပင် ထင်၍ နောက်တစ်ကြိမ် ထပ်ဖတ်လိုက်သည်။ ၎င်းက အမှန်တကယ် အဆင့်ခြောက်ဖြစ်၏။
" နတ်ဘုရား ဒါက " စုန်ဝူယန်က နတ်ဘုရား အမှားလုပ်မိသည်ဟုပင် ထင်သွားသော်လည်း အခြားနတ်ဘုရားနှစ်ပါးပါ ရှိနေသောကြောင့် သူက ထိုအတွေးကို ချက်ချင်း ဖျောက်လိုက်သည်။
စကြာဝဠာလူသားမျိုးနွယ်မှ နတ်ဘုရားသုံးပါး၏ ဆုံးဖြတ်ချက်များက အကြိမ်ပေါင်းသန်းချီ၍ တွက်ချက်ထားခြင်း ဖြစ်လေသည်။ သူတို့ မှားယွင်းခြင်းမရှိသည်မှာ သေချာလေသည်။ အထူသဖြင့် အဆင့်ခြောက်နှင့် ပက်သက်၍ ဖြစ်၏။ ထို့အပြင် ယခု ဉာဏ်ပညာနတ်ဘုရားတစ်ပါးတည်းမဟုတ်ဘဲ နတ်ဘုရားသုံးပါးလုံး အတည်ပြုပြီးသည်မှာ သေချာလေသည်။
" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ " စုန်ဝူယန်က ရေရွတ်လိုက်သည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က လွန်ခဲ့သော ခြောက်လကပင် သီအိုရီကန့်သတ်ချက် အဆင့်သုံးတွင် ရှိနေခဲ့သည်။ ယခု ရုတ်တရက် သီအိုရီကန့်သတ်ချက်က အဆင့်ခြောက်သို့ ပြောင်းလဲသွားလေသည်။
အဆင့်သုံးဆင့်ကို တပြိုင်နက် ကျော်ဖြတ်သွားခြင်းက အနီးရှိ ကြယ်နယ်မြေများတွင်ပင် အလွန်ရှားပါးလေသည်။
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ သဘာဝကောင်းကင်ကဏ္ဍနဲ့ ယင်ယန်ကဏ္ဍတွေက အဆုံးမဲ့စွမ်းအားတွေရဲ့ ပေါင်းစပ်ခြင်းနဲ့ အသွင်ပြောင်းခြင်းတွေပါဝင်နေတယ်။ "
" အဆင့်သုံးကို ရောက်ဖို့ ၁၀၀ ရာခိုင်နှုန်း၊ အဆင့်လေးကို ရောက်ဖို့ ခြောက်ဆယ်ရာခိုင်နှုန်း၊ အဆင့်ငါးကို ရောက်ဖို့ သုံးဆယ်ရာခိုင်နှုန်း၊ အဆင့်ခြောက်ကို ရောက်ဖို့ ဆယ်ရာခိုင်နှုန်း ရှိတယ်။ " ဉာဏ်ပညာနတ်ဘုရားက ပြောလိုက်သည်။
" အဆုံးမဲ့စွမ်းအားပေါင်းစပ်မှု..." စုန်ဝူယန်က အသက်ပြင်းပြင်း ရှုလိုက်သည်။
တူညီသော စွမ်းအားများကို ပေါင်းစပ်ခြင်းကပင် ကြီးမားသော ပြဿနာများကို ဖြစ်ပေါ်စေနိုင်လေသည်။ အဆုံးမဲ့စွမ်းအားများကို ပေါင်းစပ်လျှင် ခန္ဓာကိုယ်ပေါက်ကွဲနိုင်ချေ မြင့်မားလေသည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးသူက ထိုအဆင့်များအား မည်သို့ဖြတ်ကျော်ခဲ့သည်ကို စုန်ဝူယန်က သိချင်သွားမိသည်။ ကံမကောင်းစွာပင် သူက လင်းယွမ်၏ အချက်အလက်များကိုပင် သိနိုင်မည်မဟုတ်ပေ။ ကြယ်သခင်များပင် ထိုလူအကြောင်းကို စုံစမ်းနိုင်မည်မဟုတ်ပေ။
" ငါက အခုဘာလုပ်ရမှာလဲ။ " စုန်ဝူယန်က ပြောလိုက်သည်။
" စီရင်ချက်အရ သိုင်းနိယာမရဲ့ သဘာဝကောင်းကင်ကဏ္ဍနဲ့ ယင်ယန်ကဏ္ဍက ကောင်းမှုအမှတ် ၂သောင်းနဲ့ ညီမျှပြီး အရာရှိစုန်ဝူယန်ရဲ့ ခွင့်ပြုချက် လိုအပ်ပါတယ်။ " ဉာဏ်ပညာနတ်ဘုရားက ပြောလိုက်သည်။
" ကောင်းမှုအမှတ်နှစ်သောင်း " စုန်ဝူယန်က စိတ်ထဲတွင် ခါးသက်စွာ ခံစားလိုက်ရသည်။
သူက ရှေ့တန်းတွင် မျိုးနွယ်ခြားများကို ရင်ဆိုင်တိုက်ခိုက်ခဲ့ပြီး မရေတွက်နိုင်အောင် သတ်ဖြတ်ပြီးနောက် သူ၏ နိုင်ငံသားအဆင့်ကို အဆင့်လေးသို့ မြှင့်တင်နိုင်ခဲ့သည်။ ထို့နောက် အရာရှိအဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ နှစ်တစ်ထောင်ကျော် အရာရှိတာဝန်ကို ထမ်းဆောင်ခဲ့သော သူပင် ကောင်းမှုအမှတ် နှစ်သောင်းအထိ ဆုကြေး မရဖူးခဲ့ပေ။
အဆင့်ခြောက်အလားအလာရှိသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ကောင်းမှုအမှတ် နှစ်သောင်း အမှန်တကယ် ထိုက်တန်သည်ကို သူသိလေသည်။ ၎င်းက ပြောစရာပင်မလိုအောင် ခက်ခပြီး အဆုံးမဲ့စွမ်းအားနှစ်ခု ပေါင်းစပ်ခြင်းက ကျရှုံးနိုင်ချေမြင့်မားပြီး ကျရှုံးမှုတိုင်းက ဆုံးရှုံးမှု ကြီးမားပေလိမ့်မည်။
" ငါသဘောတူတယ်။ စုန်ဝူယန်က ခေါင်းငြိမ့်လိုက်သည်။
ရွှေယွဲ့နေအိမ်ရှိ မြေအောက်လေ့ကျင့်ရေးကွင်းတွင် လင်းယွမ်က ထိုင်နေ၏။ သူက ဉာဏ်ပညာနတ်ဘုရား၏ တုန့်ပြန်မှုကို စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်။
ဤတစ်ကြိမ်ခရီးစဉ်မှရရှိခဲ့သော သဘာဝကောင်းကင်ကဏ္ဍနှင့် ယင်ယန်ကဏ္ဍတို့က ယခင် ဆရာသခင်အဆင့်၊ မဟာဆရာသခင်အဆင့်၊ ဒဏ္ဍာရီအဆင့်နှင့် အနှောင်အဖွဲ့ကင်းလွတ်ခြင်းအဆင့်တို့ထက် ပိုတန်ဖိုးကြီးသည်ကို သူသိနေသည်။
လင်းယွမ်က အနာဂတ်တွင် ပိတ်ဆို့မှုများ ကြုံတွေခဲ့လျှင်တောင် သူက ဖြည်းညင်းစွာ ဖြတ်ကျော်သွားနိုင်ပေသည်။ အကြောင်းမှာ သူက ယင်ယန်စွမ်းအားကို နားလည်ရန် ကျန်းဝူဓား၏ အကူအညီနှင့်ပင် ဆယ်နှစ်နီးပါး အချိန်ယူခဲ့ရလေသည်။
ထိုအချိန်တွင် အသံတစ်သံ ထွက်ပေါ်လာသည်။
" အဆင့်နှစ်နိုင်ငံသားလင်းယွင် သင်၏ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် အဆင့်မြှင့်တင်ခြင်း ပြီးမြောက်သွားပါပြီ။ "
" ကောင်းပြီ။ " လင်းယွမ်က ပြန်ပြောလိုက်သည်။
" နိုင်ငံသားလင်းယွမ် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် နောက်တွဲကို ကောင်းမှုရမှတ် နှစ်သောင်းအဖြစ် သတ်မှတ်လိုက်ပါတယ်။ အခုထုတ်ယူမှာလား။ "
" ကောင်းမှုရမှတ် နှစ်သောင်း " လင်းယွမ်က ပင့်သက်ရှိုက်သွား၏။
ကောင်းမှုအမှတ်တစ်ထောင်က အဆင့်နှစ်နိုင်ငံသား ဖြစ်စေပြီး ကောင်းမှုရမှတ် နှစ်သောင်းက အဆင့်နှစ်နိုင်ငံသား နှစ်ဆယ်ကို ဖန်တီးနိုင်လေသည်။ တုန်နင်မြို့တွင် အဆင့်နှစ်နိုင်ငံသား ခြောက်ယောက် ခုနှစ်ယောက်သာ ရှိလေသည်။
" ဆက်လုပ်ပါ။ " လင်းယွမ်က ကောင်းမှုရမှတ်နှစ်သောင်းကို လက်ခံပြီးသောအခါ သူက လက်ရှိ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အဆင့်ကို သိချင်သွား၏။
" သီအိုရီကန့်သတ်ချက် အဆင့်ခြောက် " လင်းယွမ်က အံ့ဩသွား၏။
အဆင့်ခြောက်... အဆင့်ခြောက်ဆင့်ကဲပြောင်းလဲသူ... သူတို့တွင် နောက်ထပ် နာမည်တစ်ခုလည်း ရှိလေသည်။ ကြယ်ဖျက်ဆီးခြင်းအဆင့်....
အဆင့်ခြောက် ဆင့်ကဲပြောင်းလဲသူများက စကြာဝဠာအတွင်း သွားလာနိုင်ပြီး သူတို့၏ ပြင်ပခန္ဓာကိုယ်ဖြင့်ပင် ကြယ်များကို ဖျက်ဆီးပစ်နိုင်လေသည်။