အဆင့် ရှစ်
Vol. 3 Ch. 51
ကြယ်ဖျက်ဆီးသူများ၏ အမည်က စကြာဝဠာလူသားမဟာမိတ်မှ အဆင့်ခြောက် ဆင့်ကဲပြောင်းလဲသူများကို ရည်ညွှန်းလေသည်။ သို့သော် လက်ရှိအချိန်တွင် ထိုအဆင့်က လင်းယွမ်နှင့် လုံးဝ မသက်ဆိုင်ပေ။
ဉာဏ်ပညာနတ်ဘုရား၏ ကျယ်ပြန့်သော တွက်ချက်မှုစွမ်းရည်အရ ထိုက်ကျိတာအိုကို သီအိုရီကန့်သတ်ချက် အဆင့်ခြောက်အဖြစ် သတ်မှတ်ခဲ့လေသည်။ သို့သော် သီအိုရီကန့်သတ်ချက်က အနာဂတ်အလားအလာသာ ဖြစ်၏။
ဉာဏ်ပညာနတ်ဘုရားက လင်းယွမ်ကို လေးစားသည်မှာ ထင်ရှားလေသည်။ အတိအကျပြောရလျှင် သူမက ယင်ယန်ကဏ္ဍကို ပို၍ တန်ဖိုးထားလေသည်။ လင်းယွမ် တင်ပြခဲ့သော အခန်းများတွင် ယင်ယန်ကဏ္ဍကြောင့်သာ ကောင်းမှုအမှတ် နှစ်သောင်းရရှိခဲ့ခြင်း ဖြစ်သည်။
ယင်ယန်ကဏ္ဍတွင် ယင်ယန်ပေါင်းစည်းခြင်းအပြင် ယင်ကဏ္ဍနှင့် ယန်ကဏ္ဍဟူ၍ နှစ်ပိုင်းပါဝင်လေသည်။ ထိုက်ယင်နှင့် ထိုက်ယန်စွမ်းအားများက သန့်စင်သော စွမ်းအားများဖြစ်ပြီး တစ်ခုကို ကျွမ်းကျင်သည်နှင့် အဆင့်သုံးသို့ ရောက်ရှိနိုင်လေသည်။ ထိုနှစ်ခုကို တိုက်ရိုက်ပေါင်းစည်းခြင်းက အဆင့်ခြောက်သို့ ရောက်သွားစေခဲ့သည်။
" အခု ငါ့မှာ ကောင်းမှုအမှတ် ၂၄၀၀၀ ရှိသွားပြီ။ "
လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို တင်ပြချိန်တွင် စုစုပေါင်း ကောင်းမှုအမှတ် ငါးထောင်ရရှိခဲ့ပြီး အဆင့်နှစ်နိုင်ငံသားအဖြစ် တိုးမြှင့်ရန် ကောင်းမှုအမှတ် တစ်ထောင်ကို အသုံးပြုခဲ့လေသည်။ ထို့ကြောင့် ကျန်ရှိသော လေးထောင်နှင့်အတူ သူ၏ ကောင်းမှုအမှတ်က ၂၄၀၀၀ ဖြစ်သွားခဲ့လေသည်။
" နိုင်ငံသားအဆင့်ကို မြှင့်တာပေါ့။ " လင်းယွမ်က တုန့်ဆိုင်းခြင်းမရှိဘဲ သူ၏ နိုင်ငံသားအဆင့်ကို မြှင့်တင်လိုက်သည်။
" ဂုဏ်ပြုပါတယ် နိုင်ငံသားလင်းယွမ် သင့်ရဲ့ နိုင်ငံသားအဆင့်က အဆင့်သုံးကို ရောက်သွားပါပြီ။ "
နိုင်ငံသား အဆင့်နှစ်မှ အဆင့်သုံးသို့ မြှင့်တင်ခြင်းက ကောင်းမှုအမှတ် ငါးထောင်ကုန်ကျလေသည်။
" အခု ငါက အဆင့်သုံးနိုင်ငံသား ဖြစ်သွားပြီ။ " လင်းယွမ်က စိတ်လှုပ်ရှားသွား၏။ ကန်လန်ကြယ်တွင် အဆင့်သုံးနိုင်ငံသားတစ်ယောက်က အရေယပါသော လူတစ်ယောက်အဖြစ် သတ်မှတ်နိုင်ပြီး တုန်နင်မြို့တစ်ခုလုံးတွင်ပင် အဆင့်နှစ်နိုင်ငံသားများသာ ရှိလေသည်။
" နိုင်ငံသားအဆင့် သုံးကနေ လေးကို မြှင့်တင်ဖို့ ကောင်းမှုအမှတ် တစ်သောင်းလိုတယ်။ " လင်းယွမ်က နိုင်ငံသားအဆင့် အချက်အလက်များကို စစ်ဆေးလိုက်သည်။
လက်ရှိ သူ့တွင် ကောင်းမှုအမှတ် ၁၉၀၀၀ ရှိနေဆဲ ဖြစ်ပြီး ၎င်းက နောက်တစ်ဆင့်သို့ တိုးမြှင့်ရန် လုံလောက်သည်ထက် ပိုလေသည်။ အဆင့်လေးနိုင်ငံသားက ကန်လန်ကြယ်တွင် အရေးပါရုံသာမက ဂြိုလ်အုပ်ချုပ်သူများသာ ထိုအဆင့်တွင် ရှိနေကြလေသည်။ လင်းယွမ်က အဆင့်လေးနိုင်ငံသားတစ်ယောက်ဖြစ်လာလျှင်သူ၏ အဆင့်အတန်းက ဂြိုလ်အုပ်ချုပ်သူနှင့် အဆင့်တူဖြစ်သွားပေလိမ့်မည်။ သို့သော် ၎င်းက အဆင့်အတန်းမျှသာ ဖြစ်ပြီး ခွန်အား၊ ဩဇာအာဏာတို့ ယှဉ်နိုင်ရန် မဖြစ်နိုင်ပေ။
သို့သော် အဆင့်လေးနိုင်ငံသားတစ်ယောက်၏ လွှမ်းမိုးမှုက သာမန်လူများကို ထိတ်လန့်သွားစေနိုင်သည့်အပြင် လူသားမဟာမိတ်မှ ပေးအပ်ထားသော အခွင်အရေးများလည်း ရှိလေသည်။
" မြှင့်မယ်ကွာ " လင်းယွမ်က သူ၏ နိုင်ငံသားအဆင့်ကို ဆက်လက်မြှင့်တင်လိုက်သည်။ သူက သူ၏ အချက်အလက်များကို ကြည့်လိုက်၏။ နာမည်၊ ဘဏ်အကောင့်၊ ချေးငွေကန့်သတ်ချက် စသည်တို့ ရှိနေသည်။
" ဟမ် " လင်းယွမ်က သူ၏ ချေးငွေကန့်သတ်ချက် မရှိတော့သည်ကို တွေ့လိုက်ရသည်။ အဆင့်နှစ်နိုင်ငံသားသို့ တိုးမြှင့်ပြီးနောက် သူက ဗဟိုဘဏ်မှ အကြွေးဆယ်သန်း တင်ခဲ့လေသည်။ လူသားမဟာမိတ်မှ ပေးအပ်သော ထိုချေးငွေက အတိုးမဲ့ဖြစ်ပြီး ဆယ်စုနှစ်အတွင်း ပြန်ဆပ်ရမည့် တာဝန်ရှိလေသည်။ ထို့ကြောင့် လင်းယွမ်က ဒုတိယဆင်းသက်ခြင်း မတိုင်မီ ချေးငွေကို အပြည့်အဝ သုံးစွဲခဲ့ခြင်းဖြစ်သည်။
ရွှေယွဲ့အိမ်ခြံမြေရောင်းဝယ်ရေးမှ အိမ်တစ်လုံးဝယ်ယူခြင်း၊ အခြားအားဖြည့်ထုတ်ကုန်များနှင့် ဆေးများကို ဝယ်ယူခဲ့သည်။ လင်းယွမ်က အကြွေးဆယ်သန်းကန့်သတ်ချက်ကို အပြည့်အဝ အသုံးချခဲ့သည်။ သို့သော် ယခု သူ၏ ချေးငွေကန့်သတ်ချက်ကို ပြန်လည်ရရှိခဲ့သည်။ ရိုးရှင်းစွာပြောရလျှင် သူက ယခင်ချေးယူခဲ့သော ငွေအားလုံးကို ယခု ပြန်ဆပ်ပြီးဖြစ်သည်။ သို့သော် လင်းယွမ်က မည်သည့်ငွေ့မှ ပြန်မဆပ်ရသေးသောကြောင့် ထိုအရာက ထူးဆန်းနေသည်။ လင်းယွမ်၏ အကောင့်ထဲရှိ ငွေပဏကလည်း လျော့နည်းသွားခြင်းမရှိသောကြောင့် အလိုအလျောက်နှုတ်ယူခြင်းလည်း မဟုတ်ပေ။
" ဉာဏ်ပညာနတ်ဘုရား " လင်းယွမ်က ဉာဏ်ပညာနတ်ဘုရားနှင့် တိုက်ရိုက်ချိတ်ဆက်လိုက်သည်။
" လေးစားရသော အဆင့်သုံးနိုင်ငံသား မစ္စတာလင်းယွမ်...." ဉာဏ်ပညာနတ်ဘုရားက လင်းယွမ်ကို လျင်မြန်စွာ ရှင်းပြလိုက်သည်။
နိုင်ငံသားအဆင့်မြင့်သွားသည့်အချိန်တိုင်း ထိုနိုင်ငံသား၏ ကိုယ်ပိုင်ချေးငွေများကို ဗဟိုဘဏ်က အလိုအလျောက် ပြန်ဆပ်ပေးမည်ဖြစ်သည်။ ကိုယ်ပိုင်ချေးငွေများက တရားဝင်ချေးငွေများကို ဆိုလိုပြီး လျို့ဝှက်တရားမဝင် ချေးငွေများ မပါဝင်ပေ။
နိုင်ငံသားအဆင့်မြှင့်တင်ခြင်းက လူသားမျိုးနွယ်ကို ထောက်ပံ့ခြင်းတစ်ခု ဖြစ်သောကြောင့် ဗဟိုဘဏ်က သူတို့၏ ချေးငွေများကို ပြန်ဆပ်ပေးခြင်းမှာ ထူးဆန်းသည်တော့မဟုတ်ပေ။
" ဒီလောက်ကောင်းတဲ့ အပေးအယူတွေ ရှိနေတာလား။ " လင်းယွမ်က ဗဟိုဘဏ်မှ အဆင့်သုံးနိုင်ငံသားတစ်ယောက်၏ ချေးငွေကန့်သတ်ချက်ကို ကြည့်လိုက်စည်။
သန်းတစ်ရာ။
အဆင့်လေးနိုင်ငံသားအဆင့်သို့ ချက်ချင်းမြှင့်တင်မည့်အတွေးက ရုတ်တရက် ရပ်တန့်သွား၏။ သူက ထိုသန်းတစ်ရာကို ချေးယူပြီးမှ အဆင့်လေးနိုင်ငံသားအဖြစ် အဆင့်မြှင့်လိုက်လျှင် ၎င်းကို ပြန်ဆပ်စရာမလိုဘဲ အလကားရပေလိမ့်မည်။
လင်းယွမ်၏ ထင်မြင်ချက်က မှန်ကန်လေသည်။ ဗဟိုဘဏ်၏ ချေးငွေပြန်ဆပ်သော စနစ်အရ ၎င်းက ထိုကဲ့သို့ပင် ဖြစ်သည်။ ၎င်းက နိုင်ငံသားအဆင့်မြှင့်ခြင်း၏ ချို့ယွင်းချက်တစ်ခု မဟုတ်ပါ။ ကောင်းမှုအမှတ်များက ရရှိရန် ခက်ခဲပြီး ခနအတွင်း နိုင်ငံသားအဆင့်ကို မြှင့်တင်ရန် မဖြစ်နိုင်ပေ။
လင်းယွမ်က ထိုသန်းတစ်ရာကို မည်သို့ အသုံးပြုရမည်ကို တွေးနေစဉ် အဆင့်သုံးနိုင်ငံသားအဆင့်သို့ တိုးမြှင့်ပြီးနောက် စကြာဝဠာလူသားမဟာမိတ်က မေးလ်တစ်ခု ပို့လာခဲ့သည်။
ပထမဆုံးက ဂုဏ်ပြုခြင်းနှင့် ပိုက်ဆံဆယ်သန်းလွှဲပြောင်းပေးခြင်း ဖြစ်သည်။ အဆင့်နှစ်နိုင်ငံသားဖြစ်လာချိန်တွင် စကြာဝဠာလူသားမဟာမိတ်က ငါးသန်းလွှဲပြောင်းပေးခဲ့သည်။ ယခု အဆင့်သုံးနိုင်ငံသားဖြစ်လာချိန်တွင် စကြာဝဠာလူသားမဟာမိတ်က သူ့ကို ဆယ်သန်းလွှဲပြောင်းပေးခဲ့သည်။ ထိုငွေက လက်ဆောင်ပေးခြင်းဖြစ်ပြီး လင်းယွမ်က ပုံမှန်အတိုင်း လက်ခံခဲ့သည်။
အဆင့်သုံးနိုင်ငံသားများ၏ အခွင့်အရေးများက ပိုမိုများပြားလာပြီး အယူခံဝင်ခွင့်လည်း ရှိလေသည်။ သူတို့က တစ်စုံတစ်ခု မတရားခံရပါက ကြယ်၏ အမြင့်ဆုံး ဂြိုလ်အုပ်ချုပ်သူထံ တိုက်ရိုက်အယူခံဝင်ခွင့်ရှိလေသည်။
လင်းယွမ်က အခွင့်ထူးများအားလုံးကို လေ့လာပြီးနောက် စိတ်ထဲတွင် နားလည်သွားသည်။ သူက စျေးဝယ်ခြင်းအပိုင်းကို ချက်ချင်း ဖွင့်ပြီး သူ၏ ခွန်အားပြန်လည်ရရှိရန် ဝိညာဉ်ပစ္စည်းများကို စတင်ရွေးချယ်ခဲ့သည်။ အဆင့်သုံးနိုင်ငံသားဖြစ်သောကြောငံ လင်းယွမ်က ပိုများသော ပစ္စည်းများကို မြင်ရလေသည်။ မကြားဖူးသော ဝ်ညာဉ်ပစ္စည်းများနှင့် အံ့ဖွယ်များစွာ အဆက်မပြတ် ထွက်ပေါ်လာသည်။
" ဒီနှစ်ခု..." နာရီဝက်ကြာပြီးသောအခါ လင်းယွမ်က သူ၏ ရွေးချယ်မှုကို အတည်ပြုလိုက်သည်။
နေအဆီအနှစ် ဝိညာဉ်ပစ္စည်း အစိတ်အပိုင်းတစ်ခုလျှင် သန်း ၃၀။
လအဆီအနှစ် ဝိညာဉ်ပစ္စည်း အစိတ်အပိုင်းတစ်ခုလျှင် သန်း ၂၀။
လင်းယွမ်က ထိုက်ယင်နှင့်ထိုက်ယန်ကို ပေါင်းစည်းပြီး ထိုက်ကျိတာအိုကို ဖန်တီးထားသောကြောင့် သူ၏ ခွန်အားပြန်လည်ရရှိရန် ယင်နှင့်ယန်ပစ္စည်းများကို အဓိက လိုအပ်လေသည်။ ထိုထဲတွင် နေအဆီအနှစ်နှင့် လအဆီအနှစ်တို့က အသင့်တော်ဆုံး ဖြစ်လေသည်။
နေအဆီအနှစ်က ကြယ်များမှ ရရှိခြင်းဖြစ်ပြီး ၎င်းတို့ကို စုစည်းရန် အလွန်ခက်ခဲလေသည်။ လင်းယွမ်က ၎င်းကို သန်း၃၀နှင့် ရရှိခြင်းမှာ သူ၏ တတိယအဆင့်နိုင်ငံသားအခွင့်အရေးနှင့် ၂၀ ရာခိုင်နှုန်းလျှော့စျေး ရရှိခြင်းကြောင့် ဖြစ်သည်။
လအဆီအနှစ်က အလွန်အေးစက်သော ဂြိုလ်များမျိ ရရှိခြင်းဖြစ်ပြီး တစ်ခါတစ်ရံ ထိုဂြိုလ်များကို မျိုးနွယ်ခြားများ စောင့်ကြပ်ထားသောကြောင့် အလွန်အန္တရာယ်များလေသည်။ လင်းယွမ်က ထိုပစ္စည်းများမှ စွမ်းအားများကို စုပ်ယူပြီး ထိုက်ယင်နှင့် ထိုက်ယန်စွမ်းအားများအဖြစ် ပြောင်းလဲရန် လိုအပ်လေသည်။ သို့သော် ထိုနည်းလမ်းက အချိန်ပေးရမည်ဖြစ်သည်။
လင်းယွမ်က ယခင် ခွန်အားကို ပြန်လည်ရရှိရန် နှစ်သိန်းတန်ကြေးရှိသော အဆင့်မြင့် အားဖြည့်ဆေးရည်ကို ပုလင်းနှစ်ဆယ်ကျော် အသုံးပြုခဲ့ရလေသည်။
ယခု သူ၏ အဆင့်က ဒုတိယအလွှာ ကန့်သတ်ချက်သို့ ရောက်သွားသောကြောင့် ထပ်မံအဆင့်တက်ရန် အဆင့်မြင့်အားဖြည့်ဆေးရည် ပုလင်းနှစ်ရာ အနည်းဆုံး လိုအပ်လေသည်။ အဆင့်မြင့် ယင်ယန်အဆီအနှစ်ဆေးရည် ပုလင်းနှစ်ရာက သန်းလေးဆယ်နှင့် ငါးဆယ်အတွင်း ကုန်ကျမည်ဖြစ်ပြီး နေအဆီအနှစ်နှင့် လအဆီအနှစ်တို့၏ တန်ဖိုးနှင့် များစွာ ကွာခြားခြင်းရှိတော့မည်မဟုတ်ပေ။
သူက နေအဆီအနှစ်နှင့် လအဆီအနှစ်တို့ကို ဝယ်ယူရန် အတည်ပြုခဲ့ပြီး ဗဟိုဘဏ်မှ ချေးငွေနှင့် ငွေချေခဲ့လေသည်။
လင်းယွမ်က အညောင်းဆန့်လိုက်ပြီး သူ၏ စိတ်များက ရှင်းလင်းသွားသည်။
" ကျန်တဲ့ သန်းငါးဆယ်ကို ဘယ်လိုသုံးရမလဲ။ " လင်းယွမ်က တွေးလိုက်၏။ " ငါ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အချို့ ဝယ်ရမယ်။ "
သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို လေ့လာခြင်းက သူ၏ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပို၍ ပြည့်စုံစေလိမ့်မည်ဖြစ်သည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို တွေးမိပြီး လင်းယွမ်က ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်ကို အာရုံရောက်သွားသည်။ ထိုအဆင့်သတ်မှတ်ချက်က ကန်လန်ကြယ်အတွင်း အဆင့်မြင့်ဆုံး ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ရာကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ဒုတိယဆင်းသက်ခြင်းမတိုင်မီ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစညာ်က အဆင့် ၉၃မှ ၇၈ထိ ရောက်သွားခဲ့သည်။
ယခု သူက သဘာဝကောင်းကင်ကဏ္ဍနှင့် ယင်ယန်ကဏ္ဍတို့ကို တင်ပြခဲ့သောကြောင့် ဉာဏ်ပညာနတ်ဘုရားက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြန်လည်အဆင့်သတ်မှတ်မည်ဖြစ်သည်။
" ဉာဏ်ပညာနတ်ဘုရား သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အခု ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအဆင့် ဘယ်လောက်မှာလဲ။ " လင်းယွမ်က ဉာဏ်ပညာနတ်ဘုရားကို ဆက်သွယ်ပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။
ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်က နေ့စဉ် သန်ခေါင်ယံအချိန်တွင် ပြန်လည်အဆင့်သတ်မှတ်သော်လည်း သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးသူတစ်ယောက်အနေဖြင့် လင်းယွမ်က ပြန်လည်အဆင့်သတ်မှတ်ပေးရန် အချိန်မရွေး တောင်းဆိုနိုင်လေသည်။
" လေးစားရပါသော အဆင့်သုံးနိုင်ငံသား မစ္စတာလင်းယွမ် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အခု ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်မှာ အဆင့်ရှစ်ဖြစ်ပါတယ်။ "