အဆင့်တစ်ဆယ်အတွင်း ပြောင်းလဲမှု
Vol. 3 Ch. 52
ကန်လန်ကြယ်VR ကမ္ဘာတွင်...
အလယ်ပိုင်းဧရိယာ နံနက်ခင်းတွင် သက်လတ်ပိုင်းလူကြီးတစ်ယောက်က နီရဲနေသော မျက်လုံးများဖြင့် ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်များကို ကြည့်နေသည်။
သူ၏ နာမည်က ဖေလုဖြစ်ပြီး ကန်လန်ကြယ်ရှိ ဖေမိသားစုဝင်တစ်ယောက်ဖြစ်၏။ ဖေမိသားစုက ကန်လန်ကြယ်တွင် ဆင့်ကဲပြောင်းလဲသူများ မိသားစုဖြစ်၏။
ဆင့်ကဲပြောင်းလဲသူများကို ထူးခြား(တိုက်ရိုက်) ဆင့်ကဲပြောင်းလဲသူများနှင့် သဘာဝ(သာမန်)ဆင့်ကဲပြောင်းလဲသူများဟူ၍ ခွဲခြားနိုင်သည်။
ထူးခြားဆင့်ကဲပြောင်းလဲသူများတွင် အမျိုးအစားမျာစွာ ထပ်မံခွဲခြားထားပြီး ၎င်းတို့ထဲတွင် သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူများလည်း ပါဝင်လေသည်။
သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူများက ဆင့်ကဲပြောင်းလဲခြင်းမိသားစုများ၏ အခြေခံဖြစ်ပြီး သူတို့၏ ဆင့်ကဲပြောင်းလဲခြင်းက သွေးမျိုးဆက်မှ ဆင်းသက်လာခြင်းဖြစ်သည်။
အခြားဆင့်ကဲပြောင်းလဲသူများနှင့် ယှဉ်လျှင် သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူများ၏ လမ်းစဉ်က ပို၍ လွယ်ကူပြီး သူတို့၏ သွေးစွမ်းအားကို နိုးထစေရန်သာ လိုအပ်လေသည်။ အားနည်းချက်ကတော့ ရှင်းလေသည်။ သူတို့၏ သွေးများဆက် ကန့်သတ်ချက်က သူတို့၏ ကန့်သတ်ချက်လည်း ဖြစ်သည်။ သူတို့က သွေးမျိုးဆက်၏ ကန့်သတ်ချက်သို့ မရောက်မီ အတားအဆီးများ ကြုံတွေ့ရမည်မဟုတ်သော်လည်း သွေးမျိုးဆက်၏ ကန့်သတ်ချက်ကို ရောက်သည်နှင့် သူတို့လည်း အဆင့်တက်ရန် မဖြစ်နိုင်တော့ပေ။
ဖေမိသားစုက တတိယအဆင့်သွေးမျိုးဆက် ဆင့်ကဲပြောင်းလဲခြင်းမိသားစုတစ်ခု ဖြစ်၏။
" မိသားစုခေါင်းဆောင်က ဆင့်ကဲပြောင်းလဲခြင်းအဆင့်ကို ဘာလို့အဲ့လောက်ဂရုစိုက်နေတာလဲ မသိဘူး။ " ဖေလုက ပျင်းနေလေသည်။
လွန်ခဲ့သော နှစ်ဝက်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ဟုခေါ်သော လမ်းစဉ်တစ်ခုက အဆင့်တစ်ရာအတွင်းသို့ ချိုးဖျက်လာခဲ့သည်။ ထိုအချိန်မှစ၍ မိသားစုခေါင်းဆောင်က သူအား နေ့တိုင်း အဆင့်သတ်မှတ်ချက်များကို စောင့်ကြည့်စေပြီး ပြောင်းလဲမှုများကို ပြန်လည်သတင်းပို့ခိုင်းခဲ့လေသည်။
အမှန်တော့ ဖေမိသားစုတစ်ခုတည်းမဟုတ်ပေ။ အခြားအင်အားစုများကလည်း သူတို့၏ လူများကို စေလွှတ်ပြီး အဆင့်များကို စောင့်ကြည့်စေခဲ့သည်။
ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်က အဆင့်စာရင်းတစ်ခုပင် မဟုတ်ဘဲ ကန်လန်ကြယ်၏ အနာဂတ်အခြေအနေနှင့်လည်း သက်ဆိုင်နေသည်။
ဥပမာ နိုင်ငံသားတစ်ယောက်က ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်လာချင်လျှင် အဆင့်စာရင်းထဲမှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို ရွေးချယ်ရလေသည်။
တူညီသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် လေ့ကျင့်သူများက တစ်ယောက်နှင့်တစ်ယောက် ကူညီပြီး အဖွဲ့အစည်းများ ဖွဲ့ခဲ့ကြလေသည်။ ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်ပေါ်ရှိ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ရာက ကန်လန်ကြယ်ပေါ်ရှိ စွမ်းအားအကောင်းဆုံး အင်အားစုတစ်ရာကို ကိုယ်စားပြုလေသည်။ ထိုအင်းအားစုများက ကန်လန်ကြယ်အတွင်း နက်ရှိုင်းစွာ ရှိနေပြီး သူတို့၏ ဩဇာအာဏာက အခြားဂြိုလ်များပေါ်ထိ သက်ရောက်လေသည်။
လွန်ခဲ့သော နှစ်ဝက်ခန့်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အဆင့်တစ်ရာထဲသို့ ဝင်ရောက်လာခဲ့ပြီး ထိုအင်အားစုများကို ကြီးမားသော အကျိုးသက်ရောက်မှုများ ဖြစ်စေခဲ့သည်။
လအနည်းငယ်ကြာပြီးသောအခါ ကန်လန်ကြယ်၏ နိုင်ငံသားအနည်းငယ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို စတင်လေ့ကျင့်လာကြသည်။
ဆရာသခင်အဆင့်ရှိသော ဆင့်ကဲပြောင်းလဲသူများ ထွက်ပေါ်မလာသေးသော်လည်း အချိန်တစ်ခုကြာလျှင် ထွက်ပေါ်လာကြပေလိမ့်မည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အဆင့်တစ်ရာအတွင်း ပေါ်လာသောကြောင့် နတ်ဘုရားသုံးပါး၏ အသိမှတ်ပြုခြင်းခံရပြီး မှန်ကန်သော လမ်းစဉ်တစ်ခုဖြစ်သည်မှာ သံသယဝင်စရာပင် မလိုပေ။
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်။ " ဖေလု၏ အမူအရာက အနည်းငယ် လေးနက်နေသည်။
သူက ထိုလမ်းစဉ်၏ ရှန်ထျန်းအဆင့်နှင့် ဆရာသခင်အဆင့်တို့ကို စစ်ဆေးခဲ့လေသည်။ ၎င်းက ဆေးဝါးများ၊ ပြင်ပအကူအညီများ သို့မဟုတ် အထူးပတ်ဝန်းကျင်မျာယ လိုအပ်သော အခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များနှင့် နှိုင်ယှဉ်နိုင်လေသည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က လိုအပ်ချက်များမရှိဘဲ နိုင်ငံသားများက နေ့စဉ် တဖြည်းဖြည်း လေ့ကျင့်သွားရန်သာ လိုအပ်လေသည်။ ဆရာသခင်အဆင့်သို့ ဝင်ရောက်နိုင်ရန် အရည်အချင်းအချို့ လိုအပ်သော်လည်း ရှန်ထျန်းအဆင့်သို့ ရောက်ရန်မှာ ပြဿနာသိပ်မရှိပေ။
" စိတ်မကောင်းစရာပဲ။ ကန့်သက်ချက်က အဆင့်သုံးပဲရှိတယ်။ " ဖေလုက ခေါင်းခါလိုက်သည်။
သူ၏ သွေးမျိုးဆက်က အဆင့်သုံးသာ ရှိသော်လည်း ကန်လန်ကြယ်တွင် သွေးမျိုးဆက်များက တူညီသော အဆင့်တွင်သာ ရှိပြီး အဆင့်လေး သို့မဟုတ် အဆင့်ငါးရောက်သွားသော သွေးမျိုးဆက်များက တွေ့ရခဲလေသည်။
" ဒါပေမယ့် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အဆင့် ၉၃ကနေ ၇၈ထိ တက်သွားတာက တကယ်စိတ်ဝင်စားစရာကောင်းတယ်။ ဖန်တီးသူက သဘောတရားတွေကို အဆင့်မြှင့်လိုက်တာထင်တယ်။ "
ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်တွင် အလွှာလေးခု ခွဲခြားထားသည်။ ထိပ်ဆုံးဆယ်ဆင့်က ပထမအလွှာဖြစ်၏။ အဆင့်၁၁မှ အဆင့်၃၀က ဒုတိယအလွှာ၊ အဆင့် ၃၁မှ အဆင့် ၅၀က တတိယအလွှာ၊ အဆင့် ၅၁မှ အဆင့် ၁၀၀က စတုတ္ထအလွှာတို့ဖြစ်၏။
အဆင့် ၅၁မှ အဆင့်၁၀၀အတွင်းရှိ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ၏ ကွာခြားမှုက သိပ်မရှိပေ။ ကန့်သတ်ချက်က သာမန်အားဖြင့် အဆင့်သုံးများ ဖြစ်ကြလေသည်။ ထို့ကြောင့် အဆင့် ၅၀မှ ၁၀၀အတွင်း အဆင့်ပြောင်းလဲမှုများက သာမန်သာ ဖြစ်လေသည်။
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်ရဲ့ စတုတ္ထအလွှာအဖြစ် သတ်မှတ်ပြီးသွားပြီ။ မကြာခင် အဲ့ဒီလမ်းစဉ်ရဲ့ ဆင့်ကဲပြောင်းလဲသူတွေက အင်အားစုတစ်ခု ထူထောင်တော့မှာလား။ " ဖေလုက သူ၏ မေးစေ့ကို ပွတ်ပြီး စဉ်းစားနေသည်။
ထိုအချိန်တွင် ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအဆင့် ၏ မျက်နှာပြင်က ရုတ်တရက် ဝေဝါးလာသည်။
" အပ်ဒိတ်လုပ်နေတာလား။ " ဖေလုက စိတ်ဝင်တစားကြည့်နေသည်။
ထိုအချိန်တွင် အခြားသူများကလည်း စိတ်ဝင်စားစွာ ကြည့်နေကြသည်။
ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်များ ပြန်ပေါ်လာချိန်တွင် ဖေလုက ပထမဆုံး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းအဆင့်၏ ၇၈နေရာသို့ ကြည့်လိုက်သည်။
" ဟမ် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ဘာလို့ပျောက်သွားတာလဲ။ " ဖေလုက တုန်လှုပ်သွား၏။ ထို့နောက် သူက အောက်ရှိအဆင့်များကို ဆက်ကြည့်လိုက်သည်။
ဖေလု၏ အမူအရာက ပြောင်းလဲသွားသည်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်မှာ ပြဿနာတစ်ခု ပေါ်လာတာလား။ အဲ့ဒါက အဆင့်သတ်မှတ်ချက်ထဲကနေ ကန်ထုတ်ခံလိုက်ရတာလား။
ဖေလုက ယုံကြည်ရန်ခက်ခဲနေသည်။ တစ်ချိန်တည်းတွင် သူက အဆင့် ၇၈မှ တစ်ဖန် အထက်အဆင့်များကို ကြည့်လိုက်သည်။ သူက နောက်ဆုံးအဆင့်ငါးဆယ်အတွင်း သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ရှာမတွေ့သေးပေ။
" ဘာတွေဖြစ်ကုန်တာလဲ။ " ဖေလုက မျက်မှောင်ကြုတ်နေသည်။
ထိုအချိန်တွင် ရင်ပြင်ပေါ်ရှိ အခြားသူများကလည်း ဆူညံလာသည်။ သူတို့က ချက်ချင်း မတ်တပ်ရပ်ပြီး ဆင့်ကဲပြောင်းလဲခြင်းအဆင့်များကို စစ်ဆေးနေသည်။
" ဘာဖြစ်ခဲ့တာလဲ။ " ဖေလုက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီး အခြားလူများလည်း အကြောင်းရင်းအား မသိကြသည်ကို သတိထားမိသွားသည်။
ထို့နောက် သူက ထိပ်ဆုံးအဆင့်ဆယ်နေရာကို ကြည့်လိုက်သည်။ ရုတ်တရက် သူက အဆင့်ရှစ်နေရာတွင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို တွေ့လိုက်ရသည်။
" ဒါ..." ဖေလု၏ မျက်လုံးများက ပြူးသွားပြီး အချိန်ကြာမှင်သက်နေသည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်။
အဆင့်ရှစ်။
အရင်နေ့ကမှ အဆင့် ၇၈မဟုတ်လား။
ဖေလုက အံ့အားသင့်နေပြီး အဆင့် ၁၁နေရာကို ကြည့်လိုက်သည်။
တိုက်တန်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၎င်းက မူလတွင် အဆင့်တစ်ဆယ်၌ ရှိနေခဲ့သည်။ ယခု ၎င်းက အဆင့် ၁၁သို့ တွန်းချခြင်း ခံလိုက်ရလေသည်။
" ဒါ ဒါ တကယ့်သတင်းကြီးပဲ။ " ဖေလုက မိသားစုခေါင်းဆောင်ကို ဆက်သွယ်ပြီး အချက်အလက်များကို ပေးပို့လိုက်သည်။
ရွှေယွဲ့အိမ်နံပါတ် ၃၂ လူစိမ်းတစ်ယောက်က တံခါးရှေ့တွင် မတ်တပ်ရပ်လိုက်သည်။
" ဟယ်လို မစ္စတာလင်း ဒါက လူကြီးမင်း ဝယ်ထားတဲ့ပစ္စည်းပါ။ လူကြီးမင်းလက်ဗွေနဲ့ ဖွင့်ရပါမယ်။ "
လင်းယွမ်က တစ်ဖက်လူပေးသော သေတ္တာကို ယူပြီး မျက်နှာပြင်ပေါ်တွင် သူ၏ လက်ဗွေကို နှိပ်လိုက်သည်။
" လက်ဗွေအတည်ပြုပြီးပါပြီ။ "
လင်းယွမ်က သေတ္တာကို ယူသွားလိုက်သည်။ သေတ္တာက အလွန်ပေါ့ပြီး အတွင်းမှ စွမ်းအင်လှိုင်းများကို မခံစားမိလျှင် သူက ၎င်းထဲတွင် ဘာမှမရှိဟု ထင်ပေလိမ့်မညယ
" ဝိညာဉ်ပစ္စည်းပဲ။ " လင်းယွမ်က ပြုံးလိုက်သည်။
သူက အတွင်းမှ ထိုက်ယင်နှင့် ထိုက်ယန် စွမ်းအားလှိုင်းများကို ခံစားနေရပြီး ကျန်းဝူဓားထဲမှ စွမ်းအားများလောက် မသန်မာသော်လည်း ကွာခြားခြင်းတော့ သိပ်မရှိပေ။
" မစ္စတာလင်းယွမ် ဘာပြဿနာမှမရှိရင် လက်မှတ်ထိုးပေးပါဦး။ " ပစ္စည်းပို့သူက လင်းယွမ်ကို အားကျစွာ ကြည့်ပြီး ပြောလိုက်သည်။ သူက သေတ္တာအတွင်းမှ ပစ္စည်းကို မသိသော်လည်း အဆင့်မြင့်ပစ္စည်းတစ်ခု ဖြစ်သည်ကိုတော့ သိလေသည်။ လင်းယွမ် လက်မှတ်ရသည်နှင့် သူက ထွက်ခွာသွားသည်။
လင်းယွမ်က သေတ္တာကို ယူပြီး မြေအောက်လေ့ကျင့်ရေးကွင်းသို့ ပြန်သွားလိုက်သည်။ သူက သေတ္တာကို ဖွင့်လိုက်ပြီးနောက် ထူးခြားသော သတ္တုနှင့် ပြုလုပ်ထားသော သတ္တုတုံးနှစ်တုံးကို တွေ့လိုက်ရသည်။ တစ်ခုက အနီရောင်ရှိပြီး တစ်ခုက အပြာရောင်ဖြစ်လေသည်။
" တကယ်လှတာပဲ။ " လင်းယွမ်က ဝိညာဉ်ပစ္စည်းနှစ်ခုကို ကြည့်လိုက်သည်။
ထို့နောက် သူက စတင်ကျင့်ကြံတော့သည်။ နှစ်ရက်ကြာပြီးသောအခါ လင်းယွမ်က ထိုင်နေပြီး သူ၏ ရှေ့မှ နေအဆီအနှစ်နှင့် လအဆီအနှစ်တို့က အကုန်နီးပါး စုပ်ယူခံလိုက်ရသည်။
" ဒုတိယအလွှာ အကန့်အသတ် " လင်းယွမ်က မျက်လုံးများဖွင့်၍ နေအဆီအနှစ်နှင့် လအဆီအနှစ်တို့ကို ကြည့်ပြီး ဖြည်းညင်းစွာ ပြုံးလိုက်သည်။ ထိုပစ္စည်းနှစ်ခုနှင့် သူက နှစ်ရက်အတွင်း သူ၏ ခွန်အား အားလုံးနီးပါးကို ပြန်ရလာသည်။