← Chapters

ကြယ်စကြာဝဠာ

Vol. 3 Ch. 53

ကြယ်စကြာဝဠာ

Vol. 3 Ch. 53

" စွမ်းအားက ချို့ယွင်းချက်မရှိဘူး။ " လင်းယွမ်က မျက်လုံးများကို မှိတ်ပြီး အနည်းငယ် ခေါင်းငြိမ့်လိုက်သည်။

လုံဟုကမ္ဘာမှ သူ၏ ကိုယ်ပိုင်စွမ်းအားနှင့် ပြန်လည်အသားကျလာခဲ့သည်။ သို့သော် မူလကမ္ဘာက အခြားကမ္ဘာတစ်ခုဖြစ်ပြီး ကမ္ဘာများကြားတွင် ကွာခြားမှုတော့ ရှိလေသည်။

" ထိုက်ကျိတာအို..." လင်းယွမ်၏ စိတ်က လှုပ်ရှားသွားပြီး သူ၏ ခန္ဓာကိုယ်က လေထဲသို့ ဖြည်းညင်းစွာ မြောက်လာသည်။

လုံဟုကမ္ဘာတွင် သဘာဝကောင်းကင်အဆင့်သို့ ရောက်သည်နှင့် လေပေါ်ပျံသန်းနိုင်ပြီဖြစ်သည်။

မူလကမ္ဘာတွင် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အမျိုးမျိုး ရှိသောကြောင့် လေပေါ်ပျံသန်းနိုင်သည့်အဆင့်မှာလည်း မတူညီကြပေ။ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အများစုကတော့ တတိယအလွှာတွင် လေပေါ်ပျံသန်းနိုင်ကြလေသည်။ အထူးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အချို့ကတော့ ဒုတိယအလွှာတွင် လေပေါ်ပျံသန်းနိုင်ကြသည်။

လင်းယွမ်က အိမ်ခေါင်မိုးပေါ်သို့ ရောက်လာပြီး သူ၏ ခန္ဓာကိုယ်က လေထဲတွင် ရပ်တန့်ကာ ပျံသန်းရန် အဆင်သင့်ဖြစ်နေသည်။ သို့သော် သူက ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး ချက်ချင်း နောက်ပြန်ဆုတ်သွားသည်။

" ဒါက လုံဟုကမ္ဘာမဟုတ်ဘူး။ " လုံဟုကမ္ဘာတွင် လင်းယွမ်က စိတ်ရှိသလို ပျံသန်းနိုင်လေသည်။

သို့သော် မူလကမ္ဘာကဲ့သို့ အလွန်အဆင့်မြင့်သော ကန်လန်ကြယ်တွင် ဂြိုလ်ကာကွယ်ရေးစနစ်များ ရှိနေနိုင်လေသည်။ လင်းယွမ်၏ အရှိန်နှင့် စွမ်းအားအတက်အကျများကြောင့် သူ ကောင်းကင်တွင် ပေါ်လာလျှင် ဂြိုလ်ကာကွယ်ရေးစနစ်က ချက်ချင်း ရှာတွေ့သွားပေလိမ့်မည်။

ဂြိုလ်ကာကွယ်စနစ်က သူ့ကို ကျူးကျော်သူတစ်ယောက်အဖြစ် သတ်မှတ်လိုက်လျှင် သူက လျှပ်စစ်သံလိုက်အမြောက်များ၊ လေဆာအလင်းတန်းများနှင့် အခြားစွမ်းအားလက်နက်များ၏ ပစ်မှတ်ထားခြင်း ခံရပေလိမ့်မည်။ ထို့သို့ဖြစ်လျှင် လင်းယွမ်ပင် ကြီးမားသော ဆုံးရှုံးမှု ဖြစ်နိုင်လေသည်။

" လေးစားရတဲ့ အဆင့်သုံးနိုင်ငံသား မစ္စတာလင်းယွမ် သင်ပျံသန်းချင်ရင် စိုးရိမ်စရာမလိုဘဲ အရှေ့ပိုင်းနယ်မြေရဲ့ ကောင်းကင်မှာ ပျံသန်းနိုင်ပါတယ်။ " ဉာဏ်ပညာနတ်ဘုရား၏ အေးစက်တည်ငြိမ်သော အသံထွက်ပေါ်လာသည်။

လင်းယွမ်က ယခု အိမ်ခေါင်မိုးပေါ်တွင် ရှိနေဆဲ ဖြစ်သည်။ သူက လူသားမဟာမိတ် လက်ခံထားသော နေရာတွင် ရှိနေသရွေ့ ဉာဏ်ပညာနတ်ဘုရား၏ စောင့်ကြည့်ခြင်းကို ခံရပေလိမ့်မည်။ ထို့ကြောင့် သူ၏ ယခင်လုပ်ရပ်များကို သတိထားမိပြီး လမ်းညွှန်မှုပေးခဲ့ခြင်း ဖြစ်လေသည်။

" အဲ့လိုလား။ " ၎င်းကို ကြားသောအခါ လင်းယွမ်၏ စိတ်က တည်ငြိမ်သွား၏။ ဉာဏ်ပညာနတ်ဘုရား၏ ခွင့်ပြုချက်ရလျှင် ပြဿနာမရှိတော့ပေ။ ကန်လန်ကြယ်၏ အဆင့်မြင့် ဂြိုလ်ကာကွယ်ရေးစနစ်ကို ဉာဏ်ပညာနတ်ဘုရားက စိတ်ရှိသလို ထိန်းချုပ်နိုင်လေသည်။

ဝှစ်...

လင်းယွမ်က ကောင်းကင်သို့ တိုက်ရိုက်ပျံသန်းသွားသည်။ သူမသိသည်မှာ သူပျံသန်းသွားသည်နှင့် ကန်လန်ကြယ်ကို လွှမ်းခြုံထားသော စွမ်းအားလှိုင်းများကြားတွင် ကွပ်လပ်တစ်ခု ဖြစ်ပေါ်လာသည်။

လင်းယွမ်ကို ဗဟိုပြု၍ မိုင်ရာအနည်းငယ်အတွင်း အာရုံခံစနစ်များနှင့် စောင့်ကြည့်ရေးနည်းလမ်းများအားလုံး ပိတ်ချခြင်း ခံလိုက်ရသည်။

ဘီ....

ကန်လန်ကြယ်၏ လုံခြုံရေးဌာနတွင် ဝန်ထမ်းတစ်ဦးက အလွန်ကြီးမားသော စောင့်ကြည့်ရေးမှန်ပြင်ကို အံ့ဩတကြီးဖြင့် ကြည့်လိုက်သည်။

" ဘာဖြစ်တာလဲ။ " သူ၏ အဖော်တစ်ယောက်က မေးလိုက်သည်။

" ဘာမှမဟုတ်ဘူး။ နတ်ဘုရားက ဒေတာအချို့ ညွှန်ကြားလိုက်တယ်။ " ဝန်ထမ်းက ပြန်ဖြေလိုက်သည်။

" ဒါက ပုံမှန်ပါပဲ။ " သူ၏ အဖော်က ပြန်ပြောလိုက်သည်။

ဉာဏ်ပညာနတ်ဘုရားက လူသားမဟာမိတ်တစ်ခုလုံး၏ စီမံခန့်ခွဲရေးကို လုပ်ဆောင်ပြီး ကန်လန်ကြယ်၏ လုံခြုံရေးစနစ်ကို မကြာခန ထိန်းချုပ်ခဲ့လေသည်။ အချို့ဒေတာများ ညွှန်ပြခြင်းက စိုးရိမ်စရာမရှိပေ။

ကန်လန်ကြယ်၏ ကောင်းကင်အထက်တွင် လင်းယွမ်က တိမ်တိုက်တစ်ခုပေါ်တွင် လဲလျောင်းနေသည်။ သူ၏ အကြည့်က ကန်လန်ကြယ်၏ အပြင်သို့ ကြည့်နေသည်။

" နည်းနည်းထပ်သွားရင် ငါ ကန်လန်ကြယ်အပြင်ဘက် ထွက်သွားလိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။

ကန်လန်ကြယ်၏ ကာကွယ်မှုမရှိဘဲ ကြယ်စကြာဝဠာမှ အလင်းတန်းအမျိုးမျိုးကို ရင်ဆိုင်ရနိုင်ပြီး အောက်ဆီဂျင်နှင့် အခြားပစ္စည်းများမပါဘဲ အဆင့်ခြောက်အောက်မှ ဆင့်ကဲပြောင်းလဲသူများက ကြယ်စကြာဝဠာတွင် အသက်မရှင်နိုင်ပေ။

" အဲ့ဒါ ကြယ်စကြာဝဠာပဲ။ " လင်းယွမ်က ထိုကဲ့သို့ ကြယ်တာယာကောင်းကင်ကို အနီးကပ် မကြည့်ရှုဖူးပေ။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ကြယ်စကြာဝဠာကို လေ့လာပြီး ဉာဏ်အလင်းများ ရရှိခဲ့ပါတယ်။ ]

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ကြယ်စကြာဝဠာကို လေ့လာပြီး ဉာဏ်အလင်းများ ရရှိခဲ့ပါတယ်။ ]

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ကြယ်စကြာဝဠာကို လေ့လာပြီး ဉာဏ်အလင်းများ ရရှိခဲ့ပါတယ်။ ]

၎င်းက နာရီဝက်ကြာအောင် ဆက်ဖြစ်နေခဲ့သည်။ ထို့နောက် လင်းယွမ်က နစ်မြှုပ်နေသော အခြေအနေမှ လွတ်မြောက်လာသည်။

" စိတ်မကောင်းစရာပဲ။ ငါက ကြယ်စကြာဝဠာနဲ့ အရမ်းဝေးကွာသေးတယ်။ အချိန်တိုအတွင်း တစ်ခုခုရဖို့ မဖြစ်နိုင်ဘူး။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။

သူက လုံဟုကမ္ဘာတွင် ထိုက်ကျိတာအို နားလည်ရန် အချိန်ဆယ်နှစ် ယူခဲ့ရပြီး ကြယ်စကြာဝဠာဆိုလျှင် အပြည့်အဝနားလည်ရန် နှစ်ပေါင်း ထောင်သောင်းချီ ကြာပေလိမ့်မည်။ အဓိကအကြောင်းအရင်းမှာ လင်းယွမ်၏ အဆင့်ကလည်း အလွန်နိမ့်နေဆဲ ဖြစ်သည်။

လင်းယွမ်က အဆင့်ခြောက် သို့မဟုတ် အဆင့်ရှစ်သို့ ရောက်လျှင် ကြယ်စကြာဝဠာကို လေ့လာရာတွင် သူ၏ နားလည်နိုင်စွမ်းက လက်ရှိအခြေအနေထက် များစွာသာလွန်သွားပေလိမ့်မည်။ သူ၏ ခွန်အား တိုးတက်လာသည်နှင့် သူ၏ နားလည်နိုင်စွမ်းကလည်း အဆင့်မြင့်လာပေလိမ့်မည်။

" ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေကို ဝယ်ပြီးလေ့လာတာက ပိုအဆင်ပြေလိမ့်မယ်။ "

လင်းယွမ်ဖန်တီးထားသော သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အပါအဝင် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တိုင်းက သူတို့၏ ကိုယ်ပိုင်လမ်းကြောင်းများနှင့် စွမ်းအားခွဲခြမ်းစိတ်ဖြာခြင်းများ ပါဝင်လေသည်။

စကြာဝဠာနှင့် သဘာဝတရားကို လေ့လာခြင်းနှင့်ယှဉ်လျှင် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို လေ့လာခြင်းက ဖြတ်လမ်းနည်းတစ်ခု ဖြစ်လေသည်။

လင်းယွမ်က ကြယ်စကြာဝဠာကို ခနကြည့်ရှုပြီး သူ၏ နေအိမ်သို့ ပြန်လာခဲ့သည်။

သူ၏ စ်တ်အသိက VRကမ္ဘာနှင့် ချိတ်ဆက်ပြီးနောက် လင်းယွမ်က သူ၏ ကိုယ်ပိုင်နေရာတွင် ပေါ်လာသည်။ VRကမ္ဘာတွင် ကိုယ်ပိုင်နေရာနှင့် အများပိုင်နေရာဟူ၍ အပိုင်းနှစ်ပိုင်းခွဲခြားထားသည်။

အများပိုင်နေရာတွင် အလယ်ပိုင်းဧရိယာ၊ လူနေဧရိယာ၊ ကုန်သွယ်မှုဧရိယာ၊ ပြိုင်ပွဲဧရိယာ စသည်ဖြင့် ခွဲခြားထားသည်။

" မက်ဆေ့ချ်တွေ အများကြီးပါလား။ " လင်းယွမ်က စစ်ဆေးလိုက်သောအခါ မက်ဆေ့ချ်တစ်သောင်းကျော်ကို တွေ့လိုက်ရသည်။

" အဲ့ဒါ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အကြောင်းပဲ။ " မက်ဆေ့ချ်အနည်းငယ်ဖတ်ပြီးနောက် လင်းယွမ်က အခြေအနေကို နားလည်သွားသည်။

လွန်ခဲ့သော နှစ်ရက်က သူတင်လိုက်သော သဘယဝကောင်းကင်ကဏ္ဍနှင့် ယင်ယန်ကဏ္ဍတို့ကြောင့် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်တွင် အဆင့်ရှစ်သို့ တိုက်ရိုက်ခုန်ပျံရောက်သွားခဲ့သည်။

၎င်းက ကန်လန်ကြယ်အတွင်းရှိ စွမ်းအားကြီးသူများကြားတွင် လှုပ်ခတ်မှုအချို့ ဖြစ်စေခဲ့ပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးသူထံ ဆက်သွယ်ရန် ကြိုးစားခဲ့ကြသည်။

လင်းယွမ်က သူ၏ နိုင်ငံသားနံပါတ်ကို ဖုံးကွယ်ထားပြီး ယွမ်ဟုခေါ်သော နာမည်သာ ချန်ခဲ့သောကြောင့် သူတို့က ထိုနာမည်မှတစ်ဆင့် သူ့ကို ဆက်သွယ်ခဲ့ကြခြင်း ဖြစ်သည်။

" သိပ်စိတ်ဝင်စားစရာမကောင်းပါဘူး။ " လင်းယွမ်က သူ၏ မက်ဆေ့ချ်များကို ဖန်ရန် နာရီဝက်ကြာခဲ့လေသည်။

မက်ဆေ့ချ်များကို အပိုင်းလေးပိုင်း ခွဲခြားနိုင်သည်။ ပထမ လင်းယွမ်ကို သိချင်ကြခြင်း၊ ဒုတိယ လင်းယွမ်ကို သူတို့ဘက်သို့ သိမ်းသွင်းလိုကြခြင်း၊ တတိယ လင်းယွမ်နှင့် မဟာမိတ်ဖွဲ့လိုခြင်း၊ စတုတ္ထ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှင့် ပက်သက်သော ပြဿနာများကို မေးမြန်းခြင်း။

လင်းယွမ်က ပထမသုံးမျိုးကို လျစ်လျူရှုခဲ့ပြီး နောက်ဆုံးတစ်မျိုးကိုသာ အာရုံစိုက်လိုက်သည်။ စတုတ္ထ အမျိုးအစားကို ပေးပို့သူများက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို စမ်းကြည့်ချင်သူများ သို့မဟုတ် စတင်လေ့ကျင့်နေကြသူမျာယ ဖြစ်သည်။

ထိုလူများက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးသူ လင်းယွမ်ကိုယ်တိုင် လမ်းညွှန်မှုကို လိုချင်ကြပြီး ၎င်းအတွက် အခကြေးငွေများ ပေးဆောင်ရန် ဆန္ဒရှိကြလေသည်။

မက်ဆေ့ချ်တစ်ခုတွင် လင်းယွမ်က သုံးနာရီ လမ်းညွှန်ပေးခြင်းဖြင့် ငွေဆယ်သန်းပေးရန် ဆန္ဒရှိကြောင်း ဖော်ပြထားသည်။

သုံးနာရီကို ဆယ်သန်းလား။ လင်းယွမ်က အမှန်တကယ် စိတ်ဝင်စားသွား၏။ အဆင့်သုံးနိုင်ငံသားဖြစ်ပြီးနောက် စကြာဝဠာလူသားမဟာမိတ်က ဂုဏ်ပြုလက်ဆောင်မှာလည်း ၎င်းပမာဏဖြစ်လေသည်။

ထို့အပြင် လမ်းညွှန်မှုအတွက် တစ်ဦးတည်းသီးသန်ပြုလုပ်ပေးရန် မလိုအပ်ဘဲ ဆယ်ယောက်ကျော်ကို တစ်ကြိမ်တည်း အလွယ်တကူ လမ်းညွှန်ပေးနိုင်လေသည်။

လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမစဉ်၏ အခပေးဗီဒီယိုများပင် တင်နိုင်လေသည်။ စျေးနှုန်းက နိမ့်နေလျှင်တောင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးသူတစ်ယောက်အနေဖြင့် ၎င်းတို့ကို တင်လိုက်လျှင် လူများစွာက ဝယ်ယူကြည့်ရှုကြပေလိမ့်မည်။

" ဉာဏ်ပညာနတ်ဘုရား " လင်းယွမ်က ဉာဏ်ပညာနတ်ဘုရားနှင့် ချိတ်ဆက်လိုက်သည်။

" လက်ရှိ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လေ့ကျင့်နေတဲ့သူ ဘယ်နှစ်ယောက်ရှိလဲ။ " လင်းယွမ်က တိုက်ရိုက် မေးလိုက်၏။

သူက လွန်ခဲ့သော နှစ်ဝက်ကျော်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို တင်ပြခဲ့သည်။ ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်ထဲသို့ ဝင်ရောက်ပြီးနောက် ယခုအချိန်တွင် နိုင်ငံသားများစွာက ထိုလမ်းစဉ်အား သိလာကြမည်ကို ခန့်မှန်းမိလေသည်။

အမှန်တော့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အများစုက ငွေကြေးလိုအပ်ချက်နှင့် ကန့်သတ်ချက် အမျိုးမျိုး ရှိလေသည်။ သို့သော် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အရင်းအမြစ် များစွာ မလိုအပ်ပေ။ အနည်းဆုံး သိုင်းပညာကို လေ့ကျင့်ရာတွင် သွေးနှင့်ချီကို လိုအပ်သောကြောင့် အစားအသောက်နှင့် အသားများကို နေ့စဉ်စားသုံးရန်သာ လိုအပ်လေသည်။ ၎င်းက သာမန်လူတန်းစားများအတွက်ပင် သိပ်မခက်ခဲပေ။

" လက်ရှိ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ ရှန်ထျန်းအဆင့်ကို အောင်မြင်သူ ၁၂၃၂၊ ဆရာသခင်အဆင့်တော့ မရှိသေးပါဘူး။ "

" အရမ်းမြန်တာပဲ။ " လင်းယွမ်က အံ့ဩသွား၏။

သိုင်းကမ္ဘာတွင် သိုင်းပညာရှင်များ၏ ရှန်ထျန်းအဆင့်က နေရာတစ်ခုကို ထိန်းချုပ်နိုင်လေသည်။ မဟာဇင်ဘုရားကျောင်းတွင် နှစ်တစ်ထောင်သက်တမ်းရှိသော အမွေအနှစ်နှင့်အတူ ဘုန်းကြီးထောင်ချီရှိသော်လည်း ရှန်ထျန်းအဆင့်က ငါးဆယ်ကျော်သာ ရှိလေသည်။

သို့သော် လင်းယွမ်က ခနအတွင်း ၎င်းက သာမန်သာဖြစ်သည်ဟု ခံစားလိုက်ရသည်။

ဤနေရာက နည်းပညာများ ဖွံ့ဖြိုးတိုးတက်နေသော ကန်လန်ကြယ်ဖြစ်လေသည်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အရင်းအမြစ်များစွာ မလိုအပ်သော်လည်း အကယ်၍ လူတစ်ယောက်က ငွေကြေးအရစ်အမြစ်များ ပိုလျှံနေလျှင် ဆရာသခင်အဆင့်နှင့် မဟာဆရာသခင်အဆင့်တို့က မိမိကိုယ်ကို မှီခိုရလျှင်တောင် ရှန်ထျန်းအဆင့်အတွက် ပြင်ပအရင်းအမြစ်များကို အသုံးချနိုင်ဆဲ ဖြစ်သည်။

သိုင်းကမ္ဘာတွင် ရှန်ထျန်းအဆင့်သို့ လျင်မြန်စွာ ရောက်ရန် ကောင်းကင်ဝိညာဉ်သစ်သီးကို စားသုံးရလေသည်။ မူလကမ္ဘာတွင် ကောင်းကင်ဝိညာဉ်သစ်သီးနှင့် အာနိသင်တူသော ဝိညာဉ်ပစ္စည်းများ ရှိသောကြောင့် ငွေကြေးတတ်နိုင်ရန်သာ လိုအပ်လေသည်။

All Chapters