← Chapters

ချီခွန်ကြယ်နယ်မြေ

Vol. 3 Ch. 55

ချီခွန်ကြယ်နယ်မြေ

Vol. 3 Ch. 55

ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်သုံးခုလုံးက ၎င်းတို့၏ အားသာချက်များရှိပြီး တူညီသော ရှုထောင့်များကို အာရုံစိုက်ထားကြသည်။

ဂိုလမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ကြယ်စကြာဝဠာထဲရှိ ဂိုလမ်ဟုခေါ်သော ဂြိုလ်သားမျိုးနွယ်တစ်ခုကို လေ့လာပြီး ဖန်တီးထားခြင်းဖြစ်သည်။ အဆင့်တစ်ခုထိ လေ့ကျင့်ပြီးလျှင် ဂိုလမ်၏ အားနည်းသော ပုံသဏ္ဍန်အဖြစ် ပြောင်းလဲနိုင်လေသည်။

ဂိုလမ်မျိုးနွယ်က သူတို့၏ ပြင်ပခန္ဓာကိုယ်ဖြင့် ကြယ်များကြား သွားလာနိုင်သော စွမ်းအားကြီးမျိုးနွယ်တစ်ခု ဖြစ်၏။ ဂိုလမ်များက ရှားပါးသော်လည်း အရွယ်ရောက်ပြီးသား ဂိုလမ်က အဆင့်ခြောက် လူသားဆင့်ကဲ​ပြောင်းလဲသူနှင့် ယှဉ်နိုင်လေသည်။ အဆင့်နိမ့်ဂိုလမ်တစ်ကောင်အဖြစ် ပြောင်းလဲနိုင်လျှင်တောင် သူတို့၏ ခွန်အားက အဆင့်လေး သို့မဟုတ် အဆင့်ငါး ဆင့်ကဲ​ပြောင်းလဲသူများနှင့် ယှဉ်နိုင်လေသည်။

" ဂိုလမ်တစ်ကောင်အဖြစ် ပြောင်းလဲနိုင်တယ်။ ထားလိုက်တော့..." လင်းယွမ်က ခနစဉ်းစားပြီး သူ၏ ခေါင်းကို ခါလိုက်သည်။

ဂိုလမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွင် ရုပ်ခန္ဓာအသွင်ပြောင်းလဲခြင်း၏ အသိအမြင်များ ပါဝင်နေသည်။ ထို့ကြောင့် လင်းယွမ်က ၎င်းကို နောက်ဆုံးရွေးစရာသုံးခုထဲတွင် ထည့်ထားခြင်း ဖြစ်သည်။ သို့သော် ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အဆင့်အမြင့်ဆုံးက လူတစ်ဦး၏ ခန္ဓာကိုယ်ကို အသွင်ပြောင်းလဲရန် လိုအပ်ပြီး လင်းယွမ်က ၎င်းကို အနည်းငယ် လက်မခံနိုင်ပေ။ ၎င်းက ဂိုလမ်များ၏ အသွင်အပြင်ကြောင့်မဟုတ်ဘဲ ၎င်းကို လေ့ကျင့်လိုက်သည်နှင့် အဆုံးထိ လေ့ကျင့်ရမည်ဖြစ်သောကြောင့် ဖြစ်၏။

လင်းယွမ်က သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ပြန်လည်စတင်ရန် နည်းလမ်းကို ရှာဖွေနိုင်လျှင်တောင် အတော်ဒုက္ခများပေလိမ့်မည်။

လင်းယွမ်က မူလစွမ်းအားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကြည့်လိုက်သည်။

မူလစွမ်းအားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ကြယ်စကြာဝဠာအတွင်းရှိ မူလစွမ်းအားများကို ဆင်ခြင်ရာတွင် အာရုံစိုက်သော အဆင့်ငါး ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခု ဖြစ်၏။

မူလစွမ်းအားက ထိုက်ယင်နှင့် ထိုက်ယန်တို့ကဲ့သို့ ပြင်းထန်သော စွမ်းအားများနှင့်မတူဘဲ အလွန်ထူးခြားသော စွမ်းအားတစ်ခုဖြစ်ပြီး ၎င်းက အရားအားလုံးကို လွှမ်းခြုံထားလေသည်။ ၎င်းက ထိုက်ယန်နှင့် ထိုက်ယင်တို့၏ ပေါင်းစည်မှုမှ ထွက်ပေါ်လာသော ထိုက်ကျိတာအိုနှင့် ခပ်ဆင်ဆင်တူလေသည်။

နောက်ဆုံး သဏ္ဍန်တစ်သောင်းဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က စိတ်နှင့် ဝိညာဉ်ကို ပြောင်းလဲစေခြင်းဖြစ်သည်။ ၎င်းက စိတ်ဝိညာဉ်တိုက်ခိုက်မှုများ ပြုလုပ်နိုင်ပြီး စိတ်သခင်များထက် ပိုအဆင့်မြင့်လေသည်။

" မူလစွမ်းအားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် " လင်းယွမ်က စိတ်ထဲမှ ဆုံးဖြတ်လိုက်သည်။ မူလစွမ်းအားဆင့်ကဲ​ပြောင်းလဲခြင်းလမ်းစဉ်က ထိုက်ကျိတာအိုနှင့် တူညီမှုအချို့ရှိသောကြောင့် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အတွက် အကျိုးကျေးဇူးများ ရရှိနိုင်လေသည်။

လင်းယွမ်၏ အကောင့်ထဲမှ သန်းလေးဆယ်နှုတ်ယူသွားပြီးနောက် မူလစွမ်းအားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ရရှိခဲ့သည်။ ၎င်းက ပစ္စည်းများဝယ်ယူခြင်းနှင့်မတူဘဲ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက ချက်ချင်း ရရှိနိုင်လေသည်။

" ကျွတ် တကယ်စျေးကြီးတာပဲ။ " လင်းယွမ်က အနည်းငယ် မသက်မသာဖြစ်သွား၏။ သို့သော် ၎င်းက သူ၏ ကိုယ်ပိုင်ပိုက်ဆံများမဟုတ်ဘဲ ဗဟိုဘဏ်မှချေးငွေများသာ ဖြစ်သောကြောင့် နှမြောခြင်းတော့ မရှိပေ။

" ဖွင့်မယ်။ " လင်းယွမ်က စိတ်ထဲမှ ပြောလိုက်သည်။

လင်းယွမ်၏ မျက်စိရှေ့တွင် အနီရောင်စာလုံးများနှင့် သတိပေးချက်တစ်ခု ပေါ်လာသည်။

" ဤဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အခြားသူများက ထုတ်ဖော်ပြသခြင်းမပြုရ။ ကျူးလွန်ခဲ့ပါက တရားရုံးချုပ်၏ စီရင်ခြင်းခံရမည်။ "

စကြာဝဠာလူသားမဟာမိတ်က ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တိုင်းကို တရားဝင်ကာကွယ်ပေးထားသည်။ သာမန်နိုင်ငံသားများက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ရရှိရန် နည်းလမ်းနှစ်ခုရှိလေသည်။ တစ်ခုမှာ လင်းယွမ်ကဲ့သို့ တိုက်ရိုက် ဝယ်ယူခြင်း ဖြစ်သည်။

သို့သော် သာမန်နိုင်ငံသားများက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို ဝယ်ယူရာတွင် အပိုင်းလိုက်ဝယ်ယူကြလေသည်။ ဥပမာ သူတို့က အဆင့်ငါး ဆင့်ကဲ​ပြောင်းလဲခြင်းလမ်းစဉ်ကို ဝယ်ယူရာတွင် ပထမအလွှာအပိုင်းကို ပထမဆုံး ဝယ်ယူကြလေသည်။ ထို့နောက် ဒုတိယအလွှာအတွက် ထိုနည်းလမ်းက ငွေကြေးကုန်ကျမှုကို လျှော့ချပေးလေသည်။

မူလစွမ်းအားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုလုံးက သန်းလေးဆယ်ကျသင့်သော်လည်း ပထမအလွှာအတွက်ဆိုလျှင် တစ်သောင်းကျော်သာ ကျသင့်ပေလိမ့်မည်။

ဒုတိယနည်းလမ်းမှာ အခြားအာဏာရှိသူများနှင့် စာချုပ်တစ်ခုချုပ်ဆိုရန်ဖြစ်သည်။ အာဏာရှိသူက လူတစ်ယောက်ကို ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်လာရန် ထောက်ပံ့ပေးလေသည်။ ထို့နောက် ထိုလူက ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်လာလျှင် ထိုအာဏာရှိသူ၏ လက်အောက်တွင် နှစ်ငါးဆယ် သို့မဟုတ် နှစ်တစ်ရာ တာဝန်ထမ်းဆောင်ရပေလိမ့်မည်။

" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အခု ဘယ်လောက်နဲ့ရောင်းလဲ ငါသိချင်လိုက်တာ။ " လင်းယွမ်က ရုတ်တရက် တွေးလိုက်သည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် စတင်တင်ပြသည့်အချိန်တွင် ပထမအလွှာအတွက် တစ်သောင်းကျသင့်လေသည်။ သို့သော် ထိုက်ကျိတာအို၏ အဆင့်မြှင့်တင်မှုကြောင့် လင်းယွမ်က ဒုတိယအလွှာကို ငါးသိန်းအဖြစ် သတ်မှတ်ခဲ့လေသည်။

လွန်ခဲ့သော ရက်အနည်းငယ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အား နိုင်ငံသားတစ်ထောင်ကျော် လေ့ကျင့်နေသည်ကို လင်းယွမ် သိခဲ့ရလေသည်။ အကယ်၍ လူတစ်ထောင်ကျော်က ပထမအလွှာကို ဝယ်ယူခဲ့လျှင် ရောက်ချငွေက စုစုပေါင်း ဆယ်သန်းကျော်ပေလိမ့်မည်။

တရားဝယ်ရှယ်ယာဆယ်ပုံခုနှစ်ပုံ ခွဲယူပြီးနောက် သုံးသန်းကျော် ကျန်ပေလိမ့်မည်။ အခွန်ခများနှင့် အခြားဆက်စပ်အခကြေးငွေများ နှုတ်ယူလိုက်လျှင် လင်းယွမ်အတွက် အသားတင်ဝင်ငွေ နှစ်သန်းကျော် ကျန်နေခဲ့သည်။ သို့သော် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုလုံးကို ဝယ်ယူသည့် လူချမ်းသာများလည်း ရှိပေလိမ့်မည်။

" ငါ လနည်းနည်းကြာရင် သိရလိမ့်မယ်။ " လင်းယွမ်က တွေးလိုက်၏။

ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ၏ ဝင်ငွေခွဲဝေခြင်းက VR ကမ္ဘာတွင် တစ်နှစ်တစ်ကြိမ် ပြုလုပ်​လေသည်။

လင်းယွမ်က အတွေးများကို စုစည်းလိုက်ပြီး မူလစွမ်းအားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကြည့်လိုက်သည်။

စကြာဝဠာလူသားမဟာမိတ် လဝိညာဉ်ကြယ်။

လဝိညာဉ်ကြယ်က ချီခွန်ကြယ်နယ်မြေတွင် အဆင့်မြင့်အသက်ဂြိုလ်တစ်ခု ဖြစ်၏။ကန်လန်ကြယ်ကလည်း ချီခွန်ကြယ်နယ်မြေထဲတွင် ပါဝင်သော်လည်း အလယ်အဆင့် အသက်ဂြိုလ်သာ ဖြစ်၏။

ချီခွန်ကြယ်နယ်မြေက အသက်ဂြိုလ်ပေါင်း ၁၂၀၀၀၀ ကျော်ပါဝင်သော အဓိကကြယ်စနစ်ရှစ်ခုကို ပိုင်ဆိုင်လေသည်။

" စကြာဝဠာရဲ့ မူလစွမ်းအားက အလွန်ထူးခြားတဲ့စွမ်းအားတစ်ခု ဖြစ်တယ်။ အဲ့ဒါက နူးညံ့တယ်။ ကျယ်ပြန့်တယ်။ " လင်းယွမ်က ဂရုတစိုက်ဖတ်လိုက်သည်။

တစ်ချိန်တည်းတွင် ...

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် မူလစွမ်းအားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လေ့လာပြီး မူလစွမ်းအားရဲ့ အနှစ်သာရအချို့ကို နားလည်သွားပါပြီ။ ]

လင်းယွမ်က သူ့ကိုသူ ကြယ်များကြားတွင် ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။ ထိုနေရာတွင် ထိုက်ယန်စွမ်းအား၊ ထိုက်ယင်စွမ်းအား၊ မူလစွမ်းအား စသည်ဖြင့် မရေတွက်နိုင်သော စွမ်းအားအမျိုးမျိုး တည်ရှိနေသည်။

လင်းယွမ်က ရင်းနှီးသော မူလစွမ်းအားကို ခံစားလိုက်ရပြီး ၎င်းကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။

အချိန်မည်မျှကြာသွားသည်မသိ လင်းယွမ်က သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။ ထိုအချိန်တွင် သူ၏ အရေပြားပေါ်မှ အညစ်အကြေးအလွှာတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။

" ငါ မူလစွမ်းအား ခန္ဓာသန့်စင်ခြင်း ပြီးမြောက်သွားတာလား။ " လင်းယွမ်က လျင်မြန်စွာ နားလည်သွားသည်။

မူလစွမ်းအားနှင့် ခန္ဓာကိုယ်သန့်စင်ခြင်းက မူလစွမ်းအားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွင် မူလစွမ်းအားကို ထိန်းချုပ်မှုများထဲမှ ကျွမ်းကျင်မှုတစ်ခုဖြစ်လေသည်။ ခန္ဓာကိုယ်သန့်စင်ရန်အတွက် ကြယ်စကြာဝဠာထဲမှ မူလစွမ်းအားကို အသုံးပြုခြင်း ဖြစ်လေသည်။

" အချိန်ဘယ်လောက်ကြာသွားပြီလဲ။ " လင်းယွမ်က အချိန်ကို ကြည့်လိုက်သည်။

" ရှစ်နာရီ။ " လင်းယွမ်က တုန်လှုပ်သွား၏။ သူက ကျင့်ကြံခြင်းတွင် ထိုမျှအချိန်ကြာအောင် နစ်မြှုပ်သွားခဲ့သည်။

လင်းယွမ်က မူလစွမ်းအားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ မူလစွမ်းအားခန္ဓာသန့်စင်ခြင်းကို ရှစ်နာရီဖြင့် ပြီးမြောက်ခဲ့သည်ကိုသာ ထိုလမ်းစဉ်ကို လေ့ကျင့်နေသူများသာ သိလျှင် ကိုယ်ကိုကိုယ် သတ်သေချင်စိတ်ပေါက်သွားကြပေလိမ့်မည်။

မူလစွမ်းအားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွင် အခက်ခဲဆုံး ခြေလှမ်းမှာ မူလစွမ်းအား၏ တည်ရှိမှုကို ခံစားမိရန်ဖြစ်သည်။ သာမန်ဆင့်ကဲပြောင်းလဲသူများက ထိုခြေလှမ်းကို အောင်မြင်ရန်ပင် နှစ်များစွာ ကြိုးစားရလေသည်။ ခန္ဓာသန့်စင်ခြင်းနှင့် မူလစွမ်းအား ကျွမ်းကျင်မှုကိုဆို ပြောစရာပင် မလိုပေ။

သို့သော် လင်းယွမ်က ၎င်းကို ရိုးရှင်းစွာဖြင့် ရှစ်နာရီသာ အချိန်ယူခဲ့လေသည်။

" မူလစွမ်းအားနဲ့ ခန္ဓာကိုယ်သန့်စင်တာက ငါ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ထိုက်ယင်နဲ့ထိုက်ယန်စွမ်းအားတွေကို ဆန့်ကျင်တာမျိုး မရှိဘူးပဲ။ ဒီဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ငါ့ရဲ့ နားလည်မှုအတွက် အရမ်းသင့်တော်ပုံပဲ။ " လင်းယွမ်က ခေါင်းငြိမ့်ပြီး သူ၏ ရွေးချယ်မှုကို သဘောကျသွား၏။

ကြယ်စကြာဝဠာတွင် ရှုပ်ထွေးသော စွမ်းအားများက တစ်ခုနှင့်တစ်ခု ရောယှက်နေကြသည်။ မူလစွမ်းအားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်မရှိဘဲ လင်းယွမ်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့်ပင် သူနှင့် လိုက်ဖက်သော စွမ်းအားတစ်မျိုးကို ရှာဖွေရန် ကြောက်စရာကောင်းသော အချိန်ကို ယူရပေလိမ့်မည်။ စကြာဝဠာ၏ မူလစွမ်းအားက လင်းယွမ်အတွက် အလွန်သင့်တော်သည်ကို ပြောစရာပင်မလိုပေ။

" ထိုက်ကျိတာအိုကို အခြေခံအုတ်မြစ်၊ စကြာဝဠာရဲ့ မူလစွမ်းအားကို အဓိကခန္ဓာကိုယ်..."

လုံဟုကမ္ဘာတွင် လင်းယွမ်က ထိုက်ကျိတာအိုဖြင့် ဒုတိယအလွှာ၏ ကန့်သတ်ချက်သို့ ရောက်ခဲ့သော်လည်း တတိယအလွှာနှင့် မနီးကပ်သေးပေ။ ယခု သူက မူလစွမ်းအား၏ အနှစ်သာရကို ဖမ်းဆုပ်ပြီးနောက် လင်းယွမ်က တတိယအလွှာနှင့် သိပ်မဝေးတော့ပေ။

အချိန်က နောက်ထပ်ရှစ်နာရီကုန်သွားသည်။ လင်းယွမ်က မူလစွမ်းအားတာအိုကို ဆင်ခြင်နေချိန်တွသ် အမျိုးသမီးစက်ရုပ်တစ်ရုပ်က လင်းယွမ်၏ ရှေ့သို့ တွန်းလှည်းတစ်ခုနှင့် ရောက်လာသည်။

" သခင် ထမင်းစားချိန်ရောက်ပါပြီ။ " အမျိုးသမီးစက်ရုပ်က ပြောလိုက်သည်။

ကြယ်တာယာခေတ်တွင် မိသားစုအများစုက အိမ်ဖော်စက်ရုပ်များ အသုံးပြုလာကြသည်။ လင်းယွမ်က အိမ်မှုကိစ္စများ ပြုလုပ်ရန်အတွက် ထိုစက်ရုပ်ကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

လင်းယွမ်က သူ၏ မိဘများနှင့် ရှိနေချိန်တွင် သူ၏ မိခင် လုချုံးက စက်ရုပ်များ ပြင်ထားသော အစားအသောက်များကို မစားချင်သောကြောင့် သူမကိုယ်တိုင် ချက်ပြုတ်လေ့ရှိသည်။

လင်းယွမ်က ထိုကဲ့သို့ ခံစားချက်မျိုးမရှိပေ။ သူ၏ အစာချေဖျက်နိုင်သော စွမ်းအားနှင့် အစိမ်းစားလျှင်တောင် ပြဿနာမရှိပေ။

ထမင်းစားပွဲပေါ်တွင် အိမ်ဖော်စက်ရုပ်က ဟင်းပွဲ ခုနှစ်ပွဲ ရှစ်ပွဲ ပြင်ဆင်ထားလေသည်။ ၎င်းတို့က စွမ်းအားများပါဝင်သော ကြယ်တာယာသားရဲအမျိုးမျိုး၏ အသားများ ဖြစ်လေသည်။

သာမန်လူများက ထိုအသားများကို နှစ်ကိုက် သုံးကိုက်သာ စားနိုင်မည်ဖြစ်သော်လည်း လင်းယွမ်က မတူပေ။ သူ၏ အစွမ်းထက်သော ခန္ဓာကိုယ်နှင့် ထိုအသားများကို အစာချေဖျက်ရန် အချိန်အနည်းငယ်သာ ကြာပေလိမ့်မည်။

ဆယ်မိနစ်ကြာပြီးသောအခါ လင်းယွမ်က စားသောက်ပြီးသွားသည်။ အမှန်တော့ လင်းယွမ်၏ လက်ရှိအခြေအနေနှင့် အားဖြည့်ဆေးရည်များကို အသုံးပြုပြီး သူ၏ ခန္ဓာကိုယ်မှ လိုအပ်သော အာဟာရဓာတ်ကို ထိန်းသိမ်းထားနိုင်လေသည်။ သို့သော် နှစ်ပေါင်းများစွာ စားသောက်လာသော အလေ့အကျင့်ကြောင့် လင်းယွမ်က အရသာရှိသော အစားအသောက်များကို စားသောက်ချင်နေဆဲ ဖြစ်သည်။

လင်းယွမ်က ဆက်လက်ကျင့်ကြံရန် ပြင်နေစဉ် သူ၏ ရှေ့တွင် video call တစ်ခု ဝင်လာသည်။

" ငါ့ကို ဘယ်သူရှာနေတာလဲ။ " လင်းယွမ်က မျက်ခုံးပင့်သွား၏။ ထို့နောက် သူက ခေါ်ဆိုသူနေရာတွင် မစ္စတာလျောင်ဟု တွေ့လိုက်ရသည်။

All Chapters