← Chapters

တိုက်ခိုက်ရေးစွမ်းအားမျက်မှန်

Vol. 3 Ch. 56

တိုက်ခိုက်ရေးစွမ်းအားမျက်မှန်

Vol. 3 Ch. 56

မစ္စတာလျောင်က တုန်နင်မြို့ ဆင့်ကဲပြောင်းလဲသူများအဖွဲ့၏ ဥက္ကဋ္ဌဖြစ်၏။

လင်းယွမ်က သူနှင့် အကြိမ်အနည်းငယ် တွေ့ဖူးပြီး ခေါ်ဆိုမှုကို လက်ခံလိုက်သည်။

လင်းယွမ်၏ ရှေ့တွင် မစ္စတာလျောင်၏ သုံးဖက်မြင်ပုံရိပ်က ပေါ်လာသည်။

" မစ္စတာလင်း ငါတို့အရင်တစ်ခါပြောထားတဲ့ ကိစ္စ ဘယ်လိုသဘောရလဲ။ " မစ္စတာလျောင်က ပြုံး၍ မေးလိုက်သည်။

" အရင်ပြောခဲ့တဲ့ကိစ္စ..." လင်းယွမ်က ပြန်စဉ်းစားလိုက်သည်။

လင်းမိသားစုတွေ့ဆုံပွဲတွင် မစ္စတာလျောင်က လူကိုယ်တိုင်လာပြီး ကန်လန်ကြယ်ပြိုင်ပွဲတွင် လင်းယွမ်ကို တုန်နင်မြို့ကိုယ်စား ယှဉ်ပြိုင်ပေးရန် တောင်းဆိုခဲ့သည်။

လင်းယွမ်က အဆင့်ငါးထောင်ထဲသို့ ဝင်သည်နှင့် တုန်နင်မြို့၏ ဆင့်ကဲပြောင်းလဲသူအဖွဲ့က ယွမ်သန်းငါးဆယ် ဆုချမည်ဖြစ်သည်။

မှန်၏။ လင်းယွမ် အမှန်တကယ် ဂရုစိုက်သောအရာက သန်းငါးဆယ်မဟုတ်ပေ။ ထိပ်ဆုံး သုံးထောင်၊ တစ်ထောင်၊ ငါးရာအတွင်းသို့ဝင်နိုင်လျှင် ကန်လန်ကြယ်၏ တာဝန်ရှိသူများက ပေးအပ်သော ဆုများဖြစ်လေသည်။ ဆုလာဒ်အမျိုးမျိုးရှိပြီး ငွေက သူတို့အတွက် တန်ဖိုးအနည်းဆုံး ဖြစ်လေသည်။

ဝိညာဉ်ပစ္စည်းအမျိုးမျိုး၊ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ၊ မျိုးနွယ်ခြားများ၏ ရတနာများ စသည်ဖြင့် စာရင်းတွင် များစွာ ပါဝင်လေသည်။ ထို့အပြင် အခြားဆင့်ကဲပြောင်းလဲသူများနှင့်လည်း တိုက်ခိုက်ရမည်ဖြစ်သည်။

လင်းယွမ်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ပြိုင်ဘက်၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်မှ အားနည်းချက်များနှင့် ခွန်အားကို ကြည့်ရှုနိုင်လေသည်။ ၎င်းက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို တိုက်ရိုက်ဖတ်ရှုခြင်းနှင့် မနှိုင်းယှဉ်နိုင်သော်လည်း အရည်အသွေးမလုံလောက်လျှင် အရေအတွက်ဖြင့် ဖြည့်နိုင်လေသည်။

အရေးကြီးဆုံးမှာ ပြိုင်ပွဲက VR ကမ္ဘာတွင် ကျင်းပခြင်းဖြစ်ပြီး လင်းယွမ်အတွက် စွန့်စားမှုများ မလုပ်ရဘဲ အကျိုးအမြတ်များ ရရှိခြင်း ဖြစ်လေသည်။

" အဆင်ပြေတယ်။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။

" ကောင်းတယ်။ " မစ္စတာလျောင်က စိတ်သက်သာရာရသွား၏။

အခြားသူများနှင့်ယှဉ်လျှင် လင်းယွမ်က အဆင့်နှစ်နိုင်ငံသားတစ်ယောက် ဖြစ်လေသည်။ ဆင့်ကဲပြောင်းလဲသူများအဖွဲ့က ဆင့်ကဲပြောင်းလဲသူများကို စီမံနိုင်သော်လည်း အဆင့်မြင့်နိုင်ငံသားများကို မထိန်းချုပ်နိုင်ပေ။

ထို့ကြောင့် သူက လင်းယွမ်ကို အခြား ပထမအလွှာ အဆင့် ၁၂ ဆင့်ကဲပြောင်းလဲသူများထက် ပိုယဉ်ကျေးစွာ ဆက်ဆံရလေသည်။

" ဒါနဲ့ မစ္စတာလင်း မင်း မနက်ဖြန် အဖွဲ့ဆီ လာနိုင်မလား။ "

" မင်းနဲ့အတူ ပြိုင်ပွဲဝင်မယ့် အခြားဆင့်ကဲပြောင်းလဲသူသုံးယောက်လည်း ရှိသေးတယ်။ ပြိုင်ပွဲမှာ အဖွဲ့လိုက်ပြိုင်ပွဲတစ်ခု ပါတော့ မင်းတို့ တစ်ယောက်နဲ့တစ်ယောက် သိနေတော့ အလွယ်တကူ ပူးပေါင်းလို့ရတာပေါ့။ " မစ္စတာလျောင်က လေးနက်စွာ ပြောလိုက်သည်။

" ကောင်းပြီလေ။ " လင်းယွမ်က ခေါင်းငြိမ့်ပြီး ပြန်ပြောလိုက်သည်။ ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်လာပြီးနောက် သူက ဆင့်ကဲပြောင်းလဲသူအနည်းငယ်ကိုသာ တွေ့ဖူးခဲ့လေသည်။

ယခု သူက အခြားဆင့်ကဲပြောင်းလဲသူများနှင့် ပက်သက်ရမည့် အခွင့်အရေး ရှိနေလေသည်။ ထို့အပြင် သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အကျိုးအမြတ်အချို့ ရနိုင်လေသည်။

မစ္စတာလျောင် ရွေးချယ်ထားသူများက ပထမအလွှာ အဆင့် ၁၂ ဆင့်ကဲပြောင်းလဲသူများ ဖြစ်ပေလိမ့်မည်။ ထိုအဆင့်ထိ လေ့ကျင့်ထားသော ဆင့်ကဲပြောင်းလဲသူများ၏ လမ်းစဉ်များက မရိုးရှင်းပေ။

မစ္စတာလျောင်နှင့် စကားပြောပြီးသောအခါ လင်းယွမ်က မူလစွမ်းအားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဆက်လက်လေ့ကျင့်လိုက်သည်။ သူက မူလစွမ်းအားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို သူ၏ ထိုက်ကျိတာအိုအား ဖြတ်၍ သိုင်းတာအိုထဲသို့ ပေါင်းစည်းချင်နေသည်။

အခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို လေ့လာခြင်းက ဆင့်ကဲပြောင်းလဲသူများကြားတွင် ဖြစ်လေ့ဖြစ်ထရှိသော်လည်း လင်းယွမ်ကဲ့သိုလ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုလုံးက်ု တိုက်ရိုက်ပေါင်းစပ်ခြင်းက အလွန်ကြောက်စရာကောင်းလေသည်။

သို့သော် လင်းယွမ်က ၎င်းနှင့်ပက်သက်၍ ယုံကြည်မှုရှိလေသည်။ ပထမ ထိုက်ကျိတာအိုက မူလစွမ်းအားနှင့် အတော် သဟဇာတဖြစ်နေသည်။ ဒုတိယမှာ သူ၏ ကောင်းကင်ကိုဆန့်ကျင်သောနားလည်နိုင်စွမ်းဖြင့် ၎င်းကို အောင်မြင်ရန် အချိန်တစ်ခုသာ ကြာပေလိမ့်မည်။

နောက်တစ်နေ့တွင် လင်းယွမ်က တစ်ညလုံး လေ့ကျင့်ပြီးနောက် ဆင့်ကဲပြောင်းလဲသူများအဖွဲ့သို့ သွားရန် ပြင်လိုက်သည်။ အခြားသူများအတွက် တစ်ညလုံးလေ့ကျင့်ခြင်းက ပင်ပန်းနွမ်းနယ်နိုင်သော်လည်း တတိယအလွှာသို့ ရောက်လုနီးပါးဖြစ်နေသော လင်းယွမ်အတွက် ယင်ယန်စက်ဝန်းကို အကြိမ်အနည်းငယ် လှည့်ပတ်လိုက်ရုံသာ လိုအပ်လေသည်။

" မစ္စတာလင်း " ရွှေယွဲ့အိမ်ယာမှ လုံခြုံရေးအစောင့်က လင်းယွမ်ကို လေးစားစွာ နှုတ်ဆက်လိုက်သည်။ ဤနေရာတွင် နေထိုင်သူများက ချမ်းသာကြွယ်ဝသူများ သို့မဟုတ် ဩဇာအာဏာရှိသူများ ဖြစ်ကြလေသည်။

ထို့အပြင် လင်းယွမ်က ဤနေရာတွင် သူ၏ နေအိမ်ကို ဝယ်ယူသောအခါ မန်နေဂျာ မစ္စတာဝမ်၏ အလွန်လေးစားသော အပြုအမူများကို လူအများက သတိပြုမိခဲ့ကြလေသည်။

လင်းယွမ်၏ အဆင့်အတန်းကို တိတိကျကျ မသိရသော်လည်း သူတို့က သူ့ကို ပေါ့ပေါ့တန်တန် မဆက်ဆံရဲကြပေ။

လင်းယွမ်က ရွှေယွဲ့အိမ်ယာမှ ထွက်လိုက်သည်။

အနက်ရောင် ဟိုဗာကားတစ်စီးက လမ်းဘေးတွင် ရပ်ထားသည်။ ၎င်းက ဆင့်ကဲပြောင်းလဲသူများအဖွဲ့၏ သီးသန့်ကားဖြစ်လေသည်။ နံနက်ကတည်းက ထိုနေရာတွင် စောင့်နေခြင်းဖြစ်၏။

" မစ္စတာလင်း ကြွပါ။ " အနက်ရောင်လူတစ်ယောက်က ကားထဲမှ ထွက်လာပြီး လင်းယွမ်ကို ရိုသေစွာ တံခါးဖွင့်ပေးလိုက်သည်။

လက်ရှိသိပ္ပံနည်းပညာများဖြင့် အလိုအလျောက်မောင်းနှင်ခြင်းစနစ်ကို တီထွင်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ သို့သော် အရေးကြီးသော ဧည့်သည်များအတွက် ဒရိုက်ဘာများကို အသုံးပြုနေကြဆဲ ဖြစ်သည်။

အဆောက်အဦး၏ ၂၃ထပ်မြောက်တွင် လူသုံးယောက် ထိုင်နေကြသည်။

" မစ္စတာလျောင်က ဘာဖြစ်နေလဲ မသိဘူး။ ဒီတစ်ခါ အမည်မသိလူတစ်ယောက်ကို ဖိတ်ခေါ်ထားတယ်။ " ဘယ်ဘက်မှ လူက မကျေမနပ်နှင့် ပြောလိုက်သည်။

သူ၏ နာမည်က ဆောင်ရုံဖြစ်ကြီး အံ့ဩစရာကောင်းသော ဆင့်ကဲပြောင်းလဲခြင်း စွမ်းရည်ရှိသူ ဖြစ်၏။ သူက ပထမအလွှာ အဆင့် ၁၂ကို ရောက်နေပြီဖြစ်သည်။ သူက ယခင်ပြိုင်ပွဲများတွင်လည်း ပါဝင်ဖူးပြီး မြင့်မားသော အဆင့်များ မရခဲ့သော်လည်း သူ၏ စွမ်းဆောင်ရည်များက ကောင်းမွန်နေဆဲ ဖြစ်သည်။

​ပြုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် တုန်နင်မြို့မှ ဆင့်ကဲပြောင်းလဲသူလေးဦးက အချင်းချင်း ကောင်းကောင်း သိကြလေသည်။ သို့သော် ယခုနှစ်ပြိုင်ပွဲတွင် မစ္စတာလျောင်က သူတို့ထဲမှ တစ်ယောက်ကို အစားထိုးပြီး အခြားသုံးယောက်ကိုသာ ပါဝင်စေခဲ့သည်။

ဆောင်ရုံက မစ္စတာလျောင်၏ ရည်ရွယ်ချက်ကို ကောင်းစွာ နားလည်လေသည်။ သူတို့က.ယခင်ပြိုင်ပွဲများတွင် အဆင့်ကောင်းကောင်း မရခဲ့သောကြောင့် အဖွဲ့ဝင်များကို ပြောင်းလဲပြီး ရလဒ်များကို မြှင့်တင်လိုခြင်း ဖြစ်သည်။ သို့သော် အဖွဲ့ဝင်တစ်ဦးအား မရင်းနှီးသော လူတစ်ယောက်နှင့် အစားထိုးလိုက်ခြင်းက ရလဒ်များကို ကျဆင်းသွားစေနိုင်လေသည်။

" မစ္စတာလျောင်က သူ့ရဲ့ စွမ်းရည်တွေကို သတိထားမိလို့နေမှာပေါ့။ " ညာဘက်မှလူက ခနတုန့်ဆိုင်းသွားပြီးနောက် ပြောလိုက်သည်။ သူ၏ နာမည်က လုရှီကွမ်ဖြစ်ပြီး ပထမအလွှာ အဆင့် ၁၂ သွေးမျိုးဆက် ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်လေသည်။

" ဟမ့် " ဆောင်ရုံက နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် သူက အလယ်တွင် ထိုင်နေသော လူကို ကြည့်လိုက်သည်။ ထိုလူက သူတို့သုံးယောက်ကြားတွင် အသန်မာဆုံး ဖြစ်၏။

" ဆောင်ရုံ မင်း သူရောက်လာရင် သူ့ကို စမ်းသပ်ကြည့်လိုက်ပေါ့။ " ကျုံးပိုင်၏ မျက်လုံးများက ကျဉ်မြောင်းသွား၏။

တုန်နင်မြို့ရှိ ပြိုင်ပွဲအတွက် အရည်အချင်းပြည့်မီသော ဆင့်ကဲပြောင်းလဲသူများကြားတွင် ကျုံးပိုင်က အသန်မာဆုံး ဖြစ်လေသည်။ လွန်ခဲ့သော ပြိုင်ပွဲများတွင် ကျုံးပိုင်က အဆင့်ငါးထောင်ထဲသို့ တစ်ကြိမ် ဝင်ရောက်နိုင်ခဲ့သည်။

" ကောင်းပြီ။ " ဆောင်ရုံက ချက်ချင်း.စိတ်လှုပ်ရှားသွား၏။

အဖွဲ့ဝင်အသစ်အကြောင်း ဆွေးနွေးပြီးနောက် သူတို့က အခြားအကြောင်းများကို စတင်ပြောဆိုလိုက်ကြသည်။

" ဒီတစ်ခါ ငါ ဟေးဝူကြယ်က ပစ္စည်းကောင်းတစ်ခု ယူလာနိုင်ခဲ့တယ်။ " ဆောင်ရုံက အနက်ရောင် မျက်မှန်တစ်လက်ကို ထုတ်ယူပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။ " ဒီမျက်မှန်က မိနစ်ပိုင်း အချက်အလက်တွေကို ဖမ်းယူနိုင်တယ်။ ပြီးတော့ တိုက်ခိုက်ရေးစွမ်းအားအပေါ် အခြေခံပြီး အနီးစပ်ဆုံး အကဲဖြတ်မှုကို ပေးနိုင်တယ်။ "

" အိုး " လုရှီကွမ်က စိတ်ဝင်စားသွား၏။

ကျုံးပိုင်ကလည်း ၎င်းကို ကြည့်လိုက်သည်။

" ဟဲဟဲ ငါမင်းတို့ကို ပြမယ်။ " ဆောင်ရုံက မျက်မှန်ကို တပ်လိုက်ပြီး လုရှီကွမ်ကို ကြည့်လိုက်သည်။

" ရှီကွမ်ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ၉၈၆ ဖြစ်ပြီးတော့ ပထမအလွှာ အဆင့် ၁၂ ပျမ်းမျှခွန်အားထက် ပိုသန်မာတယ်။ " ဆောင်ရုံက မျက်မှန်၏ ဘေးတစ်ဖက်ကို ဖိပြီး ပြောလိုက်သည်။

" ပထမအလွှာ အဆင့် ၁၂ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ပုံမှန်အတိုင်းဆို ၈၀၀နဲ့ ၁၁၀၀ကြားမှာ ရှိတယ်။ ငါရဲ့ တိုက်ခိုက်ရေးစွမ်းအားက ၁၀၀၃ ဖြစ်ပြီး မင်းထက် ပိုသန်မာတယ်။ "

" ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားကို ကြည့်ကြည့်စမ်း။ " ကျုံးပိုင်က ပြောလိုက်၏။

" အကိုကျုံး မင်းရဲ့ တိုက်ခိုက်ရေးစွမ်းက ၁၀၉၈ရှိတယ်။ အဲ့ဒါက ပထမအလွှာရဲ့ ကန့်သတ်ချက်ကို ရောက်လုနီးပါးပဲ။ " ဆောင်ရုံက ကျုံးပိုင်ကို ကြည့်ပြီးနောက် အနည်းငယ် အံ့ဩသွား၏။ ကျုံးပိုင်က သူတို့သုံးယောက်ကြားတွင် အသန်မာဆုံးဖြစ်သည်ကို သူသိသော်လည်း ထိုမျှကြောက်စရာကောင်းလိမ့်မည်ဟု သူမထင်ထားပေ။

" တော်တော် မှန်တဲ့ပုံပဲ။ " ကျုံးပိုင်က ခေါင်းငြိမ့်ပြီး မှတ်ချက်ပေးလိုက်သည်။ မကြာသေးမီက သူ၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွင် တိုးတက်မှုအချို့ ရှိခဲ့ပြီး ပထမအလွှာ ကန့်သတ်ချက်နှင့် နီးနေပြီဖြစ်သည်။ သူက ထိုအကြောင်းကို ဘယ်သူမှမပြောခဲ့သော်လည်း ဆောင်ရုံ၏ မျက်မှန်က ၎င်းကို ဖြတ်မြင်နိုင်ခဲ့လေသည်။

" ဒီမျက်မှန်ရဲ့ ကန့်သတ်ချက်က ဘယ်လောက်လဲ။ " ကျုံးပိုင်က ရုတ်တရက် မေးလိုက်သည်။

" သာမန်ဒုတိယအလွှာ ဆင့်ကဲပြောင်းလဲသူတွေကို စစ်ဆေးနိုင်တယ်။ " ဆောင်ရုံက ပြန်ဖြေလိုက်သည်။

၎င်းမျက်မှန်က နောက်ဆုံး ထုတ်ကုန်တစ်ခုဖြစ်ပြီး အပိုလုပ်ဆောင်ချက်များကို တီထွင်နေဆဲ ဖြစ်သောကြောင့် မလုံလောက်မှုအချို့တော့ ရှိနေလေသည်။

" ဒုတိယအလွှာ ဒီလောက်ဆို လုံလောက်ပြီ။ " လုရှီကွမ်က ပြောလိုက်သည်။

တုန်နင်မြို့တွင် စစ်မှန်သော ဒုတိယအလွှာ ဆင့်ကဲပြောင်းလဲသူများ မရှိသောကြောင့် ထိုမျက်မှန်က အလွန်အသုံးဝင်လေသည်။

" ဒါတော့ သေချာတယ်။ " ဆောင်ရုံက ဂုဏ်ယူစွာ ပြောလိုက်သည်။

သူက ထိုမျက်မှန်ကို ဝယ်ရန် ငွေကြေးပမာဏများစွာ အသုံးပြုခဲ့ရပြီး သူ၏ သူငယ်ချင်းများရှေ့တွင် ကြွားဝယနိုင်သောကြောင့် ကျေနပ်နေလေသည်။

ထိုအချိန်တွင် ဓာတ်လှေကားတံခါးများ ပွင့်လာခဲ့သည်။ ကျုံးပိုင်နှင့် အခြားသူများက ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။

" အဲ့ဒီလူရောက်လာပြီထင်တယ်။ " ဆောင်ရုံက ချက်ချင်း စိတ်အေးသွား၏။

" စိတ်မပူပါနဲ့ အကိုကျုံး။ " ဆောင်ရုံက ထရပ်လိုက်ပြီး တစ်လှမ်းချင်း လျှေက်သွားလိုက်သည်။

မကြာမီ ဓာတ်လှေကားထဲမှ လူငယ်တသ်ယောက် ထွက်လာသည်။

"ဒါက မစ္စလျောင် ရွေးချယ်ထားတဲ့လူလား။ " လုရှီကွမ်က သေချာလေ့လာနေသည်။

" ဟမ် " ခနကြာသောအခါ သူက တစ်စုံတစ်ခု လွဲမှားနေသည်ကို ခံစားလိုက်ရသည်။

ဆောင်ရုံက ယခုထိ ဘာမှမပြောသေးပေ။ သူက ထိုလူ၏ ကန့်သတ်ချက်များကို စစ်ဆေးကြည့်သင့်ပေသည်။

တစ်ဘက်တွင် ကျုံးပိုင်ကလည်း စိတ်ရှုပ်သွား၏။ သူတို့နှစ်ယောက်က ဆောင်ရုံကို တပြိုင်နက် ကြည့်လိုက်ကြသည်။

ဆောင်ရုံက တောင့်တင်းစွာ ရပ်နေပြီး သူ၏ နဖူးမှ ချွေးများ စီးကျနေသည်။ သူ၏ ခြေထောက်များက တဆတ်ဆတ် တုန်နေလေသည်။

" ဒါ..." ဆောင်ရုံက ညာလက်ဖြင့် မျက်မှန်ကို ဖိထားပြီး သူ၏ အတွေးများက ကမောက်ကမ ဖြစ်နေ၏။

သူ၏ အမြင်တွင် မျက်မှန်မှ ပြသထားသည့် သွေးနီရောင် သတိပေးချက်များကို မြင်လိုက်ရသည်။

" အလွန်အန္တရာယ်များသော သတိပေးချက် "

" တိုက်ခိုက်ရေးစွမ်းအား ၂၀၀၀ "

" တိုက်ခိုက်ရေးစွမ်းအား ၃၀၀၀ "

" တိုက်ခိုက်ရေးစွမ်းအား ၅၀၀၀ "

" တိုက်ခိုက်ရေးစွမ်းအား ၉၀၀၀ "

ဝုန်း....

ဆောင်ရုံဝတ်ထားသော အနက်ရောင်မျက်မှန်က ချက်ချင်း ပေါက်ကွဲသွားသည်။

All Chapters