တိုက်ခိုက်ရေးစွမ်းအားတစ်သောင်းကျော်
Vol. 3 Ch. 57
ဆင့်ကဲပြောင်းလဲသူများအဖွဲ့ ၂၃ထပ်မြောက် ကွဲကြေနေသော မျက်မှန်က မြေပြင်ပေါ်သို့ ကျသွားသည်။
ကျုံးပိုင်နှင့် လုရှီကွမ်တို့၏ အမူအရာများက ပြောင်းလဲသွားကြသည်။ သူတို့က ဆောင်ရုံ၏ စိတ်ဓာတ်ကို ကောင်းကောင်းသိနေကြပြီး သူက ဘာကိုမှမကြောက်တတ်ပေ။ သူက လင်းယွမ်၏ ခွန်အားကို စစ်ဆေးကြည့်ရန် ဆုံးဖြတ်ခဲ့သောကြောင့် သူက သေချာပေါက် စစ်ဆေးပေလိမ့်မည်။
ကျုံးပိုင်နှင့် လုရှီကွမ်တို့က အပြန်အလှန်ကြည့်လိုက်ကြသည်။ အစွမ်းထက်သော ဆင့်ကဲပြောင်းလဲသူများဖြစ်သည်နှင့်အညီ ဖြစ်နိုင်ချေများက သူတို့၏ စိတ်များထဲတွင် ပေါလာကြသည်။
တိုက်ခိုက်ရေးစွမ်းအား မျက်မှန်ု ဟွေးဝူကြယ်ပေါ်တွင် နောက်ဆုံးပေါ် ပစ္စည်းတစ်ခု ဖြစ်လေသည်။ ၎င်းက ချို့ယွင်းချက်များ သို့မဟုတ် ပေါက်ကွဲနိုင်သော်လည်း အကယ်၍ ပြဿနာဖြစ်ခဲ့လျှင်တောင် ဆောင်ရုံက ထိုမျှအထိ ကြောက်လန့်မှုကို ပြသမည်မဟုတ်ပေ။ မျက်မှန်မပေါက်ကွဲမီ သူက တစ်စုံတစ်ခုကို မြင်လိုက်ရပေလိမ့်မည်။
" ဒိလူကို မစော်ကားတာ အကောင်းဆုံးပဲ။ " ကျုံးပိုင်က စိတ်ထဲမှ ဆုံးဖြတ်ချက်ချလိုက်ပြီး ရှေ့သို့ ထွက်၍ နွေးထွေးစွာ ပြုံးလိုက်သည်။ " မစ္စတာလင်း ငါတို့မင်းကို စောင့်နေတာ ကြာပြီ။ "
" ငါနောက်ကျသွားတယ်။ " လင်းယွမ်က ပြန်ဖြေလိုက်သကဲ့သို့ အနည်းငယ် အံ့ဩသွား၏။ သူ၏ အကြည့်က အောက်မှ မျက်မှန်အကွဲများကို ဖြတ်သန်းသွားသည်။ သူက စောင့်ကြည့်နေသော အားနည်းသည့်ခံစားချက်ကို ရရှိနေဆဲ ဖြစ်သည်။ ၎င်းက မျက်မှန်မှ လာသည်ဖြစ်သော်လည်း အလွန်အားနည်းနေပြီဖြစ်သည်။ ၎င်းက အများဆုံး သူ၏ ခွန်အား တစ်စိတ်တစ်ပိုင်းကိုသာ မြင်ရပေလိမ့်မည်။ သူ၏ ဝှက်ဖဲများနှင့် သူ၏ ခန္ဓာကိုယ်ထဲမှ လျို့ဝှက်ချက်များကို သိနိုင်မည် မဟုတ်ပေ။
" ကြွပါ မစ္စတာလင်း။ မစ္စတာလျောင်က ငါတို့လို ဆင့်ကဲပြောင်းလဲသူတွေအတွက် အခြားဂြိုလ်တွေက အစားအသောက်တွေကို ပြင်ဆင်ပေးထားတယ်။ " ကျုံးပိုင်က စိတ်အားထက်သန်စွာ ပြောလိုက်သည်။
လုရှီကွမ်ကလည်း ပြုံးနေလေသည်။ " ဆောင်ရုံက ဘာမြင်ခဲ့တာလဲ ငါသိချင်မိတယ်။ " သူ၏ အကြည့်က စိတ်ပျက်နေသော ဆောင်ရုံအပေါ်သို့ ကျရောက်သွားသည်။
လင်းယွမ်သာ မရှိလျှင် သူက ချက်ချင်း မေးလိုက်ပြီဖြစ်သည်။
ညစာစားပွဲတွင် လင်းယွမ်က ဝိုင်တစ်ငုံ သောက်လိုက်သည်။
" ဝိုင်ကောင်းပဲ။ " လင်းယွမ်က ချီးကျူးလိုက်သည်။
ဝိုင်က လည်ချောင်းထဲသို့ ရောက်သွားသည်နှင့် ခန္ဓာကိုယ်ကို တိုးတက်သွားစေလေသည်။ သာမန်ပြည်သူတစ်ယောက်က ထိုဝိုင်ကို သောက်လျှင် သက်တမ်း သုံးနှစ်မှ ငါးနှစ်အထိ တိုးလာပေလိမ့်မည်။
သန်မာသော ခန္ဓာကိုယ်နှင့် လင်းယွမ်ပင် သူ၏ သွေးနှင့်ချီတို့ အနည်းငယ် ဆူပွက်နေသည်ကို ခံစားလိုက်ရသည်။
" ဒီဝိုင်ကို ထျန်းကျိဝိုင်လို့ခေါ်တယ်။ အကိုကျုံး စုဆောင်းထားတဲ့ ရတနာတစ်ခုပဲ။ ဒီနေ့ မစ္စတာလင်းသာ မရှိရင် ငါတို့က အဲ့ဒါရဲ့ အရသာကိုတောင် ခံစားနိုင်မှာမဟုတ်ဘူး။ " လုရှီကွမ်က ပြောလိုက်သည်။
ထျန်းကျိဝိုင်က ပထမအလွှာမပြောနှင့် ဒုတိယအလွှာ ဆင့်ကဲပြောင်းလဲသူများအတွက်ပင် ဇိမ်ခံပစ္စည်းတစ်ခု ဖြစ်လေသည်။ စျေးကွက်ထဲတွင် ထျန်းကျိဝိုင်တစ်အိုး၏ တန်ဖိုးမှာ ယွမ် ငါးသန်းမှ ဆယ်သန်းအထိ ရှိပြီး လင်းယွမ် သောက်နေသော ဝိုင်ခွက်ကပင် သန်းတစ်ဝက် ရှိလေသည်။ ထျန်းကျိဝိုင် စျေးကြီးနေသည့်အကြောင်းရင်းမှာ ကောင်းမွန်သော အရသာနှင့် လူတစ်ယောက်၏ ခန္ဓာကိုယ်ကို အနည်းငယ် တိုးတက်စေသောကြောင့် ဖြစ်သည်။
ကျုံးပိုင်က ထိုဝိုင်အိုးကို အိမ်မှခိုးလာခြင်းဖြစ်သည်။ သူက ၎င်းကို ဖြည်းဖြည်းချင်း ဇိမ်ခံသောက်ရန် ဆင့်ကဲပြောင်းလဲသူများအဖွဲ့တွင် သိမ်းထားခဲ့ခြင်း ဖြစ်သည်။
သူက လင်းယွမ်၏ အရေးပါမှုကို နားမလည်လျှင် သို့မဟုတ် ဆောင်ရုံ၏ လုပ်ရပ်များက နားလည်မှု လွဲသွားစေနိုင်ခြင်းမရှိလျှင် သူက ထျန်းကျိဝိုင်ကို ထုတ်မည်မဟုတ်ပေ။
ထို့နောက် သူတို့က စကားအနည်းငယ် ပြောဆိုပြီးသောအခါ လင်းယွမ်က ကျုံးပိုင်နှင့် အခြားနှစ်ယောက်ကို အနည်းငယ် နားလည်သွားသည်။
ကျုံးပိုင်က စိတ်စွမ်းအားဟုခေါ်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လေ့ကျင့်လေသည်။ စိတ်စွမ်းအားကို ထိန်းချုပ်ပြီး လူတစ်ယောက်ကို အဝေးမှ သတ်ဖြတ်နိုင်လေသည်။
စိတ်စွမ်းအားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က လူသားမျိုးနွယ်တွင် ပိုမိုကျယ်ပြန့်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များထဲမှ တစ်ခုဖြစ်လေသည်။ ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အဆင့်လေး အဆင့်ငါးထိ လေ့ကျင့်ပြီးလျှင် လူတစ်ယောက်၏ စိတ်ကို ပုံရိပ်ယောင်များနှင့် ပြင်းထန်စွာ တိုက်ခိုက်နိုင်လေသည်။
လုရှီကွမ်က သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြစ်ပြီး သူ၏ စွမ်းရည်များက သယ၏ သွေးမျိုးဆက်မှလာခြင်း ဖြစ်သည်။ သွေးမျိုးဆက်က အခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များထက် လွယ်ကူသော်လည်း ပထမအလွှာမှ ဒုတိယအလွှာသို့ တက်ရာတွင် လွယ်ကူခြင်းမရှိပေ။ ထို့အပြင် လုရှီကွမ်၏ သွေးမျိုးဆက် သိပ်မမြင့်ပေ။ သူက ပထမအလွှာ အဆင့်၁၂တွင် ရောက်နေသည်မှာ ဆယ်စုနှစ်တစ်ခုကြာပြီဖြစ်သည်။
ကျုံးပိုင်၊ လုရှီကွမ်တို့နှင့် ဆွေးနွေးခြင်းက လင်းယွမ်အတွက် အတော်လေး အကျိုးရှိခဲ့လေသည်။ သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် သူတို့ကို လေ့လာပြီး ဉာဏ်အလင်းအချို့ ရရှိခဲ့လေသည်။
အထူးသဖြင့် ကျုံးပိုင်၏ စိတ်စွမ်းအားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်မှ အသိအမြင်များက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပို၍ ပြည့်စုံသွားစေသည်။ ထို့အပြင် စိတ်စွမ်းအားဆိုသည်မှာ ဝိညာဉ်၏ စွမ်းအားကို ဆိုလိုခြင်းဖြစ်လေသည်။
တစ်နာရီကြာပြီးသောအခါ လင်းယွမ်က သူတို့နှင့် VR ကမ္ဘာ နိုင်ငံသားနံပါတ်များ လဲလှယ်ပြီး ထွက်ခွာသွားသည်။
၂၃ လွှာမြောက် အခန်းတစ်ခန်းထဲတွင် ကျုံးပိုင်နှင့် အခြားသူများက လင်းယွမ်ကို လိုက်ပို့ပြီး ပြန်လာကြသည်။
" တကယ်ကို မရိုးရှင်းဘူး။ " ကျုံးပိုင်က ခနစဉ်းစားပြီး ပြောလိုက်သည်။
အစပိုင်းတွင် ဆောင်ရုံ၏ တုန့်ပြန်မှုနှင့်အတူ သူက လင်းယွမ်၏ ခွန်အားကိုလည်း မခန့်မှန်းနိုင်ခဲ့သော်လည်း လင်းယွမ်နှင့် စကားပြောပြီးနောက် သူ၏ စိတ်ထဲတွင် အခြားအတွေးများ ရှိလာခဲ့သည်။
လင်းယွမ်က ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ၏ သဘာဝကို များစွာ နားလည်ထားသည်ကို သူသိခဲ့ရလေသည်။
သူ၏ ကိုယ်ပိုင် စိတ်စွမ်းအားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အကြောင်း မေးသည့်အချိန်တွင် လင်းယွမ်၏ မေးခွန်းတိုင်းက ကျုံးပိုင်ကို ခက်ခက်ခဲခဲ စဉ်းစားစေခဲ့ပြီး အချို့မေးခွန်းများဆိုလျှင် အဆင့်မြင့်ဆင့်ကဲပြောင်းလဲသူများနှင့် တိုင်ပင်ပြီးတောင်မှ အဖြေမရခဲ့ပေ။
လင်းယွမ်လေ့ကျင့်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က စိတ်စွမ်းအားမဟုတ်ပေ။ သို့သော် လင်းယွမ်က အနှစ်သာရကို ဆုပ်ကိုင်နိုင်ပြီး ကျုံးပိုင်ကို အသိအမြင်များစွာ ရရှိစေခဲ့သည်။
" ဆောင်ရုံ မင်းဘာဖြစ်ခဲ့တာလဲ။ "
" ဟုတ်တယ် ဘာလို့လဲ။ " လုရှီကွမ်ကလည်း သိချင်စိတ်ဖြင့် ဆောင်ရုံကို လှည့်ကြည့်လိုက်သည်။
ထိုအချိန်တွင် ဆောင်ရုံက ထူးထူးခြားခြား တိတ်ဆိတ်နေသည်။
" မစ္စတာလင်းရဲ့ တိုက်ခိုက်ရေးစွမ်းအား..." ထိုစကားကို ပြောချိန်တွင် ဆောင်ရုံက ထိတ်လန့်သော အမူအရာပေါ်လာသည်။
ကျုံးပိုင်နှင့် လုရှီကွမ်တို့၏ ခန့်မှန်းချက်က မှန်လေသည်။ ဆောင်ရုံက လင်းယွမ်၏ တိုက်ခိုက်ရေးစွမ်းအားကြောင့် ထိုကဲ့သို့ ဖြစ်သွားခြင်း ဖြစ်၏။
" မစ္စတာလင်းရဲ့ တိုက်ခိုက်ရေးစွမ်းအားက ဘယ်လောက်လဲ။ " လုရှီကွမ်က ချက်ချင်း.မေးလိုက်သည်။
" ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက တစ်ထောင်ပဲ ရှိပေမယ့် မစ္စတာလင်းရဲ့ တိုက်ခိုက်ရေးစွမ်းအားက တစ်သောင်းရှိတယ်။ " ဆောင်ရုံ၏ အသံက အနည်းငယ် တုန်နေသည်။ " မဟုတ်ဘူး။ တစ်သောင်းကျော်တယ်။ "
တိုက်ခိုက်ရေးစွမ်းအားက တစ်သောင်းကျော်သွားသောကြောင့်သာ မျက်မှန်က ကွဲသွားခဲ့ခြင်း ဖြစ်သည်။ လင်းယွမ်၏ တိုက်ခိုက်ရေးစွမ်းအားက တစ်သောင်းကျော်သည်ကို ဆောင်ရုံက ယုံကြည်လေသည်။
" တိုက်ခိုက်ရေးစွမ်းအား တစ်သောင်းကျော်လား။ " ကျုံးပိုင်နှင့် လုရှီကွမ်တို့က ပင့်သက်ရှိုက်သွားကြ၏။
၎င်းက အစစ်အမှန် ဒုတိယအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက် ပိုင်ဆိုင်နိုင်သော တိုက်ခိုက်ရေးစွမ်းအား ဖြစ်လေသည်။
" မစ္စတာလျောင်က ဒီတစ်ခေါက် ဖိတ်ခေါ်ထားတာ ငါတို့နဲ့ အဆင့်တူတူပဲလို့ ပြောခဲ့တာ မဟုတ်လား။ " လုရှီကွမ်က ရေရွတ်လိုက်သည်။
သူတို့က တစ်ထောင်ရှိပြီး လင်းယွမ်က တစ်သောင်းကျော် ရှိလေသည်။
" တိုက်ခိုက်ရေးစွမ်းအား မျက်မှန်က မှားမှာမဟုတ်ဘူး။ " ဆောင်ရုံက ထပ်ပြောလိုက်သည်။
မျက်မှန်များက ထုတ်ကုန်အသစ်ဖြစ်ပြီး ချို့ယွင်းချက်များ ဖြစ်ပေါ်နိုင်လေသည်။ သို့သော် လင်းယွမ်၏ တိုက်ခိုက်ရေးစွမ်းအားကို ဖမ်းယူပြီးနောက် ၎င်းက အကန့်အသတ်ထက် ကျော်လွန်နေသောကြောင့် မျက်မှန်ပေါက်ကွဲသွားခြင်း ဖြစ်လေသည်။ ၎င်းက မျက်မှန်၏ ဖွဲ့စည်းပုံမှာ မလုံလောက်သေးကြောင့် ညွှန်ပြနေသော်လည်း ဖမ်းယူရရှိသည့် အချက်အလက်များက ပြဿနာမရှိပေ။
" မင်းတို့ ဘာတွေတွေးနေတာလဲ။ " နှစ်ယောက်သား ငြိမ်ကျသွားသည်ကို မြင်သောအခါ ကျုံးပိုင်က ရယ်လိုက်သည်။
" မစ္စတာလင်းက အရမ်းသန်မာတယ်မဟုတ်လား။ " ကျုံးပိုင်က မေးလိုက်သည်။
လာမည့်ပြိုင်ပွဲတွင် လူတစ်ယောက်က ပိုသန်မာလေ သူတို့ရောက်နိုင်သော အဆင့်က ပိုမြင့်လေဖြစ်သည်။ ယခု သူတို့က ထိပ်ဆုံးသုံးထောင်ထဲသို့ မဝင်သည့်အချိန်ကပင် မစ္စတာလျောင်ထံမှ ဆုကြေးငွေကို ရရှိခဲ့လေသည်။
" အဲ့ဒါက တကယ်ကောင်းတဲ့အရာပဲ။ " လုရှီကွမ်နှင့် ဆောင်ရုံတို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ပြီး သူတို့၏ မျက်လုံးများက တောက်ပသွားသည်။
သူတို့အတွက် လင်းယွမ်က ကြောက်စရာကောင်းသော ထောက်တိုင်တစ်ခုဖြစ်ပြီး လင်းယွမ်ကို ကပ်ထားလျှင် သူတို့က ပြိုင်ပွဲတွင် အဆင့်ပိုမြင့်သွားနိုင်ကြောင်း သဘောပေါက်သွားကြသည်။
လင်းယွမ်က ၂၃ လွှာမှ ထွက်လာပြီးနောက် မပြန်သေးဘဲ အလွှာ ၃၀သို့ သွားပြီး မစ္စတာလျောင်နှင့် လူချင်းတွေ့ရန် စီစဉ်ခဲ့သည်။ လာမည့်ပြိုင်ပွဲအတွက် အဖွဲ့ဝင်များနှင့် ရင်းနှီးစေရန်အပြင် လင်းယွမ်တွင် အခြားရည်ရွယ်ချက်လည်း ရှိနေသည်။
" ဘယ်လိုလဲ။ ကျုံးပိုင်နဲ့ အခြားသူတွေက မင်းကို အခက်တွေ့အောင် မလုပ်ခဲ့ကြဘူးမလား။ " မစ္စတာလျောင်က စိုးရိမ်စွာ မေးလိုက်သည်။
ကျုံးပိုင်နှင့် အခြားသူများ၏ အကျင့်စရိုက်ကို သူကောင်းကောင်းသိလေသည်။ သို့သော် သူက ဥက္ကဋ္ဌ တစ်ယောက်ဖြစ်ပြီး လင်းယွမ်ကို ပြိုင်ပွဲတွင် ထည့်သွင်းပေးနိုင်သော်လည်း ကျုံးပိုင်နှင့် အခြားသူများ၏ ကန့်ကွက်မှုကို တားဆီးရန်မဖြစ်နိုင်ပေ။
" အဆင်ပြေတယ်။ အဲ့ဒီထျန်းကျိဝိုင်က တော်တော်လေးကောင်းတယ်။ " လင်းယွမ်က ပြောလိုက်သည်။
သူက ထိုဝိုင်ကို အလွန်သဘောကျလေသည်။ ၎င်းက အရမ်းစျေးမကြီးလျှင် သူက နည်းနည်းဝယ်ထားရန် စဉ်းစားပေလိမ့်မည်။
" ဟမ် ကျုံးပိုင်က ဘယ်တုန်းက ဒီလောက်ရက်ရောသွားတာလဲ။ " မစ္စတာလျောင်က အံ့ဩသွား၏။ သူက ထျန်းကျိဝိုင်ကို မျက်စိကျနေခဲ့သော်လည်း ကျုံးပိုင်က သူ့ကို ထိခွင့်မပေးခဲ့ပေ။ သို့သော် သူက လင်းယွမ်နှင့် ပထမဆုံးတွေ့သည့်အကြိမ်မှာပင် ထိုဝိုင်ကို တိုက်လွှတ်လိုက်လေသည်။
" မစ္စတာလျောင် ကျုပ်ဒီကိုလာတာ အကူအညီတစ်ခု တောင်းစရာရှိလို့။ " လင်းယွမ်က ကွေ့ဝိုက်မနေဘဲ တိုက်ရိုက် ပြောလိုက်သည်။