← Chapters

ဆရာယွမ်

Vol. 3 Ch. 58

ဆရာယွမ်

Vol. 3 Ch. 58

" ပြောပါ။ " မစ္စတာလျောင်က လေးနက်သွား၏။ လင်းယွမ်ကို ကူညီပေးခြင်းက သူ့အတွက် အကျိုးအမြတ်များ ရနိုင်လေသည်။

" ကျုပ် VR ကဒ်တစ်ခု လိုချင်တယ်။ " လင်းယွမ်က ပြောလိုက်သည်။

VR ကဒ်က ခန္ဓာကိုယ်တစ်ခုလုံးကို စကန်ဖတ်ပြီး အသွေးအသားခန္ဓာကိုယ်ကို ပုံဖော်ကာ VR ကမ္ဘာရှိ ခန္ဓာကိုယ်နှင့် ထပ်တူညီစေနိုင်လေသည်။ သူက VR ကမ္ဘာသို့ ဝင်ရောက်ပြီး ပြန်ထွက်လာလျှင် သူ၏ ခွန်အားက တိုးလာမည်ဖြစ်ပြီး VR ကမ္ဘာမှ သူ၏ ခန္ဓာကိုယ်ကလည်း မူလအတိုင်း ရှိနေပေလိမ့်မည်။ ထို့ကြောင့် လင်းယွမ်က သူ၏ ခွန်အားကို VR ကမ္ဘာတွင်လည်း မြှင့်တင်နိုင်မည်ဖြစ်သည်။

" VR ကဒ် ပြဿနာမရှိဘူး။ ငါ လူတစ်ယောက် လွှတ်ပြီး မစ္စတာလင်းဆီကို ပို့ခိုင်လိုက်မယ်။ မင်းက ရွှေယွဲ့အိမ်ယာမှာပဲ ရှိနေမှာ မဟုတ်လား။ " မစ္စတာလျောင်က တုန့်ဆိုင်းခြင်းမရှိဘဲ လက်ခံလိုက်သည်။

VR ကဒ်က ကန့်သတ်ထားသော ပစ္စည်းတစ်ခုမဟုတ်ပေ။ ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်သည်နှင့် သူတို့က VR ကဒ်က်ု အသုံးပြုရန် လျှောက်ထားနိုင်လေသည်။ လင်းယွမ်ကို တစ်ခုပေးခြင်းက ပြဿနာမရှိပေ။

လင်းယွမ်က မစ္စတာလျောင်နှင့် စကားအနည်းငယ် ပြောပြီးနောက် ရွှေယွဲ့အိမ်ယာသို့ ပြန်လာခဲ့သည်။

နေ့လည်ပိုင်းတွင် လင်းယွမ်က VR ကဒ်ကို ရရှိခဲ့သည်။ လမ်းညွှန်ချက်များအတိုင်း သူ၏ ခန္ဓာကိုယ်ကို စကန်ဖတ်ပြီး VR ကမ္ဘာနှင့် ချိတ်ဆက်လိုက်သည်။

သူ၏ ကိုယ်ပိုင်အခန်းထဲတွင် လင်းယွမ်က သူ၏ စွမ်းအားအပြည့်ကို ထုတ်ဖော်လိုက်သောအခါ ကြောက်စရာကောင်းသော စွမ်းအားတစ်ခု ပျံ့နှံ့လာပြီး အဝေးရှိ တောင်ထိပ်ကို ထိုးဖောက်သွားသည်။

" အခုပိုတူသွားပြီ။ " လင်းယွမ်က ပြုံးလိုက်သည်။

ကန်လန်ကြယ်ပေါ်တွင် လင်းယွမ်က သူ၏ ခွန်အား အပြည့်အဝကို မထုတ်ဖော်နိုင်ပေ။ သူ၏ ခွန်အားအပြည့်နှင့် တိုက်ခိုက်မှုတစ်ခုက နိုင်ငံသားတစ်သောင်းကျော်ကို သေသွားစေနိုင်လေသည်။ သို့သော် VR ကမ္ဘာတွင် ၎င်းက ပြဿနာမရှိပေ။

လင်းယွမ်၏ လက်ရှိနိုင်ငံသားအဆင့် အခွင့်အရေးများနှင့် သူ၏ ကိုယ်ပိုင်နေရာက ကီလိုမီတာ ၁၀၀၀၀ပတ်လည် ကျယ်ဝန်းပြီး မည်သည့်တိုက်ခိုက်မှုကိုမဆို လွတ်လွတ်လပ်လပ် ထုတ်ဖော်နိုင်လေသည်။

" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် လေ့ကျင့်သူအရေအတွက်ကို ကြည့်ရအောင်။ " လင်းယွမ်က သူ၏ အချက်အလက်များကို ဖွင့်ပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကြည့်လိုက်သည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်။

ရှန်ထျန်းအဆင့် လေ့ကျင့်သူအရေအတွက် ၂၅၉၈။

ဆရာသခင်အဆင့် လေ့ကျင့်သူအရေအတွက် ၀။

" ဟမ် တစ်ထောင်ကျော်တိုးလာတာပဲ။ " လင်းယွမ်က အနည်းငယ် အံ့ဩသွား၏။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်တွင် အဆင့်ရှစ်သို့ ရောက်လာပြီးနောက် လေ့ကျင့်သူအရေအတွက်ကလည်း များစွာ တိုးတက်လာခဲ့သည်။

" မက်ဆေ့ချ်တွေ စစ်ကြည့်ရအောင်။ လမ်းညွှန်ပေးဖို့အတွက် စျေးနှုန်းမှန်ကန်ရင်တော့ နည်းနည်း လက်ခံလို့ရတယ်။ " လင်းယွမ်က သူ၏ မက်ဆေ့ချ်များကို စစ်ကြည့်လိုက်သည်။

လူများစွာက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို စိတ်ဝင်စားခဲ့ကြပြီး လမ်းစဉ်ဖန်တီးသူ လင်းယွမ်၏ လမ်းညွှန်မှုကို ရရှိရန်အတွက် အမြောက်အများပေးဆောင်ရန် ဆန္ဒရှိကြလေသည်။

ထိုနည်းဖြင့် သူတို့က ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်မှာ သူတိုနှင့် ကိုက်ညီမှုရှိမရှိ သိနိုင်မည်ဖြစ်သည်။

" အာ ငါဒီကို ခန္ဓာကိုယ်အစစ်နဲ့ ဘယ်နှစ်ကြိမ်တောင် လာပြီးပြီလဲ။ ဘယ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ငါနဲ့ သင့်တော်တာလဲ။ "

ခန်းမကြီးတစ်ခုထဲတွင် လိုလန်ဟီက အားဖြည့်ဆေးအိုးထဲမှ ခုန်ဆင်းလာပြီး ညည်းညူလိုက်သည်။ သူက အရပ်ရှည်ပြီး သူ၏ နဖူးတွင် ဆန်းကျယ်သော သင်္ကေတများ ဖုံးလွှမ်းနေသည်။

" သခင်လေးလိုလန် လူသားမျိုးနွယ်ရဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များစွာထဲမှာ ချောမွေ့တဲ့ လမ်းစဉ်တစ်ခုမှ မရှိသေးဘူး။ " အနက်ရောင်ဝတ်ရုံနှင့် လူကြီးတစ်ယောက်က ရိုသေစွာ ပြောလိုက်သည်။

" ငါသိပြီ။ " လိုလန်ဟီက အကူအညီမဲ့စွာ ပြောလိုက်သည်။

သူက သူ၏ ခန္ဓာကိုယ်အသစ်ကို ကြည့်ပြီး ရှုံမဲ့သွား၏။ " ငါ အားလုံး ပြန်စရတော့မယ့်ပုံပဲ။ "

လွန်ခဲ့သော နှစ်အနည်းငယ်က လိုလန်ဟီက ရောနှောသွေးမျိုးဆက်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ရွေးချယ်ပြီး ကျင့်ကြံခြင်းအတွက် ကြယ်သားရဲများ၏ သွေးများကို ဝယ်ယူခဲ့လေသည်။

ရောနှောသွေးမျိုးဆက်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က များပြားသော သားရဲကြီးများ၏ သွေးမျိုးဆက်များကို လိုက်လျောညီထွေဖြစ်စေပြီး ၎င်းတို့ကို ခန္ဓာကိုယ်ထဲ ပေါင်းစည်းခြင်းဖြစ်သည်။ လွန်ကဲစွာ ကျင့်ကြံလျှင် ကြယ်သားရဲ သို့မဟုတ် ရက်စက်ကြမ်းကြုတ်သော သားရဲများအဖြစ် အလွယ်တကူ ပြောင်းလဲသွားစေနိုင်လေသည်။ ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အစောပိုင်း အဆင့်များတွင် အလွန်အားကောင်းလေသည်။

ထို့အပြင် မတူညီသော သားရဲများ၏ သွေးများက တစ်ခုနှင့်တစ်ခု ဆန့်ကျင်နိုင်ပြီး သတိမထားမိသည်နှင့် ခန္ဓာကိုယ်ပေါက်ကွဲသွားစေနိုင်လေသည်။ လိုလန်ဟီက ထိုကဲ့သို့ သေဆုံးခဲ့ခြင်း ဖြစ်သည်။

သို့သော် လိုလန်ဟီက မလေ့ကျင့်မီ သူ၏ စိတ်အသိကို အရန်တစ်ခု ပြင်ဆင်ထားခဲ့လေသည်။ ခန္ဓာကိုယ်ပေါက်ကွဲသွားချိန်တွင် သူ၏ အရန်စိတ်အသိကို ခန္ဓာကိုယ်အသစ်ထဲသို့ ပြောင်းထည့်ပြီး အသက်ရှင်နိုင်ခဲ့သည်။

သူက အသက်ရှင်နိုင်ခဲ့သော်လည်း ကုန်ကျစရိတ်က ကြီးမားလှသည်။ ပထမဆုံး ရောနှောသွေးမျိုးဆက်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အတွက် ရင်းနှီးမြှုပ်နှံမှုအားလုံး အလဟဿ ဖြစ်သွားခဲ့သည်။ သို့သော် လိုလန်ဟီက ၎င်းကို စိတ်မပူပေ။ သူ၏ အဖေက အဆင့်မြင့်သော လူတစ်ယောက်ဖြစ်ပြီး ငွေကြေးကုန်ကျမှုက ပြဿနာမဟုတ်ပေ။ ကုန်ဆုံးသွားသော အချိန်များကသာ အဓိကဖြစ်လေသည်။

" ရှောင်ဟီ ဒီတစ်ခါ သားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခု ရွေးချယ်ရင် ပြင်ပစွမ်းအားနဲ့ ပစ္စည်းတွေအပေါ် မှီခိုတဲ့ လမ်းစဉ်တွေကို ဖယ်ထားသင့်တယ်။ " လိုလန်ဟီ၏ မိခင်က သူ့ကို ထိုကဲ့သို့ အကြံပေးခဲ့လေသည်။

သို့သော် သူက ဆယ်ကြိမ်လောက်ကြိုးစားခဲ့ပြီး အကြိမ်တိုင်း သေဆုံးခဲ့ရလေသည်။

" ကျပန်းတစ်ခုကို ရွေးချယ်တာပေါ့။ " လိုလန်ဟီက သူ၏မိခင်၏ စကားအတိုင်း ပြင်ပအရာများအပေါ် မှီခိုသည့် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို ဘေးဖယ်ထားခဲ့သည်။

" ဟမ် ဒီဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ အလားအလာက အဆင့်ခြောက်ကို ရောက်သွားတာလား။ " လိုလန်ဟီ၏ အကြည့်က ရုတ်တရက် ရပ်တန့်သွားပြီး သိုင်းတာအိုဟူသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကြည့်နေသည်။

" အခု ပထမအလွှာနဲ့ ဒုတိယအလွှာအတွက်ပဲ ထုတ်ပေးထားတာတောင် သူ့ရဲ့ သိအိုရီကန့်သတ်ချက်က အဆင့်ခြောက်ကို ရောက်နေပြီ။ " လိုလန်ဟီက အံ့ဩနေသည်။

အဆင့်ငါး အလားအလာရှိသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုက အဆင့်ခြောက်သို့ ရောက်သွားလျှင် ၎င်းက အံ့ဩစရာမဟုတ်ပေ။ သို့သော် အဆင့်သုံး အလားအလာရှိသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုက အဆင့်ခြောက်သို့ ရောက်သွားခဲ့သည်။

ထို့အပြင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ပထမအလွှာ ကဏ္ဍနှင့် ဒုတိယအလွှာကဏ္ဍအတွက်သာ ထုတ်ဝေခဲ့သော်လည်း သိအိုရီအလားအလာက အဆင့်ခြောက်သို့ ရောက်နေပြီဖြစ်သည်။ ၎င်းက လိုလန်ဟီကို ပို၍ အံ့ဩသွားစေ၏။

" ဉာဏ်ပညာနတ်ဘုရားက မှားယွင်းမှုမရှိဘူးလို့ အဖေပြောဖူးတယ်။ ဒီဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကြည့်ကြည့်တာပေါ့။ "

လိုလန်ဟီက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ပထမအလွှာနှင့် ဒုတိယာအလွှာများကို ဝယ်ယူလိုက်သည်။ ထို့နောက် သူက ၎င်းတို့ကို ဂရုတစိုက် ဖတ်လိုက်သည်။

" ဟမ် " လိုလန်ဟီ၏ အမူအရာက လေးနက်နေပြီး သူ နားမလည်နိုင်ပေ။

" ဒီဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ ဖန်တီးသူကို ဆက်သွယ်ပြီး လမ်းညွှန်မှုအချို့ တောင်းကြည့်ရမယ်။ " ခနစဉ်းစားပြီးနောက် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က သူနှင့်သင့်တော်သည်ဟု ခံစားလိုက်ရပြီး လိုလန်ဟီက ဖန်တီးသူကို ငွေပေးချေပြီး လမ်းညွှန်မှုအချို့ တောင်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။

" တစ်ဘီလီယံလောက် လုပ်တာပေါ့။ " လိုလန်ဟီက ပမာဏကို စဉ်းစားလိုက်သည်။ လမ်းညွှန်မှုအတွက် အခကြေးငွေက လျှော့နည်း၍မရပေ။

" ဖန်တီးသူနာမည်က ယွမ်လား။ " လိုလန်ဟီက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဖန်တီးသူ၏ အချက်အလက်များကို စစ်ဆေးပြီး သူ၏ ငွေပေးချေမှုနှင့်အတူ တိုက်ရိုက်တောင်းဆိုလိုက်သည်။

လင်းယွမ်က မက်ဆေ့ချ်များကို စစ်ဆေးနေစဉ် မက်ဆေ့ချ်တစ်စောင် ဝင်လာခဲ့သည်။

" ကျွန်တော်က လိုလန်ဟီပါ။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အတွက် လမ်းညွှန်မှုအချို့ ပေးဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်က ယွမ်တစ်ဘီလီယံ ပေးချေဖို့ ဆန္ဒရှိပါတယ်။ "

" ဘယ်လောက် " လင်းယွမ်က ပြန်ဖတ်လိုက်သည်။

ယွမ်တစ်ဘီလီယံ...

လင်းယွမ်က ချေးငွေ တစ်ဘီလီယံကို ထုတ်ယူနိုင်သော်လည်း ယခုချိန်တွင် သူက တစ်နာရီ လမ်းညွှန်ပေးရုံနှင့် တစ်ဘီလီယံရရှိမည်ဖြစ်သည်။

" သဘောတူတယ်။ " လင်းယွမ်က ချက်ချင်း သဘောတူလိုက်သည်။

အလကားလိုလိုရတာကို ဘာလို့ငြင်းရမှာလဲ။

လင်းယွမ်က တောင်းဆိုချက်ကို လက်ခံလိုက်သည်နှင့် VR ကမ္ဘာမှ နောက်ထပ် သတိပေးချက်တစ်ခု ပေးပို့လာသည်။

" လိုလန်ဟီက သင့်ကို သူ့ရဲ့ ကိုယ်ပိုင်နေရာသို့ ဖိတ်ခေါ်ထားပါတယ်။ လက်ခံပါသလား။ "

" လက်ခံတယ်။ " လင်းယွမ်က နောက်တစ်ကြိမ် သဘောတူလိုက်သည်။ သူက မသွားမီ သူ၏ အသွင်အပြင်ကို အနည်းငယ် ပြောင်းလဲလိုက်သည်။

ထိုအချိန်တွင် သူ၏ ပတ်ဝန်းကျင်မြင်ကွင်းများက ပြောင်းလဲသွားပြီး ရွှေရောင်ခန်းမကြီးတစ်ခုထဲတွင် ပေါ်လာသည်။

လင်းယွမ်ကို မြင်သည်နှင့် လိုလန်ဟီက ချက်ချင်း ရောက်လာသည်။ သူက လင်းယွမ်ကို အနည်းငယ် ဦးညွတ်ပြီး အရိုအသေပေးလိုက်သည်။ " ဆရာယွမ်ကို နှုတ်ဆက်ပါတယ်။ "

သူ၏ မိဘများ၏ သင်ကြားမှုကြောင့် လိုလန်ဟီက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ဖန်တီးသူတိုင်းကို လေးစားလေသည်။

All Chapters