← Chapters

ဆန်းကြယ်သော ခန္ဓာကိုယ်

Vol. 3 Ch. 59

ဆန်းကြယ်သော ခန္ဓာကိုယ်

Vol. 3 Ch. 59

" ဟယ်လို " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။ တစ်ချိန်တည်းတွင် သူက တစ်ဖက်လူကို လေးနက်စွာ ကြည့်လိုက်သည်။

လိုလန်ဟီ၏ ကိုယ်ပိုင်အချက်အလက်များက ထွက်ပေါ်လာသည်။

" လျှပ်စီးမိုးကြယ်နယ်မြေ "

၎င်းက ချီခွန်ကြယ်နယ်မြေနှင့် အလွန်ဝေးကွာသော အဆင့်မြင့် ကြယ်နယ်မြေတစ်ခု ဖြစ်သည်။

လင်းယွမ်က ထိုအကြောင်းများကို မသိပေ။ သို့သော် တစ်နာရီလမ်းညွှန်မှုအတွက် ငွေတစ်ဘီလီယံပေးခြင်းက လိုလန်ဟီမှာ ချမ်းသာသော သို့မဟုတ် ရာထူးကြီးမားသော မိသားစုတစ်ခုမှ ဖြစ်ပေလိမ့်မည်။

" ဆရာယွမ်က ကျွန်တော်ကို ဘယ်လိုသင်ပေးမှာလဲ။ " လိုလန်ဟီက မေးလိုက်သည်။

" မင်းက တောင်းဆိုထားတဲ့သူပဲ မင်းဆုံးဖြတ်ပါ။ " လင်းယွမ်က ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။ တစ်နာရီကို တစ်ဘီလီယံက တစ်စက္ကန့်ကို ငွေသုံးသောင်းနှင့် ညီမျှလေသည်။

" ဒါဆို ပြိုင်ကြတာပေါ့။ " လိုလန်ဟီက နောက်သို့အနည်းငယ် ဆုတ်ပြီး သူ၏ အမူအရာက လေးနက်လာသည်။ " သန်မာတဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုက တိုက်ခိုက်ရေးစွမ်းအားမှာလည်း ကြောက်စရာကောင်းတယ်လို့ ကျွန်တော်အဖေ ပြောဖူးတယ်။ "

" ဆရာယွမ် ဂရုစိုက်ပါ။ ကျွန်တော်ရဲ့ ဒီခန္ဓာကိုယ်က မလေ့ကျင့်ရသေးပေမယ့် ဒုတိယအလွှာ ဆင့်ကဲပြောင်းလဲသူလောက် သန်မာတယ်။ " လိုလန်ဟီက သတိပေးလိုက်သည်။

" လာပါ။ " လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

လိုလန်ဟီက သူ့ကို အန္တရာယ်အာရုံခံစားမှုပင် မပေးပေ။

ဝှစ်....

လိုလန်ဟီ၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားပြီး ခနအတွင်း လင်းယွမ်၏ ဘေးတွင် ပေါ်လာသည်။ ထို့နောက် လက်သီးနှင့် ထိုးလိုက်သည်။

" ဒီအမြန်နှုန်း..." လင်းယွမ်က အနည်းငယ် အံ့ဩသွား၏။ ၎င်းက အခြားစွမ်းအားများကို အသုံးမပြုဘဲ ရုပ်ခွန်အားသက်သက်သာ ဖြစ်လေသည်။

လင်းယွမ်က လိုလန်ဟီ၏ လက်သီးချက်ကို ညာလက်မြောက်ပြီး တားဆီးလိုက်သည်။ ထို့နောက် ထိုက်ကျိတာအိုကို လှည့်ပတ်ပြီး လက်သီးခွန်အားများကို လိုလန်ဟီဆီသို့ ပြန်ပို့လိုက်သည်။

ဝုန်း...

လိုလန်ဟီ၏ ခန္ဓာကိုယ်က နောက်သို့ လွင့်သွားပြီး ကြမ်းပြင်ပေါ်သို့ ကျသွားသည်။ သူက ချက်ချင်း ထပြီး လင်းယွမ်ကို ကြည့်ရင်း မျက်လုံးပြူးသွားသည်။

" ဒါ ဘယ်လိုနည်းစနစ်မျိုးလဲ။ အရမ်းပျော့ပြောင်းတယ်။ ငါ့လက်သီးချက်က ဘာလို့ ငါ့ကို ပြန်ထိတာလဲ။ " လိုလန်ဟီက အနည်းငယ် ဒေါသထွက်သွား၏။ သူက ခွန်အားနှင့် အနိုင်ယူခြင်းခံရလျှင် ခံသာသေးသည်။ ယခု တစ်ဖက်လူက အားထုတ်ရသည့်ပုံပင်မပေါ်ပေ။

" နောက်တစ်ကြိမ် " လိုလန်ဟီ၏ ခန္ဓာကိုယ်က နောက်တစ်ကြိမ် ပျောက်ကွယ်သွားပြန်သည်။

လင်းယွမ်က အနည်းငယ် ပြုံးလိုက်၏။ ယင်နှင့်ယန်၏ အသွင်ပြောင်းလဲခြင်းဖြစ်သော ထိုက်ကျိတာအိုက ပြိုင်ဘက်၏ ခွန်အားကို အသုံးပြုပြီး တန်ပြန်တိုက်ခိုက်နိုင်လေသည်။

ဘာနည်းစနစ်များမပါဝင်ဘဲ ခွန်အားနှင့်အရှိန်ကိုသာ အသုံးပြုသော လိုလန်ဟီလိုလူတစ်ယောက်အတွက် ထိုက်ကျိတာအိုက အိပ်မက်ဆိုးပင်ဖြစ်၏။

အဆုံးမဲ့ခွန်အားက နည်းစနစ်အားလုံးကို ကျော်ဖြတ်နိုင်သည်ဟု ဆိုသော်လည်း လိုလန်ဟီက ထိုအဆင့်နှင့် ဝေးကွာနေဆဲ ဖြစ်သည်။

" အား......"

လိုလန်ဟီက အော်လိုက်သကဲ့သို့ သူ၏ အရှိန်က တိုးတက်လာပြီး သူ၏ နဖူးပေါ်မှ သင်္ကေတများကလည်း အနည်းငယ် လင်းလက်လာသည်။

ယခုတစ်ကြိမ်တွင် သူက လင်းယွမ်ကို ထိပ်တိုက်ရင်ဆိုင်ခြင်းမဟုတ်ဘဲ နောက်မှ တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

ဝုန်း....

မျှော်လင့်ထားသည့်အတိုင်း လိုလန်ဟီက နောက်ဆုတ်သွားရပြန်သည်။

" ငါဒါကို မယုံဘူး။ " လိုလန်ဟီက ချက်ချင်း မတ်တပ်ပြန်ရပ်လိုက်သည်။ ၎င်းက ပြင်ပကမ္ဘာတွင် ဖြစ်လျှင် သူ၏ ခန္ဓာကိုယ်က အပြင်းအထန် ဒဏ်ရာရသွားမည်မှာ သေချာလေသည်။ သို့သော် VR ကမ္ဘာတွင် သူက အတွေးတစ်ချက်နှင့် သူ၏ ခန္ဓာကိုယ်က မူလအခြေအနေသို့ ပြန်ရောက်သွားသည်။

လိုလန်ဟီက လင်းယွမ်၏ ရှေ့သို့ ပြေးသွားပြီး ပခုံးကို လက်သီးဖြင့် ထိုးလိုက်သည်။ သို့သော် သူက လင်းယွမ်၏ ခန္ဓာကိုယ်ထဲတွင် စုပ်ဝဲတစ်ခု ရှိနေသကဲ့သို့ သူ၏ ခွန်အားများက စုပ်ယူခြင်းခံလိုက်ရပြီး ထိုခွန်အားများက မပြောင်းလဲဘဲ ပြန်လည်ထွက်ပေါ်လာသည်။

ဝုန်း...

လိုလန်ဟီက မီတာတစ်ရာအဝေးသို့ လွင့်ပါသွားသည်။

" မင်းရဲ့ ခွန်အားအပေါ်ဘဲ မှီခိုမနေနဲ့။ " လင်းယွမ်က သူ့ကို သတိပေးလိုက်သည်။

တကယ့်တိုက်ပွဲတွင် လိုလန်ဟီကဲ့သို့ ပြိုင်ဘက်တစ်ယောက်က လင်းယွမ်၏ မီတာတစ်ရာအတွင်းသို့ ကပ်နိုင်မည်မဟုတ်ပေ။

သို့သော် လိုလန်ဟီက လင်းယွမ်ကို လမ်းညွှန်မှုအတွက် ရက်ရက်ရောရော ပေးထားသောကြောင့် သူက တူညီစွာ ဆက်ဆံ၍မရပေ။

လင်းယွမ်က တစ်ဖက်လူကို အကောင်းဆုံး လမ်းညွှန်ပေးရန် ဆုံးဖြတ်ထားပြီး ပြိုင်ဘက်၏ ခွန်အားကို ပြန်လည်အသုံးပြုသော ထိုက်ကျိတာအို၏ စုပ်ဝဲကို အနီးကပ် တွေ့ကြုံစေခဲ့ခြင်း ဖြစ်သည်။

လိုလန်ဟီကို ပိုမိုနားလည်သဘောပေါက်စေရန် လင်းယွမ်က သူ၏ ခွန်အားကို ပထမအလွှာထိ ဖိနှိပ်ထားလေသည်။ သူ၏ ပိုက်ဆံများက ကောင်းမွန်စွာ အသုံးချနေသည်ကို သိစေရန် လင်းယွမ်က ပြုလုပ်နေခြင်း ဖြစ်သည်။

ဝုန်း.... ဝုန်း.... ဝုန်း....

သုံးကြိမ် အကြိမ်တိုင်း လိုလန်ဟီက နောက်သို့ လွင့်ပါနေပြီး သွေးများ အန်လိုက်ရလေသည်။ ၎င်းက သူ့ကို အလွန်စိတ်ပျက်သွားစေလေသည်။

" တော်ပြီ မတိုက်တော့ဘူး။ " အဆုံးတွင် လိုလန်ဟီက ကြမ်းပြင်တွင် ထိုင်ချလိုက်သည်။ ထို့နောက် သူက သူ၏ AI လက်ထောက်ကို တိုက်ပွဲအား ခွဲခြမ်းစိတ်ဖြာစေလိုက်သည်။

" ဆရာယွမ်က အစကတည်းက ပထမအလွှာ ခွန်အားကိုပဲ အသုံးပြုခဲ့တယ်လို့ မင်းပြောတာလား။ " AI မှအချက်အလက်များကို ကြည့်ပြီး လိုလန်ဟီက တုန်လှုပ်သွား၏။

သူ၏ ခန္ဓာကိုယ်က စကြာဝဠာထဲရှိ ရှားပါးသော အထူးမျိုးနွယ်တစ်ခုမှ လာခြင်းဖြစ်ပြီး အလွန်စွမ်းအားကောင်းလေသည်။ သူ၏ ဖခင်က ထိုခန္ဓာကိုယ်ကို ရရှိရန် အတော်ပင် အားစိုက်ခဲ့ရလေသည်။ ထိုအထူးမျိုးနွယ်များ၏ ခန္ဓာကိုယ်က အလွန်စွမ်းအားကောင်းပြီး လေ့ကျင့်မှုမရှိလျှင်တောင် ပြင်ပခွန်အားဖြင့် ဒုတိယအလွှာသို့ ရောက်နေပြီဖြစ်သည်။ သို့သော် ဆရာယွမ်က သူ့ကို အနိုင်ယူရန် ပထမအလွှာ၏ ခွန်အားကိုသာ အသုံးပြုခဲ့သည်။

" ဆရာယွမ် အဲ့ဒါ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်လား။ " လိုလန်ဟီက လင်းယွမ်အနီးသို့ ပြေးသွားသည်။

" မှန်တယ် အဲ့ဒါ ထိုက်ကျိတာအိုပဲ။ " လင်ယွမ်က ခေါင်းငြိမ့်လိုက်သည်။

" ထိုက်ကျိတာအိုက ခွန်အားမဟုတ်ဘဲ ကြီးမားတဲ့ အရှိန်အဟုန်ကို ဦးတည်တာပဲ။ " လင်းယွမ်က စိတ်ရှည်စွာ စတင်ရှင်းပြလိုက်သည်။

" ဟမ် " လိုလန်ဟီက အနည်းငယ်သာ နားလည်လေသည်။

" မင်းရဲ့ ခန္ဓာကိုယ်ထဲကို ထိုက်ကျိစွမ်းအားမျှင်တစ်ခု ထည့်ပေးခဲ့မယ်။ အဲ့ဒါက တစ်လလောက်တော့ခံတယ်။ မင်း အဲ့ဒီထိုက်ကျိစွမ်းအားကို လေ့လာလိုက်ရင် ထိုက်ကျိတာအိုကို လေ့ကျင့်ရာမှာ အကူအညီဖြစ်စေလိမ့်မယ်။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။ ထိုနည်းလမ်းက ကျန်းဝူဓားထဲမှ ထိုက်ယင်နှင့် ထိုက်ယန်စွမ်းအားများကို လေ့လာခြင်းနှင့် တူလေသည်။

သို့သော် လင်းယွမ်၏ လက်ရှိခွန်အားနှင့် ထိုက်ကျိစွမ်းအားကို အပြင်တွင် အချိန်ကြာတည်ရှိစေရန် မတတ်နိုင်သေးသော်လည်း လိုလန်ဟီအတွက်တော့ လုံလောက်လေသည်။

" ကောင်းပါပြီ။ " လိုလန်ဟီက ခေါင်းငြိမ့်လိုက်သည်။ ယခုအချိန်တွင် သူက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အလွန်စိတ်ဝင်စားနေပြီဖြစ်သည်။

လိုလန်ဟီက လင်းယွမ်ကဲ့သို့ မတ်တပ်ရပ်နေရုံနှင့် ရန်သူကို လွင့်ထွက်သွားအောင် လုပ်ချင်လေသည်။ ၎င်းက အလွန်မိုက်၏။

လိုလန်ဟီ၏ လက်ခံမှုကို မြင်သောအခါ လင်းယွမ်က သူ၏ ညာလက်ကို လိုလန်ဟီ၏ ပခုံးပေါ်သို့ တင်လိုက်သည်။ ထိုက်ကျိစွမ်းအားက လိုလန်ဟီ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး လင်းယွမ်၏ လမ်းညွှန်မှုဖြင့် ဖြန့်ကျက်သွားသည်။

" ဒါကဘာလဲ။ " လင်းယွမ်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွား၏။

လိုလန်ဟီ၏ ခန္ဓာကိုယ်က သာမန်လူများနှင့်တူသော်လည်း ၎င်း၏ အနှစ်သာကမှာ ကွဲပြားလေသည်။ သူ၏ ခန္ဓာကိုယ်အတွင်းတွင် မရေတွက်နိုင်သော သွေးကြောများ ရောယှက်နေပြီး အထူးသင်္ကေတပုံစံများ ဖြစ်ပေါ်နေသည်။ သူ၏ ကိုယ်တွင်းအင်္ဂါများ၏ အနက်ရှိုင်းဆုံးတွင် အလွန်သေးငယ်လှသည့် ဆန်းကျယ်သော ရုန်း(rune)များ စီးဆင်းနေကြသည်။ ထိုအရာအားလုံးက ပြီးပြည့်စုံသော ဟန်ချက်တစ်ခု ဖြစ်ပေါ်နေသည်။

" ပြည့်စုံတယ်။ တကယ်ကို ပြည့်စုံတယ်။ " လင်းယွမ်က သဘောကျသွား၏။

[ သင်က ကောင်းကင်ကို ဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အမည်မသိခန္ဓာကိုယ်ကို လေ့လာပြီး အသိအမြင်များ ရရှိခဲ့ပါတယ်။ ]

[ သင်က ကောင်းကင်ကို ဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အမည်မသိခန္ဓာကိုယ်ကို လေ့လာပြီး အသိအမြင်များ ရရှိခဲ့ပါတယ်။ ]

[ သင်က ကောင်းကင်ကို ဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အမည်မသိခန္ဓာကိုယ်ကို လေ့လာပြီး အသိအမြင်များ ရရှိခဲ့ပါတယ်။ ]

မရေတွက်နိုင်သော အလင်းများက လင်းယွမ်၏ စိတ်ထဲတွင် ထွက်ပေါ်လာပြီး သူက လိုလန်ဟီ၏ ခန္ဓာကိုယ်ကို စတင်နားလည်လာသည်။

လင်းယွမ်က ထိုခန္ဓာကိုယ်ကို ပြည့်ဝစွာ နားလည်သွားလျှင် သူ၏ ကိုယ်ပိုင်ခန္ဓာကိုယ်၏ အနှစ်သာရကို မြှင့်တင်နိုင်လမ့်မည်ဟု ခံစားနေရသည်။ ၎င်းက လင်းယွမ်အတွက် အလွန်အရေးပါလေသည်။

မူလကမ္ဘာတွင် သူက သူ၏ ခန္ဓာကိုယ်ကို မြှင့်တင်နိုင်ခြင်းက သူ၏ ခွန်အားနှင့် အမြန်နှုန်းကို တိုးတက်စေပေလိမ့်မည်။

ထို့အပြင် သူက အခြားကမ္ဘာသို့ သူ၏ စိတ်အသိနှင့် ဆင်းသက်သည့်အကြိမ်တိုင်း ခန္ဓာကိုယ်အသစ်ပေါ်သို့ ထိုအသိအမြင်များ အသုံးပြုနိုင်လေသည်။သူ၏ ဒုတိယအကြိမ်ဆင်းသက်ခြင်းတွင် ထိုခန္ဓာမျိုးကိုသာ နားလည်ထားပါက သေခြင်းရှင်ခြင်းအခြေအနေများ ကြုံတွေရမည်မဟုတ်ပေ။

" ဆရာယွမ် အဆင်ပြေရဲ့လား။ " လိုလန်ဟီက လင်းယွမ်၏ လက်က သူ၏ ပခုံးပေါ်တွင် မဖယ်သေးသည်ကို မြင်ပြီး စိတ်ရှုပ်သွား၏။

" ငါ အဆင်ပြေတယ်။ မင်းရဲ့ ခန္ဓာကိုယ်က အတော်ကောင်းတာပဲ။ ဒါက အချိန်နည်းနည်းလိုတယ်။ " လင်းယွမ်က အကြောင်းပြချက်ရှာပြီး လိုလန်ဟီ၏ ခန္ဓာကိုယ်ကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။

၎င်းက လိုလန်ဟီကို ထိတ်လန့်သွားစေသော်လည်း လင်းယွမ်၏ ခွန်အားကို ပြန်သတိရသွားပြီး သူက ငြိမ်သက်စွာ ရပ်နေလေသည်။

နာရီဝက်ကြာပြီးသောအခါ လင်းယွမ်က သူ၏ လက်ကို တွန့်ဆုတ်စွာဖြင့် ဖယ်လိုက်သည်။

" ပြီးပြီ။ " သူက သက်ပြင်းချလိုက်သည်။

လင်းယွမ်က လိုလန်ဟီ၏ ခန္ဓာကိုယ်မှ လျို့ဝှက်ချက်များအားလုံးကို မဖော်ထုတ်နိုင်ခဲ့သော်လည်း ခန္ဓာကိုယ်ဖွဲ့စည်းပုံကိုတော့ လေ့လာနိုင်ခဲ့သည်။

" ကျေးဇူးတင်ပါတယ် ဆရာယွမ် " လိုလန်ဟီက သူ၏ ခန္ဓာကိုယ်အတွင်းမှ ထိုက်ကျိစွမ်းအားကို ခံစားလိုက်ရ၏။

" နောက်ပိုင်း မေးစရာရှိရင် ဆရာယွမ်ကို ဆက်သွယ်လိုက်ပါမယ်။ " လိုလန်ဟီက အကျိုးအမြတ်များ ရလိုက်သည်ဟု ခံစားနေရသည်။

ရွှေယွဲ့အိမ်နံပါတ် ၃၂ မြေအောက်လေ့ကျင့်ရေးကွင်းတွင် လင်းယွမ်၏ စိတ်အသိက VR ကမ္ဘာမှ ပြန်ထွက်လာခဲ့သည်။ သူ၏ စိတ်ထဲတွင် လိုလန်ဟီ၏ ခန္ဓာကိုယ်ထဲမှ လျို့ဝှက်ဆန်းကျယ်မှုများဖြင့် ပြည့်နှက်နေသည်။

" တကယ်ကို ကောင်းကင်ကပေးတဲ့ လက်ဆောင်ပဲ။ " လင်းယွမ်က သက်ပြင်းချမိသွားသည်။ သူက အနန္တနယ်မြေများ၏ ဂိတ်တံခါးနှင့် နှစ်ကြိမ်ဆင်းသက်ပြီး ဒုတိယအလွှာသို့ ရောက်ရန် နှစ်ပေါင်းတစ်ရာ အချိန်ယူခဲ့ရလေသည်။ တစ်ဖက်တွင် ထိုခန္ဓာကိုယ်က မွေးလာကတည်းက ဒုတိယအလွှာ၏ ခွန်အားကို ပိုင်ဆိုင်ထားလေသည်။

" အဲ့ဒီခန္ဓာကိုယ်က လူသားစစ်စစ်တော့ မဟုတ်လောက်ဘူး။ " သူက ထိုခန္ဓာကိုယ်ထဲမှ ရှေးဟောင်အော်ရာတစ်ခုကို ခံစားမိခဲ့သည်။ " ဘာပဖြစ်ဖြစ် ငါ အဲ့ဒါကို နားလည်နိုင်ရင် ငါ့ဟာပဲ။ "

လင်းယွမ်က သူ၏ မျက်လုံးများကို မှိတ်ပြီး ဆက်လက်လေ့လာလိုက်သည်။ တစ်ချိန်တည်းတွင် သူက ထိုခန္ဓာကိုယ်ကို ဆင်ခြင်နေရင်း သူ၏ အာရုံအချို့ကို တတိယအလွှာအား အာရုံစိုက်စေခဲ့သည်။

သူက တတိယဆင်းသက်ခြင်းမတိုင်မီ ထိုခန္ဓာကိုယ်ကို အပြည့်အဝ နားလည်အောင် ကြိုးစားရပေလိမ့်မည်။ ထိုမှ သူ၏ စိတ်အသိက မွေးကင်းစကလေး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားလျှင် ယခင်တစ်ကြိမ်ကဲ့သို့ ကူကယ်ရာမဲ့တော့မည်မဟုတ်ပေ။

မျက်စိတစ်မှိတ်အတွင်း နှစ်လကြာသွားသည်။ ထိုအချိန်တွင် လိုလန်ဟီက လင်းယွမ်၏ လမ်းညွှန်မှုအတွက် နှစ်ဘီလီယံပေးကာ ထက်မံဆက်သွယ်ခဲ့သည်။ လင်းယွမ်က လိုလန်ဟီ၏ ခန္ဓာကိုယ်ကို လေ့လာနိုင်မည့် အခွင့်အရေးကို အပြည့်အဝ ဆုပ်ကိုင်ခဲ့သည်။

တစ်နေ့တွင် လင်းယွမ်က ရုတ်တရက် မျက်လုံးများဖွင့်လာပြီး ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည်။

အကြောင်းမှာ ကန်လန်ကြယ်ပြိုင်ပွဲ စတင်တော့မည်ဖြစ်သည်။

All Chapters