← Chapters

မစ္စတာလင်းရှိသေးတယ်

Vol. 3 Ch. 60

မစ္စတာလင်းရှိသေးတယ်

Vol. 3 Ch. 60

ကန်လန်ကြယ်ပြိုင်ပွဲက စကြာဝဠာလူသားမဟာမိတ်တစ်ခုလုံးတွင် အကျော်ကြားဆုံးနှင့် လူကြည့်အများဆုံး ပြိုင်ပွဲတစ်ခုဖြစ်၏။ ပြိုင်ပွဲတွင် ပါဝင်နိုင်သူများက ဆင့်ကဲပြောင်းလဲသူများဖြစ်ပြီး အထူးသဖြင့် အသက်တစ်ရာအောက်မှ လူငယ်များ ဖြစ်ကြသည်။ ထိုဆင့်ကဲပြောင်းလဲသူများက စကြာဝဠာလူသားမဟာမိတ်၏ အနာဂတ် ဖြစ်လေသည်။

ကြယ်တာယာခေတ်တွင် လူတိုင်း၏ အာရုံကို ဆွဲဆောင်နိုင်သူများမှာ စွမ်းအားကောင်းသော ဆင့်ကဲပြောင်းလဲသူများသာ ဖြစ်ကြသည်။

ကန်လန်ကြယ် VR ကမ္ဘာ။

လူပေါင်းသိန်းချီဆန့်သော ထိုင်ခုံများဖြင့် ဝန်းရံထားသည့် ပြိုင်ပွဲကွင်းပြင်တစ်ခု ရှိနေသည်။ ပြိုင်ပွဲကွင်းပြင်ထိပ်ရှိ စင်မြင့်တစ်ခုပေါ်တွင် မစ္စတာလျောင်၊ လင်းယွမ်နှင့် အခြားသူများ ရပ်နေကြသည်။

" ဒါက တုန်နင်မြို့ရဲ့ ပြိုင်ပွဲကွင်းပြင်ပဲ။ လာမယ့်ပြိုင်ပွဲတွေကို ဒီမှာ ကျင်းပလိမ့်မယ်။ " မစ္စတာလျောင်က ပြောလိုက်သည်။

အမှန်တော့ သူက လင်းယွမ်ကို အဓိကပြောနေခြင်း ဖြစ်သည်။ ကျုံးပိုင်၊ ဆောင်ရုံနှင့် အခြားသူများက ယခင်ပြိုင်ပွဲများတွင် ဝင်ပြိုင်ဖူးသူများ ဖြစ်ကြလေသည်။

" နားလည်ပြီ။ " လင်းယွမ်က ပြိုင်ပွဲကွင်းပြင်ကို ကြည့်ပြီး ခေါင်းငြိမ့်လိုက်သည်။

" မင်းတို့အားလုံး စိတ်လှုပ်ရှားဖို့မလိုဘူး။ ပုံမှန်အတိုင်းပဲ လုပ်ပါ။ ဖိအားတွေခံစားမနေနဲ့။ " မစ္စတာလျောင်က အားပေးလိုက်သည်။ ပြိုင်ပွဲက စတင်တော့မည်ဖြစ်သောကြောင့် ဖိအားအချို့ ခံစားရမည်မှာ သဘာဝပင် ဖြစ်သည်။

" မစ္စတာလျောင် ဒီတစ်ခါ ကျွန်တော်တို့ တုန်နင်မြို့ရဲ့ ပြိုင်ဘက်က ဘယ်သူတွေဖြစ်မလဲ သိချင်မိတယ်။ မစ္စတာလျောင် ကြိုသိထားတာများ ရှိလား။ " လုရှီကွမ်က အသံနိမ့်ပြီး မေးလိုက်သည်။

ထိုအချိန်တွင် ကျုံးပိုင်နှင့် ဆောင်ရုံတို့၏ မျက်လုံးများကလည်း လင်းလက်သွား၏။ ပြိုင်ဘက်ကို သိခြင်းကလည်း အားသာချက်တစ်ခု ဖြစ်စေလေသည်။

ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အများစုက ၎င်းတို့၏ အားသာချက်နှင့် အားနည်းချက်များ ရှိပြီး ၎င်းတို့ကို အလိုက်သင့် အသုံးချနိုင်လျှင် ကောင်းမွန်သော အစပျိုးမှု ဖြစ်ပေလိမ့်မည်။ အဆင့်တူညီသော ပြိုင်ပွဲတွင် တစ်ဖက်ကို ကောင်းစွာနားလည်ထားခြင်းက ရလဒ်ကို ပြောင်းလဲသွားစေနိုင်လေသည်။

" အရှေ့ဘက်တိုက်ကြီးမှာ မြို့တွေ ဒီလောက်အများကြီးရှိတာ ဘယ်လိုလုပ်ခန့်မှန်းနိုင်မလဲ။ " မစ္စတာလျောင်က မျက်လုံးပြူးသွား၏။

အကယ်၍ ပြိုင်ပွဲဝင်များစွာ ထွက်ခွာသွားသော နောက်ပိုင်ပြိုင်ပွဲများတွင် ယခင်ပြိုင်ပွဲများကို ကြည့်ပြီး အကြမ်းဖျင်း ခန့်မှန်းနိုင်ပေလိမ့်မည်။ သို့သော် ပြိုင်ပွဲစချိန်တွင် အရှေ့ဘက်တိုက်ကြီးတွင် မြို့ပေါင်းတစ်သောင်းနီးပါးရှိသောကြောင့် ခန့်မှန်းရန် မဖြစ်နိုင်ပေ။

ပြိုင်ပွဲတွင် ကနဦးပြိုင်ဘက်ကို ယခင်စွမ်းဆောင်ရည်များအပေါ် အခြေခံပြီး ရွေးချယ်လေသည်။ ထို့ကြောင့် တုန်နင်မြို့၏ ပြိုင်ဘက်ကလည်း တုန်နင်မြို့ထက် များစွာ ပို၍ အားကောင်းမည်မဟုတ်ပေ။

" ကောင်းပြီ။ မင်းတို့အားလုံး ပြင်ဆင်ထားကြတော့။ နှစ်နာရီအတွင်း ပြိုင်ပွဲစတင်လိမ့်မယ်။ " မစ္စတာလျောင်က ပြောလိုက်သည််။

နိုင်ငံသားအများစုက VRကမ္ဘာသို့ မဝင်ရောက်နိုင်ကြသော်လည်း တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် ပြိုင်ပွဲများကို ကြည့်ရှုနိုင်လေသည်။

" ဝိုး ဝိုး ဖေဖေ မေမေ​ ပြိုင်ပွဲကို မြန်မြန်လာကြည့်။ " လင်ယိက ဆိုဖာပေါ်တွင် ထိုင်ပြီး အလင်းမျက်နှာပြင်များမှ ပြသနေသော ပြိုင်ပွဲကို ကြည့်နေသည်။

" လာပြီ လာပြီ။ " လင်းချောင်ချန်နှင့် သူ၏ ဇနီး လုချုံးတို့ကလည်း ပြုံး၍ ရောက်လာကြသည်။

သူတို့က ဆင့်ကဲပြောင်းလဲသူများ ဖြစ်ပြီး VR ကမ္ဘာသို့ ဝင်ရောက်နိုင်သော်လည်း လင်းယိက မဝင်ရောက်နိုင်သောကြောင့် သူတို့က အိမ်တွင် တိုက်ရိုက်ထုတ်လွှင့်မှုကိုသာ ကြည့်ရှုနေကြလေသည်။

လင်းယွမ်နှင့် သူတို့အားလုံးက ဆင့်ကဲပြောင်းလဲသူများဖြစ်နေကြပြီး လင်းယိက ဆင့်ကဲပြောင်းလဲသူဖြစ်မလာသေးသောကြောင့် သူမကို စိတ်မကျေမနပ်ဖြစ်အောင် ပြုလုပ်လျှင် တစ်အိမ်လုံးကို ဗြောင်းဆန်အောင် လုပ်ပေလိမ့်မည်။

" အကိုဘယ်မှာလဲ။ " လင်းယိက လှည့်ပတ်ကြည့်နေသည်။

လင်းယွမ်က တုန်နင်မြို့၏ ကိုယ်စား ပြိုင်ပွဲတွင် ဝင်ပါသည်ကို သူတို့အားလုံး သိကြလေသည်။

" ပြိုင်ပွဲစရင် သူပေါ်လာလိမ့်မယ်။ " လုချုံးက ပြုံး၍ ပြောလိုက်သည်။

" အကို ပြိုင်ပွဲမှာ နိုင်မှရမယ်။ " လင်းယိက ပြောလိုက်သည်။

" ဒီပြိုင်ပွဲမှာ ငါကောင်းကောင်းလုပ်ပြရမယ်။ ဒါမှ ငါက လင်းယွမ်ထက် အားမနည်းဘူးဆိုတာ အဖေသိသွားမှာ။ " VR ကမ္ဘာတွင် လင်းရန်၏ ခန္ဓာကိုယ်က ပေါ်လာပြီး စိတ်ထဲမှ ဆုံးဖြတ်လိုက်သည်။

လွန်ခဲ့သော တစ်နှစ်က လင်းမိသားစုတွေ့ဆုံပွဲတွင် သူ၏ ဖခင် လင်းဟောက်က သူ၏ နေရာအား လင်းယွမ်ကို ပေးပစ်ခဲ့လေသည်။ ထိုကိစ္စနှင့် ပက်သက်၍ သူတို့ စကားများခဲ့ကြလေသည်။ ထို့နောက် ဩဇာရှိသူများက လင်းယွမ်ကို အရိုအသေပေးရန် တစ်ယောက်ပြီးတစ်ယောက် ရောက်လာပြီး လင်းဟောက်ကို အရှက်ရစေခဲ့လေသည်။

ထိုအချိန်တွင် လင်းဟောက်က သူ့ကို စိတ်ပျက်သွားခဲ့သော်လည်း ယခု လင်းရန်က ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်လာပြီး ပြိုင်ပွဲတွင် ဝင်ပါရန် အရည်အချင်း ပြည့်မီခဲ့လေသည်။

ပြိုင်ပွဲတွင် ဆင့်ကဲပြောင်းလဲသူများ အားလုံး ဝင်ပါနိုင်လေသည်။ မြို့၏ ကိုယ်စားလှယ်များက အခြားမြို့မှ ကိုယ်စားလှယ်များနှင့် ယှဉ်ပြိုင်ပြီး အလွတ်တန်း ဆင့်ကဲပြောင်းလဲသူများက အခြားအလွတ်တန်း ဆင့်ကဲပြောင်းလဲသူများကို ရင်ဆိုင်ရလေသည်။

လျောင်ဟွေ့ချန်က လင်းယွမ်ဆီသို့ ကိုယ်တိုင်လာရောက်ခဲ့သည့် အ​ကြောင်းရင်းကိုလည်း သူ၏ ဖခင်ပြောပြသောကြောင့် သိခဲ့ရလေသည်။ ယခု သူက လင်းယွမ်ကို မယှဉ်နိုင်သေးသော်လည်း အနာဂတ်တွင် သူ့ကို ကျော်တက်သွားနိုင်လေသည်။

" ​ပြိုင်ပွဲစပြီလား။ "

" မြန်မြန်ကြည့်ကြ။ "

" ဒီတစ်ခါ တုန်နင်မြို့က ဘယ်အဆင့်ထိ ရောက်မလဲမသိဘူး။ "

" ဟားဟား အရင်တစ်ခါလို နောက်ဆုံးအဆင့်ကို မရရင် တော်ပါသေးတယ်။ "

တုန်နင်မြို့သားများက တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသည်။

ကန်လန်ကြယ် VR ကမ္ဘာ ပြိုင်ပွဲကွင်းပြင်တွင်....

" သွားပြီ သွားပြီ။ ဒီတစ်ခါ ငါတို့ပြိုင်ဘက်က ဇီကျင်းမြို့ပဲ။ "

ပြိုင်ပွဲကို တရားဝင်စတင်ပြီးနောက် သူတို့၏ ပြိုင်ဘက်ကို တွေ့လိုက်ရသောအခါ ဆောင်ရုံက ထိတ်လန့်သွားသည်။ လုရှီကွမ်ကလည်း အတူတူပင် ဖြစ်၏။

နောက်ဆုံးပြိုင်ပွဲတွင် တုန်နင်မြို့က အဆင့် ၉၉၈၅ ဖြစ်ပြီး ဇီကျင်းမြို့က အဆင့် ၇၆၅၂ ဖြစ်၏။ သူတို့ကြားတွင် အဆင့်နှစ်ထောင် ကွာခြားလေသည်။

ဇီကျင်းမြို့၏ အသန်မာဆုံး ဆင့်ကဲပြောင်းလဲသူက ဘီလူးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လေ့ကျင့်ခြင်း ဖြစ်လေသည်။ သူ၏ စွမ်းအားကို ထုတ်ဖော်လိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်က ငါးမီတာအထိ ကြီးထွားသွားသည်။ သူ၏ ခွန်အားက ပထမအလွှာ အဆင့် ၁၂ ဖြစ်သော်လည်း စစ်မှန်သောတိုက်ခိုက်ရေးစွမ်းအားက ဒုတိယအလွှာနှင့် နီးစပ်နေပြီဖြစ်သည်။

အကယ်၍ ပြင်ပကမ္ဘာတွင် ဖြစ်လျှင် ဆောင်ရုံနှင့် လုရှီကွမ်တို့က ယုံကြည်မှုအချို့ ရှိနိုင်လေသည်။ နောက်ဆုံး သူတို့အနိုင်မယူနိုင်လျှင်တောင် ထွက်ပြေးနိုင်လေသည်။

သို့သော် ပြိုင်ပွဲကွင်းပြင်ထဲတွင် သူတို့ ဘယ်လိုလုပ်ပြေးနိုင်မှာလဲ။ ထို့အပြင် ဆင့်ကဲပြောင်းလဲသူများကို တိုက်ပွဲအား ရှောင်ဖယ်ခြင်းမှ တားဆီးရန် သတ်မှတ်အချိန်ပြည့်သည်နှင့် ကွင်းအရွယ်အစားကို တဖြည်းဖြည်း လျှော့ချသွားမည်ဖြစ်သည်။

ယခင်ပြိုင်ပွဲတွင် ဇီကျင်းမြို့က အဆင့် ၇ထောင်ကျော် ရသွားခြင်းမှ ဘီလူးဆင့်ကဲပြောင်းလဲသူကြောင့် ဖြစ်သည်။

" ဘီလူးကြီးတစ်ကောင် " လုရှီကွမ်က သက်ပြင်းချလိုက်သည်။

ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လျှောက်လှမ်းသူများအတွက် သာမန်ထက် ပိုသန်မာသော ခန္ဓာကိုယ်ကို လိုအပ်လေသည်။

" အဲ့ဒါမှ တကယ်ပြဿနာပဲ။ " ထိုအချိန်တွင် နှုတ်ဆိတ်နေသော ကျုံးပိုင်က ပြောလိုက်သည်။

သို့သော် သူက ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစားမိသွားပြီး အနည်းငယ် စိတ်သက်သာသွား၏။ " ဒါပေမယ့် အရမ်းမစိုးရိမ်နဲ့။ ငါတို့မှာ မစ္စတာလင်း ရှိသေးတ

All Chapters