ပထမနေရာရခြင်း
Vol. 3 Ch. 31
နောက်ဆုံးတွင် လင်းဖန် ၏ Lamborghini သည် အကွေးနားသို့ ရောက်လာသည်။
ထိုအချိန်တွင် လင်းဖန်သည် ချက်ချင်းပင်
သူသည် စတီယာရင်ဘီးကို လှပစွာဖြင့်ဝိုက်လိုက်ကာ 90 ဒီဂရီ ရှိသောအကွေ့ကိုအောင်မြင်စွာ ကျော်ဖြတ်မောင်းနှင်နိုင်ခဲ့သည်။
လင်းဖန် Lamborghini ၏ အရှိန်သည် လုံးဝမလျှော့ဘဲ မောင်းကာတတိယအဆင့်ရှိ Porsche 918 ကို အလွယ်တကူ ကျော်တက်သွားခဲ့သည်။
ထိုအချိန်တွင်၊ ဆောင်ကျင်းအန်းသည် ကားလက်ကိုင်ကို ကိုင်ထားသော သူမ၏ကျောက်စိမ်းလက်ကို သည် ချွေးများထွက်နေသောကြောင့် အနည်းငယ် ချော်နေပြီဖြစ်သည်။
“လင်း...လင်းဖန်၊ မင်းဘေးကင်းဖို့ အာရုံစိုက်ပါအုံး။ဒါက အကွေ့အကောက်လမ်း”
“သိပြီ။” လင်းဖန်က ပြောသည်။
ထို့ကြောင့် လင်းဖန်အရှိန်ကိုထပ်တင်လိုက်တော့သည်။
ဒီမှာကြည့်...
ဆောင်ကျင်းအန်းသည်သူမစကားပြောချင်သော်ဘာပြောရမှန်းတောင်မသိတော့ပေ။
သူမ သည်အကွေ့တွေကိုစိုးရိမ်ပြီးသူမပြောချင်သော်လဲပြောလိုက်ကာမှပို၍သူမသည် ပို၍ အန္တရာယ်များနိုင်သည်။
……
တောင်ခြေတွင်ချမ်းသာသော ဒုတိယမျိုးဆက်များသည် ဖန်သားပြင်ကို စိုက်ကြည့်ကာ အော်ကြပြန်သည်။
“Fuck၊ ဒီစကေး၊လုံးဝ၊လုံးဝပဲ!”
“ဒီဘဲက ပရော်ဖက်ရှင်နယ်ပြိုင်ကားသမားလားမသိဘူး?”
“အရမ်းမိုက်တယ်!”
“ငါ့မှာ သူ့ရဲ့ဒီနည်းပညာရဲ့ တစ်ဝက်လောက်ရှိရင်......!”
……
ယခုအချိန်တွင် စုလင်းဟို နှင့် လီယွင့ဟိုင်တို့၏မွမ်းမံထားသော Lamborghini Daniel McLaren P1 တို့သည်သည် တန်းတူနီးပါးမောင်းနှင်နေကြသည်။
စုလင်းဟိုသည် သူကားဘေးတွင်မောင်းနီင်နေသည့်လီယွင်ဟိုင်ကို စိုက်ကြည့်ကာ “ငါ မင်းကို ကျော်တက်တော့မယ်”
“ငါမင်းကို ဘယ်တော့ကျော်တက်ဖို့စားခွင့်ပြုဘူး” လီယွင်ဟိုင်က ဟစ်အော်ပြောလိုက်သည်။
“ဗွမ်း!”
ထိုအချိန်တွင် နှစ်ယောက်သား အနောက်မှ သားရဲလို အင်ဂျင်အော်သံကို တစ်ပြိုင်နက် ကြားလိုက်ရသည်။
ပြိုင်ပွဲအတွင်းရှိ လူတိုင်းသည်ကားများအကြောင်း နားလည်ကြသည်။ ယုတ္တိဗေဒအရပြောရရင် သူတို့သည်ကားကိုမွမ်းမံထားပြီမို့ ဘယ်သူမှ လိုက်မမီနိုင်ကြဟုသူတို့နှစ်ယောက်ထင်သည်။
စုလင်းဟို နှင့် လီယွင့ဟိုင်တို့သည် သူတို့၏ နှလုံးသားထဲတွင် သံသယများဖြင့် နောက်ကြည့်မှန်မှတစ်ဆင့်အနောက်ကို ကြည့်လိုက်ကြသည်။
နောက်အခိုက်အတန့်တွင် နှစ်ယောက်စလုံး အံ့အားသင့်သွားကြသည်။
Lamborghini တစ်စီးဖြစ်သောကြောင့်ဖစ်သည်။အဲ့ကားက လင်းဖန်ရဲ့ကားဆိုတာသူတို့နှစ်ယောက်လုံးသိသည်။သူတို့အတော်တုန်လှုပ်သွားသည်။
အထူးသဖြင့် လီယွင်ဟိုင်သည် အလွန်တုန်လှုပ်သွားခဲ့သည်။
ဘာကြောင့်လဲဆိုတော့ သူက Lamborghiniကားအကြောင်းကိုနှံနှံစပ်စပ်ကျွမ်းကျင်သည်။
သူသည်ပြုပြင်မွမ်းမံထားသော Lamborghiniနှင့် မပြုပြင်ထားတဲ့Lamborghiniကြားတွင် စွမ်းဆောင်ရည်၏ခြားနားချက်သည်မျုးနဲ့မြေလောက်ရှိသည်ကိုသူသိသည်။
ဒါတောင် ငါ့ကိုလိုက်မိတာလား?
လင်းဖန်ဘယ်လို လုပ်ခဲ့တာလဲ။
သးတို့အံသြသွားသော်လည်း လီယွင့ဟိုင်နှင့် စုလင်းဟိုတို့သည်သးတို့မောင်းနှင်သောကားအရှိန်သည် အနည်းငယ် နှေးကွေးသွားခြင်းမရှိပေ။
ပိုပြီးတော့တောင်မှ မြန်လာသည်။
မူလက သူတို့ နှစ်ယောက် သာယှဉ်ပြိုင်နေကြသည်။အခု နောက်ထပ် ပြိုင်ဖက် တစ်ယောက် ရှိရောက်လာသည်။
ဒါက သူတို့ကို မမြင်နိုင်တဲ့ ဖိအားတိုးစေသည်။
လင်းဖန်Lamborghini ၏တွဲဖက်ယာဉ်မောင်းတွင်ထိုင်နေသော ဆောင့ကျင်းအန်းသည် သူ့ရှေ့တွင် ကားနှစ်စီးကိုမြင်လိုက်ရသောအခါရင်ထဲတွင်အတော်ပျော်ရွှင်သွားသည်။
ယခုတော့ သူမသည် နိုင်မယ်လို့မျှော်လင့်ချက် ဖြင့်ပြည့်နေသည်။ထိုအချိန်
“ဗွမ်း!”
Lamborghini သည် ပြင်းထန်သောအင်ဂျင်သံများထွက်လာသည်။
အရှိန် 260
အရှိန်265
အရှိန်က တဖြည်းဖြည်းမြင့်လာပြန်သည်။
ဆောင်ကျင်းအန်းက “လင်းဖန်၊ ရှေ့ 1 ကီလိုမီတာမှာ Vပုံစံအကွေ့ ရှိတယ်!”
“ဗွမ်း!”
Lamborghiniသည်ထပ်မံအရှိန်တိိုးလာပြန်သည်။
အရှိန်270!
အရှိန်ဆက်တိုးတာလား။
မင်း ငါပြောတာနားမလည်ဘူးလား?
1 ကီလိုမီတာအကွာတွင်Vပုံစံအကွေ့ရှိသောနေရာဖြစ်သည်။
ထို့အပြင်၊ ရှေ့တွင်လဲ McLaren P1 နှင့် Lamborghini တို့လည်း ရှိသေးသည်။
ဒီအချိန်မှာ အရှိန်မလျှော့သင့်ဘူးလား။
သကူဘာလို့အရှိနထပ််မြှင့်နေတာလဲ။
……
McLaren P1 ကို မောင်းနှင်နေသည့် စုလင်းဟိုနှင့် Lamborghiniကိုပြုပြင်ထားသောလီယွင်ဟိုင် တို့သည် ဒေါင်လင်းလမ်းမကြီး၏ ရှေ့တွင် V ပုံသဏ္ဍာန် မျဉ်းကွေးရှိနေသည်ကိုသူတို့ သိထားကြသည်။
နှစ်ယောက်သားသည် အရှိန်လျှော့ဖို့ စီစဉ်ထားသည်။
ဒါပေမယ့် သူတို့နောက်ကြည့်မှန်ထဲမှာ ချဉ်းကပ်လာတဲ့ Lamborghini ကို တွေ့လိုက်တဲ့အခါ သူတို့ရဲ့ အမူအရာတွေ အနည်းငယ် ပြောင်းလဲသွားသည်။
သူတို့ချက်ချင်း အရှိန်လျှော့ရင်လင်းဖန်ကသေချာပေါက် ဖြတ်ကျော်သွားလိမ့်မယ်ဖြစ်သည်။
ဒါကြောင့် သူတို့နှစ်ယောက်လုံးသည်ပထမအကြိမ် အရှိန်မလျှော့တော့ပေ။
သူတို့ Vပုံစံအကွေ့နဲ့ အရမ်းနီးတဲ့အချိန်အထိ စောင့်ပြီး နှစ်ယောက်လုံးသည် ဘရိတ်ကို ဖြည်းညှင်းစွာ နှင်းလိုက်ကြသည်။
အခုခိန်အရှိန်မလျှော့ရင် သူတို့အသက်အန္တရာယ်ဖြစ်နိုင်တယ်ဆိုတာ သူတို့သိသောကြောင့်ဖြစ်သည်။
ကားပြိုင်ပွဲမှာနိုင်ဖို့က သေချာပေါက် နိုင့ဖို့ကအရေးကြီးသည်။
ဒါပေမယ့်အဲ့ထက်ပိုအရေးကြီးတာက သူတို့အသက်ပင်ဖြစ်သည်။
ဒါပေမယ့်လင်းဖန်ကတော့ လုံးဝကွဲပြားသည်။
သူသည်အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်ဖို့ကိုအားရုံစိုက်ထားသည်။
အဝေးကကြည့်ရင်..... ချောက်ကမ်းပါးဆီသို့ တည့်တည့်ပြေးသွားပုံရသည်။
ဆောင်ကျင်းအန်းသည်လုံးဝ ထိတ်လန့်သွားပြီး “လင်းဖန်....အရှိန်လျှော့!”
“ဗွမ်း!”
အရှိန် 275
အရှိန် 280
Lamborghini ၏အရှိန်သည် တစ်ဖန် ပြန်တိုးလာပြန်သည်။
လင်းဖန်သည် ဆောင်ကျင်းအန်း၏ စကားကို မကြားပုံရပြီး သူ၏တောက်ပသော အနက်ရောင် မျက်လုံးတစ်စုံသည်ရှေ့ကို သာအမြဲ စိုက်ကြည့်နေသည်။
ငါပြောတာသူမကြားဘူးလား?
အမှန်လဲလင်းဖန်သည်သူမပြောသည်ကိုလုံးဝမကြားပေ။
【ဒင်း! အကြွင်းမဲ့ အာရုံစူးစိုက်မှု 】
လင်းဖန်သည် ကားမောင်းရာတွင် စိတ်လုံးဝ နှစ်မြုပ်သွားခဲ့သည်။
လုံးဝအာရုံစိုက်!
လုံးဝ ငြိမ်သွားသည်!
ဘယ်လောက်ငြိမ်လဲဆိုရင်ပြင်ပကမ္ဘာက အရာအားလုံးဟာ သူနဲ့မဆိုင်ပုံရသည်အထိငြိမ်သက်သွားသည်။
ယခုအချိန်တွင် လင်းဖန်သည် သူ့နှလုံးသားတွင် အတွေးတစ်ခုသာရှိသည်- ရှေ့ကိုသာမောင်းဖို့ပင်ဖြစ်သည်။
နောက်ဆုံးတွင် သူ၏ Lamborghini သည် V ပုံသဏ္ဍာန် မျဉ်းကွေး နားသို့ ရောက်လာသည်။
စုလင်းဟို၏McLaren Flat P1 နှင့်လီယွင်ဟိုင် Lamborghini တို့သည် ဘေးချင်းကပ်လျက် ထောင့်သို့ ဝင်ရောက်ကာ အရှိန်လျှော့ခဲ့သည်။
အရှေ့ဘက်ရှိ ဒေါင်လင်းလမ်းသည် အလွန်ကျဉ်းမြောင်းသည်။
ဤအခြေအနေတွင် လင်းဖန်သည် V ပုံသဏ္ဍာန်မျဉ်းကွေးကို ကျော်တက်ရန် မဖြစ်နိုင်ပေ။
ထိုအချိန်တွင် ဆောင်ကျင်းအန်း၏အမြင်တွင် လင်းဖန် တွင် ရွေးချယ်စရာနှစ်ခုသာရှိသည်။
တစ်ခု၊ ချက်ချင်းဘရိတ်ကို ဆောင့်နင်းကာကားကိုရပ်တာပင်ဖြစ်သည်။ဒတိယကတော့ဒီVပုံစံအကွေ့ကိုဘာမှမဖြစ်ဘဲကျော်ဖြတ်တာ
ဖြစ်သည်။
လင်းဖန်သည် ဘရိတ်ကိုနင်းရန်ရည်ရွယ်ချက်မရှိပေ။ ထင်ရှားသည်မှာ၊ သူသည် ဒုတိယတစ်ခုကိုရွေးချယ်မှုလိုက်သည်။
ဆောင်ကျင်းအန်း ၏ လှပသော မျက်နှာသည် ဖြူဖျော့နေပြီး ချွေးအေးများ လှိမ့်ထွက့နေကာသူမ၏ နှလုံးသားတစ်ခုလုံးသည်အပြင်လို့ခုန်ထွက်လုနီးပါးဖြစ်နေသည်။
ထိုအချိန်တွင် သူမသည် ကားလက်ကိုင်ဘားကို ကိုင်ရန် ခွန်အားရှိသမျှကို အသုံးပြုထားလိုက်တော့သည်။
“ဒီကောင် ရူးနေတာလား?” စုလင်းဟို အံ့အားသင့်စွာ အော်ပြောလိုက်သည်။
“သေရော!” လီယွင်ဟိုင် က ထိတ်လန့်စွာ အော်လိုက်ပြီး သူ့တစ်ကိုယ်လုံး ထိတ်လန့်တုန်လှုပ်သွားသည်။
“ဟစ်!”
နောက်ဆုံးတွင် လင်းဖန်၏ Lamborghini သည် လှပသော စွာကွေ့လိုက်ပြီးVပုံစံထောင့်သို့ နားသို့ရောက်ရှိသွားခဲ့သည်။
လင်းဖန်၏Limborghiniသည်လီယွင်ဟိုင်၏ကားနားသို့ဖြတ်သွားသည်။
ပြုပြင်ထားသောLamborghiniတွင်ထိုင်နေသော လီယွင်ဟိုင် သည် လင်းဖန် နှင့် ဆောင်ကျင်းအန်းကို ရှင်းလင်းစွာမြင်ရသည်။
ဆောင်ကျင်းအန်းသည်ကားလက်ရန်းကိုတင်းတင်းကြပ်ကြပ်ကိုင်ထားပြီးသူမ၏ တစ်ကိုယ်လုံး သည်တောင့်ပြီးထိုင်နေသည်။
ထိုအချိန်
“ဗွမ်း!”
လင်းဖန်သည် တစ်ဖန် အရှိနထပ််မြှင့်လိုက်သည်၊ သူ၏ Lamborghini သည် သားရဲဘုရင်ကဲ့သို့အင်ဂျင်ဟောက်သံနှင့်V ပုံသဏ္ဍာန် မျဉ်းကွေးကို ကျော်ဖြတ်ကာ ရှေ့သို့ မောင်းနှင်သွားခဲ့သည်။
သူ့နောက်တွင် Lamborghini နှင့် McLaren P1 တို့သည်လင်းဖန်ကိုကျော်တက်ရန်အခွင့်အရေး လုံးဝဆုံးရှုံးသွားခဲ့သည်။
……
တောင်ခြေ။
“Fuck! Fuck! Fuck!”
“ဘာဖြစ်တာလဲ ဘယ်သူငါ့ကိုပြောနိုင်မှာလဲ”
“ငါ မကြာခင် ဝင်တိုက်မိတော့မယ် ထင်လိုက််တာ”
“ပရော်ဖက်ရှင်နယ်ပြိုင်ကားသမား၊ မဟုတ်ဘူး၊ အဲဒီနည်းပညာ၊ ပရော်ဖက်ရှင်နယ်ပြိုင်ကားသမားတောင်မလုပ်နိုင်ဘူးသူက၊ကားနတ်ဘုရားဝင်စားသလားမသိဘူး။”
ချမ်းသာသောဒုတိယမျိုးဆက်မျသည် ထိတ်လန့်တုန်လှုပ်ကာ အော်ဟစ်နေကြသည်။
တကယ်တမ်းလဲဗီဒီယိုထဲက ပုံတွေက စိတ်လှုပ်ရှားစရာကောင်းပြီး မယုံနိုင်လောက်အောင်ပါပင်ဖြစ်သည်။
အမှားပါရင်သည်းခံပေးပါခင်ဗျ။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး