← Chapters

ဇိမ်ခံကား နှစ်စီးကိုငြင်းပယ်၍ဆေးဖက်ဝင်ပစ္စည်းကိုတောင်းဆိုခြင်း

Vol. 3 Ch. 32

ဇိမ်ခံကား နှစ်စီးကိုငြင်းပယ်၍ဆေးဖက်ဝင်ပစ္စည်းကိုတောင်းဆိုခြင်း

Vol. 3 Ch. 32

ယာဉ်များအားလုံးကို ကျော်တက်ပြီး ပထမနေရာဖြစ်လာပြီးနောက် လင်းဖန်သည် အရှိန်ကိုမလျှော့သေးပေ။

သူမောင်းနှင်သော Lamborghini သည်အမှောင်ထားတွင်မြန်မြန်ဆန်ဆန်ရွေ့လျားနေသည်။

နောက်ဆုံးတွင် တောင်ခြေရင်း၌ ရပ်ကာ ကြိုဆိုရန် တန်းစီနေသော ချမ်းသာသောဒတိယဒုတိယမျိုးဆက်များ၏ ရှေ့သို့ ရောက်လာခဲ့သည်။

လင်းဖန်သည် ကားတံခါးကိုဖွင့်ကာ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။

ချမ်းသာသော ​ဒုတိယမျိုးဆက်တို့သည် လင်းဖန်အနားသို့လျင်မြန်စွာ စုရုံးလာကြသည်။

“အစ်ကို လင်း၊ကားမောင်း မင်းရဲ့နည်းပညာက အရမ်းမိုက်တယ်!”

“အစ်ကို လင်း၊ မင်းက ပရော်ဖက်ရှင်နယ်ပြိုင်ကားသမားလား။ မင်း ချန်ပီယံဆုတစ်ချို့ကိုရထားတယ်မလား။’’

“ အစ်ကို လင်း၊ မင်းက ဒဏ္ဍာရီဆန်ဆန် ကားနတ်ဘုရားပြန်ဝင်စားတာလား”

...

ချမ်းသာသော ဒုတိယမျိုးဆက်များ၏ စိတ်လှုပ်ရှားနေသေယအမူအရာကို ကြည့်ပြီးလင်းဖန်သည် အနည်းငယ် ရယ်မောလိုက်သည်။

“ကျွန်တော်က ပရော်ဖက်ရှင်နယ် ပြိုင်ကားသမားမဟုတ်ပါဘူး၊ ကျွန်တော် အခု မှကျောင်းသားတစ်ယောက်ပဲရှိသေးတယ်။ပြီးတော့ငါက ဆောင်ကျင်းအန်း ရဲ့ အတန်းဖော်ပါ။”

ထို့နောက် လင်းဖန် သည် သူ့ဘေးနားရှိ ဖြူဖျော့သောမျက်နှာရှိသော ဆောင်ကျင်းအန်းကို စိုက်ကြည့်ကာ “အဆင်ပြေရဲ့လား” ဟု မေးလိုက်သည်။

ဆောင်ကျင်းအန်းက က “အဆင်ပြေပါတယ်’’

လင်းဖန်သည် ချွန်ထက်သောအကွေ့ကို ရင်ဆိုင်လိုက်သောအခါ ဆောင်ကျင်းအန်းသည် အမှန်တကယ်ပင် ကြောက်လန့်သွားခဲ့သည်။

သို့သော် တစ်ချိန်တည်းမှာပင် သူမသည် အလွန်စိတ်လှုပ်ရှားစရာကောင်းသည်ဟု ခံစားမိသည်။

ယခုဆိုလျှင် လင်းဖန်သည် ထိုထောင့်များကို အောင်မြင်စွာ အရှိန်အဟုန်ဖြင့် အနိုင်ယူပြီးပထမနေရာကို ရရှိပြီးနောက် ဆောင်ကျင်းအန်း သည် သိသိသာသာ ရင်ခုန်စိတ်လှုပ်ရှားသွားခဲ့သည်။

ထိုအချိန်တွင်၊ ဆောင်ကျင်းအန်း၏ စိတ်သည် လင်းဖန်၏ မောင်းနှင်မှုအပေါ် အာရုံစူးစိုက်မှုကိုပြန်ပုံဖော်ကာသူမ၏ နှလုံးခုန်နှုန်းသည် အနည်းငယ် မြန်လာခဲ့သည်။

“ဗွမ်း!”

“ဗွမ်း!”

ကျယ်လောင်သောအသံတစ်ခုပြီးနောက်၊ Lamborghini ၊ McLaren P1၊ Porsche 918 နှင့် အခြားကားများသည် တောင်ခြေရင်းသို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာခဲ့သည်။

လီယွင်ဟိုင်သည် လင်းဖန်၏ ရှေ့သို့ပထမဆုံး လျှောက်လှမ်းခဲ့ပြီး လက်မထောင်ပြကာ “ကောင်းလိုက်တာ အစ်ကိုလင်း၊ မင်းရဲ့ ယာဉ်မောင်းစွမ်းရည်က တကယ့်ကိုအံ့သြစရာပဲ!”

“အစ်ကိုလင်းမင်းနေရာမှာငါသာဆို ငါ V ပုံသဏ္ဍာန် မျဉ်းကွေးကို အရှိန်မလျှော့ပဲသွားရင်ကြောက်လွန်းလို့သေးတောင်ထွက်ကျသွားနိုင်တယ်’’

“ဟင့်အင်း၊ အဲဒီအချိန်မှာ ဆီးသွားရမှာ ကြောက်တယ်!”

စုလင်းဟိုက “မင်းက ငါမြင်ဖူးသမျှထဲမှာ အကောင်းဆုံး ကားမောင်းကျွမ်းကျင်တဲ့လူပဲ!”

“ငါကနည်းနည်းပဲမောင်းတတ်တာပါ။” လင်းဖန်က ပြုံးပြီးပြောလိုက်သည်။

လီယွင်ဟိုင်က “အစ်ကိုလင်းဘာကိုနည်းနည်းပဲမောင်းတတ်တာလား၊အစ်ကိုလင်းတောင်နည်းနည်းပဲမောင်းတတ်တယ်ဆိုရင်ဒီကမ္ဘာပေါ်မှာကားမောင်းတတ်တဲ့လူတောင်ရှိမှာမဟုတ်ဘူး”

စကားပြောနေစဉ်တွင် သူ၏ Lamborghini ကားသော့ကို ထုတ်ယူပြီး “အစ်ကိုလင်း၊ဒီမှာကားသော့!”

စုလင်းဟိုသည်လဲသူ၏ McLaren P1 ကသော့ကိုလည်း ထုတ်လိုက်သည်။

ထင်ရှားသည်မှာ၊ သူတို့သည် လောင်းကစားအတိုင်းဖြည့်ဆည်းပေးတော့မည်ဖြစ်သည်။

လင်းဖန်က သူ့လက်ကို ဝှေ့ယမ်းပြီး “ကျွန်တော် ဒီကာယတွေမလိုလျင်ဘူး’’ လို့ပြောလိုက်သည်။

“အစ်ကိုလင်း၊ ဒီလိုမျိုး ငြင်းလို့မရဘူးလေပြိုင်ပွဲမစခင်ကတည်းက ငါတို့ပြောထားပြီးသား​ယ။အစ်ကိုလင်းကသာကားကို​လက်မခံရင် ငါတို့အလောင်းအစားကိုမလျောပေးဘူးလို့လူတွေထင်ကုန်လိမ့်မယ်” လီယွင်ဟိုင် က ဖြောင့်ဖြောင့်မျက်နှာဖြင့် ပြောလိုက်သည်။

စုလင့းဟို က “ကျွန်တော် လဲသူပြောတာသဘောတူတယ်’’

လင်းဖန် က “ငါ့ကို အထင်မလွဲပါနဲ့၊ အဓိကကတော့ အခုငါကကျောင်းမှာ ကျောင်းတက်နေတဲ့အတွက်ကြောင့်ပါ။ ကားတွေ အများကြီးရှိရင်ကားထားရမယ့်နေရာကပြဿနာမို့ပါ”

ဒီအကြောင်းကို သူ လုံးဝ ပေါက်ကရ မပြောခဲ့ပါပေ။

ယေဘူယျအားဖြင့် ပြောရလျှင် ကျောင်းသားတစ်ဦးစီသည် ကျောင်းသို့ ကားတစ်စီးတည်းသာအများဆုံးရပ်နိုင်သည်။

လွန်ခဲ့သည့်နှစ်ရက်က 4S ဆိုင်မှ Mercedes-Benz Big G ကို ပို့ပေးသောအခါ လင်းဖန် သည် ကောလိပ်ဌာနမှူး ဟေးချမ် ထံသို့ ဖုန်းခေါ်ဆိုခဲ့ပြီး ကျောင်းတွင် အောင်မြင်စွာ ရပ်တန့်ထားနိုင်ခဲ့သည်။

နောက်ထပ်ကားနှစ်စီးရှိရင် လင်းဖန်အတွက် တကယ်ကိုဒုက္ခဖြစ်လိမ့်မည်ဖြစ်သည်။

ခေတ္တနားပြီးနောက် လင်းဖန်က “မင်းလောင်းကြေးစာချုပ်ကို ဖြည့်ဆည်းပေးချင်တယ်ဆိုရင်နှစ်ရာသက်တန်းရှိတဲ့ဂျင်းစင်းကိုရှာဖို့ကူညီပေးနိုင်ပါတယ်။”

“ဘယ်မှာရှိလဲဆိုတာ မင်းသိရင် ငါ့ကိုပြောပြပါ ငါကျေးဇူးတင်လိမ့်မယ်။ ကားနဲ့ပတ်သက်ရင် ငါ့အတွက် တကယ်ကို အသုံးမဝင်လို့ပါ” လင်းဖန်က သူ့သည်အလွန်လေးနက်ဖြင့်ပြောလိုက်သည်။

လင်းဖန်လေးလေးနက်နက်ပြောတာ ကိုမြင်တော့ သူတို့နှစ်ယောက်သည် အတင်းအကြပ် မပြောတော့ပေ။

လီယွင်ဟိုင်ကခဏတုံ့ဆိုင်းသွားပြီး “အင်း... အစ်ကိုလင်း၊ စိတ်မပူပါနဲ့၊ ငါ ရဲ့လီမိသားစုကို ပေးလိုက်ပြီး မင်းရဲ့ နှစ်ရာချီဂျင်းစင်းကိုရှာတွေ့ဖို့ ငါတို့ အကောင်းဆုံးကြိုးစား​းေပါ့မယ်”

“ငာတို့စုမ်သားစုကလဲနှစ်ရာချီရှိတဲ့ဂျင်းစင်းကို တတ်နိုင်သမျှ အမြန်ဆုံးရှာဖွေရန် ကူညီပေးပါမယ်” စုလင်းဟို က ပြောလိုက်သည်။

နှစ်ယောက်သား ဒီလိုပြောပြီးနောက်မှာတော့ တိတ်တဆိတ် သက်ပြင်းတစ်ချက်ချလိုက်ပါကြသည်။

လင်းဖန်က သူ့တို့ရဲ့ စူပါကားကို တိုက်ရိုက်လက်ခံခဲ့မယ်ဆိုရင် သူတို့ဘာမှ မပြောသည်မှာတာ သဘာဝပင်ဖြစ်သည်။

အခုတော့နှစ်ရာချီဂျင်စင်းကိုရှာဖို့က နည်းနည်းတော့ဒုက္ခရောက်သည်။

လင်းဖန် က ဝမ်းသာအားရနဲ့ “ဒါဆို နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်”

လင်းဖန်၏နောက်တွင်ရှိသောလူများအားလုံး သက်ပြင်းချလိုက်သည်။

လင်းဖန်သည်28 သန်းတန်တဲ့ စူပါပြိုင်ကားတစ်စီးကိုမျက်တောင်မခတ်ဘဲ ငြင်းလိုက်သာ်ကိုမြင်လိုက်သည်။

လင်းဖန်သည် ပို၍ပင် လျှို့ဝှက်ဆန်းကြယ်ကြောင်း သူတို့ ခံစားလိုက်ရသည်။

လီယွင်ဟိုင်နှင့် စုလင်းဟိုတို့ကို စော်ကားမည်ကို စိုးရိမ်သောကြောင့် လင်းဖန်သည် ပြိုင်ကားကားကို လက်ခံရန် ငြင်းဆိုခြင်း ကို၎င်းတို့ ထည့်သွင်းစဉ်းစားထားခြင်း မရှိပေ။

လင်းဖန်တွင်Lamborghiniတောင်ရှိသည်ရှင်းရှင်းပြောရရင်လီယွင်ဟိုင်တို့နဲ့အဆင့်အတန်းတူတူပင်ဖြစ်သည်ဟုဆိုသည်။အဲ့ထက်တောင်မြင့်ချင်မြင့်အုံးမည်ဖြစ်သည်။အဲ့လိုလူကဘာကိုကြောက်မည်နည်း။

ဟာသပဲ! ?

ထို့နောက် လင်းဖန်သည် လီယွင်ဟိုင်၊ စုလင်းဟိုတို့ နှင့်ခဏတာ စကားပြောခဲ့ပြီးနောက် အဆက်အသွယ်အချက်အလက်များ ဖလှယ်ခဲ့သည်။

အားလုံးရဲ့ နှုတ်ဆက်ပြီးသည်နှင့်လင်းဖန်သည်ဆောင်ဂျင်းအန်းကို ကျန်ပေ့တက္ကသိုလ်ဆီ ခေါ်ဆောင်သွားလဲ့သည်။

ယခုအချိန်တွင် အလျင်စလို ကားကို​ေငေ်းရန်မလိုအပ်ပေ။ လင်းဖန်က Lamborghini ကို ဖြည်းဖြည်းနှင့်မှန်မှန်သာ မောင်းနှင်ခဲ့သည်။

၎င်းသည် စူပါပြိုင်ကားကားကို မောင်းနှင်နေကဲ့သို့မဟုတ်ဘဲ အသေးစားကားတစ်စီးကို မောင်းနှင်ပုံရသည်။

ဆောင်ကျင်းအန်းက”မင်း ဒေါင်လင်းလမ်းမကြီးမှာ ကားပြိုင်ပွဲအတွက် လုံးဝစိတ်ဝင်စားတဲ့ အရူးတစ်ယောက်ဖြစ်မယ်ဆိုတာ စိတ်ကူးဖို့ခက်တယ်။”

လင်းဖန်က သူ့နှာခေါင်းကို ကိုင်လိုက်ပြီး “ ရူးသွပ်တာလား၊ ငါ့အဲ့ထက်ပြန်အောင်မောင်းခဲ့သင့်တယ်၊အခုတော့ငါနောင်တရတယ်” ဟု ပြောခဲ့သည်။

အရမ်းဝမ်းနည်းနေတာလား?

280 အမြန်နှုန်းကို ပြေးပြီး V ပုံသဏ္ဍာန် မျဉ်းကွေးကို ဖြတ်ကူးရတာ နောင်တရစရာလို့ ပြောလိုက်တာလား။

တစ်လြားသူတွေကအဲ့အကြောင်းကြားရင်ငိုဖို့တောင်မျက်မထွက်ပဲနေအုံးမည်ဖြစ်သည်။

ဤအခိုက်အတန့်တွင်ဆောင်ကျင်းအန်းသည်ထိုမြင်ကွင်းကို သတိရကာသူမ၏နှလုံးသည်လဲအနည်းငယ် ခုန်လာခဲ့သည်။

လင်းဖန် က “စကားမစပ် မင်းက ဘာလို့ သင်္ချာဘာသာရပ်ကို ယူလိုက်တာလဲ”

“ဒါဆို ငါ့လိုလူက ဘာကိုလေ့လာသင့်တယ်လို့မင်းထင်လဲ” ဆောင်ကျင်းအန်း က ပြုံးပြီး မေးသည်။

လင်းဖန်က ခဏလောက်စဉ်းစားပြီး “စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေး?”

ဆောင်ဂျင်းအန်း က “သင်္ချာက ပိုစိတ်ဝင်စားဖို့ကောင်းတယ်။ ငါကသင်္ချာမှာ ပိုတော်တယ်လို့ထင်တယ်။ ဘွဲ့ရပြီးရင် ကုမ္ပဏီနှစ်ခုမှာ ငါကအလုပ်လုပမှာ.”

ဘွဲ့ရပြီးရင် ကုမ္ပဏီနှစ်ခုမှာအလုပ်လုပ်မှာလား။

သို့သော် ဆောင်ကျင်းအန်းသည် ကြွားဝါခြင်းမရှိသလို စကားကြီးကြီးကျယ်ကျယ် မပြောတတ်ကြောင်း လင်းဖန်က နားလည်ခဲ့သည်။

ဆောင်ကျင်းအနး အတွက် ကုမ္ပဏီနှစ်ခုတွင်အလုပ်လုပ်ခြင်းသည် သေးငယ်သောကိစ္စတစ်ခုသာဖြစ်သည်။

ထိုအချိန်တွင်၊ ဆောင်ကျင်းအန်းသည် လွန်ခဲ့သည့် နှစ်ရက်က စင်မြင့်ပေါ်တွင် လင်းဖန်နှင့် ဟန်တီတို့ဆွေးနွေးခဲ့သော သင်္ချာမေးခွန်းတွေကိုတွေးလိုက်မိသည်။

ထို့နောက် သူက “ဟုတ်ပါတယ်၊ မင်းနဲ့ နှိုင်းယှဥ်လိုက်ရင် ငါ့သင်္ချာက ကလေးသာသာပဲရှိတယ်”

...

ကျန်ပေ့တက္ကသိုလ်၊ အမျိုးသမီးအိပ်ဆောင် အခန်း 502။

အမြွှာညီအမနှစ်ယောက်သည် လင်းဖန်၏ WeChat ရှိစာပို့နေရာကိုဖွင့်လိုက်သည်။

ယခုအချိန်တွင် ၎င်းတို့နှစ်ဦးသည်အရင်နေ့ကရေးထားတာကိုအခုထိမပို့ရသေးပေ။

သူတို့ရဲ့ ဖြူဖွေးတဲ့လက်လေးတွေက အဲ့စာသားရဲ့အောက်ခြေမှာ ထပ်ပြီးရိုက်လျုက့သည်။

အနီ : ဟယ်လို အိပ်နေပြီလား။ ငါတို့ကိုဘတ်စကတ်ဘောထိခါနီးတွင် ကယ်တင်တာ ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်... ဒီနေ့ လက အရမ်းဝိုင်းစက်နေတယ်၊ ​​မင်းမြင်လားမသိဘူး၊ ဒီနေ့လဲတွင် ဘတ်စကတ်ဘော ကစားပုံမပေါ်ဘူး။ .. ဒီနေ့ ကောင်းကင်မှာ ကြယ်တွေ အများကြီး ရှိတယ်။မနက်ဖြန် ရာသီဥတု ကောင်းမယ်ထင်တယ်။ဘတ်စကတ်ဘော ကစားမှာလား။

အပြာ: ဟယ်လို အိပ်နေပြီလား? ငါတို့ကိုဘတ်စကတ်ဘောထိခါနီးတွင်ရပ်ပြီး ကယ်ပေးလို့ကျေးဇူးတင်ပါတယ်... ဒီနေ့ လက အရမ်းဝိုင်းစက်နေတယ်၊ မင်း​​မြင်လားမသိဘူး၊ ဒီနေ့လဲ ဘတ်စကတ်ဘော ကစားပုံမပေါ်ဘူး။.. ဒီနေ့ ကောင်းကင်မှာ ကြယ်တွေ အများကြီး ရှိတယ်။ မနက်ဖြန် ရာသီဥတု ကောင်းမယ်ထင်တယ်။ ဘတ်စကတ်ဘော ကစားမှာလား။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချေကြီး

All Chapters