ငါ့ကိုစောင့်နေတာလား
Vol. 3 Ch. 33
နောက်တစ်နေ့တွင် နေငည်အရှေ့အရပ်ကနေစတင်ထွက်ပေါ်လာတော့သည်။
အဆောင်အိပ်ခန်း ၁၀၄
မူဇောင်သည် အရင်ဆုံးအိပ်ရာထသောသူဖြစ်သည်။
မူဇောင်နိုးသည်နှင့်တပြိုက်နက်လင်းဖန်၊ ဇောင်ချင်းဘို နှင့် စုရီတို့သည်လဲတစ်ပြိုင်တက်နိုးလေသည်။
နံနက်ခင်းအတန်းချိန်သည် သင်္ချာပါမောက္ခဟန်၏ အတန်းဖြစ်သည်။ဆရာမဟန်ကတော်ရှင်းပြနေပေမဲ့တစ်တစ်လေပဲသူမရှင်းပြတာကိုနားလည်သည်။ကျန်လူများကမသိလဲသိတဲ့ပုံစံဖြစ်သည်။
လင်းဖန်အတွက်ကတော့ဆရာမဟန်ပြောသောစကားများသည်သူအတွက်တော့ကလေးအဆင့်ထက်နည်းနည်းကျော်သည်ဟုသူထင်သည်။သူကိုဆရာမကဘာမှမသင်ပေးနိုင်ဘူးဆိုတော့ပျင်းလာတော့သည်။အဲ့တာနဲ့ခုံပေါ်ခေါင်းတင်ကာအိပ်လိုက်တော့သည်။
လင်းဖန်သည် အတန်းထဲတွင် အိပ်ရသည်မှာသမ္မတအိမ်တော်ခန်းထက် ပိုအိပ်ကောင်းသည်ဟု လင်းဖန်က ခံစားခဲ့ရသည်။အလွန်ကိုအိပ်ရာသည်မှာသက်သောင့်သက်သာဖြစ်သည်။
လင်းဖန်သည်ကျောင်းတက်ဖို့ ရွေးချယ်ခြင်းခြင်းသည်သူအတွက်အမှန်ဆုံးရွေးချယ်မှုဟုခံစားရသည်။
နေ့လယ်မွန်းတည့်အချိန်၌ ကော်ဖီဆိုင်တွင် လင်းဖန်ထမင်းစားနေစဉ် သူ၏ ဖုန်းသည် အနည်းငယ်တုန်ခါသွားသည်။
နေ့လယ်12:00 နာရီ။
“ဒင်း! ဂုဏ်ယူပါတယ် မင်း 5 ယွမ် ရရှိခဲ့သည်”
“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 3000 ယွမ်ကိုရရှိခဲ့သည်”
……
“ဒင်း၊ ဂုဏ်ယူပါတယ်၊ မင်းလက်ရေးလှကျွမ်းကျင်မှုမစွးကိုရရှိခဲ့သည်”
“ဒင်းဂုဏ်ယူပါတယ် မင်းမှာ ယွမ် 10,000”ရရှိခဲ့သည်။’’
“ဒင်း၊ဂုဏ်ယူပါတယ်၊ ကျွမ်းကျင်မှုအဆင့်မြှင့်ကတ်ကို ရရှိခဲ့သည်။”
ယနေ့ အနီရောင်စာအိတ်တွင် လင်းဖန် သည် စုစုပေါင်း ယွမ် ၅၀,၀၀၀ ကျော် ကိုရရှိခဲ့သည်။
ဒီပိုက်ဆံတွေကိုလင်းဖန်ကဂရုမစိုက်ပေ။သူအားရုံစိုက်သည်ကလက်ရေးလှကျွမ်းကျင်မှုစွမ်းရည်နှင့် ကျွမ်းကျင်အဆင့်မြှင့်တင်ရေးကတ်တို့ကိုသာဖြစ်သည်။
[လက်ရေးလှရေးကျွမ်းကျင်မှုစွမ်းရည်- ရေးလိုက်သောစာလုံးများသည်ကျက်သရေရှိပြီးလှပသည်။ 】
အရင်တုန်းကတော့ လင်းဖန်ဟာ လက်ရေးလှလေ့ကျင့်ရေးကျင့်ကြည့်သည်။
သို့သော် အကျိုးသက်ရောက်မှုမရှိပေ။သူရေးသောလက်ရေးလှများသည်ပပဲပင်ပေါက်လို့ပြောတောင်စော်ကားရာကျတဲ့လက်ရေးမျိုးဖြစ်သည်။
ယခုအခါတွင် သူသည် လက်ရေးလှကျွမ်းကျင်မှုစွမ်းရည်ကို လွယ်လွယ်ကူကူ ရလိုက်သောကြောင့် သဘာဝအတိုင်း အလွန်ပျော်ရွှင်နေသည်။
[ကျွမ်းကျင်အဆင့်မြင့်တင်ရေးကတ်: သင်သည် ကျွမ်းကျင်မှုအဆင့်ကို တိုးမြှင့်နိုင်သည်။ 】
ကျွမ်းကျင်မှုအဆင့်ကို မြှင့်တင်ကတ်။
လင်းဖန်၏ မျက်လုံးများ အနည်းငယ် တောက်ပလာသည်။
[ကျွမ်းကျင်မှုများ- ကျွမ်းကျင်သော ကားမောင်းနှင်မှုစွမ်းရည်၊ ကျက်သရေရှိသောထီးဆောင်းခြင်း (မြင်မြင်ချင်း ချစ်ခြင်းမေတ္တာကို ဖန်တီးရန် အခွင့်အရေး 5%၊ မမေ့နိုင်သော အခွင့်အရေး)၊ ဖိုက်တာအလှတရား၊ အရက်ဘယ်လောက်သောက်မူးစွမ်းရည်၊ပကတိအာရုံစူးစိုက်မှု စွမ်းရည်(အလင်းရောင်ကို ဖော်ထုတ်ရန် 5% အခွင့်အရေး)၊ ပါမောက္ခအဆင့် သင်္ချာစွမ်းရည်၊ အမှန်တရားမျက်လုံး၊ ပရော်ဖက်ရှင်နယ်အဆင့် ဘတ်စကက်ဘော ကျွမ်းကျင်မှု၊ ပရော်ဖက်ရှင်နယ် စန္ဒယားစွမ်းရည်၊လက်ရေးလှကျွမ်းကျင်မှုစွမ်းရည် 】
လင်းဖန်က ခဏလောက် စဉ်းစားနေပေမယ့် ဘာကိုမြင့်တင်ရမှန်းသူမသိဖြစ်နေသည်။
ဘာလို့လဲဆိုတော့ ဒီအရည်အချင်းတွေကသောက်ရမ်းကိုလန်းနေတော့စဉ်းစားရခတ်သည်။
သူသည်သူ့စွမ်းရည်အားလုံးကို အဆင့်မြှင့်တင်ချင်နေသည်၊မြင့်တင်နိုင်ရင်လင်းဖန်သည် သဘာဝအတိုင်း ပျော်ရွှင်နေလိမ့်မည်။
ဒါပေမယ့် တစ်ခုပဲ ရွေးလို့ရတယ်၊ဆိုတော့စဉ်းစားရခက်သည်။
အဲဒီအချိန်မှာ သူ့ဘေးက စုရီက “အစ်ကို လင်း၊ ငါ့သူငယ်ချင်းနဲ့ဘတ်စကတ်ဘောသွားကစားမလို့အစ်ကိုလင်းလဲငါတို့နဲ့ ဘတ်စကတ်ဘော အတူတူ သွားကစားမလား”
လင်းဖန်သည် ဟိုတစ်ခါတုန်းကကစားသည်ကိုတွေးပြေီးဘတ်စကက်ဘောကစားရတညလဲအလွန်ကောင်းမွန်သည်ဟုသူထင်သည်။
ထို့ကြောင့် သူသည်ခေါင်းညိတ်လိုက််ပြီး “ကောင်းပြီ” ဟုပြောလိုက့သည်။
စုရီ သည် သူ့မျက်နှာပေါ်တွင်ပြုံးရွှင်နေသည်။
နေ့လည်စာစားပြီးနောက် လင်းဖန်နှင့် စုရီတို့သည် ဘတ်စကတ်ဘောကွင်းသို့ ရောက်လာကြသည်။
ထိုအချိန်တွင်အရင်တစ်ခါက ကစားတဲ့လူမည်းတစ်ဉီးနှင့်လူစိမ်းလူသုံးဦးတို့သည် ထိုနေရာတွင် စောင့်နေပြီဖြစ်သည်။
လင်းဖန်ကိုမြင်ပြီးနောက်၊ လူမည်းသည် အမြန်ထကာ သူ၏ဖြူဖွေးသောသွားများကို ပြသကာ “အစ်ကိုလင်း၊ မင်းလည်း ဘတ်စကတ်ဘောကစားဖို့ ရောက်ခါတယ်’’
စကားပြောပြီးတဲ့အခါ လူမည်းက လင်းဖန်ကို ပွေ့ဖက်ဖို့လုပ်လိုက်သည်။
ဒါပေမယ့် သူ့ခန္ဓာကိုယ်မှာ ချွေးတွေရွှဲနေတာကို တွေ့ပြီးနောက် လင်းဖန်က ဘေးကိုရှောင်ကာခေါင်းညိတ်ကာ “ဟုတ်တယ်ဒီနေ့ဘတ်စကတ်ဘောကစားချင်လို့လိုက်လာလိုက်တယ်” လို့ ပြောလိုက်သည်။
လင်းဖန်က သူ့ကို ရှောင်တာကိုလူမည်းယောက်ျားက ဒေါသမထွက်ဘူး၊အဲ့အစား သူက ပြုံးလိုက်ပြီး “ဟုတ်တယ် အစ်ကိုလင်းဒီနေ့ရာသီဥတုသာရာတော့ဘတ်စကတ်ဘောကစားတာကောင်းတဲ့နေ့ပဲ!”
ထို့နောက် သူက လူစိမ်းသုံးယောက်ကိို လက်ညှိုးထိုးပြပြီး “သူတို့က ကျောင်းဘတ်စကတ်ဘောအသင်းကလေ” ဟု ပြောလိုက်သည်။
ထို့နောက် လူမည်းကောင်လေးက “ကျွန်တော်၊ အစ်ကို လင်းနဲ့ စုရီ တို့နဲ့ ပိုရင်းနှီးတယ်၊ ဒါကြောင့် ကျွန်တော်တို့ တစ်ဖွဲလေိုက်မယ်။ကျပန်းအဖွဲ့ကိုမခွဲတော့ဘူး။”
လူစိမ်းသုံးယောက်သည် အနည်းငယ် အံ့သြသွားကြသည်။
၎င်းတို့အနက် အရပ်ရှည်သော အမျိုးသားက “သေချာရဲ့လား” ဟု စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
သူတို့ သုံးယောက်သည် ကျောင်းဘတ်စကက်ဘောအဖွဲ့ရဲ့ အဖွဲ့ဝင်တွေဆိုတာသိသင့်သည်။
တစ်ချိန်က သူတို့သည်ဘတ်စကတ်ဘောလိပ်တွင် ပါဝင်ခဲ့ဖူးသည်။
ထို့အပြင် ၎င်းတို့ သုံးဦးသည် ယခင်က စုရီ နှင့် လူမည်းတို့နှင့်အတူ ဘတ်စကက်ဘော ကစားခဲ့ဖူးပြီး ၎င်းတို့၏ စွမ်းရည်မှာ သာမန်ထက်သာလွန်ကြောင်း သိထားကြသည်။
သူတို့၃ယောက်ဆိုရင်ရှုံးမှာမကြောက်ဘူးလား။
ဤအရာသည် သူတို့ကိုလာအနိုင်ကျင့်ပါဟုပြောနေသည်နှင့်တူသည်။
လူမည်းက “ဟုတ်တယ်။ ဟုတ်ပါတယ်၊ စလိုက်ကြရအောင်၊ စုရီ နဲ့ လင်းဖန်က နေ့ခင်းဘက်မှာ နောက်ထပ် အတန်းတစ်ခု ရှိသေးတယ်”
သုံးယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်ကြသည်။
တခြားပါတီက သူတို့ကိုလာအနိုင်ကျင့်ဟုပြောနေသောကြောင့်သူတို့လဲမတတ်နိုင်ပေ။
သို့သော် မကြာမီ သူတို့သည် လုံးဝမှားကြောင်း သိလိုက်ရသည်။
ဘတ်စကတ်ဘောပွဲစသောအခါ၊ လူမည်းနှင့် စုရီ တို့သည် ဘောလုံးရသည်နှင့်တပြိုင်နက်လင်းဖန်ထံသို့ တိုက်ရိုက်ပေးပို့ခဲ့သည်။
လင်းဖန်သည် သူတို့၏မျှော်လင့်ချက်များအတိုင်း ဘောလုံးကိုပုတ်ကာပရိုကျကျအကွက်များဖြင့်အကွတ်ပြလိုက်တော့သည်။
လင်းဖန်းကို တားဖို့အတွက် လူနှစ်ယောက်သည်လဲခုခံကာကွယ်ဖို့ သူတို့ တုံ့ဆိုင်းမနေခဲ့ပေ။
သို့သော် လဲသူတို့မတားနိုင်သေးပေ။
လင်းဖန်သည် အမြဲတမ်း အားနည်းချက်ကိုရှာဖွေနိုင်ပြီး အောင်မြင်စွာ ပစ်ခတ်ကာ ဂိုးသွင်းနိုင်ခဲ့သည် ။
ဘတ်စကက်ဘောဆိုတာ တကယ်ကို ကိုယ်ကာယလေ့ကျင့်ခန်းတစ်မေိုးပင်ဖြစ်သည်။
မကြာခင်မှာပင် လင်းဖန်နှင့် အခြားသူများ ချွေးတွေချွးတွေရွှဲနေတော့သည်။
သူတို့သည်ပြင်းပြင်းထန်ထန် မောဟိုက်နေပြီး ခဏတာ အနားယူတော့သည်။
ထိုအချိန်တွင် ဘတ်စကတ်ဘောကွင်းနားသို့လှပသော အသွင်နှစ်ခု ပေါ်လာပြီး သူတို့၏ မျက်နှာများပေါ်တွင်လဲအပြုံးများ ဖြင့်ပြည့်နက်နေသည်။
အနီရောင်နဲ့ အပြာရောင် ၀တ်စုံဝတ်ထားသောအမြွှာညီအမနှစ်ယောက်ဖြစ်သည်။
သူတို့၏လက်ထဲတွင် ရေပုလင်းကို ကိုင်ဆောင်ကာ လင်းဖန်နားသို့ရောက်သည်နှင့်ဆပြုင်နက်အလွန်မျှော်လင့်ချက်ထားကာ အကြည့်ဖြင့်ကြည့်နေကြသည်။
လင်းဖန်က ခဏလောက် ထိတ်လန့်သွားပြီး “ငါ့အတွက်လား?”
အမွှာညီအမနှစ်ယောက်က အထပ်ထပ် ခေါင်းညိတ်ပြလိုက်သည်။
လင်းဖန်သည် လဲမယဉ်ကျေးတော့ဘဲ အနီ၏ရေ ပုလင်းကိုဖွင့်ကာ သောက်လိုက်သည်။
လင်းဖန်သည်အနီပေးသည့်ရေပုလင်းကိုသောက်ပြီးသည်နှင့်အပြာရောင်ပေးသောရေပုလင်းကိုဖွင့်ကာ နောက်ထပ်တစ်လုတ်သောက်လိုက်သည်။
လင်းဖန်သူတို့ပေးသည့်ရေကိုယောက်ပြီးသည်နှင့်တစ်ပြိုင်နက်သူမလေးတို့ရဲ့သူတို့ရဲ့ မျက်နှာတွေမှာ ဖုံးကွယ်လို့မရတဲ့ အပြုံးတွေနဲ့ ပြည့်နှက်နေပြီး အရမ်းကိုချစ်စရာကောင်းသည်။
ထို့နောက် လင်းဖန်သည် အမြွှာညီအမနှစ်ယောက်ကို အမှန်တရား မျက်လုံးဖြင့် တိတ်တဆိတ် ကြည့်နေရုံမှတပါး မတတ်နိုင်ပေ။
အပြာရောင်စကတ် ကောင်မလေး။
[မျက်နှာတန်ဖိုး- 95]
【အကြိုက်ဆုံးအဆင့်သတ်မှတ်ချက်- 99】
စကတ်အနီ ကောင်မလေး။
[မျက်နှာတန်ဖိုး- 95]
【အကြိုက်ဆုံးအဆင့်သတ်မှတ်ချက်- 99】
လင်းဖန်သည် ၎င်း၏ WeChat အကောင့်ကို ထည့်သွင်းပြီးကတည်းက အမြွှာညီအမနှစ်ယောက်က လင်းဖန် ကို တစ်ခါမှ မက်ဆေ့မပို့ဖူးပေ။
ဒါကိုစဥ်းစားလိုက့သညခနဲ့သူသည်ခေါင်းရမ်းလိုက်ကာအချိန်တန်ရင့မေ့သွားလိုက်မည်ဟုသူထင်သည်။
ဒါပေမယ့် လဲသူကိုသူမတို့နှစ်ယောက်ကသူကိုကြိုက်နှစ်သက်မှုသည်99ဖြစ်နေသည်ကိုမစဥ်းစားပဲမနေနိုင်ပေ။
ဘာတွေဖြစ်သွားတာလဲ?
လင်းဖန်သည် ဘတ်စကက်ဘောကွင်းသို့ ပြန်ရောက်သောအခါ၊ လူမည်း သည် ပြန်လာသောလင်းဖန်ကိုပြုံးကာ “အစ်ကိုလင်း...အဲ့အမြွှာညီအမနှစ်ယောက်တွေ ဒီရက်ပိုင်း ဘတ်စကက်ဘောကွင်းမှာ တစ်ယောက်ယောက်ကိုစောင့်နေတယ်”
“ သူတို့က အစ်ကို လင်း ကိုစောင့်နေတာဖင်တယ်။”
“အစ်ကို လင်းကမျှော်လင့်ထားသလိုပါပဲ” လူမည်းကောင်လေး စကားပြောပြီးသွားတော့ သူက တိတ်တိတ်လေး လက်မထောင်ပြလိုက်သည်။
စုရီဒါကိုကြားတော့ အံ့သြသင့်သွားသည်။
အမြွှာညီအမနှစ်ယောက်ကနေ့တိုင်းဘတ်စကတ်ဘောကွင်းမှာ အစ်ကိုလင်းကိုစောင့်နေတာလား။
ဒီ……
သူတို့မှာ ကိုယ်ပိုင် WeChat မရှိဘူးလား။
အစ်ကိုလင်းကိုတွေ့ချင်ရင် မက်ဆေ့ပို့လို့မရဘူးလား?
စုရီအဲ့အကြောင်းကိုမစဥ်းစားတော့ဘဲ “အစ်ကိုလင်း ၊ ဘောလုံးကို ဖမ်းပါ” လို့ပြောလိုက်သည်။
ဘတ်စကတ်ဘောလုံးပြန်ကစားကြတော့သည်။
လင်ဖန်းသည် စုရီတို့အဖွဲ့၏ ပင်မအင်အအင်အားစုဖြစ်သောကြောင့် အဆက်မပြတ် ပြေးလွှားရသောကြောင့်၊ချွေးများပင် ရွှဲရွှဲစိုနေသည်။.
လင်းဖန်နှင့်တူသော ဘတ်စကက်ဘောစွမ်းရည်ရှိသောသာမန်လူတစ်ယောက်ဆိုလျှင် ပင်ပန်းနေပြွးလုပ်တောင်လုပ်နိုင်မည်မဟုတ်ပေ။
သို့သော် လင်းဖန်သည် မမော်မပန်းကိုဖြင့်နေသည်။ချွေးတွေရွှဲနေသောလဲအင်းအားအပြည့်ရှိသည်။
အချိန်ကြာလာသည်နှင့်အမျှ လင်း သည် ပို၍အာရုံစိုက်လာပြီး သူ၏ဘတ်စကတ်ဘောစွမ်းရည်များ တိုးတက်လာခဲ့သည်။
လူစိမ်းသုံးယောက်သည်လင်းဖန်းကို ကာကွယ်ရန်အတွက် သူတို့သည် အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့၏ စွမ်းအင်များ ကုန်ဆုံးသွားခဲ့သည်။
အဆုံးတွင် ဘတ်စကတ်ဘောကိုနှစ်နာရီနီးပါး ဘတ်စကတ်ဘောအသင်းသည် ၈ဂိုးသာ ရရှိခဲ့သည်။
လင်းဖန်၏ အသင်းသည် ၃၃ ဂိုး ရရှိခဲ့သည်။
ပထမအကြိမ်ဖြစ်ဘတ်စကတ်ဘောအသင်းအဖွဲ့ဝင် သုံးဦးစလုံး စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရသည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး