← Chapters

ဆရာမ ဟန်တီ၏ တောင်းဆိုချက်။

Vol. 3 Ch. 34

ဆရာမ ဟန်တီ၏ တောင်းဆိုချက်။

Vol. 3 Ch. 34

ဘတ်စကတ်ဘောအသင်းသား သုံးယောက်ရဲ့ စိတ်ပျက်အားငယ်နေသောလဲစုရီနှင့်လူမည်းတို့ကတော့အပြုံးများပြည့်နှက်နေသည်။

အရင်က စုရီနဲ့ လူမည်းတို့ဟာ ဘတ်စကတ်ဘောအသင်းတွေနဲ့လည်း ကစားဖူးသည်။

သူတို့ကစားတိုင်းဘတ်စကတ်ဘော အသင်း ကသာအမြဲတမ်းအနိုင်ရသည်။

ယခု၊ သူတို့သည် ဘတ်စကတ်ဘောအသင်းကိုအနိင်ရလိုက်သည်။

ယင်းကြောင့် စုရီနှင့် လူမည်းတို့သည် အလွန်ပျော်ရွှင်နေကြသည်။

စုရီက “အတန်းချိန်နီးနေပြီအဆောင် အိပ်ခန်းကိုပြန်ကြရအောင်ရေမိုးချိုးပြီးမွေးမွေးကြိုင်ကြိုင်နဲ့ဆရာမဟန်တီအတန်းကိုသွားကြရအောင်ကွာ”

ဆရာမဟန်တီ အကြောင်းကို ပြောရင်း စုရီ ၏ မျက်နှာပေါ်တွင် ထိန်းမနိုင်သိမ်းမရ အပြုံးတစ်ခု ပေါ်လာသည်။

ယခုအချိန်တွင် လူစိမ်းသုံးယောက်ထဲကတစ်ယောက်ဖြစ်တဲ့အရပ်ရှည်တဲ့အမျိုးသားက”လင်းဖန်၊ မင်းရဲ့ဘတ်စကတ်ဘောစွမ်းရည်က အရမ်းကောင်းတယ်။မင်း ငါတို့ ဘတ်စကတ်ဘောအသင်းမှာ ပါဝင်ဖို့ စိတ်ဝင်စားလား”

လင်းဖန်က ခေါင်းခါပြီး “တောင်းပန်ပါတယ် ငါစိတ်မဝင်စားဘူး”ဟုတိုက်ရိုက်အဖြေပြန်ပေးလိုက်သည်။

လင်းဖန်အတွက်၊ဘတ်စကတ်ဘောသည်အားလပ်ချိန်တွင်ကြုံကြိုက်ကစားတဲ့အားကစားတစ်ခုသာသာပင်ဖြစ်သည်။

ဘယ်ဘတ်စကတ်ဘောအသင်းမှာပါဖို့ဆိုတာလုံးဝမဖြစ်နိုင်ပေ။

အရပ်ရှည်တဲ့အမျိုးသား က “လင်းဖန်၊ ငါတို့ဘတ်စကတ်ဘောအသင်းမှာ ပါဝင်ပြီးရင် မင်း ခရက်ဒစ် ၂ ခု ရနိုင်တယ်” ဟု ရှင်းပြခဲ့သည်။

“ဒါ့အပြင် ဒီနှစ် ကောလိပ်ဘတ်စကက်ဘောလိဂ်လည်း စတင်တော့မယ်။ အရင်တုန်းကတော့ လိဂ်မှာရှိတဲ့ CBA နည်းပြတွေက အကြီးတန်းတွေကို သဘောကျပြီး မကြာခင်မှာ နှစ်စဉ် လစာ တစ်သန်းနဲ့ ပရော်ဖက်ရှင်နယ် ကစားသမား ဖြစ်လာခဲ့တယ်။”

“လင်းဖန်မင်းရဲ့ ကျွမ်းကျင်မှုဖြင့်၊ မင်းကလိဂ်တွင် သေချာပေါက် တောက်ပနိုင်လိမ့်မည်၊ ပြီးရင်CBA နည်းပြ၏ မျက်နှာသာပေးမှုကိုလည်း ခံရနိုင်သည်။”

“လင်းဖန်၊ မင်းပြန်စဉ်းစားလို့တယ်’’

စကားပြောပြီးသောအခါတွင် သူသည် လင်းဖန်အား အလွန်အမင်းမျှော်လင့်ထားသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ဒါပေမယ့် လင်းဖန် က ခေါင်းခါလိုက်ပြီး “တောင်းပန်ပါတယ်၊ ကျွန်တော် ဘတ်စကတ်ဘောအသင်းမှာ မပါဝင်ချင်သေးဘူး” လို့ပြန်​ဖြေလိုက်သည်။

ခရက်ဒစ် 2 ခု ရနိုင်ပါသလား။

လူအများစုက တက္ကသိုလ်တက်တဲ့အခါ ဒီပလိုမာကို လိုချင်ကြပါသည်။

သို့သော် လင်းဖန်သည် ဘဝတွေ့ကြုံခံစားရန် တက္ကသိုလ်သို့ ရောက်လာခဲ့သည်။

ဒီလိုပမာဏကို လုံးဝ ဂရုမစိုက်ပေ။

CBA နည်းပြမှ ခေါ်ယူခြင်းခံရပြီး တစ်နှစ်လစာ တစ်သန်းရရှိသည့် ကစားသမားတစ်ဦးဖြစ်လာခြင်းနှင့်ပတ်သက်၍၊

အဲဒါက ပိုလို့တောင် ဆွဲဆောင်မှုမရှိပေ။

လင်းဖန်သည် နေ့တိုင်းဘာမှမလုပ်ဘဲ အနည်းဆုံး ယွမ် ၇၀၀,၀၀၀ ရရှိနိုင်သည်။

အနာဂတ်တွင်၊ ဤမျှသာရှိလိမ့်မည်လား။!

စုရီသည် လင်းဖန်သည်ဘတ်စကတ်ဘောအသင်းတွင် ပါဝင်ရန် ငြင်းဆိုမှုအတွက် လုံးဝအံ့အားသင့်ခြင်းမရှိပေ။

စုရီရဲ့စိတ်ထဲမှာ လင်းဖန်ဟာ စူပါဟီးရိုးတစ်ယောက်ဖြစ်သည်။

ဘယ်စူပါ ဟီးရိုးကဘတ်စကတ်ဘောကို အသဲအသန်ကစားမယ်လို့သင်ထင်သလဲ။

လင်းဖန်သည် သူ့ဘေးတွင် ရပ်နေသော အမြွှာညီအမနှစ်ယောက်ကို ကြည့်ပြီးနောက် စုရီအား “မင်း အဆောင်အိပ်ခန်းထဲ အရင်ပြန်သွား” လို့ ပြောလိုက်သည်

စုရီက “ကောင်းပြီ။”

ထို့နောက် အရပ်ရှည်တဲ့အမျိုးသားကလင်းဖန်ကို ထပ်မံစည်းရုံးသည်။ “မင်း ဒီမှာ ဘာလုပ်မို့ဘဲ၊ ‘’မင်းကျွမ်းကျင်မှုတွေကိုမသုံးရင်ဘယ်မှာသုံးမှာလဲ’’

စကားထပ်မံပြောမည်အလုပ်သူ့သူငယ်ချင်းများ၏ဆွဲထုပ်ချင်းကိုခံခဲ့ရတော့သည်။

မကြာခင်မှာပဲ ဘတ်စကတ်ဘောကွင်းအှာလင်းဖန်နှင့်အမြွှာညီအမနှစ်ယောက်သာကျန်တော့သည်။

လင်းဖန် က ရှေ့ကို လှမ်းပြီး ပြုံးလိုက်ပြီး “မင်းတို့ရဲ့ ရေဘူးအတွက် ကျေးဇူးတင်ပါတယ်၊ စကားမစပ်၊ ငါတို့ နှစ်ခါတွေ့ပြီး မိတ်ဆက်မပြဖူးဘူးထင်တယ်။ ငါ့နာမည်က လင်းဖန်၊ မင်းတို့နာမည်ရော’’

” ပြောပြီးသည်နှင့် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

ထို့နောက် လင်းဖန်သည် ဘတ်စကက်ဘောကစားရုံမျှဖြင့် ပြီးသွားကာ သူ့လက်တွင် ချွေးများနှင့် ဖုန်မှုန့်များစွာ ရှိနေသည်ကို သိလိုက်ရသည်။

ထို့ကြောင့် သူ့လက်ကို ပြန်ဆွဲထုတ်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။ထိုအချိန်တွင်အမြွှာညီအမနှစ်ယောက်သည်လက်ဆွဲလိုက်ကြသည်။လင်းဖန်ကအမြန်နောက်ဆုတ်ဖို့ထပ်လုပ်လိုက်သည်။ဤသည်ကိုအမြွှညီအမနှစ်​ယောက်သတိပြုမိကြသည်။လင်းဖန်တွင်လက်ညစ်ပတ်သောကြောင့်ထင်လိုက်သည်။သူမတို်လင်းဖန်၏ ညစ်ပတ်နေသော လက်များကို သူမတို့ လုံးဝ ဂရုမစိုက်ကြောင်းခေါင်းခါပြလိုက်သည်။

လှပသောအမွှာလေးများသည် ဆိုးဆိုးရွားရွား တစ်ခုခုလုပ်လိုက်သကဲ့သို့ ရှက်ရွံ့ကာ ခေါင်းလေးငုံ့ထားကြသည်။

အနီရောင်ဝတ်စုံဝတ်ထားသည့် မိန်းကလေးသည် ဖုန်းကိုဖွင့်လိုက်ပြီး စာလုံးစောင်းနှစ်ခု “ရောင်ပန်’’ ကို စခရင်ပေါ်တွင် ပြသလိုက်သည်။

အပြာရောင်ဝတ်စုံဝတ်ထားသည့် မိန်းကလေးသည် ဖုန်းကိုဖွင့်လိုက်ပြီး “ရှောင်အန်း” စာလုံးစောင်းနှစ်ခုကို ဖန်သားပြင်ပေါ်တွင် ပြသထလိုက်သည်။

လင်းဖန်က “မင်းတို့... စကားမပြောနိုင်ဘူးလား”

အမွှာညီအမတွေက ခေါင်းညိတ်ပြလိုက်သည်။

Lin Fan က “ရှောင်ပန်? ရှောင်အန်း? မင်းတို့နာမည်ကအရမ်းကောင်းတယ်”

အမွှာ အလှမယ် နှစ်ယောက် သည် လင်းဖန်စကားကြားတော့ ချစ်စရာကောင်းသော ပါးချိုင့်လေး တစ်စုံ ၏ လှပသော မျက်နှာ မျပေါ်တွင် ပေါ်လာသည် ။

သိသာပါတယ်၊သူတို့ အရမ်းပျော်နေတယ်ဆိုတာ။

လင်းဖန် က “ဒီရက်ပိုင်း ဘတ်စကက်ဘောကွင်းမှာ မင်းတို့ငါ့ကို စောင့်နေတာလား။”

အမွှာညီအမနှစ်ယောက်က ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။

လင်းဖန် က “ဒါပေမယ့် ငါတို့ WeChat မထည့်ထားဘူးလား။ မင်းတို့ငါ့ကိုရှာချင်ရင် ငါ့ကို မက်ဆေ့ချ်ပို့လို့ရတယ်လေ။”

နောက်ဆုံးတွင် သူသည် သူ၏သံသယများကို ထုတ်ဖော်ခဲ့သည်။

အမြွှာညီအမနှစ်ယောက်သည် ရှက်ရှက်ဖြင့် ခေါင်းငုံ့ထားပြီးလုံးဝမတုံ့ပြန်ခဲ့ကြပေ။

ဒါကိုမြင်တော့ လင်းဖန်က အတင်းမတိုက်တွန်းပေ။

“တကယ်တော့ ငါ့မှာ ရည်းစားရှိတယ်...” လို့ မပြောခင် ခဏလောက် နှုတ်ဆိတ်နေလိုက်သည်။

ထို့နောက် လင်းဖန်သည် အမွှာညီအမနှစ်ယောက်၏ အမူအရာပြောင်းလဲမှုများကို ဂရုတစိုက်ကြည့်ရှုခဲ့သည်။

သို့သော် နှစ်ယောက်စလုံး၏အမူအရာ လုံးဝမပြောင်းလဲကြောင်း သူတွေ့ရှိခဲ့သည်။

သူတို့မအံသဥည်ကိုမြင်တော့သူတို့မကြားဘူးဟုထင်လိုက်သည်။

ဒါကြောင့် လင်းဖန် က “ကျွန်တော့်ရည်းစားက ကျူရီရှောင်ပါ။ အခု သူကမှော်မြို့ မှာ ကျောင်းတက်နေတယ်။”

ဒါကိုပြောပြီးနောက် လင်းဖန်သည် အမွှာအလှမယ်များ၏ အမူအရာများ မပြောင်းလဲသေးကြောင်း လင်းဖန်က မထင်မှတ်ဘဲ တွေ့ရှိခဲ့သည်။

လှပသောမျက်လုံးများသည် ရေကဲ့သို့ အမြဲကြည်လင်နေပြီး သူတို့၏လှပသောမျက်နှာများသည် ပန်းပွင့်များကဲ့သို့ အမြဲလှပနေကာ ပါးချိုင့်လေးများလဲရှိနေသေးသည်။

လင်းဖန်သည် အမြွှာညီအမနှစ်ယောက်ကိုအမှန်တရားမျက်လုံးဖြင့်ကြည့်လိုက်သည်။

အပြာရောင်စကတ် ဝတ်ကောင်မလေး။

[မျက်နှာတန်ဖိုး- 95]

【အကြိုက်ဆုံးအဆင့်သတ်မှတ်ချက်- 99】

စကတ်အနီ ကောင်မလေး။

[မျက်နှာတန်ဖိုး- 95]

【အကြိုက်ဆုံးအဆင့်သတ်မှတ်ချက်- 99】

သူမတို့သည်သူကိုနှစ်သက်မှုသည်မလျော့သေးပေ။

ဒါ... ဘာဖြစ်နေတာလဲ?

ငါ့မှာရည်းစားရှိနေပြီဆိုတာပြောလိုက်တယ်လေ။ဒါတောင်မ​ျေလျာ့သေးတာလဲ။

လင်းဖန်က သူ့လည်ချောင်းကို ရှင်းထုတ်ပြီး “မင်း...တို့ ဂရုမစိုက်ဘးူလား” လို့ မေးလိုက်သည်။

အမြွှာ ညီအမနှစ်ယောက်ကခေါင်းညိတ်ပြလိုက်သည်။

ခေါင်းညိတ်တာလား။ ?

ဒါ... ဘာဖြစ်နေတာလဲ?

လင်းဖန်သည် လုံးဝစိတ်ရှုပ်ထွေးသွားပြီး “ဒါ... ငါနောက်ထပ်အတန်းရှိပြီမို့ ငါအရင်ရေချိုးဖို့ ပြန်သွားတော့မယ်”

“မင်းတို့ မြန်မြန်ပြန်ရမယ်၊ ဒီမှာ နေကအရမ်းပူတယ်”

ခေတ္တရပ်လိုက်ပြီး “စကားမစပ်၊ နောက်ရက်အနည်းငယ်မှာ ကျွန်တော် ဘတ်စကတ်ဘော ကစားတော့မှာ မဟုတ်ဘူး။ ဘတ်စကတ်ဘောကွင်းမှာ စောင့်စရာ မလိုတော့ဘူး။”

လင်းဖန်က ခဏလောက်စဉ်းစားပြီး “ငါဘတ်စကတ်ဘောကစားချင်ရင် မင်းတို့ကို စာပို့လိုက်မယ်” လို့ပြောလိုက်သည်။

အမြွှာ ညီအမနှစ်ယောက် သည် ထိုစကားကို ကြားလိုက်ရ လှပသော မျက်လုံး လေးများသည် ချက်ချင်း တောက်ပ လာကာ အထပ်ထပ် အခါခါ ခေါင်းညိတ် လိုက်ကြသည်။

...

လင်းဖန် နဲ့ ကွဲကွာသွားတဲ့ အမြွှာ အလှမယ် နှစ်ယောက်ဟာ ဖုန်းတွေကို တစ်လုံးပြီးတစ်လုံး ထုတ်ကာ လှပတဲ့ မိန်းကလေး ရီကို မက်ဆေ့ချ် ပို့လိုက်ကြသည်။

ရှောင်ပန် (ရှောင်အန်း) : ဒီနေ့ သူ့ကို ထပ်တွေ့တယ်။

လှပသောမိန်းကလေး ရီ သည် ဖုန်းအား စိုက်ကြည့်နေပုံရသော်လည်း မက်ဆေ့ခ်ျကို ပြန်ကြားရန် နှစ်စက္ကန့်သာ တောင်ကြာသည်။

ရီ : သူ မင်းကို တစ်ခုခုလုပ်ခဲ့တာလား။

ရှောင်ပန် (ရှောင်အန်း): သူက ငါတို့ကိုလက်ဆွဲနှုတ်ဆက်တယ်။

ကောင်မလေး ရီ: ဘာလဲ? မင်းတို့လက်ကို ကိုင်ဖို့ သတ္တိရှိလိုက်တာ။ ဒီခွေးကောင်က။

ရှောင်ပန်(ရှောင်အန်း) : လက်ဆွဲနှုတ်ဆက်တာလေးပါ။

လှပသောမိန်းကလေး ရီ- သူ့ရဲ့ WeChat ကိုပေးစမ့းပါ။အဲ့မှာ့ကြိမ်းမောင်းလို့ရမှာ။

သို့သော်လည်း အချိန်အတော်ကြာပြီးနောက် လှပသော မိန်းကလေး ရီသည် ကိုသူမတို့သည်ဘာအှပြန်မပြောကြတော့ပေ။

Beauty Shaoyan: ဟေး ဟေး ဟေး။ မင်းတို့ကောင်တွေကော။

လှပသောမိန်းကလေး Yan : သက်ကြီးရွယ်အိုတွေကို ဘယ်လိုလေးစားရမလဲဆိုတာ မသိဘူးလား။

Yan : လူတွေကော ဘယ်လိုလဲ။ **** ငါ့ကို ထွက်သွားချင်ရင် မင်းပျော်နေလား။ ?

……

လင်းဖန်သည် အိပ်ခန်း 104 သို့ပြန်ရောက်သောအခါ၊ စုရီ၊ ဇောင်ချင်းဘို နှင့် မူဇောင်တို့သည် ထွက်သွားတော့မည်ဖြစ်သည်။

စုရီ က “အစ်ကို လင်း ငါတို့အရင်သွားတော့မယ်၊မြန်မြန်လာနော်”

“ကောင်းပြီ။” လင်းဖန်က ဖြေသည်။

သူတို့ထွက်သွားပြီးနောက်လင်းဖန်မှလွဲ၍104 အိပ်ခန်းသည် ဗလာဖြစ်သွားသည်။

မူလက လင်းဖန်သည် ရေကိုအမြန်ရေချိုးချင်သည်။

ဒါပေမယ့် ဘတ်စကတ်ဘောကစားပြီးတဲ့နောက်မှာတော့ သူ့တစ်ကိုယ်လုံးကို ချွေးတွေနဲ့ ဖုန်မှုန့်တွေနဲ့ ဖုံးအုပ်ထားတာကြောင့် ပေါ့ပေါ့ပါးပါး ဆေးကြောလို့မရပေ။

လင်းဖန်သည် ရေချိုးခန်းထဲမှ ထွက်ခွာရန်အချိန်အတော်ကြာသွားသည်။

အချိန်ကို ကြည့်လိုက်တော့ အတန်းတက်ပြီးမိနစ်အနည်းငယ်ကြာနေပြီဆိုတာ သိလိုက်ရသည်။

“အခု သွားဖို့ နောက်ကျနေပြီဆိုတော့..... မေ့လိုက်ပါ၊ အိပ်ခန်းထဲမှာပဲ အနားယူလိုက်မယ်’’

စကားပြီးသောအခါ လင်းဖန်သည် ကုတင်ပေါ်တွင် တိုက်ရိုက်လှဲကာ ဖုန်းကို အေးအေးဆေးဆေး ကစားသည်။

တစ်နာရီကျော်ကြာပြီးနောက်၊ စုရီ၊ ဇောင်ချင်းဘို နှင့် မူဇောင်တို့ ပျော်ရွှင်စွာ ဖြင့်အဆောင်ထဲလမ်းလျှောက်ခဲ့ကြသည်။

ဇောင်ချင်းဘိုက “အစ်ကို လင်း၊ ဒီနေ့ ဆရာမအတန်း ကို မသွားဘူး။ တကယ်ကို ရှက်ဖို့ကောင်းတယ်။ ဒီနေ့ ဆရာမဟန်တီက ဘယ်လောက်လှတယ်ဆိုတာ မင်းမသပါိဘူးကွ။ နောက်ပြီး သူက စင်ပေါ်ကနေ ဆင်းပြီး ငါတို့ထိုင်ခုံဘေးကို လာထိုင်တယ်။ “

Rich34(4)”မှန်ပါတယ်၊ အဲဒီအချိန်မှာ ကျွန်တော် အရမ်းဝမ်းသာသောကြောင့် မူးလဲမလိုဖြစ်သွားတယ်!” စုရီက စိတ်လှုပ်ရှားစွာပြောသည်။

“ဒါက ဒါပထမဆုံးပဲ... ဆရာမဟန်တီကငါတို့နားမှာလာထိုင်တာ!” မူဇောင် ပြောလိုက်သည်။

“ဒင်!”

ထိုအချိန်တွင် လင်းဖန်၏ဖုန်းသည် အနည်းငယ်တုန်ခါသွားသည်။

သူက WeChat မက်ဆေ့ချ်ကို ကြည့်လိုက်တော့ ဟန်တီ က ပေးပို့တဲ့အသံ မက်ဆေ့ ဖြစ်သည်။

ဒါကြောင့် ဖွင့်​ဖို့ နှိပ်လိုက်တာနဲ့ ဟန်တီ ရဲ့ သာယာတဲ့ အသံက ချက်ချင်း ထွက်ပေါ်လာသည်။

“လင်းဖန်၊ မင်းဒီနေ့ အတန်းထဲ မလာဘူးလား၊ တစ်ခုခု​စြ်လို့လားလား”

“ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ၊ ငာအမွှာအနှစ်ချုပ်ရဲ့ စိတ်ကူးကို ထပ်ပြီးလေ့လာခဲ့ပါတယ်။ ငါ့တွက်တဲ့သင်္ချာပြဿနာအချို့ကို ကြုံတွေ့ခဲ့ရတယ်။”

“မင်း အချိန်ရရင် ငါ့ရုံးခန်းကို လာလို့ရမလား”

အိပ်ဆောင်တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။

အားလုံးကို တောင်းပန်ပပါတယ်ခင်ဗျာ။မနနေ့ကတင်ပြီးသွားပြီးထင်လို့ပါ။အခုမှပြန်ကြည့်တော့မတင်ရသေးသို့မနေ့ကဟာကိုပြန်တင်ပေးလိုက်ပါတယ်ခင်ဗျာ။နှစ်ပိုင်းပါ။မနက်ဖြန်တင်ပေးပါမယ်။နှစ်ရက်တစ်ခါပါ။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters