ပါရမီရှင်
Vol. 3 Ch. 35
မူဇောင်၊စုရီနှင့် ဇောင်ချက်းဘိုတို့အားလုံး အံ့အားသင့်သွားကြသည်။
သူတို့ ဘာကိုကြားလဲ။
ဆရာမဟန်တီက လင်းဖန် ကို သူမ၏ရုံးခန်းကိုလာခိုင်းတာလား။
လင်းဖန်နဲ့ဆရာမဟန်တီတို့နှစ်ယောက်တည်းရုံးခန်းမှာနေမှာလား။
ထို့နောက် သူတို့သည် အတန်းထဲတွင်ဆရာမဟန်တီရောက်ရောက်ခြင်းတွင် တစ်စုံတစ်ယောက်ကိုရှာနေသလိုမျိုးသူတို့ထိုင်သည့်ထိုင်ခုံနားကိုကြည့်ငည့်မြင်းကွင်းကိုသတိရလိုက်သည်။
ယခုအချိန်တွင်၊ သူတို့သည် ဆရာမဟန်တီရှာနေသောလူသည်သူတို့၏သူငယ်ချင်းလင်းဖန်ဖြစ်သည်ဟုနားလည်လိုက်သည်။
“အစ်ကို လင်း၊မင်းကိုလေးစားမှုအနေနဲ့ ဒူးထောက်ခွင့်ပြုပါ” မူဇောင်၊ စုရီနှင့် ဇောင်ချင်းဘိုတို့က တညီတညွတ်တည်းအော်ပြောလိုက်ပြီးဒူးထောက်လိုက်ကြသည်။
……
ဆရာမဟန်တီရုံးခန်း။
ဟန်တီ၏ စားပွဲခုံပေါ်တွင် ပစ္စည်းများ နှင့် စာအုပ်များစွာရှိပြီး၎င်းတို့ကိုသေသေသပ်သပ် စီစီညီညီတင်ထားသည်။
ထိုအချိန်ဟန်တီသည် စားပွဲခုံတွင်ထိုင်ကာ သူမရှေ့စာအုပ်ကိုကြည့်ကာအတွေးနက်နေသည်။
“ဒေါက်... ဒေါက်’’
ထိုအချိန်တွင် အပြင်ဘက်မှရုတ်တရက်တံခါးခေါက်သံထွက်ပေါ်လာသည်။
ဟန်တီက “သော့မခတ်ထားဘူးဝင်လာလို့ရတယ်။”
သူမပြောပြီးသည်နှင့်လင်းဖန်အထဲသို့ဝင်လာခဲ့သည်။လင်းဖန်ကိုမြင်ပြီးနောက် ဟန်တီ၏လှပသောမျက်နှာသည် ပြုံးလျက်ရှိသည်။
“လာလေ ဒီမှာလာ ထိုင်။”
ထို့နောက် ဟန်တီက မတ်တပ်ထရပ်ပြီး “မင်းရေသောက်မလး၊ကော်ဖီသောက်မလား၊အအေးသောက်မလားဘာသောက်မှာလဲပြော’’
ဟန်တီစကားပြောနေစဥ်လင်းဖန်သည်သူမကိုကြည့်နေသည်။ယနေ့ဟန်တီသည် အဖြူရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး လှပသော ကောက်ကြောင်းများကို ကွက်ကွက်ကွင်းကွင်းနှင့် ဆွဲဆောင်မှုရှိစွာဖော်ပြထားသည်။
ဟန်တီ၏အမေးစကားကိုကြားသောအခါလင်းဖန်က “ကော်ဖီ”
“ကောင်းပြီ။” ဟန်တီက ဖြေလိုက်သည်။
မကြာခင်မှာပဲ မွှေးကြိုင်တဲ့ကော်ီတစ်ခွက်ကို လင်းဖန်ဆီ ယူလာခဲ့သည်။
ဟန်တီက စာရွက်တစ်ချို့ကို ထုတ်ပြီး တွက်ချက်မှု ထူထပ်စွာ ရေးပြီး “မင်း ဟိုတစ်ခါတုံးကတွက်ထားတဲ့ဟာဆက်တွက်သေးလား”
“လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ကျွန်တော် ဆက်ပြီး တော့တွက်ချက်ခဲ့တယ်...”
လင်းဖန်စကားပြောပြီးတာနဲ့ ဟန်တီ က တွက်ချက်မှုတွေပြည့်နေတဲ့ စာအုပ်ကိုထုတ်လိုက့သည်။
“လင်းဖန်၊ ငါ့ရဲ့ တွက်ချက်မှုမှာ ပြဿနာရှိမရှိ မင်းစစ်ကြည်ပေးနိုင်မလား’’ ဟန်တီက မေးလိုက်သည်။
....
ပြီးခဲ့သောရက်အနည်းငယ်အတွင်း၊လင်းဖန်သည်သင်္ချာပုစ္ဆာကိုလုံးဝဂရုမစိုက်ခဲ့ပေ။ဒီအကြောင်ူတွေးပြီးနောက်လင်းဖန်သည် အနည်းငယ်ရှက်သွားကာ ချက်ချင်းပြန်ဖြေမည့်အစား သူ့ရှေ့က စာအုပ်ကို လှန်ကြည့်လိုက်သည်။
သို့သော် လင်းဖန်သည် ပါမောက္ခအဆင့် သင်္ချာအတွေ့အကြုံရှိလျှင်ပင် ဒီသင်္ချာ၏တွက်ချက်မှုသည်သူမဖြေရီင်းနိုင်သေးပေ။
ထို့နောက် လင်းဖန်သည်ချက်ချင်းပင်ကျွမ်းကျင်မှုအဆင့်မြှင့်ကတ်ကို ရုတ်တရက် သတိရလိုက့သည်။
【ပါမောက္ခအဆင့် သင်္ချာအတွေ့အကြုံကို မြှင့်တင်မလား။ 】
“ဟုတ်တယ်!” လင်းဖန်က သူ့နှလုံးသားထဲမှာ တိတ်တဆိတ် ပြောလိုက်သည် ။
【ဒင်း! အဆင့်မြင့်တာအောင်မြင်ပါတယ်။ ဂုဏ်ယူပါတယ်၊ သင်ဟာ သင်္ချာပညာရှင်အဆင့် သင်္ချာအတွေ့အကြုံကို ရရှိထားသည်။ 】
ရုတ်တရက် လင်းဖန်က သူ့ရှေ့က စာအုပ်ကို ပြန်လှန်ကြည့်လိုက်တော့ ဤပုစ္ဆာများသည်သူ့အတွက်အရမ်းလွယ်နေသည်ကိုတွေ့ရသည်။
မကြာမီ သူသည် ဘောပင်နှင့် စာရွက်ကို ကောက်ကိုင်လိုက်ပြီး မြန်ဆန်စွာတွက်ချက်လိုက်သည်။
“2m+4n^5-8q=7y^2q-3z^8....အဲ့နေရာမှာတွက်တာမှားနေသည်။” လင်းဖန်က ပြောလိုက်သည်။
ဟန်တီသည်လင်းဖန်ပြောသောနေရာကိုချက်ချင်းကြည့်လိုက်သည်။
နောက်အခိုက်အတန့်တွင် သူမ၏ လှပသော မျက်လုံးများ အနည်းငယ် တုန်ခါသွားသည်။
တကယ်တော့ လင်းဖန် သည် ဟစ်ဆိုဟိုတယ်တွင် ဇောင် ၏ ထင်မြင်ယူဆချက်ကို ဖြေကြားနေချိန်တွင် သူမသည် လင်းဖန်၏လက်ရေးကိုသူမသိသည်။
မကြာသေးမီက လင်းဖန်သည် စာသင်ခန်းအတွင်းရှိ ကျောက်သင်ပုန်းပေါ်ရှိ မေးခွန်းများကို ဖြေကြားခဲ့သည်။ထိုအချိန်တွင် လင်းဖန်၏လက်ရေးသည် အရမ်းကြီးမဆိုးသောလဲသာမန်သာဖြစ်သည်။
အခုအခြေအနေက ဘယ်လိုလဲ။
နံပါတ်များ၊ အက္ခရာများ၊ တရုတ်အက္ခရာများတွင် လင်းဖန်သည် လက်ရေးလှဆရာကဲ့သို့ရေးနေသည်ယာ
ဟန်တီသည်မိန်းကလေးဖြစ်သည့်နှင့်အညီ
သူမသည် လက်ရေးလှရေးခြင်းကို နှစ်သက်သည်။
သူမ၏အမြင်အရ၊ လက်ရေးလှရေးကောင်းခြင်းသည် သူမကိုအဆုံးမရှိ ပျော်ရွှင်မှုပေးနိုင်သည်ဟုဖင်သည်။
ထိုအချိန်တွင် လင်းဖန်သည် ဟန်တီ၏တိတ်ဆိတ်သွားမှုကိုတွေ့ပြီးသူမနားမလည်သေးဘူးဟုထင်လိုက်သည်။
ထို့ကြောင့်၊ လင်းဖန်”ဆရာမ အဲ့သင်္ချာပုစ္ဆာကိုအစကနေသေချာပြန်တွက်ပြီးမှားတဲ့နေရာသေခါဂစိုက်ပြန်ဆွက်ကြည့်လေ’’ဟု သတိပေးလျုက်သည်။
ဟန်တီသည် သူမ၏အတွေးမှပြန်လည်နိုးထလာခဲ့သည်။ လင်းဖန်ပြောစကားအတိုင်းသူမသည်စာရွက်နှင့်ဘောပင်ကို ကောက်ကိုင်ကာ ပြန်တွက်ချက်လိုက်သည်။
သေခါတွက်ပြီးနောက်သူမ၏ တွက်ချက်မှုသည်သူမ၏ဖော်မြူလာမှားနေသည်ကိုသူမသိလိုက်သည်။
လင်းဖန်က “ဟုတ်တယ်၊တွက်ချက်တာမှားတာကပုံသေနည်းမမှန်လို့ပဲ’’
လင်းဖန်သည် စကားပြောနေချိန်တွင် ပုံသေနည်းအမှန်ဖြင့်စာရွက်မှတွက်ချက်လိုက်သည်။
“ဒေါက်....ဒေါက်.....ဒေါက်!”
ရုတ်တရက်ရုံးခန်းတစ်ခုလုံးတွင်စည်းချက်ညီညီ ဘောပင်သံများ ထွက်ပေါ်လာသည်။
လင်းဖန်ဘေးတွင်ထိုင်နေသော ဟန်တီသည် လင်းဖန် ၏ အာရုံစူးစိုက်မှုရှိသောအမူအရာနှင့် သူရေးနေသော လှပသောတွက်ချက်မှုများကို ကြည့်လိုက်သည်။ သူမသည်ကြည့်နေရင်းသူတွက်နေသည်ကို အနည်းငယ် စွဲလန်းသွားခဲ့သည်။
မကြာခင်မှာပဲ စာရွက်တစ်ခုလုံး ကုန်သွားတော့သည်။လင်းဖန်သည် သူ့လက်ထဲက ဘောလုံးဘောပင်ကိုချလိုက့သည်။
သူသည်ဆရာမဟန်တီဘက်သို့ ခေါင်းကိုလှည့်ပြီး “ဆရာမဟန်တီ၊ဒါကို မင်းဘယ်လိုထင်လဲ” လို့မေးလိုကိသည်။
ဟန်တီသည်သူမ၏အတွေးမှနိုးထပြီးနောက် သူမသည် လင်းဖန်၏တွက်ချက်မှု ကို ဂရုတစိုက် စစ်ကြည့်ပြီးနောက်ခေါင်းညိတ်လိုက်သည်။
လင်းဖန် က “ကောင်းပြီ ဒါဆိုငါဆက်ပြီးအဲ့ပုစ္ဆာကိုဖြေရှင်းလိုက်မယ်’’
ထို့နောက် တစ်၊ နှစ်၊ သုံး၊ လေး...
စာရွက်ပေါင်ယတစ်ဒါဇင်ကျော်သည် အလွန်ရှုပ်ထွေးသော တွက်ချက်မှုများဖြင့် ပြည့်ပြီးနောက် တွင်လင်းဖန်သည် တွက်ချက်နေသည်ကိုရပ်သွားခဲ့သည်။
သူက ကူကယ်ရာမဲ့ပြောတယ် “လောလောဆယ်တော့ ငါဒီလောက်ပဒတွက်နိုင်တယ်။”
Lin Fan သည် ယခု သင်္ချာပညာရှင်အဆင့် သင်္ချာအတွေ့အကြုံရှိနေပြီဖြစ်သော်လည်း သင်္ချာအမွှာအနှစ်ချုပ်ကို ဖြေရှင်းရန် မဖြစ်နိုင်သေးပေ။
လင်ဖန်မတွက်နိုင်သည်မှာလဲအဆန်းမဟုတ်ပေ။ဒီပုစ္ဆာသည် နှစ် 100 ကျော် မဖြေရှင်းနိုင်သေးသည့်ကမ္ဘာ့အဆင့်မီသင်္ချာပုစ္ဆာပင်ဖြစ်သည်။
သူ၏ဘေးတွင်ထိုင်နေသော ဟန်တီသည်စာရွက်တစ်ဒါစင်ကျော်ပေါ်တွင်ရှုပ်ထွေးသောတွက်ချက်မှုကို ကြည့်သောအခါ လုံးဝအံ့အားသင့်သွားခဲ့သည်။
အတန်းထဲတွင်လင်းဖန်သည်သင်္ချာပုစ္ဆာ၏ ဆယ်ပုံတစ်ပုံခန့်ကိုသာဖြေရှင်းပေးခဲ့သည်။
အခုတော့လင်းဖန်သည်သင်္ချာပုစ္ဆာတစ်ဝက်ကိုတိုက်ရိုက်ဖြေရှင်းပေးခဲ့သည်။
သင်္ချာပုစ္ဆာဖြေတာဘယ်နှစ်ရက်ကြာခဲ့လို့လဲ။
အခုလင်းဖန်သည်သင်္ချာပုစ္ဆာ၏တစ်ဝက်ကိုတိုက်ရထုက်ဖြေရှင်းပေးခဲ့သည်။ !
လင်းဖန်သည်ဒီရက်တွေမှာသင်္ချာပုစ္ဆာကို သုတေသနလုပ်ပြီး တွက်ချက်ခဲ့တာလား။
ပါရမီ!
ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် လင်းဖန်သည်လုံးဝဉာဏ်ကြီးရှင်ဖြစ်သည်။
“လင်းဖန်၊ မင်းက တကယ့်ကို ဉာဏ်ကြီးရှင်ပဲ!” ဟန်တီ က ရိုးသားစွာဖြင့် ပြောလိုက်သည်။
လင်းဖန်က ပြုံးပြီး “ဆရာမ၊ ပြီးပြီးဆိုရင်ကျနော်သွားတော့မယ်’’
ဟန်တီသည် ပြတင်းပေါက်မှတစ်ဆင့်အပြင်ဘက်ရှိ မှောင်မိုက်နေတဲ့ ကောင်းကင်ကြီးကို ကြည့်ကာ”ခနနေပါအုံး၊နည်းနည်းစောမနေဘူးလညး။ငါမင်းကို ထမင်းလိုက်ကျွေးမယ်လေ။”
လင်းဖန်သည်အစောပိုင်းကသင်္ချာပုစ္ဆာကိုသာအာစုံစိုက်တွက်ချက်နေသဖြင့်ဗိုက်ဆာသည်ကိုမခံစားခဲ့ရပေ။
အခုဟန်တီကထမင်းစားအယ်လို့ပြောတဲ့အခါ လင်းဖန် က ဗိုက်ဆာလာပြီဖြစ်သည်။
“ဒါဆိုလဲမငြင်းတော့ဘူးနော်။” လင်းဖန်က ပြောလိုက်သည်။သူတို့ပြောပြီးသည်နှင့်ဟန်တီ၏ကားရပ်နားရာနေရာသို့ရောက်လာခဲ့သည်။
ဟန်တီ၏ကား သည် သေးငယ်ပြီး ချစ်စရာအသွင်အပြင်နှင့် အလွန်လက်ရာမြောက်သော အတွင်းခန်းပါရှိသော မီနီ ကားဖြစ်သည်။
လင်းဖန်သည်မီနီကားထဲဝင်ပြီးနောက်၊ မွှေးရနံ့များသည်လင်းဖန်၏နှာခေါင်းကို ဝန်းရံထားသည်။လင်းဖန်သည်မွေးရနံများကိုရှူသွင်းလိုက်သည်နှင့်သူသည် အလွန်သက်တောင့်သက်သာရှိလှသည်ဟုထင်လိုက်သည်။
သိပ်မကြာခင်မှာပဲ ဟန်တီ နဲ့ လင်းဖန်တို့သည် တိတ်ဆိတ်ပြီး အံဝင်ခွင်ကျရှိတဲ့ အနောက်တိုင်းစားသောက်ဆိုင်ကို ရောက်လာကြသည်။
စားသောက်ဆိုင်သည် ဇောင်ရှန်းအဆောက်အဦး26 လွှာတွင်တည်ရှိသည်။
စားသောက်ဆိုင်တွင် ထိုင်ရင်း၊ ကြမ်းပြင်မှ မျက်နှာကျက် ပြတင်းပေါက်များမှတစ်ဆင့် ကျန်ပေ့၏ ညမြင်ကွင်းနှင့် ညကောင်းကင်တွင် တောက်ပနေသော ကြယ်များနှင့် လများကို မြင်တွေ့နိုင်သည်။သူတို့သည်ကြည့်ရှူလျုက်သည်နှင့်သဘာဝကြီးသည်အရမ်းလှသည်ဟုသူတို့နှစ်ယောက်တွေးလိုက်သည်။
ဟန်တီ က လင်းဖန် ရှေ့မှာ မီနူးကို တွန်းလိုက်ပြီး သူအကြိုက်တဲ့အစားအစာကို မှာယူနိုင်ကြောင်းပြောလိုက်သည်။
လင်းဖန် က “ကျွန်တော် ဒီစားသောက်ဆိုင်ကို ပထမဆုံးအကြိမ် လာဖူးတာ၊ ဘယ်ဟာအရသာရှိလဲ မသိပါဘူး။ မစ္စဟန်တီ အကြံပေးချင်တာရှိလား။”
ဟန်တီကခဏလောက်စဉ်းစားလိုက်ပြီး “ဒီဆိုင်မှာ အသားလွှာအသားကင်ကို ၃ မိနစ်လောက်ကြာအောင်ကြော်ပြီးငံပြာရည်နဲ့ ထပ်ထည့်လိုက်ပြီးစားရင်အပြငပိုင်းမှာ ကြွတ်ရွပြီး၊အတွင်းပိုင်းကနူးညံပြီး အရသာလည်းကောင်းတယ်”
“အာလူးအမဲသားလဲ တခြားဆိုင်တွေနဲ့ မတူဘဲစားရလို့ကောင်းတယ်။”
“ဒါ့အပြင် နှင်းဆီနက်ကဒီ စားသောက်ဆိုင်ရဲ့ အဓိက အင်္ဂါရပ်ဖြစ်တဲ့သူတို့ရဲ့ ကိုယ်ပိုင်ဝိုင်လဲကောင်းတယ်။”
လင်းဖန်က ခေါင်းညိတ်ပြီး “ကောင်းပြီ၊ ဒါဆို ငါ ဆရာမဟန်တီစကားကို နားထောင်လိုက်မယ်။”
ထို့နောက် လင်းဖန်သည်ဟန်တီပြောသော ဟင်းများကို တိုက်ရိုက်မှာယူလိုက်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး