← Chapters

သူက ဘယ်လိုလူလဲ

Vol. 3 Ch. 36

သူက ဘယ်လိုလူလဲ

Vol. 3 Ch. 36

ဆယ်မိနစ်လောက်အကြာတွင်စားပွဲထိုးသည်လက်ရာမြောက်သောအစားအသောက်များကိုစားပွဲပေါ်သို့လာချပေးတော့သည်။

လင်းဖန်သည် အမှန်တကယ်ဆာလောင်နေပြီး သူသည် မယဉ်ကျေးတော့ဘဲ အကင်များကိုလက်ဖြင့်ကိုင်ကာ ပါးစပ်ထဲသို့ တိုက်ရိုက်ထည့်လိုက်သည်။

ပြီးတော့ အာလူးအမဲသားကို မြည်းကြည့်ပြီး နောက်အရမ်းကောင်းတယ်လို့ပြောလိုက်သည်။

သူ့၏ဆာလောင်သောဗိုက်ကိုဖြည့်ပြီးနောက် လင်းဖန်သည် ဖန်ခွက်ထဲသို့နီင်းဆီနက်ဝိုင်ကိုလောင်းထည့်လိုက်သည်။လောင်း္ည့်ပြီးသည်နှင့်ဖန်ခွက်ကို ခါယမ်းကာ နှင်းဆီအနက်ဝိုင်ကိုပါးစပ်ထဲသို့ ဖြည်းညှင်းစွာ လောင်းထည့်လိုက်သည်။

သူ့၏လှုပ်ရှားမှုတွေက နူးညံ့ပြီးပြေပြစ်သည်။

ဘယ်လောက်သောက်သောက်မမူးသောက်ခြင်းစွမ်းရည်သည်အရက်/ဝိုင်သောက်တာများရင်ကျက်သရေရှိမှုကိုတိုးစေသည်ယာ

လင်းဖန် က “အနံလေးကမွှေးပျံ့တဲ့စပျစ်သီးရနံ့ရတယ်။ သောက်ကြည့်ပြီးနောက်၊ ဒီစပျစ်သီးအရသာသာချဉ်ချိုလေးက လည်ချောင်းတစ်လျှောက်စီးဝင်ပြီးအစာအိမ်ထဲသို့ဝင်သွားသည်ကိုခံစားရတယ်၊ဒါဟာ ဝိုင်ကောင်းတစ်ခုပဲ။”

ဆန့်ကျင်ဘက်ထိုင်နေသော ဟန်တီ သည် လင်းဖန်၏ ဝိုင်သောက်ခြင်းကို ကြည့်ပြီး နှင်းဆီနက်ဝိုင်နှင့်ပတ်သက်သည့် ၎င်း၏မှတ်ချက်များကို နားထောင်ပြီး အနည်းငယ်မှိန်းသွားသည်။

အရင်ကလူတချို့သည် ဟန်တီနှင့်အတူသောက်ဖူးသည်။

သို့သော်လည်း သောက်ပြီးနောက်သူတို့၏ အပြုအမူများတွင် ဆွံ့အနေပြီး၊ အရက်ကို နားမလည်ကြဘဲ၊ သူတို့သည် အလွန်နားလည်ဟန်ဆောင်ကာ အဓိပ္ပါယ်မဲ့စွာ လှောက်ပြောနေကြသည်။

ဟန်တီသည်ဒီလိုဟန်ဆေင်မှုရှိသောလူများကိုသူမမုန်းသည်။

ဒါပေမယ့် လင်းဖန် ကတော့ လုံးဝကွဲပြားသည်။ သူ၏ အရက်သောက်ခြင်း လှုပ်ရှားမှုများသည် အလွန်ပြေပြစ်ပြီး သူ၏ မှတ်ချက်များသည် ပို၍ပင် သင့်လျော်သည်။

ဟန်တီ၏အမြင်တွင်၊ သူသည် ကျောင်းသားတစ်ဦးနှင့် လုံးဝမတူဘဲ ကောင်းစွာလေ့ကျင့်ထားသော မြင့်မြတ်သော မင်းသားဖြစ်ပြီး သူချက်ထားသော စပျစ်ရည်ကိုသောက်ကာသူ့ကိုယ်သူချီးကျူးနေဟုသူမထင်သည်။

ထိုအချိန်တွင် လင်းဖန်သည် သူ့လက်ထဲရှိဖန်ခွက်ကို ချလိုက်ပြီး ဟန်တီ ကို မော့ကြည့်လိုက်သည်။

တစ်ယောက်ကို တစ်ယောက်ကြည့်ပြီးနောက်ဟန်တီက သူ့ခေါင်းကို ဘေးသို့ အမြန်လှည့်လိုက်သည်။

ခဏကြာတွင်လင်းဖန်၏အျက်လုံးသည် စားသောက်ဆိုင်အလယ်တွင် လွတ်နေသောစန္ဒယားကို စိုက်ကြည့်နေသည်။

သူမသည်လဲစန္ဒယားလွတ်နေသည်ကိုမြင်သောအခါတွင်အနည်းငယ်စိတ်ပျက်သွားပြီး “ဒီနေ့ စန္ဒယားတီးတဲ့သူမရှိဘူးပဲ” လို့ ပြောလိုက်သည်။

လင်းဖန်သည်သူမပြောသည်ကို ကြည့်ရင်း “အဲဒါတီးမယ်လူမရှိဘူးဟုမဆိုလိုဘူး’’ လို့ပြောလိုက်သည်။

စကားပြောပြီးနောက်တွင်သာသည်ခြေလှမ်းသွက်သွက်ဖြင့်စန္ဒယားတီးမည့်ခုံတွင်လှမ်းထိုင်လိုက်သည်။

..

လင်းဖန်သည် မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်ပြီး၁၀ စက္ကန့်လောက်ကြာတော့ ရုတ်တရက် မျက်လုံးပွင့်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် အဖြူအမည်းများပေါ်မှ လင်းဖန်၏ သွယ်လျသောလက်များက လျင်မြန်စွာ တီးခတ်သွားတော့သည်။

ရုတ်တရက် ချိုမြိန်သော တေးဂီတသည် စားသောက်ဆိုင်ထဲတွင် ဖြည်းညှင်းစွာ ​ပျံနှံလာခဲ့သည်။

လူတိုင်းသည် စကားပြောခြင်း၊ သောက်ခြင်း၊ အစာစားခြင်းတို့ကို ရပ်တန့်ပြီး ငြိမ်သက်စွာ နားထောင်နေကြသည်။

ဟန်တီ သည် သူမမျက်လုံးများကို မမှိတ်ထားသောလဲသူမ၏ အသက်ရှုသံသည် အနည်းငယ် ငြိမ်နေပြ စားသောက်ဆိုင် အလယ်ရှိ လင်းဖန် ကိုသာ စိုက်ကြည့်နေသည်။

ထိုအချိန်တွင် ဟန်တီ၏မျက်လုံးထဲတွင် စားသောက်ဆိုင်နှင့် တစ်ကမ္ဘာလုံးပင် အမှောင်ကျသွားကာလင်းဖန်တစ်ယောက်ထဲသာရှိတော့သည်။

“ဒင်!”

နောက်ဆုံးစန္ဒယားသံရပ်သွားသောအခါတွင် စားသောက်ဆိုင်တစ်ဆိုင်လုံးသည်စိတ်အားထက်သန်စွာ လက်ခုပ်သြဘာသံများ ထွက်ပေါ်လာသည်။

လင်းဖန်သည် အားလုံးကို သဘောကျမှုကိုလက်ခံကာသူ၏ စားပွဲဆီသို့ ဖြည်းညှင်းစွာ ပြန်လာထိုင်လိုက်သည်။

“ဘယ်လိုလဲကောင်းတယ်မလား။’’ လင်းဖန်က မေးလိုက်သည်။

ဟန်တီက’’အရမ်းကောင်းတယ်’’လို့ပြောလိုက်သည်။

ထို့နောက် လင်းဖန်သည် ဓားနှင့် ခက်ရင်းခွကို ထပ်မံကောက်ယူကာ ကျန်အစားအစာများကို သန့်ရှင်းသပ်ရပ်စွာဖြင့် စားလိုက်သည်။

ဟန်တီ က “မင်း နောက်ထပ် မှာချင်တာရှိသေးလား။”

လင်းဖန်သည် ပါးစပ်ထောင့်မှ ဆီစွန်းထင်းသည်များကို သုတ်လိုက်ပြီး ခေါင်းယမ်းကာ “မလိုပါဘူး၊ ငါလဲဗိုက်ပြည့်နေပြီ၊နောက်ဖပ်ပိုက်ဆံသုံးစရာမလိုတော့ဘူး” ဟု ပြောလိုက်သည်။

ပြောပြီးသည်နဲ့ သူထပြီး ထွက်ဖို့ပြင်လိုက်သည်

ဤအခိုက်အတန့်တွင် အနောက်တိုင်း၀တ်စုံနှင့် သားရေဖိနပ်ဝတ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည်လှမ်းလာ၍ ပြုံးကာ “မင်္ဂလာပါ လူကြီးမင်းတို့မိနစ်အနည်းငယ်လောက် နှောက်ယှက်ပေးလို့ ရမလား” ဟုမေးလိုက့သည်။

လင်းဖန်က “မင်းဘာကိစ္စရှိလို့လဲ?”

လူလတ်ပိုင်းအရွယ် အမျိုးသားက “ကျွန်တော်က တောက်ပသော ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားကုမ္ပဏီရဲ့ မန်နေဂျာ ဇောင်တင်းပါ။ လူငယ် idol ဒရာမာတစ်ခု ရိုက်ကူးဖို့ ပြင်ဆင်နေပါတယ်’’

“မင်းရဲ့ အသွင်အပြင်နဲ့ စန္ဒယားတီးတဲ့ အချိန်မှာ မင်းပြသခဲ့တဲ့ စိတ်နေစိတ်ထားက ငါတို့ရဲ့ ဇာတ်ရုပ်အတွက် အရမ်းကိုကွက်တိဖြင့်နေတယ်။ မင်း ငါတို့ ကုမ္ပဏီကို လာကြည့်ဖို့ စိတ်ဝင်စားလားလို့ ငါသိချင်တယ်”

စကားပြောပြီးနောက် လူလတ်ပိုင်းအရွယ်က စီးပွားရေးကတ်ပြားကို ထုတ်ပေးလိုက်သည်။

တောက်ပသောရုပ်ရှင်နှင့်ရုပ်မြင်သံကြားကုမ္ပဏီ၏မန်နေဂျာ?

သာမာန်လူများသည် ဤအခြေအနေမျိုးနှင့် ကြုံတွေ့ရပါက၊ သူတို့သည် ဝမ်းသာပီတိဖြစ်ကာ ကမန်းကတန်း သဘောတူလိုက်ကြမည်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော်၊ သူတို့သည် ဖန်သားပြင်ပေါ်တွင် ရှိနေနိုင်ပြီး လူသိများသော ကြယ်ပွင့်ဖြစ်လာနိုင်သောကြောင့်ဖြစ်သည်။

ဒါပေမယ့် လင်းဖန်က ခေါင်းခါပြီး “ဆောရီး၊ ငါ သရုပ်ဆောင်လုပ်ဖို့ စိတ်မဝင်စားဘူး” လို့ ပြောလိုက့သည်။

စခရင်ပေါ်မှာ ကြယ်တစ်ပွင့်ဖြစ်ဖို့လား။

အဲ့လို့လုပ်ရင်နောက်ပိုင်းတွင်သူ၏လွတ်လပ်မှုဆိုတာ လုံးဝမရှိတော့ပေ။

လင်းဖန်သည် နေရာတိုင်းတွင် လျှို့ဝှက်စွာ ဓာတ်ပုံရိုက်ခြင်းကိုလဲမကြိုက်ပေ။

ဇောင်တင်းအံ့အားသင့်သွားခဲ့သည်။ တစ်ဖက်သားကပြတ်ပြတ်သားသား ငြင်းမယ်လို့ လုံးဝ မမျှော်လင့်ထားပေ။ “ဒါ... မင်းငါ့ရဲ့ လုပ်ငန်းကတ်ကို မင်းအရင်လက်ခံနိုင်မလား? မင်းစိတ်ပြောင်းရင် မင်းငါ့ကို အချိန်မရွေး ဆက်သွယ်လို့ရတယ်” လို့ ကမန်းကတန်းပြောလိုက်သည်။

သို့ပေမယ့် လင်းဖန် ကတော့ သူ့စိတ်ကို လုံးဝ မပြောင်းလဲသေးပေ။

သို့သော် ဇောင်တင်း၏ ရိုးသားသောအသွင်အပြင်ကိုကြည့်ပြသူ့စီးပွားရေးကတ်ကို လက်ခံထားပေးလိုက်သည်။

စားသောက်ဆိုင်မှ ထွက်လာပြီးဟန်တီ၏မီနီကားပေါ်တွင် ထိုင်လိုက်သည်။

ဟန်တီက “မင်းမှာ ကြယ်တစ်ပွင့်ဖြစ်ဖို့ အခွင့်အလမ်းရှိနေပြီဆိုတော့၊မင်းချက်ချင်း သဘောတူမယ်လို့ ငါထင်ခဲ့တာ’’

“မေ့လိုက်ပါ၊ ကြယ်တစ်ပွင့်ဖြစ်ဖို့ စိတ်မဝင်စားဘူး” လင်းဖန်က ပြောလိုက်သည်။

ထို့နောက် ဟန်တီက “မထင်မှတ်ဘဲ၊ မင်း စန္ဒယားကိုတောင် ကောင်းကောင်းတီးတတ်တာပဲ၊ ဒီလိုလှပတဲ့အသံကို ကို ကြားရတာဒါ ပထမဆုံးအကြိမ်ပဲ”

ဒါကိုပြောရင် ဟန်တီ ရဲ့စိတ်က လင်းဖန် တီးခတ်တဲ့ အသံကိုတွေးမိပြီးကိုတုန်လှုပ်သွားသည်။

ဟန်တီက သက်ပြင်းချလိုက်ပြီး “မင်းဘာမှ မလုပ်နိုင်တဲ့ဟာဆိုတာရှိရဲ့လားငါတကယ်မသိဘူး”

“မဟုတ်ဘူး မင်းအရမ်းအတွေးလွန်နေပြီ၊ငါမလုပ်တတ်တာတွင်အများကြီးရှိသေးတယ်’’ လင်းဖန်က ပြောလိုက်သည်။

“ဥပမာ?” ဟန်တီ က မေးလိုက်သည်။

“ဥပမာ…” လင်းဖန်သည်ခဏလောက်စဉ်းစားပြီး နောက်သူသည်ပြောဖို့ခက်နေသည်။

သူတစ်ခုခုမကျွမ်းကျင်ဘူးလို့ပြောပြီး၊နောက်မှ စာအိတ်အနီကနေ ရရင် ဘယ်လိုလုပ်မလဲ။

ဟန်တီ သည် လင်းဖန်၏ တွေးတောမှုကို ကြည့်ပြီး မပြုံးမနေနိုင်ပေ။

လင်းဖန်အား ကျန်ပေ့တက္ကသိုလ်သို့ ပြန်ပို့ပြီးနောက် သူမသည် လူရှုပ်သောလမ်းကို မျက်နှာမူကာ မီနီကားကို မောင်းနှင်ကာ ဆက်သွားခဲ့သည်။

မီးနီရှေ့တွင် ရပ်လိုက်သောအခါ ဟန်တီသည် လင်းဖန်၏ အလေးအနက် ဖြေရှင်းခဲ့သော သင်္ချာပုစ္ဆာများ၊ လှပစွာရေးသောစာလုံးများ၊ ဝိုင်သောက်တဲ့အခါသူ၏ကျက်သရေရှိမှုနှင့်စိတ်နေစိတ်ထား၊ပြီးရင် လှပသော စန္ဒယားတီးခတ်သည့် မြင်ကွင်းကို ပြန်တွေးမိလိုက်သည် ။

ဟန်တီ က “လင်းဖန်၊ မင်းဘယ်လိုလူမျိုးလဲ”

“ဒီး....ဒီး’’

ထိုအချိန်တွင် သူမ၏ ဖုန်းသည် သာယာသော မြည်သံဖြင့် မြည်လာသည်။

ဟန်​တီသည် ဖုန်းခေါ်ဆိုမှုအကြောင်းကြားချက်ကို တစ်ချက်ကြည့်လိုက်ပြီး ကားအဖြေခလုတ်ကို တိုက်ရိုက်နှိပ်လိုက်သည်။

“ဟန်တီ မင်း ဒီနေ့ငါ့ဆီလာဖို့ မပြောထားဘူးလား။မင်း ဒီကို ဘာလို့ မလာသေးတာလဲ” ဖုန်းထဲတွင် ချိုမြိန်သော အသံတစ်သံ ထွက်ပေါ်လာသည်။

ဟန်တီ က သူမမျက်နှာတွင် ကြောင်တက်တက်အမူအရာဖြင့် “ငါ တစ်ခုခုကြောင့် နောက်ကျနေပြီ၊ အခုပဲဒီကိုလာခဲ့မယ်” လို့ပြောလိုက်သည်။

“တစ်ခုခုကြောင့် နှောင့်နှေးနေတာသလား။ မင်းကျောင်းမှာ အစည်းအဝေးလုပ်တာမကြာသေးဘူးဘူးလို့ငါထင်တယ်။ မေ့လိုက်ပါ၊ ဒီကိုပဲမြန်မြန်လာငါမစောင့်နိုင်တော့ဘူး။” ဖုန်းထဲနူးညံ့သောအသံထပ်မံထွက်လာသည်။

ဖုန်းချလိုက်ပြီးနောက်၊ ဟန်တီသည် အရှိန်မြှင့်စက်ကို နင်းလိုက်ပြီး အရှိန်ဖြင့် ရှေ့သို့အမြန်မောင်းသွားခဲ့သည်။

……

ယခုအချိန်တွင် ကျန်ပေ့တက္ကသိုလ်၊ အိပ်ခန်း 104။

စုရီ ၊ မူဇောင်နှင့် ဇောင်ချင်းဘိုတို့သည် ဘင်းဖန်ကို စိုက်ကြည့်နေကြသည်။

လင်းဖန်သည် အနည်းငယ် စိတ်မသက်မသာဖြစ်ကာ “ဘာလို့ ငါ့ကို ဒီလိုကြည့်နေတာလဲ”

“အစ်ကို လင်း မင်းဘာလို့နောက်ကျနေတာလဲ”

“အစ်ကို လင်း မင်း ဆရာမဟန်တီနဲ့ အတူရှိနေတာလား။”

“အစ်ကို လင်း၊ ဆရာမဟန်တီနဲ့ ဘာလုပ်နေတာလဲ”

တစ်ချိန်တည်းမှာပင် သူတို့ သုံးဦးသည်ပြောချင်သည်များကိုတစ်ယောက်တစ်မျိုးအတူတူ မေးလိုက်ကြသည်။

လင်းဖန် က “ကျွန်တော် ရုံးခန်းထဲမှာ ဆရာမဟန်တီနဲ့ သင်္ချာကို ၂ နာရီခန့် ဆွေးနွေးခဲ့တယ်။ အဲဒီနောက် သူမက ကျွန်တော့်ကို ညစာလာစားဖို့ ဖိတ်ခေါ်ပြီး နောက်ဆုံးတော့ ငါ့ကို ပြန်လိုက်ပို့ပေးတယ်”

ရုံးခန်းမှာ ဆရာမဟန်တီ နဲ့ ၂ နာရီလောက် အတူတူနေတယ်။

ထို့နောက် ဆရာမဟန်တီနှင့် ညစာစားတယ်။

နောက်ဆုံးတော့ ဆရာမဟန်တီကိုယ်တိုင်က အိပ်ခန်းကိုပြန်ပို့ပေးတယ်။

“အစ်ကိုလင်းငါမင်းကိုသောက်ရမ်းကိုလေးစားသွားပြီ’’ စုရီ၊ မူဇောင် နှင့် ဇောင်ချင်းဘို တို့က တညီတညွတ်တည်း အော်ဟစ်ပြောလိုက်ကြသည်။

နှစ်ပိုင်းပါ။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters