လင်းဖန်ကိုဂျင်းထည့်လိုက်သောစုရန်ဒေါင်
Vol. 3 Ch. 37
နောက်တနေ့မနက်အိပ်ခန်း 104 တွင်ရှိသည့်မူဇောင်သည် စာကြည့်တိုက်သို့ သွားသည်။
စုရီနှင့်ဇောင်လျင်းဘိုတို့သည်အခုအချိန်ထိအိပ်ပျော်နေကြသည်။
လင်းဖနသဘ်မူဇောင်သွားပြီးခဏအကြာတွင်နိုးလာပြီးနောကတွင်် ဖုန်းကိုအရင်ဖွင့်လိုက်သည်။
“၀:၀၀ နာရီမှာ၊ တရုတ်ဘဏ်ကနေယွမ် ၇၁၀,၂၀၀ ရရှိသည်။”
[အမည်-လင်းဖန်]
[အဆင့်- LV4]
【LV4 ဆုလာဘ်- အသက်ရှုတိုင်းအတွက် 10 ယွမ် ရယူပါ။ အိပ်ချိန်တိုင်းတွင် 10 ယွမ်ရယူပါ။ သင်ခြေလှမ်းတစ်လှမ်းတိုင်းတွင် 10 ယွမ်ရယူပါ။ ဆုလက်ဆောင်များကို နေ့စဉ် 24 နာရီတွင် သင့်အကောင့်ထဲသို့ ထည့်သွင်းပေးမည်ဖြစ်သည်။ 】
[အဆင့်မြှင့်သုံးစွဲမှုပမာဏ- 3 သန်း / 10 သန်း (လက်ဆောင်များ၊ လောင်းကစားများစသည်ဖြင့် မပါဝင်ပါ။ ထို့အပြင်၊ စနစ်မှရရှိသောပစ္စည်းများအားလုံးကို ရောင်းဝယ်ဖောက်ကားခြင်းမှ တားမြစ်ထားသည်)]
[ကျွမ်းကျင်မှုများ- ပရော်ဖက်ရှင်နယ်ကား မောင်းမှုစွမ်းရည်၊ ကျက်သရေ ရောင်ဝါ (မြင်မြင်ချင်း ချစ်ခြင်းမေတ္တာကို ဖန်တီးရန် အခွင့်အရေး 5%၊ မမေ့နိုင်သော အခွင့်အရေး)၊ တိုက်ခိုက်သောစွမ်းရည်(တိုက်ခိုက်လေကျက်သရေတိုးလေ)၊ အရက်ဘယ်လောက်သောက်သောက်မမူးစွမ်းရည်၊ အကြွင်းမဲ့ အာရုံစူးစိုက်မှု ၊ ပညာရှင်အဆင့် သင်္ချာဆိုင်ရာ အတွေ့အကြုံ၊ အမှန်တရားမျက်လုံး၊ ပရော်ဖက်ရှင်နယ်အဆင့် ဘတ်စကက်ဘော ကျွမ်းစွမ်းရည်၊ ပရော်ဖက်ရှင်နယ် စန္ဒယား စွမ်းဆောင်ရည်၊ လက်ရေးလှစွမ်းရည် 】
[လက်ကျန် 16.01 သန်း]
လင်းဖန်သည် ၎င်းစာသားမက်ဆေ့ခ်ျကို ဖတ်ပြီးကြောင်းနောက် ခေါင်းညိတ်လိုက်သည်။
“ဒင်!”
လင်းဖန်ဖတ်ပြီးနောက်တွင်သူ၏ဖုန်းသည် အနည်းငယ်တုန်ခါသွားသည်။
စာတစ်စောင်ပေးပို့သံဖြစ်သည်။လင်းဖန်ကစုလင်းဟိုပိုသြည်ကိုမြင်ပြီးနောက်ချက်ချင်းကြည့်လိုက်သည်။
စုလင်းဟို - လင်းဖန်၊ ငါတို့မိသားစုက ရာစုနှစ်တစ်ခုရှိတဲ့ဂျင်းဆင်းကို ဝယ်ထားတယ်။ မင်း အခု ကျန်ပေ့တက္ကသိုလ်မှာရှိလား။
စာဖတ်ပြီး သည်နှင့်လင်းဖန်၏ မျက်လုံးများ တောက်ပလာခဲ့သည်။
သူ့စိတ်ထဲတွင် တိတ်တဆိတ်ချီးကျူးမိလိုက်သည်-၎င်းသည် အမှန်ပင် ကျန်ပေ့ရှိ နာမည်ကြီး ဆေးဘက်ဆိုင်ရာ မိသားစုဖြစ်သည်။
လင်းဖန်: ငါ ကျန်ပေ့တက္ကသိုလ်မှာရှိတယ်။
စုလင်းဟို: ကောင်းပြီ၊ ငါ ကျန်ပေ့ တက္ကသိုလ် ကို ရောက်ဖို့မိနစ် 20 လောက်ကြာမယ်။
လင်းဖန်သည် ဖုန်းကိုချကာ အမြန်ရေချိုးပြီးအဝတ်စားလဲလိုက်သည်။
ထို့နောက် သူသည်ကျောင်းအရှေ့သို့လျှောက်သွားခဲ့သည်။
လင်းဖန်ကျောင်းရှေ့ရောက်ပြီးသိပ်မကြာခင်မှာပဲ အဖြူရောင် BMW Z5 တစ်စီး သူ့ရှေ့မှာ ရပ်သွားသည်။
ရှပ်အင်္ကျီလက်ရှည်ဝတ်ထားသည့် စုလင်းဟို သည်ကားထဲမှ ဆင်းလာပြီး “လင်းဖန်၊ မင်းစောင့်နေတာကြာပြီလား” ဟု ပြောလိုက်သည်။
လင်းဖန်က “ငါရောက်တာသိပ်မကြာသေးဘူး။”
“ဒါက ရာစုနှစ် ရှိတဲ့ဂျင်းစင်းပါ” စုလင်းဟိုသည် သစ်သားသေတ္တာကို လင်းဖန်စီပေးလိုက်သည်။
လင်းဖန် က “မင်းငါ့ကို အများကြီး ကူညီပေးခဲ့တာပဲ။ဒီ ဂျင်စင်း က ဘယ်လောက်လဲ။ မင်းကို ငါလွှဲပေးမယ်လေ”
စုလင်းဟိုက သူ့လက်ကို အထပ်ထပ်အခါခါ ဝှေ့ယမ်းလိုက်ပြီး “မင်းစီကပိုက်ဆံတောင်းရင် ညီမ ကျင်းအန်းကရယ်နေလိမ့်မယ်။’’
ခေတ္တနားပြီးနောက်၊ စုလင်းဟို သည်ဒီ ဂျင်ဆင်းနှင့် အခြားဆေးများနှင့် မတူပေ။သက်တမ်းကြာကြာလေလေအာနိသင်ပိုကောင်းလေဟု သတိပေးလိုက်သည်။
စုလင်းဟို နှင့် လီယွင်ဟိုင်တို့သည်ကလေးများကဲသို့ပြိုင်နေကြသည်။
တကယ်တော့ သူတို့ဟာ ဆေးပညာမိသားစုမှာ ကြီးပြင်းလာကြပြီး ကမ္ဘာပေါ်မှာ အလွန်ခေတ်မီပြီး ဆေးပညာနဲ့ပတ်သက်ရင်မရှိသလောက်ဖြစ်သည်။
စုလင်းဟိုသည် ငွေကြေးကိုမမတ်ကြောင်းသူသိသည်။
စုလင်းဟို သည်သူ့ မျက်နှာကိုသာဂရုစိုက်သည်။
ဒါကြောင့် လင်းဖန် က “အနှစ်ရာချီဂျင်စင်းကိုဘာအတွက်အလကားပေးလဲဆိုတာ ငါဂရုမစိုက်ပါဘူး။ ပြောချင်တာမင်းတို့ငါ့ကိုကူညီတောင်းတယ်အဲ့အကူအညီကလဲငါလုပ်နိုင်တဲ့အတွင်းရှိရမယ်’’
စုလင်းဟို”ဒါဆိုမင်းရဲ့ပြောဆိုမှုအတွက်ကျေးဇူးတင်ပါတယ်၊အဲ့အကြောင်းကိုငါရဲ့အဖေကိုသေချာပေါက်ပြောပြလိုက်မယ်’’ဟုပြောလိုက်သည်။
Sun Luguo က ထပ်ပြီး “နှစ်ရာရာကျော် ဂျင်ဆင်းကိုလည်း ငါအာရုံစိုက်ပြီး မင်းကိုကူညီပေးမယ်။ ငါရှာလို့တွေ့ရင် မင်းကို အကြောင်းကြားပေးမယ်။”
ဘင်းဖန် က “ဒါဆို မင်းကိုဒုက္ခဖြစ်စေခဲ့ပြီ!”
“ဒါက အသေးအမွှားကိစ္စပဲ၊ ဒါ ကသိပ်ပြဿနာမရှိဘူး’’ စုလင်းဟိုက ပြောလိုက်သည်။
လင်းဖန်က “ဒါက ငါ့အတွက် အရမ်းအရေးကြီးတယ်”
စုလင်းဟိုက သူ့ကို စိတ်အားထက်သန်စွာကြည့်ကာ “စိတ်မပူပါနဲ့၊ ငါသေချာပေါက် ရှာတွေ့နိုင်တယ်။ရှာတွေ့ဖို့ကလဲ အချိန်တစ်ခုပဲ” လို့ပြောလိုက်သည်။
ထို့နောက် နှစ်ယောက်သား စကားစမြည်ပြောပြီးနောက်ထွက်ခွာသွားကြသည်။
ကျောင်းဝင်းအတွင်းရှိ လမ်းအတိုင်း လျှောက်လာရင်း လင်းဖန်သည် သစ်သားသေတ္တာကို ဖွင့်လိုက့သည်။ဖွင့်လိုက်သည်နှင်ဘအတွင်းရှိ သစ်သားနှင့်တူသော နှစ်ရာချီဂျင်စင်းကို တစ်ချက်ကြည့်လိုက်သည်။
【ဒင်း! နှစ်ရာချီဂျင်စင်းကို ကောက်ခံပါသလား။ 】
“ဟုတ်တယ်!”
ရုတ်တရက် သစ်သားသေတ္တာထဲမှာ လဲလျောင်းနေတဲ့ နှစ်ရာချီဂျင်စင်းဟာ ချက်ချင်းပျောက်သွားသည်။
တစ်ချိန်တည်းမှာပင်၊ လင်းဖန်၏စိတ်ထဲတွင် ဆေးရေပုံဥပမာစာအုပ်ပေါ်တွင် နှစ်ရာခှဂျင်စင်း ရှိနေသည်။
ဒါဟာအံ့ဖွယ်ပင််ဖြစ်သည်!
လင်းဖန်က “နောက်ထပ်နှစ်100 သက်တမ်းရှိတဲ့ ဂျင်ဆင်းကို ရှာတွေ့သရွေ့ ငါဆေးရည်လုပ်လို့ရပြီ’’
“ဒါဆိုရင်အဖေ့ရဲ့ ခန္ဓာကိုယ်က လုံး၀ ပြန်ကောင်းလာတော့မယ်”
“ဒင်!”
ထိုအချိန်တွင်နေ့လယ်၁၂း၀၀ နာရီဖြစ်သည်။
လင်းဖန်၏ ဖုန်းသည် အနည်းငယ် တုန်ခါသွားခဲ့သည်။
စာအိတ်အနီပေါ်လာတော့သည်။
“ဒင်း၊ ဂုဏ်ယူပါတယ် မင်းမှာ ယွမ် 10,000 ကိုရရှိခဲ့သည်။”
“ဒင်း! ဂုဏ်ယူပါတယ် မင်း 5 ယွမ် ရခဲ့သည်။’’
...
“ဒင်း၊ ဂုဏ်ယူပါတယ် မင်းယွမ် ၂၀၀၀ ရခဲ့သည်’’
“ဒင်း၊ဂုဏ်ယူပါတယ်၊ 1 ဘီလီယံ Shark Live Coins ကို ရရှိခဲ့သည်။”(Shark live coinကိုတော့မြန်မာလိုမပြန်တော့ဘူးဗျပြန်ရင်ငါးမန်းဒင်္ဂါးဆိုရင်ဖတ်ရတာဖောက်နေလိုပါ။’’
“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 3 ယွမ် ရခဲ့သည်။’’
ယခုတစ်ကြိမ်တွင် လင်းဖန်သည် စုစုပေါင်း ယွမ် 40,000 ကျော်နှင့် Shark Live Coins 1 ဘီလီယံ ရရှိခဲ့သည်။
Shark Coin ဟုရည်ညွှန်းသော Shark Live Coin သည် တရုတ်နိုင်ငံအတွင်း အကြီးမားဆုံး တိုက်ရိုက်ထုတ်လွှင့်သည့် ပလပ်ဖောင်းဖြစ်သော Shark Live ၏ ငွေကြေးလဲဖြစ်သည်။
၁ ယွမ်ကို ငါးမန်းဒင်္ဂါး 100 နဲ့ လဲလှယ်နိုင်သည်။
ယွမ် 10 သန်း တန်ကြေးရှိတဲ့ Shark Coins 1 ဘီလီယံပင်ဖြစ်သည်ယ
“လင်းဖန် မင်းဒီမှာလား” လင်းဖန်၏နောက်ကျောမှအတိုင်ပင်ခံပုဂ္ဂိုလ် စုရန်ဒေါင်၏အသံထွက်ပေါ်လာသည်။
လင်းဖန်က လှည့်ပြီး အံ့ဩကာ “အတိုင်ပင်ခံ၊ မင်းက ငါ့ကို ရှာနေတာလား။”
“ဟုတ်တယ်၊ အမျိုးသားသင်္ချာ ပြိုင်ပွဲက စတော့မယ်။ မင်းမှာ ထူးချွန်တဲ့ အရည်အချင်းတွေ ရှိတော့ အဲဒါကို စာရင်းသွင်းဖို့ ဘယ်လိုလဲ။ ငါတို့ အတန်းရဲ့ ဂုဏ်ကို မင်းအပေါ်မှာပဲ မူတည်တယ်။” စုရန်ဒေါင်သည် လင်းဖန်အား ပခုံးပေါ် တိုက်ရိုက်လက်တင်လိုက်ပြီး နွေးထွေးတဲ့လေသံနဲ့ ပြောလိုက်သည်။
လင်းဖန် က သူ့စိတ်ထဲမှာစုရန်ဒေါင်ကသူသည်ဇောင် ရဲ့ ထင်မြင်ချက်ကို ဖြေရှင်းပြီးပြီဆိုတာ သူသိနေတာလား ?
ပြိုင်ပွဲတစ်ခု သို့မဟုတ် တစ်ခုခုတွင် ပါဝင်သော်လည်း ၎င်းသည် သေချာပေါက် သူ့ကိုဒုက္ခပေးလိမ့်မည်။
လင်းဖန်သည် ဒုက္ခတွေကိုမုန်းသည်။
သို့သော်၊ အတန်းအဖွဲ့ဝင်တစ်ဦးအနေဖြင့် သူသည်အတန်းကို အကျိုးပြုသင့်သည်။
ဒါကိုစဉ်းစားရင်း လင်းဖန်က ခေါင်းညိတ်ပြီး “ကောင်းပြီ ငါစာရင်းသွင်းမယ်”
“ဟားဟားဟားဟားဟားဟား။ မက်းကငါ့တပည့်ဖြစ်ထိုက်တယ်။မင်းနာမည်ကို ငါစာရင်းသွင်းလိုက်မယ်” စုရန်ဒေါင် က စကားပြောပြီးတဲ့အခါ အဝေးကို ထွက်သွားသည်။
လင်းဖန်ကနောင်တရမည်ကို သူကြောက်နေပုံရသည်။
လင်းဖန်က သူ့နောက်ကျောကိုကြည့်ကာ ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။
လင်းဖန်သည် အိပ်ဆောင်သို့ပြန်ရောက်သောအခါ စုရီသည် သင်္ချာစာအုပ်အစုံအလင်ဖြင့် ပြန်လာခဲ့သည်။
လင်းဖန် က “စုရီ မင်းလည်း ပြိုင်ဖို့ငါမမျှော်လင့်ထားဘူး”
စုရီက ရယ်မောလိုက်ပြီး “ အမျိုးသားသင်္ချာ ပြိုင်ပွဲ ကမကြာခင် ကျင်းပတော့မှာ၊ ငါတို့မှာ ထူးချွန်တဲ့ အရည်အချင်းတွေ ရှိတယ်၊ အတန်းဂုဏ်တက်ဖို့အတွက်စာရင်းသွင်းရမယ်!”
စာအုပ်ကို လေးလေးနက်နက်ဖတ်နေတဲ့မူဇောင်က ခေါင်းကိုလှည့်လိုက်ပြီး”ဒါ...ဒါက စုရန်း ပြောတာမဟုတ်ဘူးလား။”
“မင်းဘယ်လိုသိလဲ။ စုရန်းကလဲ ငါထူးချွန်တာကို သူသိပုံရတယ် မဟုတ်လား” Song Yi က ဂုဏ်ယူစွာနဲ့ “ဟေး၊ နိမ့်ကျတဲ့ ပရိုဖိုင်ကို ထိန်းသိမ်းဖို့ ငါ အတတ်နိုင်ဆုံး ကြိုးစားပြီးနေတယ်။ဒါပေမဲ့လဲမမျှော်လင့်ထားဘူးငါနိမ့်နိမ့်ချချနေနေတာတောင် တခြားသူတွေက ငါ့ရှာဖွေတွေ့ရှိခဲ့တယ်”
မူဇောင််က : “ဒီနေ့ စုရန်းက လည်း ငါ့ကိုအဲ့လိုပဲပြောတယ်”
ခေါက်ဆွဲခြောက်စားနေတဲ့ ဇောင်ချင်းဘိုက “ဟေး ငါခေါက်ဆွဲခြောက်သွားဝယ်တုန်းက စုရန် က ငါ့ကိုထူးချွန်တယ်လို့ ပြောပြီး အမျိုးသားသင်္ချာပြိုင်ပွဲမှာ ပါဝင်ဖို့ တောင်းဆိုခဲ့တယ်”
မူဇောင်၊စုရီနှင့် ဇောင်ချင်းဘို တို့သည် ချက်ချင်းပင် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
သူတို့ပုံစံကိုလင်းဖန်မြင်တော့သူ၏ပါးစပ်သည် အနည်းငယ် လှုပ်သွားခဲ့သည်။
စုရန်ဒေါင်သည် လဲသူ့ကိုအတန်းထဲတွင် ထူးချွန်သူဖြစ်ပြီး အတန်းအတွက် ဂုဏ်ထူးဆောင်နိုင်ပါစေဟု ပြောကြားခဲ့သည်။
တခြားဆရာများသည်လဲသည်အတိုင်းပဲလှည့်စား၍တွင် ကျောင်းသားများကို အမျိုးသားသင်္ချာပြိုင်ပွဲဝင်ရန်လိမ်ညာစာရင်းသွင်းခဲ့သည်။
တက္ကသိုလ်ဆရာများ၏လုပ်ရပ်များသည်အတော်ကိုဆိုးသည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး