← Chapters

အလုပ်သမားဧကရာဇ်

Vol. 3 Ch. 39

အလုပ်သမားဧကရာဇ်

Vol. 3 Ch. 39

ဤဒုံးပျံနှစ်ခုပို့လိုက်သည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသည် ပို၍အသက်ဝင်လာခဲ့သည်။

ဟန်- နောက်ထပ် ဒုံးပျံနှစ်စင်း မစ္စတာကောင်းမင်းက အရမ်းမိုက်တယ်။

ကျူ: ဟေ့ မစ္စတာကောင်း က နံပါတ်တစ် ဖြစ်လာပြန်ပြီ။ ရှောင်ရှောင်၊ မစ္စတာကောင်းရဲ့စကားကို နားထောင်ပြီး မင်းရဲ့အဝတ်တွေကို ချွတ်လိုက်ပါ။

ချန်: အလုပ်သမားတွေက ရှောင်ရှောင်ကို ထပ်ပြီး ဆုချမလားတော့ မသိဘူး... မဟုတ်ရင် ရှောင်ရှောင်က မစ္စတာကောင်းပြောတဲ့စကားကို နားထောင်မလားမသိဘူး။

နတ်ဆိုး: အလုပ်သမားကစက်ရုံတစ်ခုခုတွင် အလုပ်လုပ်သည်ဟုခန့်မှန်းတယ်။ သူက ဒုံးပျံ ၄ လုံး ဆုချီးမြှင့်လိုက်၍ သူ့မှာပိုက်ဆံထပ်မရှိမှာစိုးတယ်။

ပိုးကောင်ငယ်လေး- မစ္စတာကောင်း က အရမ်းမိုက်တယ်။

...

မစ္စတာကောင်းက လူတိုင်းက သူ့ကို အရမ်းသဘောကျနေသည်ကိုတွေ့လိုက်ပြီးချက်ချချင်းပင်”ငါ့နဲ့လာပြိင်ချင်တာလား။မင်းကငယ်ပါသေးတယ်။ !

သို့သော် ထိုအခိုက်အတန့်တွင်၊ တိုက်ရိုက်ထုတ်လွှင့်မှုအခန်း၌ နောက်ထပ်ဒုံးပျံနှစ်စင်း စခရင်ပေါ်သို့ ပျံတက်သွားခဲ့သည်။

အလုပ်သမားက ဒုံးပျံ ၂ စင်းကိုထပ်မံချီးမြှင့်ခဲ့သည်။

အရိုးကြီး: အလုပ်သမားကနံပါတ်တစ် ဖြစ်လာပြန်သည်။

အရှူး: ကောင်းတယ်!

မူလတန်းကျောင်းသား: မစ္စတာကောင်းက ဆုပေးအုံးမှာလား။

321- ဒါက ထပ်ပေးသင့်တယ်။ မဟုတ်ရင် မစ္စတာကောင်း ရဲ့ မျက်နှာ ဘယ်ရောက်သွားမှာလဲ။

...

မစ္စတာကောင်း၏ မျက်နှာသည် မွဲခြောက်သွားပြီး”မင်းမှာ ပိုက်ဆံဘယ်လောက်ရှိလဲဆိုတာ ငါကြည့်ချင်တယ်!”

စကားလုံးတွေကျလာပြီး ဖန်သားပြင်ကို နှစ်ကြိမ်နှိပ်လိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းထဲမှာ နောက်ထပ်ဒုံးပျံနှစ်စင်း စခရင်ပေါ်ပျံတက်သွားခဲ့သည်။

ယခုအချိန်တွင် မစ္စတာကောင်းမှ ချီးမြှင့်သော ဒုံးပျံ စုစုပေါင်း အရေအတွက်မှာ 7 စင်းအထိ ရှိလာခဲ့ပြီဖြစ်သည်။

အရူး- ဟေ့၊ ဒီကောင်ကြီးနှစ်ယောက်ထဲကဘယ်သူနိုင်မှာလဲမသိဘူး။

123 - မစ္စတာ ကောင်းက ချမ်းသာတဲ့လူဖြစ်သည်၊ သို့မဟုတ် သူသည် ပို၍ ချမ်းသာသောလုသည်။

အရူး- မစ္စတာကောင်းက အရမ်းချမ်းသာတယ်လို့လည်း ကျွန်တော်ထင်တယ်။

...

ထိုအချိန် တိုက်ရိုက်ထုတ်လွှင့်မှုစခရင်ပေါ်တွင် ဒုံးပျံအသစ်နှစ်စင်းပေါ်လာသည်။

အလုပ်သမားတွေကထပ်ပြီးဆုချသည်။

မစ္စတာကောင်းက မျက်မှောင်ကြုတ်လိုက်သည်။

ယခုအချိန်တွင် သူကိုတိုက်ခိုက်သူသည် စုစုပေါင်း ဒုံးပျံ ၈ လုံးကို ဆုချီးမြှင့်ခဲ့သည်။

မင်းသူ့ကိုကျော်ချင်ရင် နောက်ထပ်ဒုံးပျံ ၂ လုံး ဆုချရမည်ဖြစ်သည်။

သူနောက်ထပ်ဆုချခဲ့ရင်သူ၏စုစုပေါင်း ပိုက်ဆံသည်ယွမ် ၉၀၀၀ဖြစ်သည်။

မစ္စတာကောင်းသည် နှစ်စဉ် သိန်းနှင့်ချီ၍ ဝင်ငွေရသော်လည်း၊သူသည်ကပ်စေးနည်းသည်နှင့်အညီ ယွမ် ၉၀၀၀ သုံးစွဲဖို့အတွက် အနည်းငယ် ဝန်လေးနေသေးသည်။

အချိန်အတော်ကြာ တုံ့ဆိုင်းသွားပြီးနောက် မစ္စတာကောင်းသည် နောက်ဆုံးတွင် သွားများကို အံကြိတ်ကာ “ငါ နောက်ဆုံးဒုံးပျံ ၂ ချောင်းကို ဆုချီးမြှင့်လိုက်မယ်။ဆက်လက်၍ အလုပ်သမားကဆုချီးမြှင့်ပါကသူ စွန့်လွှတ်မည်!”

စကားပြောပြီးသောအခါ၊ မစ္စတာကောင်း သည် နောက်ဆုံးတွင် စခရင်ကို နှစ်ကြိမ်နှိပ်လိုက်သည် ။

ကုတင်ပေါ်ထိုင်နေတဲ့ လင်းဖန်က ဒါကိုမြင်တော့ သူ့ပါးစပ်က နည်းနည်းလှုပ်သွားခဲ့သည်။

အလုပ်သမား: မေ့လိုက်ပါ၊ ငါမင်းနဲ့ မကစားတော့ဘူး။

လင်းဖန်ပြောပြီးသည်နှင့်စခရင်ကိုနှိပ်လိုက်သည်။

...

၁၊ ၂၊ ၃...

၁၀...

၅၀...

၁၀၀။

မိုးရွာသလိုမျိုးဒုံးပျံ ၁၀၀ သည်တိုက်ရိုက်ထုတ်လွှင့်နေတဲ့ အခန်းတစ်ခုလုံးသည် ချက်ချင်းပြည့်နှက်သွားသည်။

လေထဲမှာရှိတဲ့လူ : သေပါပြီ !

ချမ်: Fuck!

ရှန်း: မိုက်လိုက်တာ။

...

လိုက်လွင့်သည့်စခရင်ပေါ်တွင် မရေမတွက်နိုင်သော “fuck” မျညးဖြင့်ပြည့်နေသည်။

သိသာထင်ရှားစွာဖြင့်ဤလူများသည် အလွန်ထိတ်လန့်နေသည်ဆိုတာကိုပင်ဖြစ်သည်။

အံ့သြစရာမဟုတ်ပါ၊ သူတို့အရမ်းစိတ်လှုပ်ရှားနေလိမ့်မယ်။

ဒုံးပျံတစ်စင်းသည်ယွမ် ၁၀၀၀ တန်သည်။

ဒုံးပျံ 100 သည် ယွမ် 100,000 ဖြစ်သည်။

ဒီလိုကြီးမားတဲ့ ဆုလာဘ်မျိုး၊ ငါးမန်းတိုက်ရိုက်ထုတ်လွှင့်မှုက တစ်နေ့ကို အကြိမ်ပေါင်းများစွာ မဖြစ်ပေါ်နိုင်ပေ။

သို့သော် ဤအရာသည် အစသာရှိသေးကြောင်း သူတို့မသိခဲ့ပေ။

နောက်ထပ်စခရင်ပေါ်မှာပြည့်ကျပ်နေသော ဒုံးပျံများသည် ဖန်သားပြင်ပေါ်တွင် တစ်ဖန် ပြည့်နှက်သွားပြန်သည်။

၁၀

၂၀

၅၀

၁၀၀

နောက်ထပ် ဒုံးပျံ 100။

ဒါပေမယ့် ဒါက မပြီးသေးပေ။

ဒုံးပျံများသည်ဆက်၍ရှိနေတုံးပင်။

ရှောင်ရှောင်၏တိုက်ရိုက်ထုတ်လွှင့်မှုအခန်း၏လှုပ်ရှားမှုသည်လူများစွာ၏အာရုံကိုလျင်မြန်စွာဆွဲဆောင်ခဲ့သည်။

မူလက ရှောင်ရှောင်၏အွန်လိုင်းကြည့်ရှုသူ သည်ရာဂဏန်းမျှသာ ရှိသည်။

ဤဒုံးပျံများ၏အသွင်အပြင်နှင့်အတူ၊ ၎င်းသည်တဖြည်းဖြည်းကြည့်ရှုသူထောင်ချီ၊သောင်းနှင့်ချီသောလာရောက်ကြည့်ရှုကြသည်။အချိန်ကြာလာသည်နှင့်အမျှ၊ ကြည့်ရှုသူအရေအတွက်သည်ထပ်ပြီးတိုးလာဆဲဖြစ်သည်။

မိုးမခပင်- အို ဘုရားသခင်။ ဒီမှာ ဘာဖြစ်နေတာလဲ။

321: အခုမှပဲ မစ္စတာကောင်း လို့ခေါ်တဲ့ သူနဲ့အလုပ်သမားနှင့်ယှဉ်ပြိုင်တယ်။မထင်မှတ်တာကအလုပ်သမားသည်အရမ်းသာနေငည်ကိုပင်ဖြစ်သည်။

ရှင်း- မစ္စတာကောင်း က အလုပ်သမားနဲ့ ဒုံးပျံတွေနဲ့ယှဥ်ပြိုင်တာ အရမ်းရယ်စရာကောင်းတယ်။

လူ့ကပ် - စကားမစပ် မစ္စတာကောင်းရှိသေးလား။

ဟေး- မစ္စတာကောင်းရှိသေးလား မြန်မြန်ကြည့်လိုက်ပါ။

မစ္စတာကောင်းသည် ပါးစပ်ကို တ၀က်လောက်ဖွင့်ထားဆဲဖြစ်ပြီး ဒုံးပျံများကို အလွန်မှိုင်းသောမျက်လုံးများဖြင့် ကြည့်နေသည်။

ဒါပေမယ့် အဲဒါကို အာရုံစိုက်ပြီးနောက်တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းကနေအမြန်ထွက်လိုက်သည်။

မစ္စတာကောင်းသည်သူ့ဖုန်းကိုချလိုက်ပြီး တံတွေးကိုမျိုချလိုက်ပြီး “ဒါ... ဒါဘယ်သူလဲ?”

...

မစ္စတာကောင်းထွက်ခွာမှုကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွက်ဒုံးပျံများသည်လဲ ရပ်တန့်သွားခဲ့သည်။

တဖြည်းဖြည်းနဲ့ ပရိသတ်ကို ဆွဲဆောင်ရုံသာမကဘဲ အချို့ကျောက်ဆူးကြီးတွေတောင် မှတိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းကိုလာကြည့်ကြသည်။

နွေဦး- ဒုံးပျံ ၆၀၀။ ဒီဆုက ဘယ်လောက်လဲ။

မင်္ဂလာပါ- ကြည့်ရှုသူများ ဒါကအရမ်းသာတယ်ဆိုသည်ပင်။

ဝက်ဘုရင်- နတ်ဘုရား၊ ဒါက အစစ်အမှန်ချမ်းသာတဲ့နတ်ဘုရားပဲ။

တောင်ဆိတ်: ကြည့်! မိုမို လာကြည့်ပြီ

ချမ်: အို ဘုရားသခင်။ တကယ့်ကို မိုမိုပဲ။ သူရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရတာ ငါအရမ်းသဘောကျတယ်။

...

မိုမိုသည် သူမကို အခြားသူများမြင်တွေ့ပြီးနောက် မက်ဆေ့ခ်ျများပို့ကြသည်။

မိုမို: ကျွန်မကအလုပ်သမား ကို ကြည့်ဖို့ လာတာ။

ငါfa- အလုပ်သမား၊ မိုမိုကအရမ်းကြည့်ကောင်းတယ်။ပြီးရင် သီချင်းဆိုရာတွင်လည်း အလွန်ကောင်းတယ်။ မိုမိုရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကိုလည်းလာ ကြည့်ရှုနိုင်သည်။

J: မှန်တယ်။ မိုမိုကအရမ်းကောင်းတယ်။

Boy: မိုမို ငါမင်းကိုချစ်တယ်။

...

နောက်ထပ်အမြောက် ၁၀၀၀ ဒုံးပျံသည် တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းမှစခရင်ပေါ်တွင်ပြည့်နက်လာသည်။

နောက်ဆုံးတွင်ဒုံးပျံများက နောက်ဆုံးတွင် ရပ်သွားသည်။

အလုပ်သမား- ရှောင်ရှောင် မင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုက အရမ်းကောင်းတယ်။ နောင်အချိန်ရရင် မင်းကို ငါတို့ပြန်တွေ့မယ်။

ရှောင်ရှောင်သည် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ထူထပ်သော ဒုံးပျံများကို ကြည့်ပြီးသူမရော ပရိသတ်များပါထိတ်လန့်သွားခဲ့သည်။

အလုပ်သမားပို့ငည့်စာကို မြင်လိုက်ရသည့်အချိန်မှသူမနှင့်ပရိတ်သတ်များအာရုံပြန်ရလာခဲ့သည်။

“အိုကေ...အိုကေ၊ ကျေးဇူးတင်ပါတယ် အလုပ်သမား၊ ကျေးဇူးတင်ပါတယ်!”

...

Shark Live တွင်မိုမိုသည် ရေပန်းစားသော ထိပ်တန်းကျောက်ဆူး၁၀ယောက်တွင်အပါအဝင်ဖြစ်သည်။

အလုပ်သမား သည် ရာနှင့်ချီသော ဒုံးပျံများကို ဆုချီးမြှင့်ကြောင်း မိုမိုကြားသိရသောအခါတွင် သူမသည် ထိတ်လန့်သွားပြီး ခမ်းနားသော မြင်ကွင်းကို ကြည့်ရှုရန် တစ်ဖက်လူ၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသို့သွားမကြည့်ပဲမနေနိုင်ပေ။

ဘာကြောင့်လဲ ဆိုတော့ မိုမို သည်အခုလိုမျိုးဆုချီးမြက့်မှုကိုတစ်ခါမှ မရဘူးပေ။

ယခုအချိန်တွင် မိုမို သည် ၎င်း၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် သူမသည် သူမ၏ ချစ်စဖွယ် ခန္ဓာကိုယ်ကို မြူးမြူးကြွကြွတေးသံများနှင့်ခေါင်းပြီးနေသည်။

ထို့နောက် သူမ၏ ချယ်ရီပါးစပ်လေးကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။

ရုတ်တရက် စိမ့်စမ်းရေများစိမ့်ဝင်သံကဲ့သို့ ကျယ်လောင်သောအသံသည် တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းတစ်ခန်းလုံးပျံနှံလာခဲ့သည်။

ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် သတိပေးချက်တစ်ခု ပေါ်လာသည်- အလုပ်သမားဧကရာဇ်သည် တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းသို့ လာသည်။

ယွမ် ၁ သန်းဖြစ်သည့် Shark Live တွင် လစဉ် ငါးမန်းဒင်္ဂါး ၁၀သန်းကို သုံးစွဲလျက် ဧကရာဇ်ဘွဲ့ကို ရယူရှိသည်။ ဤသည်မှာ ငါးမန်း တိုက်ရိုက်ထုတ်လွှင့်မှု၊ အဆင့်အမြင့်ဆုံး ခေါင်းစဉ်လည်း ဖြစ်သည်။

လင်းဖန်သည် ဧကရာဇ်ဘွဲ့ ရခဲ့သော ဒုံးပျံအလုံး ၁,၀၀၀ ကို ဆုချီးမြှင့်ခဲ့သည်။

ဤအချက်ပြမှုကြောင့်မိုမို၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသည် ချက်ချင်းဆူညံသွားတော့သည်။

Sky- Fuck! အလုပ်သမား က ဒီမှာ။

ကျူ- အလုပ်သမား က မိုမိုရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ရောက်လာတာ အရမ်းကောင်းတယ်။

...

သီချင်းဆိုနေသည့် မိုမိုပင်လျှင် သူမ၏အသံတွင် စိတ်လှုပ်ရှားဖွယ်မှုဖြင့်ဖြည့်သိဆိုနေသည်။

မိုမိုသည် သီချင်း၏ကွာဟချက်ကို အခွင့်ကောင်းယူကာ “အလုပ်သမား ကိုကြိုဆိုပါတယ်!”(မှတ်ချက်ကွာဟတယ်ဆိုတာတီးလုံးပဲရှိပြီးသီချင်းမဆိုရသေးတာကိုပြောတာပါ။)

အလုပ်သမားသည် တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းသို့ ရောက်လာပြီးနောက်တွင်မိုမိုသည်သီချင်းဆိုရန် ပိုမိုစိတ်အားထက်သန်လာခဲ့သည်။

သီချင်းပြီးဆုံးသောအခါ လင်းဖန်က ခေါင်းညိတ်သည်။

[မျက်နှာတန်ဖိုး- 95]

【အကြိုက်ဆုံးအဆင့်သတ်မှတ်ချက်- 60】

အလုပ်သမား- “The Years’’ကို နားထောင်ရတာ ငါကြိုက်တယ် ၊မိုမိုမင်းအဲ့သီချင်းဆိုလို့ ရမလား။

မိုမိုက “ရပါတယ်’’

ခဏကြာတော့ သီချင်းတီးလုံးသံများထွက်လာသည်။

မိုမိုသည်လည်း ပါးစပ်ကို ဖွင့်ဟလိုက်သည်။

“မူရင်းစမှတ်ကို ပြန်သွားတဲ့အခါ၊မှတ်ဉာဏ်ထဲက မျက်နှာစိမ်း။”

“နောက်ဆုံးတော့ ငါတို့ဒီနေ့ကိုရောက်ခဲ့ပြီ...”

မိုမိုသည် Shark ၏နာမည်ကြီးကျောက်ဆူးဖြစ်ထိုက်သူဖြစ်ပြီး “The Years” ၏ ငြိမ့်ညောင်းပြီး လိမ္မာပါးနပ်သော တေးသွားအားလုံးကို အလွယ်တကူ သီဆိုနိုင်သည်။

ဒီသီချင်းကို နားထောင်ရင်း လူတွေသည်သီချင်းသံထဲတွင်သူတို့၏စိတ်သည်နှစ်မြုပ်သွားခဲ့သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters