ချမ်းသာမှုကစိတ်ကူးထက်ကျော်သည်
Vol. 3 Ch. 40
ခဏအကြာတွင်သီချင်းသံက တဖြည်းဖြည်း ရပ်တန့်သွားခဲ့သည်။
မိုမို က မျှော်လင့်ချက်ဖြင့်တုန်လှုပ်နေတဲ့ လေသံနဲ့ မေးလိုက်ငည်။ “အလုပ်သမားဧကရာဇ် ငါ သီချင်းဆိုတာဘယ်လိုနေလဲ’’
စာမေးပွဲဖြေသော ကျောင်းသားတစ်ယောက်ကဲ့သို့အလွန်စိုးရိမ်နေပုံရသည်။
အလုပ်သမား(ဧကရာဇ်)- အသံအရမ်းကောင်းသည်။
နောက်အခိုက်အတန့်တွင် ဒုံးပျံများသည်မိုးရွာချ သကဲ့သို့ဒုံးပျံများသည်စခင်ပေါ်တွင်ပြည့်နက်နေသည်။
၁၀
၁၀၀
၂၀၀
500!
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းစခရင်တစ်ဝိုက်တွင် ဒုံးပျံ ၅၀၀ စင်းပေါ်လာသည်။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် ဒုံးပျံများဖြင့်စခရင်ပေါ်တွင်ပြည့်နက်နေသည်။
နောက်တော့ တစ်ယောက်ယောက်ကမနေနိုက်ဘဲ စာတစ်စောင် ပို့လိုက်သည်။
ကပ်ဖား- အလုပ်သမားနတ်ဘုရားကို ကိုးကွယ်ပါတယ်။
ဆူဖြိုးသူလေး- အလုပ်သမားငါလဲမင်းကိုကိုးကွယ်ပါတယ်။
...
မိုမို၏တောက်ပသောမျက်လုံးများသည်မျက်ရည်များဝဲကာ သူမသည် အလွန်စိတ်လှုပ်ရှားနေသည်- “ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ် ဧကရာဇ် အလုပ်သမား”
“အလုပ်သမား(ဧကရာဇ်) မင်းနားထောင်ချင်တဲ့ သီချင်းတွေရှိလား ငါမင်းအတွက် ဆက်ဆိုပေးမယ်။”
လင်းဖန်က စာကိုမပို့ခင် ခဏလောက်စဉ်းစားလိုက်သည်။
အလုပ်သမား(ဧကရာဇ်)- မင်းအပိုင်နိုင်ဆုံးသီချင်းနှစ်ပုဒ်ကိုဆိုလေ။
မိုမို က ကမန်းကတန်းပြောလိုက်သည် “ငါအကျွမ်းကျင်ဆုံးသီချင်းကိုမင်းအတွက် ငါသီဆိုမယ်”
သီချင်းသံတွေ မြည်လာပြီး သီချင်းဆိုသံ လဲထွက်ပေါ်လာသည်။
ဒီသီချင်းနှစ်ပုဒ်မှာ မတူညီတဲ့ပုံစံတွေရှိပေမယ့် မိုမို ကတော့ လုံးဝဒုက္ခမရှိပေ။ သူမသည် ၎င်းသီချင်းနှသ်ပုဒ်လုံးကိုလှပစွာ သီဆိုနိုင်ခဲ့သည်။
လင်းဖန်က ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။
ထို့နောက် ဖန်သားပြင်ကို ထပ်မံနှိပ်လိုက်သည်။
ရုတ်တရက် မိုမို၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် ဒုံးပျံများသည်မိုးရွာသကဲ့သို့စခရင်ပေါ်တွင်ရွညချတော့သည်။
၁၀၀
၂၀၀
500!
မိုမို၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတစ်ခွင်တွင် ဒုံးပျံ ၅၀၀ များဖြက့်ပြည့်နက်နေသည်။
ရန်: အလုပ်သမား(ဧကရာဇ်) ရှောင်အေးက လဲသီချင်းဆို အရမ်းကောင်းတယ်၊ ဒါကြောင့် ရှောင်အေးရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုပေးဖို့ အလုပ်သမား(ဧကရာဇ်)ကိုတောင်းဆိုပါတယ်။
Id: မှန်တယ်၊ မှန်တယ်။ ရှောင်အေးက သီချင်းဆိုကောင်းရုံသာမက ရုပ်ရည်လည်း ချောတယ်။
...
လင်းဖန်သည် ဤမက်ဆေ့များကိုမြင်ပြီးနောက် “ရှောင်အေး” စာရိုက်ရှာဖွေခဲ့သည်။
ခဏကြာတော့ ဖြူစင်ပြီး ချိုမြတဲ့ မျက်နှာလေး တစ်ခုပေါ်လာခဲ့သည်။
[မျက်နှာတန်ဖိုး- 93]
【အကြိုက်ဆုံးအဆင့်သတ်မှတ်ချက်- 60】
တစ်ချိန်တည်းမှာပင်၊ ရှောင်အေး၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသည်လည်း အလုပ်သမား(ဧကရာဇ်)လာသည်ဟုအချက်ပေးလိုက်သည်။
လီရို- အလုပ်သမားဧကရာဇ်ကရှောင်အေးရဲ့ တိုက်ရိုက်ထုတ်လွင့်မှုကိုလာတယ် !
...
ရှောင်အေးသည်လဲအလုပ်သမား(ဧကရာဇ်)ကိုသဘာဝကျကျ သိသည်။ သူမတစ်ကိုယ်လုံး စိတ်လှုပ်ရှားစွာဖြင့်တုန်လှုပ်သွားကာ”ငါ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို လာဖို့ အလုပ်သမား (ဧကရာဇ်)ကို ကြိုဆိုပါတယ်” လို့ ဝမ်းသာအားရ ပြောလိုက်သည်။
အလုပ်သမား(ဧကရာဇ်)- ရှောင်အေးမင်းအနီရောင် ဒေါက်မြင့်ဖိနပ် သီချင်းကို သီဆိုနိုင်ပါသလား။
ရှောင်အေးက ကမန်းကတန်းပြောလိုက်သည် “ဟုတ်ပါတယ်၊ ကျေးဇူးပြုပြီး အလုပ်သမား (ဧကရာဇ်)ခဏစောင့်ပါ။”
မကြာမီ၊ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် စူးရှသော သီချင်းသံများ ထွက်ပေါ်လာသည်။
“မင်းကို အကောင်းဆုံး ဘယ်လိုဖော်ပြရမလဲ”
“မင်းနဲ့ယှဉ်ရင် ဘာများထူးခြားလဲ။”
...
“ဒီအမှုကို ရပ်တန့်ခွင့်ပြုပါလား။”
“နောက်ဆုံး တော့တစ်ခုတည်းသော အနီရောင် ဒေါက်မြင့်ဖိနပ်။”
သီချင်းက ရပ်သွားသည်။
အလုပ်သမား(ဧကရာဇ်): ငါသီချင်းကောင်းတယ်။
နောက်အခိုက်အတန့်…
၁၀
၁၀၀
၂၀၀
500!
ကောင်းကင်မှာ ဒုံးပျံတွေက တိုက်ရိုက်ထုတ်လွှင့်ငည့်စခရင်ပေါ်တွင်ပြည့်နေသည်။
လင်းဖန်သည် ဒုံးပျံအလုံး 500 ကို ပို့ပြီးနောက်တွင် ရှောင်အေးက စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်လိုက်သည်။
သူသည် ရှောင်ရှောင် ၏တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသို့တစ်ဖန်ပြန်လာပြီး ဒုံးပျံအလုံး 500 ကိုထပ်မံပေးဆောင်ပြီးနောက် Shark တိုက်ရိုက်ထုတ်လွှင့်မှုမှထွက်လိုက်ငည်။
လင်းဖန်သည် နေ့ခင်းဘက် စာသင်ချိန်ရှိသေးသည်။
ထို့အပြင် လက်ဆောင်ဒုံးပျံကို နှိပ်ပြီးပေးရငေါကြောင့်လင်းဖန်၏ လက်ချောင်းများမှာလည်း အနည်းငယ် နာကျင်လာခဲ့သည်။
အနားယူရမယ်!
“ဟားဟားဟား! မင်းမြင်ပြီးပြီလား? မင်းမြင်ဖူးလား။ ရှောင်ရှောင် ကို အလုပ်သမား(ဧကရာဇ်) က ဒုံးပျံ ၁၅၀၀ နဲ့ ဆုချတယ်။” ဇောင်ချင်းဘိုက စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။
ဇောက်ချင်းဘိုက ရွှင်မြူးစွာ ကလိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ အဆီများ သည်ပေါ်မှအောက်သို့ခုန်တက်သွားသည်။
“ငါလဲဒီလိုမျိုးဒုံးပျံတွေကိုပေးချင်လိုကတာကွာ” စုရီကသက်ပြင်းချလိုက်ပြီးပြောလိုက်သည်။
ဇောင်ချင်းဘိုက “အလုပ်သမားဆိုတော့အလုပ်သမားလုပ်လို့ချမ်းသာတာပဲနေမယ်!”
ခေတ္တရပ်လိုက်ပြီး “ငါလည်း အနာဂတ်မှာ အလုပ်လုပ်ပြီးချမ်းသာတဲ့လူဖြစ်အောက်လုပ်မယ်!”
မူဇောင်သည်လဲနှစ်ယောက်ကြား စကားပြောဆိုမှုကိုကြားလိုက်သည်။
ဤအချိန်တွင် သူသည် စာအုပ်ကို ချလိုက်ပြီး “အလုပ်သမားကဘာလို့ဒုံးပျံ1500 ကဘယ်လောက်ရှိလို့လဲ’’ လို့ မေးလိုက်သည်။
စုရီက “လွန်ခဲ့တဲ့ မိနစ်နှစ်ဆယ်လောက်က ငါးမန်းတိုက်ရိုက်ထုတ်လွှင့်မှုကနေအလုပ်သမား(ဧကရာဇ်)က ရှောင်ရှောင်ကို ဒုံးပျံ ၁၅၀၀ မကဘဲ မိုမို နဲ့ ရှောင်အေးတို့ ကိုလည်း ဒုံးပျံ ၁၀၀၀ နဲ့ ၅၀၀ အသီးသီးကိုချီးမြှင့်ခဲ့တယ်!”
“စုစုပေါင်းဒုံးပျံက၃၀၀၀’’
“ဒုံးပျံတစ်စင်းက ယွမ် ၁၀၀၀”
“ဒုံးပျံ ၃၀၀၀၊ စုစုပေါင်း ယွမ် ၃ သန်း!”
“ဘာ? ၃ သန်း?” မူဇောင် မျက်လုံးပြူးသွားသည်။
သို့ပေမယ့်လည်း သူသည်အခုပဲ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ကြောက်စရာကောင်းတဲ့ အရာတစ်ခု ဖြစ်ခဲ့တယ်ဆိုတာ သူ ခန့်မှန်းထားပြီးဖြစ်သည်။
ဒါပေမယ့် ဒီလောက်ကြီးကြီးမားမားဖြစ်မယ်လို့ သူမမျှော်လင့်ခဲ့ဘူး!
မိနစ် 20 ကျော်၊ ငွေ3 သန်း? !
ချမ်းသာတာက သူ့တို့စိတ်ကူးထက်ကျော်သည်။
...
Shark Live ဌာနချုပ်။
အထွေထွေမန်နေဂျာက “ဒုံးပျံ ၃၀၀၀ ကို တစ်ပြိုင်နက် သုံးခဲ့တာလား။ Shark Coins တွေရဲ့ အရင်းအမြစ်ကို သေချာစစ်ဆေးပါ။”
“ငွေအရင်းအမြစ်က ပုံမှန်ပဲ!” နည်းပညာဆိုင်ရာမန်နေဂျာက ပြောလိုက်သည်။
“ကောင်းပြီ ဟားဟား!” အထွေထွေမန်နေဂျာသည် အလွန်စိတ်လှုပ်ရှားနေကာ “မြန်မြန်၊ ကွန်ရက်တစ်ခုလုံးကို အဲ့အကြောင်းလွှင့်တင်လိုက်ပါ!”
Shark Live သည်ရည်ရွယ်ချက်ရှိရှိ လူသိရှင်ကြား နှင့် အတူ ကွန်ရက်သည် အလွန်လျင်မြန်သောအရှိန်ဖြင့်ထုတ်လွင့်လိုရ်သည်။
များမကြာမီတွင်၊ အလုပ်သမား(ဧကရာဇ်)သည် Weibo ၏ hot စာရင်းတွင်ပါဝင်ခဲ့ပြီး မရေမတွက်နိုင်သောလူများကိုဆွဲဆောင်ခဲ့သည်။
ဒါတွေကိုလင်းဖန်ဂရုမစိုက်ပေ။
ယခုအချိန်တွင် သူသည် မူဇောင်၊ စုရီ နှင့်ဇောင်ချင်းဘို တို့နှင့်အတူ စာသင်ခန်းထဲတွင် ရှိနေပြီဖြစ်သည်။
ဒီနေ့ နေ့လည်သည်စာရိတ္တအတန်းဖြစ်သောကြောင့် အတန်းထဲက ကျောင်းသားအားလုံး သည်အိပ့်ငိုက်နေကြသည်။
သို့သော်...
နောက်အခိုက်အတန့်မှာတော့ သူတို့အားလုံး သည်အားဖြည့်ဆေးသောက်ထားသလိုမျိုးချက်ချင်းကျောကိုမတ်လိုက်ကြသည်။
အဘယ်ကြောင့်ဆိုသော် ပါမောက္ခဟန်တီအတန်းဖြစ်သောကြောင့်ဖြစ်သည်။
ယနေ့တွင်ဟန်တီသည် သူမ၏ဆံပင်ကို မြင့်မြင့်စီးထားပြီး အနီရောင်အဖျော့ဖျော့အိတ်နှင့် စကတ်ရှည်ဖြင့် တွဲဖက်ကာ မြင့်မြတ်သူ သို့မဟုတ် မင်းသမီးလေးကဲ့သို့ ဂုဏ်သိက္ခာရှိစွာ လှပနေပုံရသည်။
ဟန်တီက “ဒီနေ့ ပရော်ဖက်ဆာဝမ် မှာ လုပ်စရာရှိလို့သူအစားဝင်ခိုင်းဖို့အကူအညီတောင်းတယ်။စာဘာနားမလဲဆိုတာမေးလို့ရတယ်။”
“စာမျက်နှာ ၂၀!”
“ဂဏန်းသီအိုရီရဲ့ အခြေခံအကြောင်းအရာ။”
“လုပ်ဆောင်ချက်!”
ဟန်တီရဲ့ အသံ ဆုံးသွားပြီးနောက်တွင် စာသင်ခန်းတစ်ခုလုံး ချက်ချင်း ထအော်လိုက်သည် ။
ကျောင်းသားအားလုံး၏အမြင်တွင်၊ ဤအချိန်သည် ဆရာမဟန်တီနှင့် ဆက်သွယ်ရန် အကောင်းဆုံးအချိန်ဖြစ်သည်။
ဟန်တီက ခေါင်းညိတ်ပြီး “ကောင်းပြီ၊ ဂဏန်းသီအိုရီကို အတိုချုံး မိတ်ဆက်ပေးမယ်...”
ဒီနေ့သောကြာနေ့ဖြစ်သည်။အရင်တုန်းကတော့ ကျောင်းသားအားလုံးသည် အတန်းစောပြီးပြီးအိမ်ကိုမြန်မြန်ပြန်ချင်ကြသည်။
ဒါပေမယ့် ဒီနေ့မှာတော့ ကျောင်းသားအားလုံးသည်ဒီနေ့ကိုအချိန်အရမ်းအရမ်းကြာပါလို့ မျှော်လင့်နေသည်။
ဘာဖြစ်လို့လဲ ဆိုတော့ သူတို့သည်ဆရာမဟန်တီနှင့်အချိန်ပိုကြာအောင် နေချင်လို့ဖြစ်သည်။
သို့သော် သူတို့၏ အတွေးအမြင်များကြောင့် အချိန်သည် ပြောင်းလဲသွားမည်မဟုတ်ပေ။
ခေါင်းလောင်းသံကျယ်ကျယ်ထိုးသံကိုသူတို့ကြားလိုက်သည်။
ဟန်တီက ကျောင်းသုံးစာအုပ်ကို ပိတ်လိုက်ပြီး “ဒီနေ့ အတန်းပြီးပြီ” လို့ပြောလိုက်သည်။
ခေတ္တရပ်လိုက်ပြီး “လင်းဖန်၊ ငါနဲ့ခဏလိုက်ခဲ့ဦး” လို့ပြောလိုက်သည်။
လင်းဖန်း အံ့ဩသွားသည်- သူသည် အမြွှာ၏ အနှစ်သာရ သဘောတရားကို နောက်တစ်ကြိမ် ဆွေးနွေးလိုခြင်း ဖြစ်နိုင်ပါသလား။
ဤကဲ့သို့တွေးကာ လင်းဖန်သည် ဖြည်းညှင်းစွာထကာဟန်တီနှင့်အတူစာသင်ခန်းထဲမှ ထွက်လာခဲ့သည်။
သူ့နောက်မှာတော့ သူ့အတန်းဖော်တွေကမျက်လုံးများနီပြီးကျန်ခဲ့တော့သည်။
ဒီနေ့၃ပိုင်းပါ။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး