← Chapters

အမြွှာညီအမ၏အချစ်

Vol. 3 Ch. 41

အမြွှာညီအမ၏အချစ်

Vol. 3 Ch. 41

လင်းဖန်သည် ဟန်တီ ၏ ခန္ဓာကိုယ် အ နောက်သို့ အနီးကပ်လိုက်ကာ ဟန်တီ ၏အနောက်ကျောအလှကိုမြင်လိုက်သည်။

လင်းဖန်သည်သူ့စိတ်ထဲတွင်- လူတိုင်းက သူမကို အလွန်နှစ်သက်ကြသည်မှာ အံ့ဩစရာမဟုတ်ပါ၊ အနောက်မြင်ကွင်းတစ်ခုက ပင်အမျိုးသမီးအများစုကို စက္ကန့်ပိုင်းအတွင်း သေစေနိုင်သည်။

ထိုအချိန်တွင် ဟန်တီသည် ဖြည်းညှင်းစွာ လှည့်လာပြီး “အမျိုးသား သင်္ချာပြိုင်ပွဲကိုမင်းစာရင်းသွင်းတယ်ဆိုတာ ငါကြားတယ်။”

လင်ဖန်းသည် စာရင်းသွင်းရန် သဘောတူပြီးနောက် အလင်အမြန်ပြေးသွားသောစုရန်ဒေါင်၏ပုံရိပ်ကို ပြန်သတိရလိုက်သည်။

လင်းဖန်သည်သက်ပြင်းတစ်ချက်ချလိုက်-ပြီးစုရန်ဒေါင်ရဲ့ လုပ်ရပ်တွေက တကယ်ကို မြန်​ဆန်သည်။

လင်းဖန်သည်ခေါင်းညိတ်ကာ “ဟုတ်ကဲ့” ဟု ကူကယ်ရာမဲ့ဖြေလိုက်သည်။

ဟန်တီသည် သူ့မျက်နှာပေါ်တွင် အပြုံးဖြင့် - “မူလက၊ ဒီနှစ် ငါတို့ကျောင်းရဲ့ သင်္ချာပြိုင်ရလဒ်အတွက် ငါ စိတ်ပူမိတယ်”

“အခုတော့ထပ်ပြီးစိတ်ပူစရာ မလိုတော့ဘူး”

ခေတ္တရပ်လိုက်ပြီး “ဒါပေမယ့်၊ မင်းအမျိုးသားသင်္ချာပြိုင်ပွဲမှာ ပါဝင်ဖို့ ငါတကယ်မမျှော်လင့်ထာယဘူး... အဲဒီအချိန်ရောက်ရင်လူကြီးတစ်ယောက်ကကလေးတစ်ယောက်ကို အနိုင်ကျင့်သလို ဖြစ်နေလိမ့်မယ်လား။”

ဟန်တီကလင်းဖန် သည် သင်္ချာဘာသာရပ်ကို မည်မျှအထိ ကျွမ်းကျင်သည်ကို နားလည်သည်။

လင်းဖန်၏သင်္ချာငည်သင်္ချာပါမောက္ခအများစုကို ကျော်တက်နေပြီဖြစ်သည်။

ဒါကြောင့်လဲဟန်တီက လင်းဖန်ကို မကြာခဏ သင်္ချာပြဿနာတွေ ဆွေးနွေးဖို့ သွားခေါ်ရတဲ့ အကြောင်းရင်းလည်း ဖြစ်သည်။

ဟန်တီ ၏အမြင်အရ လင်းဖန် သည် အမျိုးသားသင်္ချာပြိုင်ပွဲတွင် ပါဝင်ခြင်းသည် မူလတန်းကျောင်းသင်္ချာစာမေးပွဲဖြေဆိုရန် အထက်တန်းကျောင်းသားအား ခိုင်းစေခြင်းနှင့်တူသည်။

ဒါက ကလေးတွေကို အနိုင်ကျင့်တာ မဟုတ်ရင်။ဒါဘာလဲ။

လင်းဖန်က ခေါင်းခါပြီး “ဟန်တီ၊ မင်းက ငါ့ကိုအရမ်းချီးမွန်းနေပြီ၊အမျိုးသားသင်္ချာပြိုင်ပွဲက ဘာလဲဆိုတာတောင် ငါမသိသေးဘူး”

လင်းဖန်တွင်သင်္ချာပညာရှင်အဆင့် အတွေ့အကြုံရှိသည်။

သို့သော် ၎င်းသည် ပြဿနာဖြေရှင်းတွေးခေါ်မှု၊ ဖော်မြူလာအသုံးချမှု၊ တွက်ချက်မှုစသည်ဖြင့် သာမာန်စွမ်းရည်များထက် များစွာသာလွန်သည်။

ဒီပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့ သူသည်အတိအကျကိုဘာမှ မသိပေ။

ဟန်တီ က လင်းဖန်ကို ထူးထူးဆန်းဆန်း စိုက်ကြည့်နေရင်းဘာလဲဆိုတာတောင်မသိဘဲ၊ပြိုင်ပွဲဝင်ဖို့စာရင်းသွင်းလိုက်တာလား။

သို့သော် သူမသည်အများကြီးမတွေးတော့ဘဲ “အမျိုးသားသင်္ချာမော်ပြိုင်ပွဲသည် ကွန်ပြူတာကျောင်းမှ ကျောင်းသား နှစ်ဦးနှင့် သင်္ချာကျောင်းမှ ကျောင်းသားတစ်ဦးတို့ ပါဝင်သည့် ပြိုင်ပွဲတစ်ခုဖြစ်သည်။ “

“ကွန်ပြူတာကျောင်းမှ ကျောင်းသား နှစ်ယောက်?” လင်းဖန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

သူသည်ကျန်ပေ့တက္ကသိုလ်ကို ဝင်လာပြီး နောက်တွင်ကွန်ပျူတာကျောင်းက ကျောင်းသားတွေကို လုံးဝ မသိခဲ့ပေ။

ဟန်တီက လင်းဖန် ရဲ့ စိုးရိမ်ပူပန်မှုတွေကို နားလည်ပုံရပြီး ပြုံးပြီး “စိတ်မပူပါနဲ့၊ မင်းကို အရမ်းချစ်စရာကောင်းတဲ့ ကွန်ပျူတာ ဉာဏ်ကြီးရှင်နှစ်ယောက် ကမင်းစိတ်ကျေနပ်ဖို့ ငါအာမခံတယ်”

ခေတ္တနားပြီးနောက် သူမက “စကားမစပ်၊ ကွန်ပြူတာကျောင်းက ကျောင်းသားနှစ်ယောက်နဲ့ ရင်းနှီးဖို့ အခန်း 305၊ သွားရမယ်။ “

လင်းဖန် က “မင်းကငါတို့ကို သင်ကြားပေးမဲ့တစ်ယောက်လို့ ငါထင်ခဲ့တာ”

ဟန်တီ က “ငါတို့သင်္ချာကျောင်းမှ ပါမောက္ခ ဇောင်က သင့်ကို လမ်းညွှန်ပေးမှာ ဖြစ်တယ်။ သူ့ကသင်္ချာမှာ ထူးချွန်ပြီး သင့်ကို လမ်းပြဖို့ ပိုသင့်တော်တယ်။”

လင်းဖန်က ခေါင်းညိတ်လိုက်သည်။

ထို့နောက် ဟန်တီနှင့်ခဏတာစကားပြောပြီးနေက်တွင်သူမမှာအဏေးကြီးလုပ်စရာရှိလို့ဆိုပြီးသူမ၏ဖြူဖွေးသောခြေတံနှင့်ထွက်သွားသည်။

……

အမှတ်(၁)သင်တန်းကျောင်း၊ အခန်း ၃၀၅။

ကျယ်ဝန်းသောအခန်းတွင် စားပွဲနှစ်ဆယ်ခန့်ရှိပြီး စားပွဲတစ်ခုစီတွင် ကွန်ပျူတာတစ်လုံးစီရှိသည်။

အခုအချိန်တွင်……

အမြွှာညီအမဖြစ်တဲ့ ရှောင်ပန် နဲ့ ရှောင်အန်းတို့သည်စားပွဲခုံနှစ်ဆယ်အနက်နှစ်ခုံပေါ်တွင်ငြိမ်သက်စွာ ထိုင်နေကြသည်။

လင်းဖန်၏ပရိုဖိုင်ကို အလွန်ကျွမ်းကျင်စွာနှိပ့်ကာ စကားလုံးရာနှင့်ချီပြီးရေးထားသည့် ဒိုင်ယာလော့ခ်ဘောက်စ်တွင် ဆက်၍ရေးရန် ၎င်းတို့၏ဖုန်းများကို ထုတ်ယူလိုက်ကြသည်။

အမြွှာညီအမနှစ်ယောက်ကအလေးအနက်ထားရေးနေချိန်မှာ လင်းဖန်က နောက်ဆုံးတော့ အခန်း 305 ကို ရောက်လာခဲ့သည်။

လင်းဖန်သည် အနီရောင်နှင့် အပြာရောင် ၀တ်စုံကိုဝတ်ထားသောညီအမနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်သည်။သူသည်အမြွှာညီအမနှစ်ယောက်ကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားသည်။

သူတို့ဘာကြောင့်ဒီမှာရှိနေတာလဲ။

ဆရာမဟန်တီပြောတဲ့အလွန်ချစ်စရာကောင်းတဲ့ ကွန်ပြူတာ ဉာဏ်ကြီးရှင်တွေ ဖြစ်မလား။

အရမ်းချစ်စရာကောင်းတယ် ဟုတ်!

ဒါပေမယ့် သူတို့က ကွန်ပျူတာ ဉာဏ်ကြီးရှင်တွေလား။

လင်းဖန်သည် သူ့နှလုံးသားထဲတွင် သံသယများဖြင့် အမြွှာညီအမဆီသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။

အမြွှာညီအမတွေဆီ ရောက်တဲ့အခါ လင်းဖန် အံ့ဩခဲ့ပြန်သည်။

အမြွှာညီအမနှစ်ယောက်သည် အတိအကျတူညီသည့်အကြောင်းအရာများ ပြည့်နှက်နေသော သူ၏ ပရိုဖိုင်တွင်စာပို့သည့်ထဲတွင် ရှိနေသောကြောင့်ဖြစ်သည်။

“ဟယ်လို အိပ်နေပြီလား။ မနေ့ကဘတ်စကတ်ဘောကငါတို့ကိုထိမလိုဖြစ်နေတဲ့အချိန်ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်...

ဒီနေ့ ဘတ်စကတ်ဘော မကစားဘူးထင်တယ်၊မနက်ဖြန် ရောကစားမှာလား...

လက အရမ်းဝိုင်းစက်နေတာကို မြင်လား...

ဒီနေ့ ဘတ်စကတ်ဘော ကစားပုံ မပေါ်ဘူး မနက်ဖြန် ကစားမှာလား...

ဒီနေ့ ကောင်းကင်မှာ ကြယ်တွေ အများကြီး ရှိနေပြီး မနက်ဖြန် ရာသီဥတု ကောင်းမယ်ထင်တယ်။မနက်ဖြန် ဘတ်စကတ်ဘော ကစားမှာလား...

ဒီနေ့ ဘတ်စကတ်ဘော ကစားတာ နောက်ဆုံးတော့ တွေ့လိုက်ရတယ်..။

မနက်ဖြန်၊ မင်းထပ်ကစားအုံးမှာလဲ။

…..

လင်းဖန်သည် ဒါကိုမြင်လိုက်သောအခါ သူ့တစ်ကိုယ်လုံးမုပ်နိုင်မကိုင်နိုင်ပြီးကျောက်ရုပ်လိုဖြစ်သွားခဲ့သည်။

နောက်ဆုံးတော့ အမြွှာညီအမနှစ်ယောက်က သူ့စီ မက်ဆေ့မပို့တာ ဘာကြောင့်လဲဆိုတာ သူနားလည်သွားခဲ့သည်။

မဝံ့ရဲသောကြောင့်​ပင်ဖြစ်သည်။

စာပို့သည့်နေရာတွင် စကားလုံးများဖြင့် ပြည့်နေသော်လည်း ပို့သည်ကို သူမတို့လုံးဝမနှိပ်ပေ။

လင်းဖန်ကအမြွှာညီအမနှစ်ယောက်ကသူ့ကိုကြိုက်နှစ်သက်သည့်အမှတ်သည်99 မှတ်တောင် ရှိတယ်ဆိုတာ သူသိသည်။

ဒါပေမယ့် လင်းဖန် ကသူတို့ကိုစကားမပြောသ၍သူတို့နဲ့ ထပ်မဆုံနိုင်တော့ဘူးလို့ ခံစားရသည်ါ

ထို့အချိန်တွင်သူ့အပေါ် အမွှာညီအမနှစ်ယောက်၏ နှစ်သက်လက်ခံမှုသည် တဖြည်းဖြည်း လျော့နည်းသွားသင့်သည်။

နောက်ပြီးသူ့ကိုဖြည်းဖြည်းချင်း မေ့သွားသင့်သည်။

ဘာကြောင့်လဲ ဆိုတော့ အချိန်က အရာအားလုံးကို မှေးမှိန်သွားစေနိုင်သောကြောင့်ဖြစ်သည်။

ထိုအချိန်တွင် လင်းဖန်သည် သူမှားမှန်း သိလိုက်သည်။

ထို့အပြင် အရမ်းကိုမှားနေသည်။

အမြွှညီအမနှစ်ယောက်ရဲ့ ခံစားချက်တွေဟာ နက်နက်နဲနဲ နဲ့အမြစ်တွယ်နေတာသည်ကိုသူမထင်ထားခဲ့ပေ။

ထိုအချိန်တွင် အမြွှာညီအမနှစ်ယောက်သည် သူတို့ဘေးနားမှ တစ်ယောက်ယောက်ရှိနေသည်ကိုသတိပြုမိပြီး လှည့်ကြည့်လိုက်ကြသည်။

နောက်အခိုက်အတန့်တွင် မျက်လုံးခြောက်လုံးသည် အချင်းချင်းကြည့်လိုက်ကြသည်။

အမြွှာညီအမနှစ်ယာက်ဟာအံ့ဩသွားကြသည်။

သူပဲ၊ အဲဒါသူပဲ!

သူ့မတို့ရှေ့မှာ တကယ်ပေါ်လာတယ်။

အမြွှညီအမနှစ်ယောက်ရဲ့မျက်နှာပေါ်မှာ ဖုံးကွယ်လို့မရတဲ့ ပျော်ရွှင်မှုတစ်ခု ကိုဖော်ပြနေသည်။

ထို့နောက် သူတို့သည် တစ်ခုခုကို တွေးမိပုံရပြီး ၎င်းတို့ကျောပိုးအိတ်ကြီးမှ ရေပုလင်းကို အမြန်ထုတ်ကာ လင်းဖန်အား ပေးလိုက်သည်။

ထိုအချိန်တွင် ပါမောက္ခ Zhang ဝင်လာသည်။

သူက ပြုံးပြီးပြောတယ် “ဟေ့ မင်းတို့အားလုံး ဒီကိုရောက်နေကြပြီပဲ”

အမြွှာညီအမနှစ်ယောက်ဟာ သူပြောသည်ကို မကြားရသလို လင်းဖန်ကို အလွန်အမင်း မျှော်လင့်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေခဲ့သည်။

အမြွှာညီအမနှစ်ယောက်က သူအပေါ် ချစ်နေသည်ကိုလင်းဖန်က ဘယ်လိုများ လျစ်လျူရှုထားနိုင်မှာလဲ။

နောက်ဆုံးတွင် လင်းဖန်ကသူမတို့ရေပုလင်းကိုယူကာသောက်လိုက်ပြီးသူ့လက်နှစ်ဖက်ကို ဖြည်းညှင်းစွာမြှောက်ကာ သူ့ရင်ခွင်ထဲသို့ အမြွှာညီအမနှစ်ယောက်ကိုတင်းတင်းကြပ်ကြပ်ဖက်လိုက်သည်။

အမြွှာညီအမ နှစ်ယောက် က လင်းဖန်ကတင်းတင်းကြပ်ကြပ်ဖက်လိုက်သည်ကိုခံစားရပြီး လင်းဖန်ကိုယ်ပေါ်ရှိ ထူးခြားသော အနံ့ကို ရှူရှိုက်ရင်း ... သူမတို့၏လှပသော မျက်နှာတစ်ခုလုံး ပန်းနုရောင် ဖြစ်သွားသည်။

သူ... သူ့မတို့ကိုပွေ့ဖက်လိုက်သည်!

အဝေးမှာရပ်နေတဲ့ ပရော်ဖက်ဆာ ဇောင် က ဒါကိုမြင်တော့ ပါးစပ်တစ်ဝက်ပွင့်ပြီး သူ့မျက်နှာတွင်ဘာပြောပြောလို့ပြောရမလဲမသိတော့အောင်ဖြစ်နေသည်။

တက္ကသိုလ်က ကျောင်းသားအချစ်ကို ကန့်ကွက်ထားတာမဟုတ်ပေ။ တချို့ကျောင်းသားတွေဆိုအိမ်ထောင်တွေကျပြီး တက္ကသိုလ်တက်တုန်းမှာပင်ကလေးမွေးကြသည်။

ဒါဟာ ယောက်ျားလေးတစ်ယောက်နှင့် မိန်းကလေးတစ်ယောက်ဖြစ်သည်။

အခုအခြေအနေက ဘယ်လိုလဲ။

ကောင်လေးတစ်ယောက်က သူ့ရှေ့မှာ ကောင်မလေးနှစ်ယောက်ကို ပွေ့ဖက်ထားသည်။

ငါဘာလုပ်သင့်လဲ?

ငါ... မမြင်ချင်ယောင်ဆောင်ရမှာလား?

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters