မော်တိုင်ဝိုင်
Vol. 3 Ch. 45
ရှောင်ရီဟိုတယ် ၏ ဧည့်ခန်းတွင် မြင့်မားသော မီးအိမ်များနှင့်လက်ရာမြောက်သော လက်ရာများနှင့် ရှေးဦးအလှဆင်မှုများသည် တစ်မူထူးခြားသည်။
လင်းဖန် က “ဒီမှာ လေလံပွဲအတွက် တိကျတဲ့ စည်းမျဉ်းတွေ ရှိသေးလား”
“စည်းမျဥ်းတွေတော့အများကြီး မရှိပါဘူး။ လေလံတင်မယ်ဆိုရင်စားပွဲပေါ် ရှိဆိုင်းဘုတ်တင်ပြီး ဈေးနှုန်းကို တိုက်ရိုက်တိုးပေးရုံပဲ။” လီယွက်ဟိုင် က ပြောလိုက်သည်။
ခဏလောက်စဉ်းစားပြီးနောက် လီယွင်ဟိုင် က “ဒါပေမယ့် တစ်ခုတော့ရှိတယ်။ ကိုယ်လဠံတင်မယ့်စျေးနူန်းဿ်ုယ့်မှာရှိဖို့တော့လိုတယ်။မဟုတ်ရင် အကျိုးဆက်က အရမ်းပြင်းထန်လိမ့်မယ်။”
ဤသည်မှာ ပိုက်ဆံမရှိပဲပြောချင်တာပြောသည့်လူအတွက် စည်းမျဉ်းတစ်ခုဖြစ်သည်မှာ သေချာသည်။
လင်းဖန်က ခေါင်းညိတ်လိုက်သည်။
လီယွင်ဟိုင်သည်လင်းဖန်နှင့်ကြာကြာစကားပြောပြီးနောက်အိမ်ငါခဏသွားမယ်ဟုပြောပြီးအခန်းထဲမှထွက်လာခဲ့သည်။
ထိုအချိန်တွင်နေ့လယ် 12:00 သို့ရောက်ရှိလာသည်။
လင်းဖန်၏ အိတ်ကပ်ထဲမှ ဖုန်းသည် အနည်းငယ် တုန်ခါသွားသည်။
စာအိတ်အနီများပေါ်လာတော့သည်။
“ဒင်း၊ ဂုဏ်ယူပါတယ်၊ ၁၀ ယွမ်ရရှိခဲ့သည်။။”
“ဒင်း၊ ဂုဏ်ယူပါတယ် မင်းယွမ် 10,000 ရရှိခဲ့သည်။။”
……
“ဒင်း၊ ဂုဏ်ယူပါတယ်၊ သင်သည် မော်တိုင် ဝိုင်တစ်ပုလင်း ရရှိခဲ့သည်။။”
“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 3 ယွမ်ကိုရရှိခဲ့
သည်။’’
“ဒင်း၊ ဂုဏ်ယူပါတယ် မင်းယွမ် ၂၀၀၀ ရရှိခဲ့သည်။”
ယခုတစ်ကြိမ်တွင် လင်းဖန် သည် စုစုပေါင်း ယွမ် ၃၀၀၀၀ ကျော်နှင့် မော်တိုင်ဝိုင် ပုလင်းတစ်လုံးကို ရရှိခဲ့သည်။
လင်းဖန်သည် သူ့မျက်လုံးများဖြင့်သူရှေ့စာပွဲပေါ်ကိုကြည့်လိုက်သောအခါတွင်လက်ရာမြောက်သော နဂါးပုံသဏ္ဍာန်နှင့် ကျောက်စိမ်းတံဆိပ်နှင့် ဆင်တူသော မော်တိုင်ပုလင်းကြီး ကိုတွေ့လိုက်သည်။
ထိုအချိန်တွင်လီယွင်ဟိုင်သည်လဲတံခါးကိုဖွင့်၍ အခန်းထဲသို့ ပြန်လာခဲ့သည်။
သူက စားပွဲပေါ်မှ ထူးထူးခြားခြား ပုံသဏ္ဍာန်ရှိသော မော်တိုင်ကို ကြည့်ကာ “အစ်ကိုလင်း၊ ဒါ ဘာလဲ။”
“ဒါကဝိုင်လေ၊ မြည်းစမ်းကြည့်ချင်လား” လင်းဖန်က ပြောလိုက်သည်။
“ဝိုင်လား ဝိုင်ဆိုရင်တေည့မြည်းစမ်းကြည့်ဖို့တော့ လိုမယ်။ပုံစံကိုကြည့်တညနက်တင်ဝိုင်ကောင်းဆိုတာပြောနိုင်တယ်” လီယွင်ဟိုင်က သူ့နှုတ်ခမ်းတွေကိုလျှာဖြင့်သပ်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ထင်ရှားသည်မှာ သူသည် ဝိုင်ကိုကြိုက်နှစ်သက်သောသူဖြစ်သည်မှာသေချာသည်။
“အစ်ကိုလင်း၊ လာသောက်ကြည့်ရအောင်၊ရော့ဖန်ခွက်ထဲကိုအရင်ထည့်ရအောင်”
လီယွင်ဟိုင်က ပြောလိုက်သည်။
လင်းဖန်သည် ခေါင်းညိတ်လိုက်ကညဝိုင်ကို ဖန်ခွက်ထဲသို့ထဲသို့ အရင်လောင်းထည့်လိုက်သည်။
ရုတ်တရက် ပြင်းထန်သောဝိုင်၏ရနံ့သည် သီးသန့်ခန်းတစ်ခုလုံးကို လျင်မြန်စွာ လွှမ်းခြုံသွားတော့သည်။
လီယွင်ဟိုင် က “ကောင်းလိုက်တဲ့ဝိုင်’’
စကားပြောနေစဉ် လီယွင်ဟိုင် သည်တံတွေး မျိုချရန် မတတ်နိုင်ပေ။
လင်းဖန်သည် စိတ်လှုပ်ရှားနေသော
လီယွင်ဟိုင်ကိုကြည့်ကာ ဖန်ခွက်ထဲသို့ဝိုင်များတိုက်ရိုက်ဖြည့်လိုက်သည်။
လီယွက်ဟိုင်က မယဉ်ကျေးတော့ပဲ၊ ၊ စိတ်အားထက်သန်စွာ သောက်ပြီး “ ဝိုင်ကောင်း၊ ဝိုင်ကောင်း !”
လင်းဖန်သည်လဲတစ်ငုံသောက်လိုက်ပြီး မျက်လုံးကို အနည်းငယ်မှိတ်ကာ ခေါင်းညိတ်လိုက်သည်။
ထိုအချိန်တွင်၊ တရုတ်ရှေးခတ်ဝတ်စုံကို ၀တ်ဆင်ထားသော အဘိုးအိုတစ်ဦးသည်နှင့် အရပ်ရှည်သောအလှလေးတစ်ဦးတို့သည်ဖြတ်သွားခဲ့သည်။
အဘိုးအိုသည် နှာခေါင်းကို တစ်ချက်ရှုလိုက်ပြီး အနံထွက်သည့်နေရာကိုသွားလိုက်သည်။
လင်းဖန်တို့၏အခန်းတံခါးသို့ရောက်ကာခဏလောက်ရပ်လိုက်ပြီးနောက်တံခါးခေါက်လိုက်သည်။
ဝိုင်ကို မြည်းစမ်းနေတဲ့ လီယွင်ဟိုင်က “ငါတို့ စားစရာထပ်မှာလိုပ်သေးလား” လို့ မေးလိုက်သည်။
“မမှာထားဘူး’’ ဟု လင်းဖန်ကပြန်ဖြေလိုက်သည်။
“ကျေးဇူးပြုပြီး ဝင်လာပါ။” လီယွင်ဟိုင် ကမျက်မှောင်ကြုတ်ပြီးပြောလိုက်သည်။
ထိုပ်နောက်တံခါးကိုဖွင့်လိုက်သောအခါအဘိုးကြီးတစ်ဦးနှင့် ချောမောလှပသော အမျိုးသမီးတစ်ဦးဖြစ်သည်ကို သူမြင်သောအခါ လင်းဖန်၏မျက်နှာတွင် သံသယစိတ်တစ်ခုပေါ်လာခဲ့သည်။
သို့သော်လီယွင်ဟိုင်သည် ယခုအခါတွင်လုံးဝ အံ့အားသင့်နေသည်။
“တောင်းပန်ပါတယ်၊ ငါမင်းတို့ကိုအနှောင့်အယှက်ပေးမိပြီ။” အဘိုးကြီးက တောင်းပန်လိုက်သည်။
အဘိုးအိုရဲ့အသံကိုကြားပြီးနောက်
လီယွင်ဟိုင်က ပါးစပ်ကို အလျင်အမြန်ဖွင့်ပါ”ဟင့်အင်း...ရပါတယ်၊ မင်းက ဇောင်လို လား?”
“အိုး? မင်းငါ့ကိုသတာိလား” အဘိုးအိုက ပြောလိုက်သည်။
အဘိုးအိုထံမှ ခိုင်လုံသောအဖြေကိုရရှိခဲ့ပြီး လီယွင်ဟိုင်၏မျက်နှာသည် ချက်ချင်းပင် လေးစားမှုများဖြင့်ပြည့်နက်နေသည်။
“မင်္ဂလာပါ ဇောင်၊ငါက လီယွင်ဟိုင်၊ လီစီဖန် ရဲ့မြေးပါ။ မြောက်ပိုင်းကုန်သည်ကြီးများအသင်းမှာတည်းကငါ့အဖိုးနဲ့လိုက်ခဲ့တယ်’’
လီယွင်ဟိုင် က ပြောလိုက်သည်။
ဇောင်လိုက ခဏလောက် စဉ်းစားလိုက်ပြီး “ လီစီဖန် ရဲ့ မြေးကို၊ မင်းအဘိုးရဲ့ ဆေးပညာက အရမ်းကောင်းတယ်။ သူလည်း ငါ့ကို ရောဂါတွေကို ကုသပေးခဲ့ဖူးတယ်။ နောက်တစ်ခါ မင်းအဘိုးနဲ့ တွေ့ရင် ကျေးဇူးပြုပြီး ငါ့ကနှုတ်ဆက်တယ်လို့ပြောပေးပါ” .”
“အဘိုးက မင်းအကြောင်းကြားရင်အရမ်းပျော်လိမ့်မယ်။” လီယွက်ဟိုင် က ရိုးရိုးသားသားပြောလိုက်သည်။
လီမိသားစုသည် ကျမ်ပေ့မြို့ ရှိ ထိပ်တန်းမိသားစုများထဲမှ တစ်ခုဟု ဆိုရလျှင်ဇောင်မိသားစုသည် တရုတ်နိုင်ငံ၏ ထိပ်တန်းမိသားစုများထဲမှ တစ်ခုဖြစ်သည်။
သူ့ရှေ့က သူသည် ဇောင်လိုဖြစ်ပြီး ဇောင်မိသားစုရဲ့အဓိကကျောရိုးဖြစ်သည်။
၎င်း၏ဝိသေသလက္ခဏာ၊ မည်မျှမွန်မြတ်သည်ကို စိတ်ကူးကြည့်နိုင်သည်။
လီယွင်ဟိုင်သည် အလွန်လေးစားနေသည်မှာ အံ့သြစရာမဟုတ်ပေ။
“တကယ်တော့ ဒီအဘိုးကြီးလာရတယ့်အကြောင်းရင်းက ဝိုင်ရဲ့ရံနံကအရမ်းကို စွဲဆောင်နေလို့ပါ။” ဇောင်လိုစကားပြောနေစဉ်တွင် သူ၏မျက်လုံးတစ်စုံသည် ဟစ်တိုင်ဝိုင်ထံ တိုက်ရိုက်ကျရောက်သွားပြီး သူ၏မျက်နှာဟောင်း၏မျက်လုံးသည်တောက်ပသွားတော့သည်။
လီယွင်ဟိုင်က ပါးစပ်ကို ဖွင့်ထားသော်လည်း စကားမပြောနိုင်ပေ။
အကယ်၍ မော်တိုင်ဝိုင်သည် သူ့အပိုင်ဖြစ်လျှင်လီယွင်ဟိုင် က ဘာမှပြန်မပြောဘဲ ဝိုင်ပုလင်းတစ်ခုလုံးကို ဇောင်လိုကို ချက်ချင်းပေးလိုက်မည်ဖြစ်သည်။
ပြဿနာမှာ မော်တိုင်ဝိုင်သည် လင်းဖန်အ ပိုင်ဖြစ်သောကြောင့် သူ့တွင် ဘာမှပြောလို့မရပေ။
လင်းဖန် က “ဒီကလူကြီးက အရက်သောက်တတ်လား?”
“အရင်ကတော့ သောက်ဖူးတယ် အရသာက တော့အခုထိ မှတ်မိနေသေးတယ်!” ဇောင်လိုက ပြောလိုက်သည်။
လင်းဖန်က ခေါင်းညိတ်ပြီး “ဒါဆိုလဲအတူတူလာထိုင် လေ”
“ဒါဆိုလဲ အားမနာတော့ဘူးနော်။” ဇောင်လိုက ပြုံးပြီးပြောလိုက်သည်။
အဘိုးကြီးဘေးရှီ အလှလေးက “အဘိုး၊ မင်းခန္ဓာကိုယ်က...”
“ရပါတယ်၊ ဝိုင်နည်းနည်းသောက်တာလေ၊ဘာမှဖြစ်မှာမဟုတ်ပါဘူး” ဇောင်လို က ပြောလိုက်သည်။ပြောပြီးသည်နှင့်တပြိုင်နက်သူ့ဘာသာသူ ထိုင်ချလိုက်တော့သည်။
ဇောင်လို က ဝိုင်ပုလင်းကို မြင်တဲ့အခါ “မော်တိုင်ဝိုင်ကယွမ်သန်း၃၀ကျော်တန်ဖိုးရှိတယ်” လို့ ပြောလိုက်သည်။
လီယွင်ဟိုင်သည် ဇောင်လို၏ စကားကိုကြားပြီးနောက် သူ့လက်များ တုန်ခါသွားကာ သူ၏ ခြေထောက်များပင် မြေပြင်ပေါ်သို့ ပြုတ်ကျမလိုဖြစ်သွားသည်။
“ဇောင်... အဖိုးဇောင်ခုနက... ဝိုင်ကဘယ်လောက်လို့ပြောလိုက်တာလဲ”
ဇောင်လို က “မော်တိုင်ဝိုင်၁၀ ပုလင်းကို ၁၉၉၂ ခုနှစ်မှာ ထုတ်လုပ်ခဲ့တယ်၊စာရင်းဇယားတွေအရ ဟာ စုစုပေါင်း ၈ပုလင်းလောက် ကရောင်းပြီးပြီ။’’
“ပြီးခဲ့တဲ့ ၂ နှစ်က ၉ခုမြောက်ဝိုင်ပုလင်းကို လေလံပွဲမှာ ၃၂ သန်းနဲ့ ရောင်းချခဲ့တယ်။”
“မင်းရှေ့မှာရှိတယ့်၊ဒီပုလင်းဟာ ကမ္ဘာပေါ်မှာ တစ်ခုတည်းသာ ကျန်ရှိတဲ့ မော်တိုင်ဝိုင်ပုလင်းပဲ။ လေလံတင်ရောင်းချမယ်ဆိုရင် အနည်းဆုံး ယွမ် သန်း ၄၀ လောက်ရမယ်။”
အကယ်၍ အခြားလူက ဒီဝိုင်သည်် သန်း ၄၀တန်ဖိုးရှိတယ်လို့ပြောရင် လီယွင်ဟိုင်က လုံးဝယုံမည်မဟုတ်ပေ။
သို့သော်၊ ဤသည်မှာဇောင်မိသားစု၏ အဓိကကျောရိုးလဲဖြစ်သည်။
ဒါ...အမှန်တရားပဲ!
“ခလု!”
လီယွင်ဟိုင်ဟာ ခက်ခက်ခဲခဲ မြိုချကာ သူ့မျက်နှာမှာ ထိတ်လန့်မှုအပြည့်နဲ့ဖြစ်နေသည်။
ဝိုင်တစ်ပုလင်းသည် ယွမ် သန်း ၄၀ ကျော် တန်ကြေးရှိသည်။
ဝိုင်တစ်ခွက်လောက်သောက်လိုက်၊ ဘယ်လောက်ကျလဲ။ 500000လား? 1000000လား?
လီယွင်ဟိုင် သည် လီမိသားစု၏ အဖိုးတန်သားဖြစ်လျှင်ပင် ဤကဲ့သို့ ဖြုန်းတီးရန် လုံးဝမလုပ်ရဲပေ။
ထို့နောက် လီယွင်ဟိုင် သည်လင်းဖန်ကို စိုက်ကြည့်လိုက်သည်။
မူလက လီယွင်ဟိုင်သည် လင်းဖန်ကို တဖြည်းဖြည်း နားလည်လာသည်ဟု သူထင်သည်။
အခုတော့ လင်းဖန်ကိုသူဘာမှမသိသေးဘူးဆိုတာသိလိုက်သည်။
သန်း၄၀ကျော်တန်တဲ့မော်တိုင်ဝိုင်ပုလင်းကို ထုတ်ယူလိုက်တယ် လင်းဖန်... သူ့ရဲ့အထောက်အထားက ဘာလဲ။