← Chapters

တင်းဖန်းဥယာဉ်ကိုသွားခြင်း

Vol. 3 Ch. 43

တင်းဖန်းဥယာဉ်ကိုသွားခြင်း

Vol. 3 Ch. 43

ကျန်ပေ့တက္ကသိုလ်၊ အခန်း104။

လင်းဖန်သည် လမ်းလျှောက်လာရင်းစုရီ၊မူဇောင်နှင့် ဇောင်ချင်းဘိုတို့ အားလုံး မျက်လုံးပြူးသွားကြသည်။

“အစ်ကိုလင်း ဆရာမဟန်တီက သင်္ချာပုစ္ဆာတွေကို ထပ်ပြီး ဆွေးနွေးဖို့ ရုံးခန်းကို သွားတာလား။” စုရီ က မေးလိုက်သည်။

ထိုအချိန်တွင် သူတို့ သုံးယောက်၏ မျက်လုံးများသည် အနည်းငယ်နီနေသည်။

မနာလို!

ဆရာမဟန်တီနှက့် နှစ်ယောက်ထဲနဲ့ နာရီပေါင်းများစွာရှိနေသည်။ !

လင်းဖန်က “အဲဒါတော့ မမှန်ဘူး။ ဆရာမဟန်တီက အမျိုးသားသင်္ချာပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ လေ့ကျင့်ရေးအဆောက်အဦးကို သွားခိုင်းတယ်။”

“အမျိုးသားသင်္ချာပြိုင်ပွဲအတွက် လေ့ကျင့်နေတုန်းရှိသေးတာလား။”

စုရီ ၊မူဇောင်နှင့် ဇောင်ချင်းဘို တို့သည် သံသယရှိသည့်အရိပ်အမြွက်ကိုပြခဲ့ကြသည်။

ထင်ရှားသည်မှာ၊ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မှ မယုံဘုးဆိုသည်ကိုပင်ဖြစ်သည်။

ဇောင်ချင်းဘိုက “မင်းတို့ကို လေ့ကျင့်ပေးတာဆရာမဟန်တီလား”

ထိုစကားထွက်လာသည်နှင့် တပြိုင်နက် သူတို့သုံးယောက်၏ မျက်လုံးများ သညိတဖန်နီရဲလာပြန်သည်။

လင်းဖန် က “မဟုတ်ပါဘူး၊ဒါက ပါမောက္ခ ဇောင်ရီပါ။”

စုရီ၊ မူဇောင် နဲ့ ဇောင်ချင်းဘိုတို့သည်ခေါင်းညိတ်လိုက်ပြီး သူတို့ရဲ့ အမူအရာတွေက တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်သွားသည်။

လေ့ကျင့်ရေးတာကအရေးမကြီးပေ။ အရေးကြီးတာကဆရာမဟန်တီမဟုတ်ဖို့ပင်ဖြစ်သည်။

လင်းဖန်သည် သူ့ခရီးဆောင်အိတ်ကို ထုပ်ပိုးထားသည်ကို စုရီ က မြင်ပြီး “လင်းဖန် မင်း ဘယ်ကိုသွားမလို့လား” ဟု မေးလိုက်သည်။

“ဟုတ်တယ်၊ ငါနည်းနည်းအရေးတကြီးလုပ်စရာရှိလို့ပေကျင်းကိုသွားမလို့” လင်းဖန်က ပြောလိုက်သည်။

စုရီက “ဒါဆို လမ်းမှာ ဂရုစိုက်ပါ။”

လင်းဖန်က ခေါင်းညိတ်ပြပြီး အပြင်ဘက်သို့ လျှောက်သွားတော့သည်။

သူ အဝေးကိုမရောက်ခင်မှာ သူ့အိတ်ကပ်ထဲက ဆဲလ်ဖုန်းက အသံမြည်လာခဲ့သည်။

ကြည့်လိုက်တော်လီယွင်ဟိုင်ထံမှ ဖုန်းခေါ်ဆိုမှု ဖြစ်သည်။

“အစ်ကိုလင်း၊ သတင်းကောင်းရှိတယ်။ ရာစုနှစ် ဂျင်ဆင်းရဲ့ နေရာကို ရှာတွေ့ပြီ!” ဖုန်းကို ချိတ်လိုက်သည်နှင့် လီယွင်ဟိုင် ၏ စိတ်လှုပ်ရှားနေသော အသံ ထွက်ပေါ်လာသည်။

လင်းဖန်၏အမူအရာမှာ အနည်းငယ်ပြောင်းသွားပြီး “ပေကျင်း ရှောင်ရီဟိုတယ်မှာလေလံတင်တာလား?”

“ဟင်? အစ်ကိုလင်း မင်းသိပြီးပြီလား?” လီယွင်ဟိုင်က အံ့သြသင့်စွာ မေးလိုက်သည်။

လင်းဖန်သည် လီယွင်ဟိုင်၏ စကားကို နားထောင်ပြီးနောက် အပြုံးတစ်ခု သူ့မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။

တကယ်တော့ ရှောင်ပန် နဲ့ရှောင်အန်း တို့ဟာ အင်တာနက်မှာ လေလံတင်ရောင်းချတဲ့သတင်းကို ရှာဖွေတဲ့အခါ လင်းဖနိ ဟာ ရာစုနှစ်တစ်ခုကြာအောင် ဂျင်ဆင်းရှိမရှိ မသေချာပေ။

ဒါပေမယ့် မျှော်လင့်ချက်ရှိသရွေ့တော့ သူသည်ပေကျင်းကို သွားမည်ဖြသ်သည်။

ယခု ဤသတင်းကို လီယွင်ဟိုင် ၏ပါးစပ်မှ လက်ခံရရှိပြီးနောက် လင်းဖန်သည် ပေကျင်းတွင် ရာစုနှစ်တစ်ခုကြာ ဂျင်ဆင်းအမှန်တကယ်ရှိကြောင်း ချက်ချင်းသဘောပေါက်ခဲ့သည်။

လင်းဖန် က “ဟုတ်တယ်၊ အခုမှပဲငါပေကျင်းသွားမလို့လုပ်နေတယ်”

“အိုး.. .ငါလဲပေကျင်းကို မရောက်တာကြာပြီ.. ဆိုတော့အတူတူသွားမယ်လေ ဘယ်လိုလဲ’’ လီယွင်ဟိုင်က ပြောလိုက်သည်။

လင်းဖန်သည် ရှောင်ရီဟိုတယ်လေလံပွဲအတွက် ဖိတ်စာများ သို့မဟုတ် အခြားအရာများ လိုအပ်နေသလား သူမသိပေ။

ယခု လီယွင်ဟိုင်သည် သူနှင့်အတူ လိုက်လာရင်သူအတွက်ဒုက္ခများစွာကိုသက်သာစေမည်ဖြစ်သည်။

“ကောင်းပြီလေ လေဆိပ်မှာတွေ့မယ်!” လီယွင်ဟိုင် က ပြောလိုက်သည်။

ကျန်ပေ့မြို့ သည် တရုတ်နိုင်ငံအလယ်ပိုင်းရှိ ကြီးမားသောမြို့တစ်မြို့ဖြစ်သည်။ ၎င်း၏လေဆိပ်သည် အလွန်ခမ်းနားသည်။ ညဘက်တွေမှာတောင် လူစည်ကားပြီး ဆူညံနေသေးသည်။

မီးခိုးရောင်ရှပ်အင်္ကျီနှင့် မျက်မှန်ကို တပ်ထားသည့် လီယွင်ဟိုင်သည် အဝေးမှရပ်ကာ “အစ်ကိုလင်း၊ ငါဒီမှာ!”

လင်းဖန်သည်လီယွင်ဟိုင်အနားကိုရောက်ပြီးနောက်လင်းဖန်သည် သူ့လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်ပြီး “အချိန်နီးနေပြီ၊ လေယာဉ်ပေါ်တက်ရအောင်” လို့ပြောလိုက်သည်။

“Vacheron Constantin Tourdel’Ile၊ အစ်ကိုလင်း၊ မင်းမှာ ဒီနာရီရှိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။” လီယွင်ဟိုင် က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

လင်းဖန်က “ဒါက နာရီတစ်လုံးပဲ၊ မင်းအတွက် ကြီးကြီးမားမားတော့ မဟုတ်ပါဘူး ဟုတ်တယ်မလား?”

လီယွင်ဟိုင်က ရှိုက်ကြီးတငင် ပြုံးလိုက်ပြီး “ငါတို့မိသားစုရဲ့ဆေးဘက်ဆိုင်ရာ ပိုက်ဆံတွေကို ငါ့အဖေက ချုပ်ကိုင်ထားပြီး၊ သူက ငါ့ကိုနှစ်စဉ် မုန့်ဖိုးနည်းနည်းပဲ ပေးတယ်။”

“ငါပြိုင်ကားဝယ်ဖို့အတွက်၊ အစားအသောက်တွေနဲ့ကျန်တာတွေကိုချွေတာ တာက တစ်နှစ်နီးပါးနေခဲ့ရတယ်။မင်းရဲ့ Vacheron Constantin Tourdel’Ile ကိုဝယ်ဖို့ဆိုရင်တော့ ငါ့ရဲ့အစားအစာနဲ့ ချွေတာရေးအတွက် နောက်ထပ်တစ်နှစ်လောက် ထပ်ပြီးအချိန်ယူရအုံးမယ်”

လီယွင်ဟိုင် က သက်ပြင်းချလိုက်ပြီး “မင်းရဲ့မိဘတွေကမင်းအတွက် အရမ်းကောင်းတယ်။ မင်းကတောင်ို Daniel နဲ့ Vacheron Constantin Tourdel’Ile ကို တိုက်ရိုက်ဝယ်ပေးတယ်”

ခေတ္တနားပြီးနောက် “အစ်ကိုလင်း၊ မင်းမိသားစုက ဘယ်လုပ်တာလဲဆိုတာကို ပြောပြလို့အဆင်ပြေလား၊ ငါတို့နှစ်ယောက်က အနာဂတ်မှာ စီးပွားရေးလုပ်ငန်းတစ်ခုခုမှာ လက်တွဲလို့ရနိုင်တယ်လေ’’ ဟုဆိုသည်။

လီယွင်ဟိုင် ၏အမြင်တွင်လင်းဖန် တွင် လန်ဘော်ဂီနီရှိပြီး Vacheron Constantin Tourdel’Ile လဲရှိသည်။ ၎င်းတို့၏ခိုင်မာသောဘဏ္ဍာရေးအရင်းအမြစ်များနှင့် ပတ်သက်နေသည်မှာ သံသယမရှိပေ။

ထို့အပြင်လင်းဖန် နှင့် ဆောင်ကျင်းအန်း တို့သည် အလွန်ရင်းနှီးကြပြီး မိသားစုစွမ်းအားသည် သာမန်မဟုတ်သည်မှာထင်ရှားသည်။

သူတို့မိသားစုနှင့် လင်းဖန်၏မိသားစုကြား တွင်ဆက်ဆံရေးကောင်းအနာဂတ်ကိုစိတ်ပူစရာမလိုတော့ပေ။

လင်းဖန်သည် အနည်းငယ်စဉ်းစားပြီးနောက် လီယွင်ဟိုင် ၏အတွေးများကို သဘောပေါက်သွားကာ “ငါ့မိသားစုက ချင်ရီ မှာ အထည်ဆိုင်သေးသေးလေးဖွင့်ထားတယ်၊ မင်းမိသားစုနဲ့ တွဲပြီး စီးပွားရေးလုပ်လို့မရမှာကို ငါကြောက်တယ်။”

လီယွင်ဟိုင်သည် လင်းဖန်ကအထည်ဆိုင်သေးသေးသည်ရှိသည်ကိုသူမယုံပေ။

လင်းဖန်အား နှိမ့်ချပြီးနေသည်ဟုသာ မှတ်ယူလိုက်သည်။

ထိုအချိန်တွင်၊ လီယွင်ဟိုင် သည် ချင်ရီ ရှိ အကြီးစားအဝတ်အစားကုမ္ပဏီအကြောင်း တွေးနေပြီဖြစ်သော်လည်း သူ့တွင် သဲလွန်စမရှိသည်မှာ ဆိုးသည်။

လီယွင်ဟိုင် - “ဒါက သေချာပေါက် မှန်တာတော့ မဟုတ်ဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ရမယ့် ပရောဂျက်တစ်ခုရှိရင်ရှိမှာပေါ့။”

လင်းဖန်က သိပ်ရှင်းပြမနေဘဲ ပြုံးလိုက်သည်။

နှစ်ယောက်သား လမ်းလျှောက်စကားပြောကြပြီး လေဆိပ် VIP စောင့်ဆိုင်းခန်းသို့ တိုက်ရိုက်သွားကာ ပထမတန်းကို တကလိုက််ကြသည်။

လေယာဉ်သည် ချောမွေ့စွာ သွားပြီး နှစ်နာရီခန့်တွင် ပေကျင်းသို့သို့ အောင်မြင်စွာ ရောက်ရှိလာခဲ့သည်။

နှစ်ယောက်သား လေဆိပ်မှ ထွက်လာကြပြီးနောက်တွင် မနီးမဝေးတွင် Mercedes-Benz S500 က အသင့်စောင့်နေပြီဖြစ်သည်။

လီဆေးမိငါးစု၏အကြီးဆုံးဌာနခွဲသည် ပေကျင်းတွင်လဲတည်ရှိပြီး ဤ Mercedes-Benz S500 သည် ၎င်းကားသည်ကုမ္ပဏီပိုင်ဖြစ်သည်။

လင်းဖန်သည် တိတ်ဆိတ်ငြိမ်သက်သော Mercedes-Benz S500 တွင်ထိုင်ကာ အဝေးက အထပ်မြင့်တိုက်ကြီးများကို ကြည့်ရင်းပြီး ခေါင်းညိတ်ပြသည် ။

သူ့စိတ်ထဲတွင် ချီးကျူးလိုက်သည်- ၎င်းသည် အမှန်တကယ်ပင် ပြည်တွင်းစီးပွားရေးဗဟိုချက်နှင့် ယဉ်ကျေးမှုစင်တာဖြစ်သည်။

ထိုအချိန်တွင် လီယွင်ဟိုင် က ဖုန်းကိုချကာ စိတ်လှုပ်ရှားစွာ ပြုံးလိုက်ပြီး “အစ်ကိုလင်း၊ ဒီနေ့ တင်းဖန်းဥယာဉ်မှာပွဲရှိတယ်တဲ့”

လင်းဖန်သည် တစ်ခါတစ်ရံတွင် သူငယ်ချင်းများကို သင့်လျော်စွာ ပေါင်းသင်းရန် လိုအပ်ကြောင်း နားလည်သည်။

နောက်ပြီး သူ့မှာဘာမှလုပ်စရာမရှိဘူးဆိုတော့ ပျော်ဖို့ကောင်းမယ်လို့ငူထင်လိုက်သည်။

ထို့ကြောင့် လင်းဖန်က ခေါင်းညိတ်ကာ “ကောင်းပြီ” ဟုပြောလိုက်သည်။

“စိတ်မပူပါနဲ့၊ အဲဒါက မင်းကို ကျေနပ်စေမှာ သေချာတယ်!” လီယွင်ဟိုင်ကပြုံးပြီးပြောလိုက်သည်။

တင်းဖန်ဥယာဉ် သည် မြို့တော်၏တတိယမြောက်အနီးရှိ နန်းတော်သဖွယ် ကြီးမားသောအိမ်ကြီးတစ်ခုဖြစ်သည်။

ထိုအချိန်တွင် Ferrari၊ Porsche၊ Bentley နှင့် အခြားဇိမ်ခံကားများကို တံခါးဝတွင် သပ်ရပ်စွာ တန်းစီ၍ရပ်ထားသည်။

တင်းဖန်ဥယာဉ်၏ဧည့်ခန်းသည် အလွန်ကျယ်ဝန်းပြီး အသားကင်နှင့်တခြားထိပ်တနရှိသော အခြားအရသာများစွာဖြင့် ပြည့်နေသည်။

နာမည်ကြီးအ၀တ်အစားများ ၀တ်ဆင်ထားပြီး ဘီကီနီဝတ်ထားသော အလှမယ်များသည် အလယ်ရှိ အပူချိန်ထိန်းရေကူးကန်တွင် အပြန်ပြန်အလှန်လှန် ကူးခတ်ကာ အဆက်မပြတ် ရယ်မောနေသည်မှာ အလွန်အသက်ဝင်နေပါသည်။

လီယွင်ဟိုင် က တိုးတိုးလေးပြောလိုက်သည် “အစ်ကိုလင်း၊ မင်းမှာ စိတ်ကူးယဉ်ထားတာတွေရှိလား”

“မရှိဘူး” လင်းဖန်က ခေါင်းခါပြီးပြောလိုက်သည်။

လီယွင်ဟိုင် က “ငါ အများကြီး မှားသွားပြီ၊အစ်ကိုလင်း၊ မင်းမျက်လုံးတွေက ငါ့ထက်မြင့်တယ်!”

ဒီလိုပြောတဲ့အခါမှာတော့ ဖောင်းပွနေတဲ့ ပုံသဏ္ဍာန်ရှိတဲ့ ရေကူးဝတ်စုံနဲ့ လှပတဲ့ အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။လီယွင်ဟိုင်၏မျက်လုံးများ တောက်ပလာပြီး “ဒါဆို မင်းအချိန်ဖြုန်းလိုက်အုံး၊ ငါအရင်သွားလိုက်မယ်” လို့ပြောလိုက်သည်။

လီယွင်ဟိုင် က စကားပြောပြီးတဲ့အခါ သူ့အဝတ်အစားတွေကို သန့်ရပ်အောက်လုပ်လိုက်ပြီး ဝိုင်နီတစ်ခွက်ကို ကောက်ကိုင်လိုက်ပြီး ရေကူးဝတ်စုံရဲ့ အလှကို လှမ်းကြည့်လိုက်သည်။

သုံးပိုင်းပါ။😁😁😁

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters