← Chapters

လီယွင်ဟိုင်နာကျည်ခြင်း

Vol. 3 Ch. 44

လီယွင်ဟိုင်နာကျည်ခြင်း

Vol. 3 Ch. 44

ထိုအချိန်တွင် ရှည်လျားသော အနက်ရောင်ဆံပင်နှင့် သိမ်မွေ့သောအသွင်အပြင်ရှိသောအချောလေးတစ်ယောက်ဖြည်းညှင်းစွာ ဝင်လာခဲ့သည်။

သူမသည် တစ်ကိုယ်လုံးဖြူဖွေးနေပြီး သူမ၏ ပြီးပြည့်စုံသော ရုပ်ပုံ ကို မီးမောင်းထိုးပြသည့် အဖြူရောင်အင်္ကျီ နှင့် ဒူးထိရှိသောစကတ်ကို ၀တ်ဆင်ထားသည်။

လင်းဖန်၏အမြင်တွင်သူမသည်ဆရာမဟန်

နှင့်သာယှဉ်နိုင်အလှတစ်ဦးဟုသူထင်သည်။

လင်းဖန်သည်သူမကိုအမှန်တရားမျက်လုံးဖြင့်ကြည့်လိုက်သည်။

[မျက်နှာတန်ဖိုး- 97]

【အကြိုက်ဆုံးအဆင့်သတ်မှတ်ချက်- 50】

ကြည့်ရတာမျက်နှာတန်ဖိုးက ဆရာချောထက် နည်းနည်း လေးနည်းတယ်။

တင်းဖန်းဥယျာဉ်ရှိသောလူများက သူမကို လျင်မြန်စွာ သတိထားမိလိုက်သည်။

တယောက်ပြီး တယောက် သူမထံသွားဖို့မစောင့်နိုင်တော့ဘဲ စကတ်တိုဝတ်ထားသော လှပသော မိန်းကလေးဆီသို့ လျှောက်သွားကြသည်။

အဲဒီအထဲမှာ... လီယွင်ဟိုင်လည်း ပါဝင်သည်။

မကြာခင်မှာ စကတ်တိုဝတ်ထားတဲ့ အလှလေးသည်သူမအနားတွင်လူများဝိုင်းလာကြသည်။

ဒါကိုမြင်တော့ လင်းဖန်သည်ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။

ချောမောလှပတဲ့ အမျိုးသမီးတွေက စွဲမက်ဖွယ်ကောင်းတယ်ဆိုပေမယ့် ခွေးတစ်ကောင်လိုလိုက်ကပ်နေသည်ဟာ​ယောက်ကျားလေးတွေလုပ်သင့်သည့်အရာမဟုတ်ပေ။

လင်းဖန်သည် သူ့မျက်လုံးများဖြင့်တစ်ချက်ဝေ့ကြည့်လိုက်ပြီး အဝေးတွင်ရှိသောအဖြူရောင်စန္ဒယားကို စိုက်ကြည့်လိုက်သည်။

ဘာမှလုပ်စရာမရှိဘဲနေနေရသည်မှာပျင်းရိဖွယ်ကောင်းသည်ာယ

ထို့ကြောင့် လင်းဖန် သည် စန္ဒယားဆီသို့ လမ်းလျှောက်လာပြီးနောက်တွင်စန္ဒယားတီးမည့်နေရာတွင်ထိုင်လိုက်သည်။

အဖြူအမည်း ခလုတ်ပေါ်သို့သူ၏လက်ချောင်းများနှင့်မတီးမီ သူသည်အသက်ကိုပြင်းပြင်းရှုလိုက်သည်။

အသက်ပြင်းပြင်းရှုသွင်းပြီးနောက်တွင်ရုတ်သူ၏လက်ချောင်းများဖြင့်အဖြူအမဘ်းပေါ်ငို့သွက်လက်စွာဖြင့်တီးခတ်လိုက်သည်။

စန္ဒယားသံထွက်ပေါ်လာသည်နှင့်တပြိုင်နက်တင်းဖန်ဥယာဉ်ရှိသူများသည်စန္ဒယားတီးခတ်နေသောလင်းဖန်ကိုသူတို့အားလုံးတစ်ပြိုင်နက်ကြည့်လိုက်ကြသည်။

စန္ဒယားတီးခတ်သံများထွက်ပေါ်လာသည်နှင့်အမျှ သူတို့၏ မျက်လုံးများတွင် လင်းဖန်သည် စွဲမက်ဖွယ်ကောင်းသော ပန်းပင်လယ်ပြင်နှင့်တောက်ပလင်းလက်နေသောနေရောင်အောက်တွင်လွတ်လပ်စွာပျံသန်းနေသောလိပ်ပျာတစ်ကောင်ကိုသူတို့မြင်လိုက်ကြသည်။

စန္ဒယားသံပြီးဆုံးပြီးနောက်တွင် ကျယ်လောင်သော လက်ခုပ်သံများ ချက်ချင်းထွက်ပေါ်လာကြသည်။

“အရမ်းကောင်းတယ်!”

“မိုက်တယ်!”

စကတ်တိုဝတ်ထားသောအလှသည် သူမ၏ဖြူဖွေးရှည်လျားသော ခြေတံရှည်ဖြင့် လင်းဖန်ထံသို့သွားလိုက်သည်။

လင်းဖန်ထံသို့ရောက်သည်တွင်သူမက ပြုံးလိုက်ပြီး “ဒါက ငါကြားဖူးသမျှထဲတွင်အကောင်းဆုံးပဲ”

လင်းဖန်သည် သူမကသူ့စီလာဖို့ကိုမမျှော်လင့်ထားခဲ့ပေ။ ခဏလောက် ထိတ်လန့်သွားပြီး “ကျေးဇူးပါ” လို့ပြောလိုက်သည်။

“သောက်မလား?” စကတ်တိုဝတ်ထားသောအလှက ဝိုင်နီတစ်ခွက်ကို ပေးလိုက်သည်။

လင်းဖန်က ပြန်မဖြေဘဲ ဝိုင်နီကို တိုက်ရိုက်ယူကာ စကတ်တိုဝတ်ထားပြီးလှပသော မိန်းကလေးကို တစ်ချက်ကြည့်လိုက်သည်။

ထို့နောက် ပါးစပ်ထဲသို့ ဖြည်းညှင်းစွာ လောင်းထည့်လိုက်သည်။

“အနံ့တင်မွေးတာမဟုတ်ဘဲသောက်ပြီးသည့်တိုင်အောင်လျှာမှာအရသာစွဲပီးမွေးပျံနေသေးတယ်။ဒီဝိုင်ကဝိုင်ကောင်းပဲ’’ လင်းဖန်က မှတ်ချက်ပေးသည်။

“မင်းကဝိုင်အကြောင်းသိတာလား” စကတ်တိုဝတ်ထားသော မိန်းမလှလေးသည် မျက်လုံးပြူးသွားပြီးမေးလိုက်သည်။

လင်းဖန် ၏ ဂိုင်သောက်ခြင်း လုပ်ဆောင်ချက်များသည် အလွန်ရိုးရှင်းသည်။

သို့သော် တစ်ဖက်လူများအမြင်တွင်သူသည်ဝိုင်ကိုကျွမ်းကျွမ်းကျင်ကျင်သိရှိတဲ့ဝိုင်ဆရာကြီးတစ်ယောက်ကဲ့သောနေသည်ကိုမြင်သည်။

ဒါကဘာကြောင့်ဆိုတော့ဘယ်လောက်သောက်သောက်မမူးခြင်းစွမ်းရည်(အရက်/ဝိုင်သောက်လေလေကျက်သရေရှိသောစွမ်းရည်ကြောင့်ဖြစ်သည်။)

“နည်းနည်းပဲနားလည်နာပါ” လင်းဖန်က ပြောလိုက်သည်။

ယဉ်ကျေးပြီးကျိုးနွံစွာ ပြောလိုက်သည်။

စကားဖလှယ်မှု နက်ရှိုင်းလာသည်နှင့်အမျှ စကတ်တိုဝတ်ထားသောအလှသည် လင်းဖန်ကို အပြည့်အဝနားမလည်တော့ပေ။

ဆန့်ကျင်ဘက်အနေနဲ့ လင်းဖမ်က ပိုလို့တောင် ဆန်းကြယ်လာတယ်လို့ သူခံစားလာရသည်။

အရင်က သူမပတ်ဝန်းကျင်က ယောက်ျားတွေနဲ့ စကားပြောဖို့ စိတ်ကူးမရှိပေ။လင်းဖန်၏ထူးခြားသောအသွင်ကိုမြင်သောသူမဘက်ကအရင်စကားမပြောဘဲမနေနိုင်ပေ။

လင်းဖန်နှင့် စကတ်တိုထားသည့်အလှတို့စကားပြောနေသည်ကိုအဝေးမှရှိသည့်လူများကအခါအားလျော်စွာ ကြည့်နေကြသည်။

လင်းဖန်က စကတ်တိုဝတ်ထားသောအလှနားကနေခွက်ငွားဖို့စောင့်မျှော်နေပြီး လင်းဖန်ထွက်သွားမှသူတို့ အခွင့်အရေးရနိုင်သည်။

သို့သော်...

သူတို့ရဲ့မျှော်လင့်ချက်တွေဟာ အချည်းနှီးပင်ဖြစ်သည်။

အဆုံးတွင် လင်းဖန်သည် တင်းဖန်းဥယာဉ်၏ သီးသန့်ခန်းဆီသို့စကတ်တိုဝတ်ထားသော မိန်းမလှလေး၏ ခါးသွယ်သွယ်လေးကို ဖက်ကာလျှောက်သွားခဲ့သည်။

လင်းဖန် ရော စကတ်တိုဝတ်ထားသော အလှလေးတို့သည်သီးသန့်ခန်းထဲတွင်တိုက်ပွဲများဆင်နွဲနေတော့သည်။

…………

နောက်တစ်နေ့။

လင်းဖန်သည် မျက်လုံးဖွင့်လိုက်သောအခါတွင် သူသည် သီးသန့်ခန်းတစ်ခုလုံးတွင် တစ်ဦးတည်းပဲရှိတော့သည်ကိုတွေ့လိုက်သည်။

လင်းဖန်သည်ဘာမှထပ်မတွေးတော့ပဲအဝတ်အစားလဲရေမိုးချိုးဖို့လုပ်လိုက်သည်။

“ဒင်!”

ထိုအချိန်တွင် လင်းဖန်၏ ဆဲလ်ဖုန်း အနည်းငယ် တုန်ခါသွားသည်။

မျက်နှာပြင်ပေါ်တွင် စာသားမက်ဆေ့ချ်နှစ်ခု ပေါ်လာသည်။

“၀:၀၀ နာရီမှာ၊ တရုတ်ဘဏ်တွင် ယွမ် ၇၁၀,၃၀၀ အပ်လိုက်သည်။”

“10:10၊ တရုတ်ဘဏ်မှသင်၏အပ်ငွေ ယွမ် ၆၅ သန်း”

ပထမဆုံး မက်ဆေ့ချ်အတွက်မူလင်းဖန်အတွက် အံ့သြစရာမရှိပေ။

ဘာကြောင့်လဲဆိုတော့ မနက်အိပ်ရာထတိုင်း ယွမ်ငွေ 700,000 လောက်နေ့တိုင်းရသောကြောင့်ဖြစ်သည်။

ဒါပေမယ့် ဒုတိယမတ်ဆေ့က ဘာကြီးလဲ။

ယွမ် ၆၅ သန်း?

“ဒီး.....!”

လင်းဖန်က အံ့သြနေချိန်မှာပဲ သူ့လက်ကိုင်ဖုန်းက ရုတ်တရက် အသံမြည်လာသည်။

လင်းဖန်သည် ဖုန်းခေါ်ဆိုမှုကို တစ်ချက်ကြည့်လိုက်ရာ ကျူကေ၏ အိမ်ခြံမြေမန်နေဂျာ ဝမ်ဒေါင် ဖြစ်နေသည်ကိုတွေ့လိုက်သည့်။

လင်းဖန်သည် သူ၏ဖုန်းခေါ်ဆိုမှုကို မြင်ပြီးနောကတွင်် ချက်ချင်းဆိုသလိုပင် သူ့စိတ်ထဲတွင် ငွေလွှဲမှု ၆၅ သန်းခန့်အကြောင်းဖြစ်ကောင်းမှန်းဆလိုက်သည်။

“မစ္စတာလင်း၊ မင်္ဂလာပါ၊ ငါကကျူကေအဆောက်အဦးက ရှောင်ဝမ် ပါ။ မင်းအနားယူနေသည်ကို နှောက်ယှက်လိုက်လား။” ဝမ်ဒေါင် က သတိထားပြီး မေးလိုက်သည်။

ကျူကေ ရှိ ကုမ္ပဏီများမှ သူဌေးများသည် ဝမ်ဒေါင်ကသူ့ကိုယ်သူ ရှောင်ဝမ်ဟုခေါ်သည်ကို သိပါကသူတို့အမူအရာ မည်သို့မည်ပုံဖြစ်မည်ကို မသိပေ။

လင်းဖန်က “ရပါတယ် မင်းမနောာပ်ယှက်ပါဘူး၊ မင်းတစ်ခုခုပြောစရာရှိလို့လား။”

ဝမ်ဒေါင်က “ဒါက မနေ့က မင်းရဲ့တောင်းဆိုချက်အရ၊ နောက်နှစ် ကျူကေ အဆောက်အဦးမှာရှိတဲ့ အခန်းအားလုံးရဲ့ ငှားရမ်းခက စုစုပေါင်း ၆၅ သန်းကို ရခဲ့တယ်”

“မူလက မနေ့ကပဲ မင်းဆီကို ပိုက်ဆံပို့ချင်ခဲ့တယ်၊ ဒါပေမယ့် ဘဏ်စနစ်မှာ ပြဿနာနည်းနည်းရှိလို့ ဒီနေ့ပဲပို့လိုက်တယ် မစ္စတာလင်း၊ မင်းလက်ခရံပြီလား”

လင်းဖန် က “မင်း ကောင်းကောင်းလုပ်ခဲ့တာပဲ၊ငါလက်ခံလိုက်ရပြီ”

“မင်းရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ် မစ္စတာလင်း၊ ဒါက ငါလုပ်သင့်တယ့်ရာပါ။” ဝမ်ဒေါင်က ဝမ်းသာအားရနဲ့ “ဒီလိုဆိုရင် မစ္စတာလင်းကို အနားယူတာကို ငါမနှောက်ယှက်တော့ဘူး နှုတ်ဆက်ပါတယ်”

လင်းဖန်သည်ပင် ရုတ်တရက် 65 သန်းရရှိခဲ့သောကြောင့်သူ့မျက်နာသည်ပြုံးရန်မတတ်

နိုင့်တော့ပေ။

ယနေ့တွင်လင်းဖန်၏ပိုက်ဆံသည်81သန်းသို့ရောက်ရှိသွားပြီဖြစ်သည်။

ထိုအချိန်တွင်၊ လီယွင်ဟိုင်သည် တင်းဖန်းဥယာဉ်ရှိအောက်ထပ်တွင် စောင့်နေပြီဖြစ်သည်။

လင်းဖန်ကိုမြင်ပြီးနောက် “အစ်ကိုလင်း၊ မင်း မနေ့က ငါတို့ကိုတကယ် နာကျင်စေတာပဲ’’

“မင်း?” လင်းဖန် အံ့ဩသွားသည်။

“မနေ့တုန်းကစကတ်တိုဝတ်ထားတဲ့မိန်းကလေးကိုငါတို့ဆွဲဆောင်ခဲ့တယ်။ ငါတို့တစ်ယောက်မှမအောင်မြင်ခဲ့ဘူး” လီယွင်ဟိုင်က ထပြောလိုက်သည်။

ဒီလိုပြောပြီးတဲ့နောက်သူ့မျက်လုံးတွေက နည်းနည်းနီနေသည်။

နာကျည်းမှု၊ အားကိုးရာမဲ့။

လင်းဖန်သည် ဤရလဒ်ကို မမျှော်လင့်ထားဘဲ ပေါ့ပေါ့တန်တန် ချောင်းတစ်ချက်ဆိုးလိုက်ပြီး “ ရှောင်ရီလေလံပွဲက ဘယ်အချိန်လဲ။”

လီယွင်ဟိုင်က အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး “12:30 လောက်ရှိနေပြီ၊ အချိန်က နီးနေပြီဆိုတော့သွားရအောင်’’ လို့ပြောလိုက်သည်။

လင်းဖန်က ခေါင်းညိတ်ပြီး “ကောင်းပြီ၊ ဒါဆို လဲသွားကြရအောင်”

ရှောင်ရီဟိုတယ်သည် ပေကျင်းမြို့ရှိဒုတိယမြောက်လမ်းပေါ်တွင် တည်ရှိသည်။

ဟိုတယ်၏ အပြင်ဘက်နံရံတစ်ခုလုံးကို စကျင်ကျောက်ဖြင့် ပြုလုပ်ထားပြီး အလွန်သားနားလှသည်။

「ဟိုတယ်အတွင်းပိုင်းအလှဆင်မှုမှာ ကျောက်စိမ်းတိုင်များ၊ ချိတ်ဆွဲထားသော မီးအိမ်များနှင့် စန္ဒကူးနံ့သာမွှေးရနံ့များဖြင့် တရုတ်စတိုင်လ်ဖြစ်ပြီးလူများ၏စိတ်ကို ငြိမ်သက်အေးချမ်းမှုခံစားရစေသည်။

လီယွင်ဟိုင် သည်ရှောင်ရီဟိုတယ်ကိုရောက်ပြီးနောက်တွင်ဧည့်ကြိုဝန်ထမ်းကို လီဆေးမိသားစုအမည်ကိုပြောပြီးနောက် တတိယထပ်ရှိ အခန်းတွင်နေရာပေးခဲ့သည်။

အခန်းက ကြီးကြီးမားမားမဟုတ်ပေမယ့် ကောင်းမွန်တဲ့ မဟော်ဂနီ စားပွဲနဲ့ ကုလားထိုင်တွေ ရှိနေပြီး ဇိမ်ခံပစ္စည်းလဲရှိသေးသည်။

လီယွင်ဟိုင် နှင့် လက်းဖန်သည် အခန်းထဲသို့ ၀င်သွားပြီးနောက် တွက်စားပွဲထိုးတစ်ဦးသည် အပြုံးဖြင့် ဝင်လာခဲ့သည်။

စားပွဲထိုးက မီနူးကို ထုတ်ပေးပြီး “မင်းတို့မှာချင်တာတစ်ခုခုရှိလား” လို့ မေးလိုက်သည်။တို့

လီယွင်ဟိုင်ကလင်းဖန်ကို မီနူးပေးလိုက်ပြီး “ဒီမှာ လက်ဖက်ရည်နဲ့ အစားအသောက်တွေက အရမ်းကောင်းတယ်၊ အစ်ကိုလင်း၊ မင်းစားချင်ရင် မှာလို့ရတယ်” လို့ပြောလိုက်သည်။

လင်းဖန်သည် ကြုံသလို စာအုပ်ကိုဖွင့်ကာ “လက်ဖပ်ရည်တစ်အိုး၊ ပုဇွန်မုန့်၊အသီးအရွက်လေးမျိုး၊ ကြက်စွပ်ပြုတ်၊ ဘဲကင်နှင့် စားလို့ကောင်းတယ့်အဆာ​ပြေမုန့်ရယ်’’ ဟု ပြောလိုက်သည်။

လင်းဖန်ကို သည်စျေးနှုန်းကိုမကြည့်ဘဲလက်ဖက်ရည်တစ်အိုး၊ ဟင်းငါးပွဲနဲ့ သရေစာ ကို မှာလိုက်သည်။

လင်းဖန်မှာလိုက်သောဤအစားအစာ များသည်ုသည် ယွမ် ၂၀၀၀၀ နီးပါးရှိနေပြီဖြစ်သည်။

ဟုတ်ပါတယ်၊ ဒါကသာမန်လူတွေအတွက်တော့စျေးကြီးသည်။ လင်းဖန် နဲ့ လီယွင်ဟိုင် အတွက် ငွေအနည်းငယ်မျှသာ ဖြစ်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters