အခန်း (၂၉၉)
Vol. 21 Ch. 299
ပထမတုန်းက ကျွင်းချောင်ရှောင်းသည် လက်နက်၏ အားသာချက် ရှိသောကြောင့် အသာစီးရယူနိုင်မည် ဟု ထင်မှတ်ခဲ့သည်။ သို့ပေမဲ့ တကယ်တမ်း ကျင့်ကြံခြင်းအဆင့် ကွာခြားချက်သည် တိုက်ခိုက်ရာတွင် သိသာလှ၏။ သူသည် အသာစီးမယူနိုင်ခဲ့ချေ။ ထို့ကြောင့် သူ့အနေဖြင့် ကွမ်ယု ၏ ဝိညာဉ်ကို ဆင့်ခေါ်မှ ဖြစ်တော့မည်။
သူ့အနေဖြင့် စိန်ခေါ်မှုကို လက်ခံရဲသည် ဆိုမှတော့ လက်ခံရဲလောက်သည့် အကြောင်းအရာ ရှိသောကြောင့် ပင် ဖြစ်သည် မဟုတ်လား။
သူုသည် အထူးစွမ်းရည်ကို အသက်သွင်းပြီး ကွမ်ယုအား ဆင့်ခေါ်ကာ ကျောက်တုံးမွန်းစတားကြီးအား သတ်ဖြတ်နိုင်ခဲ့သည်။ ယခု သူသည် အဆင့်နှစ် သိုင်းစစ်သုူကြီးတစ်ယောက် ဖြစ်နေပြီ ဖြစ်သောကြောင့် သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့်ကို ရင်ဆိုင်နိုင်လောက်မည်ဟု ထင်သည်။
ဝှစ် … ဝှစ် ..။
ကွမ်ယု၏ ထောက်ပံ့မှုအောက်မှာပဲ ကျွင်းချောင်ရှောင်းသည် သူ၏ ဓားမော့ကို ခုတ်ပိုင်းလိုက်သည်။ အစိမ်းရောင် ဓားမော့ အော်ရာများသည် တိုက်ခိုက်ရေး တည်နေရာတစ်ဝက်ကျော်အား ဖုံးလွှမ်းသွားသည်။
ရွှီး .. ရွှီး..။
ဓားမော့အော်ရာ နှင့် လေထုကြား ပွတ်တိုက်သံသည် ကြားရသူများအား ကြောပင်ချမ်းစေ၏။
ကောင်းကင်ဘုံ …။
အားလုံး ကြက်သေ သေနေကြသည်။
သံမဏိအရိုးဂိုဏ်းသားများလည်း အပါအဝင် ဖြစ်သည်။
သို့ပေမဲ့ မည်သူမျှ ရီရှင်းချန်လောက် အံ့အားမသင့်မိချေ။ ဂိုဏ်းချုပ်၏ အနောက်ဘက်တွင် ဖြစ်တည်လာသော ပုံရိပ်ယောင်အား ကြည့်ရှုပြီး သူ အလန့်တကြား ထအော်လိုက်မိသည် “ဒါ .. ဒါ လက်နက် စိတ်ဝိညာဉ်မဟုတ်လား”
လက်နက်တွင် စိတ်ဝိညာဉ် တည်ရှိနေခြင်းသည် သားရဲတစ်ကောင်နှင့် ဆင်တူလှသည်။ ထိုသို့သော လက်နက်မျိုးသည် အလွန်တရာ ရှားပါးလှပြီး တကယ့် ထိပ်တန်းကျင့်ကြံသူများ၏ လက်ထဲတွင်သာ တွေ့ရတတ်သော အရာမျိုးဖြစ်၏။
ဂိုဏ်းချုပ်တွင် ထိုသို့သော လက်နက် ရှိနေသည်။
ဤအရာသည် ကျိန်းသေပေါက် ညအင်ပါယာအား အံ့အားသင့်မိစေ၏။
“မကောင်းတော့ဘူး”
ဂိုဏ်းချုပ်ဟုန် ၏ အမူအရာသည် ပြောင်းလဲသွားသည်။
အစိမ်းရောင် ဓားမော့ အော်ရာများ၏ ပိတ်ဆို့မှုသည် သူ့အား ရှောင်ပုန်းစရာ နေရာပင် မရှိစေချေ။ ထို့အပြင် ထိပ်တိုက်ရင်ဆိုင်၍ ကာကွယ်ဖို့လည်း မဖြစ်နိုင်သည်ကို သူ နားလည်မိသည်။ အဘယ့်ကြောင့် ဆိုသော် ထိုဓားမော့၏ အားအင်သည် အနည်းဆုံး ဂျင် ခြောက်သိန်းခန့် ရှိနေ၏။
သူသာ ထိပ်တိုက်ရင်ဆိုင်လိုက်လျှင် တစ်ခါတည်း မသေဆုံးလျှင်တောင်မှ အပြင်းအထန် ဒဏ်ရာ ရပေလိမ့်မည်။
စဉ်းစားပြီးသည့်နောက် ဂိုဏ်းချုပ်ဟုန် သည် အကောင်းဆုံးသော ဆုံးဖြတ်ချက်ကို ချမှတ်လိုက်သည်။ သူသည် ချက်ချင်းဆိုသလိုပဲ ကျွင်းချောင်ရှောင်း၏ အဝေးဆုံး နေရာဆီ ရောက်အောင်သွားရန် ကြိုးစားလိုက်သည်။ ဓားမော့ အော်ရာများ အားနည်းသည့် နေရာသို့ရောက်မှ ထိပ်တိုက် ရင်ဆိုင်၍ ကာကွယ်ရန် စဉ်းစားလိုက်ခြင်း ဖြစ်သည်။
သို့ပေမဲ့ …
သူသည် တိုက်ခိုက်ရေး တည်နေရာအစပ်ဆီသို့ ဆုတ်ခွာပြီးသည်အထိ ဓားမော့အော်ရာများ၏ အားနည်းမှုကို မခံစားရချေ။ ပို၍ပင် အားကောင်းလာသည်ကို သတိပြုမိလိုက်၏။
တခြားသူများသာဆိုလျှင် ထိုအခြေအနေတွင် ဇဝေဇဝါ ဖြစ်ကုန်ပေလိမ့်မည်။
သို့ပေမဲ့ ဂိုဏ်းချုပ်ဟုန် မှာတော့ သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့် ကျင့်ကြံသူဖြစ်သောကြောင့် ခြားနားလှသည်။ သူသည် တည်တည်ငြိမ်ငြိမ်ပဲ တုံ့ပြန်လိုက်၏ “တောင်ဖိနှိပ်ခြင်းမှန် ….”
ဝမ် …။
သူ့ရှေ့ရှိ တည်နေရာတွင် လက်ဝါးတစ်ခုအရွယ် မှန်တစ်ချပ် ပေါ်လာသည်။ မှန်ဆီမှ အလင်းတန်းများ ထွက်ပေါ်လာပြီး အကာအကွယ်တစ်ခု အဖြစ် ဖြစ်တည်လာသည်။
အလွန်ကြမ်းတမ်း ရက်စက်လွန်းသည့် ဓားမော့ တိုက်ခိုက်ချက်ကို ရင်ဆိုင်ရချိန်မှာတော့ ဂိုဏ်းချုပ်ဟုန်သည် သူ၏ အထက်ဆင့် စဦး အကာအကွယ်ကို ဆင့်ခေါ် ထုတ်ဖော်ခဲ့ရ၏။
လက်နက်တွေသည် သိုင်းပညာရှင်များအတွက် မဖြစ်မနေလိုအပ်သော အရာဖြစ်သည်။ လက်နက်အား လူတိုင်း ပိုင်ဆိုင်သည် ဆိုသော်လည်း ထိုကဲ့သို့ ရတနာမျိုးကိုတော့ လူတိုင်း မပိုင်ဆိုင်ကြချေ။
ဘုန်း ..
မျက်စိတမှိတ်အတွင်းမှာပဲ အစိမ်းရောင် ဓားမော့ အော်ရာတွေ နှင့်အတူ ကွမ်ယု၏ စိတ်ဝိညာဉ်ဆီမှ အားအင်များသည် ဂိုဏ်းချုပ်ဟုန်၏ အကာအကွယ် အစီအရင် ပေါ်သို့ ကျဆင်းလာသည်။
ဘန်း ..။
အသက်တစ်ရှိုက်စာ အတွင်းမှာပဲ အကာအကွယ်သည် ကျိုးပျက်သွားခဲ့တော့၏။ အကာအကွယ်အား ကိုင်ဆောင် ထားသော ဂိုဏ်းချုပ်ဟုန်သည်လည်း အနောက်သို့ ခြေဆယ်လှမ်းစာလောက် လွင့်စင်သွားသည်။ သူသည် မည်သို့မှ မထိန်းနိုင်တော့ဘဲ သွေးတစ်လုပ် အန်ထုတ်လိုက်မိ၏။
အကာအကွယ် မှန်ရတနာအား ပိုင်းဖြတ်ပြီးသည့်နောက် အစိမ်းရောင် ဓားမော့ချီ များသည် တည်နေရာတစ်ခုလုံးသို့ ဖုံးလွှမ်းထားလိုက်သည်။
ဂလု …။
ချင်ဟောင်ရန်သည် ထိုမြင်ကွင်းအား ကြည့်ရှုတံတွေးပင် မြိုချလိုက်မိ၏။ ကျွင်းချောင်ရှောင်းသည် ဂိုဏ်းချုပ်ဟုန် ၏ အကာအကွယ် ရတနာအား ဖျက်ဆီးခဲ့သည်သာမက သွေးပင်အန်အောင် ပြုလုပ်ခဲ့သည်။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
ဤသို့သော ဝှက်ဖဲမျိုးအား သူူနှင့် တိုက်ခိုက်စဉ်က ထုတ်ဖော်ခဲ့မည်ဆိုလျှင် သူသည် အသက်ကိုးသက် ရှိလျှင်ပင် သေဆုံးခဲ့မှာ သေချာသည်။
ကြောက်ရွံမှုသည် ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့မှ ခေါင်းဆောင်များ၏ နှလုံးသားထဲတွင် နေရာယူလာသည်။ သူတို့အားလုံး၏ ကျောပြင်တွင် ချွေးစေးတွေ ဖြစ်ပေါ်လာ၏။
ကျွင်းချောင်ရှောင်း ဓားမော့နှင့် ခုတ်ပိုင်းလိုက်သည့် မြင်ကွင်းသည် အချိန်ကာလ တစ်ခု အတွင်း သူတို့၏ ဦးနှောက်ထဲမှ ဖျောက်ဖျက်ပစ်ရန် ခက်ခဲပေလိမ့်မည်။
ဟူး …. ဟူး …။
ကွမ်ယု၏ ပုံရိပ်ယောင်သည် ပျောက်ကွယ်သွားသည်။ အစိမ်းရောင် အခိုးအငွေ့များသည် နဂါးစိမ်း လခြမ်းဓားမော့ထဲသို့ ဝင်ရောက်၍ ပျောက်ကွယ်သွားတော့၏။
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဂိုဏ်းချုပ်ဟုန် … အနိုင်ပေးတဲ့အတွက် ကျေးဇူးပါ”
သူသည် ကွမ်ယု၏ ဝိညာဉ်ကို ဆင့်ခေါ်ကာ တိုက်ခိုက်ခဲ့ရသည် ဆိုသော်လည်း နတ်စမ်းချောင်းဂိုဏ်းချုပ် နှင့် တိုက်ပွဲတွင် အနိုင်ရရှိခဲ့သည်။
ထို့အပြင် သူ၏ အားအင်သည် တိုးတက်လာခဲ့ပြီ ဖြစ်သောကြောင့် နဂါးစိမ်းလခြမ်းဓားမော့ အား ထုတ်ဖော် အသုံးပြုပြီးသည့်နောက်တွင် လဲပြိုမကျသွားတော့ချေ။
“ဒင် .. ဖုံးကွယ်ထားသော တာဝန် [ရှုံးနိမ့်နေရာမှ အနိုင်ယူခြင်း] ပြည့်စုံသည့် အတွက် ဂိုဏ်းစုဆောင်းမှတ် ၅၀၀ ကို ရရှိသည်။”
“ဒင် …. ဂိုဏ်းစုဆောင်းမှတ် ၃၇၀၅ / ၂၀၀၀”
“ဒင် … ဂိုဏ်းစုဆောင်းမှတ်များသည် ပိုလျှံနေသောကြောင့် ……….”
“ဒင် .. ဖုံးကွယ်ထားသော တာဝန် [ရှုံးနိမ့်နေရာမှ အနိုင်ယူခြင်း] ပြည့်စုံသည့် အတွက် အထူး ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးရည် တစ်ပုလင်း အား ရရှိသည်။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်လိုက်ပါပြီ”
ကျွင်းချောင်ရှောင်း ရယ်မောလိုက်သည်။
သိုင်းစစ်သူကြီး ထိ်ပ်ဆုံး ကျင့်ကြံသူအား အနိုင်ယူပြီးသည့်နောက် သူသည် ဂိုဏ်းစုဆောင်း ငါရာကို ရရှိရုံတင် မကဘဲ ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်းဆေးရည် တစ်ပုလင်းကိုလည်း ရရှိခဲ့သည်။ စိတ်ချမ်းသာ စရာပင်။
နတ်စမ်းချောင်းဂိုဏ်း …။
တကယ့်ကို ကောင်းချီးတွေနဲ့ ပြည့်နေတဲ့ နေရာပါလား။
“ဟင်း ..”
ဂိုဏ်းချုပ်ဟုန်သည် သက်ပြင်းချလိုက်ပြီး လက်သီးကို ဆုပ်ကာ ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း က ငယ်ရွယ်ပေမဲ့ သာမာန်ထက် ပိုတဲ့ အားအင်ကို ပိုင်ဆိုင်တာပဲ။ ချီးကျူးပါတယ်။”
သူသည် စကားလုံးအရ ထိုသို့ ပြောဆိုသည် ဆိုသော်လည်း စိတ်ထဲမှာတော့ ခံပြင်းလျက်ရှိသည်။
သို့ပေမဲ့ ထပ်မံ တိုက်ခိုက်မည် ဆိုလျှင်လည်း တစ်ဖက်လူ၏ လက်နက်ကြောင့် အနိုင်ရစရာ လမ်းမရှိချေ။
“ဒီကျွင်းက အရင်သွားပါတော့မယ်”
ကျွင်းချောင်ရှောင်းသည် လက်သီးဆုပ်ကာ ထွက်ခွာလိုက်သည်။ သူ၏ စိတ်ထဲတွင် ကြိတ်ကာ ဆုတောင်းလိုက်မိသည် “နောက်တစ်ယောက် ထပ်လာရင် ပြဿနာပဲ။ ဂိုဏ်းချုပ်ပြီး ဘိုးဘေး ပေါ်လာနေအုံးမယ်”
သာမာန် ဝတ္တုဇာတ်လမ်းများအတိုင်းဆိုလျှင် ဘိုးဘေး ပေါ်လာပြီး သူ့အား တိုက်ခိုက်အုံးမှာ သေချာသည်။ သို့ပေမဲ့ သူ အတွေးလွန်နေခြင်းသာ ဖြစ်သည်။
နတ်စမ်းချောင်းဂိုဏ်းတွင် ဘိုးဘေးဆိုပြီး ပေါ်လာသူ မရှိတော့ချေ။
ကျွင်းချောင်ရှောင်းသည် တပည့်များအား ခေါ်ယူ အားလုံး၏ အကြည့်အောက်မှာပဲ ထွက်ခွာသွားတော့သည်။
ကျင့်ကြံသူများအားလုံးသည် ငြိမ်သက်နေကြ၏။
လေးနာရီသာ ကြာခဲ့သြည်။
သံမဏိအရိုးဂိုဏ်း နှင့် နတ်စမ်းချောင်းဂိုဏ်းတို့သည် ခုနှစ်ဆယ့်လေးပွဲတိတိ တိုက်ခိုက်ခဲ့သည်။
အပြင်စည်း ၊ အတွင်းစည်း ၊ တိုက်ရိုက်တပည့်၊ အကြီးအကဲ နှင့် ဂိုဏ်းချုပ်ထိပါ တိုက်ခိုက်ခဲ့သေးသည်။ သို့ပေမဲ့ သံမဏိအရိုးဂိုဏ်းသည် အားလုံးအား အနိုင်ယူခဲ့၏။
ဤသတင်းသာ ပြန့်နှံ့သွားပါက အကုန်လုံး အုတ်အော်သောင်းနင်း ဖြစ်ကုန်မှာ သေချာသည်။
ထိုသို့သော ကံကြမ္မာအလှည့်အပြောင်းများသော တိုက်ပွဲမျိုးကို မြင်ရသည်မှာ သူတို့အတွက် ကံကောင်းခြင်းပင် ဖြစ်၏။
“သြော် .. ဟုတ်သားပဲ”
အပြင်ဘက် ဂိတ်တံခါးဆီ ရောက်တော့ ကျွင်းချောင်ရှောင်းသည် အသာရပ်တန့်ကာ အော်လိုက်သည် “သံမဏိအရိုးဂိုဏ်းက ပါရမီရှင်တွေကို လိုအပ်နေတယ်။ ပုဇွန်ကနေ နဂါးအဖြစ် ပြောင်းလဲချင်သူတွေ ဂိုဏ်းကို လာပြီး စာရင်းပေးလို့ရတယ်”
အားလုံး၏ နှုတ်ခမ်းများသည် တုန်ရင်သွားတော့သည်။
သံမဏိအရိုးဂိုဏ်းချုပ်သည် ဤသို့သော နေရာမျိုးတွင် ဂိုဏ်းသားသစ် ခေါ်ယူမည့်အကြောင်း ကြေညာရဲနေ၏။ မည်မျှ မောက်မာလိုက်သနည်း။