အခန်း (၃၀၀)
Vol. 21 Ch. 300
အပြင်လူတွေ အတွက် အဆင့်ခုနှစ်ဂိုဏ်းတစ်ခု အနေဖြင့် အဆင့်ငါး ဂိုဏ်းတစ်ခုအား အနိုင်ယူခဲ့သည် ဆိုသည်မှာ ကံကြမ္မာအလှည့်အပြောင်း ဖန်တီးခဲ့သည်ဟု ဆိုရမည်။
သို့ပေမဲ့ ကျွင်းချောင်ရှောင်း အတွက်တော့ ဤအရာသည် သာမာန်သာ ဖြစ်သည်။ ထို့အပြင် သူနှင့် သူ၏ တပည့်များ၏ အားအင်သည် ရုတ်တရက်ကြီး တိုးတက်လာခဲ့ခြင်း မဟုတ်ပေ။ တဖြည်းဖြည်းချင်း ကြိုးစား၍ သန်မာလာခဲ့ခြင်း ဖြစ်သည်။
နတ်စမ်းချောင်းဂိုဏ်း တွင် ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံး ရှိသလား ၊ ကြွက်သားတည်ဆောက်ခြင်း အခန်း နှင့် စမ်းသပ်မှုမျှော်စင်တို့ ရှိသလား။ များပြားလှသော ကျင့်ကြံခြင်း နည်းစနစ် နှင့် ဆေးလုံးများကို သုံးစွဲ ရယူခွင့် ရှိပါသလား။
အဆင့်ငါး ဂိုဏ်းတစ်ခုမပြောနှင့် အဆင့်သုံး သို့မဟုတ် အဆင့်လေး ဂိုဏ်းတစ်ခုပင် တတ်နိုင်မည့် အရာများ မဟုတ်ချေ။
ဟုတ်ပေသည်။
ထိုသို့သော အရင်းအမြစ်များကြောင့်သာ သံမဏိအရိုးဂိုဏ်း၏ အလားအလာကို ဖြစ်ပေါ်စေခြင်း ဖြစ်သည်။
ကြီးမားလှသော ဂိုဏ်းကြီးများနှင့် မယှဉ်နိုင်သည်မှာ အခြေခံ လိုအပ်နေခြင်းသာ ဖြစ်၏။
သူ့အနေဖြင့် တပည့်သစ်များကို လက်ခံနိုင်သည်။ အခြေခံကိုတော့ အချိန်ယူကာ ဖြည့်သွားမှ ဖြစ်ပေလိမ့်မည်။ မဟုတ်ပါက သံမဏိအရိုးဂိုဏ်း မည်မျှ အားကောင်းလှသည် ဆိုဆို တခြားသူများက ဂိုဏ်းသစ်တစ်ခု အဖြစ်သာ သတ်မှတ်ကြပေလိမ့်မည်။
“ဂိုဏ်းချုပ်ကျွင်း…”
တောင်အဆင်းလမ်းမှာတော့ မြို့တော်ဝန်ရှဲ့သည် လက်မထောင်ကာ ပြောလိုက်သည် “ခင်ဗျား နဲ့ ခင်ဗျား တပည့်တွေရဲ့ စွမ်းဆောင်ရည်က ဒီနေ့မှာ ချင်းယန်မြို့ကို ဂုဏ်တက်စေခဲ့တယ်။”
“ဟုတ်တာပေါ့”
အိုက်မိသားစု ခေါင်းဆောင်က ပြောလိုက်သည် “ခုနှစ်ဆယ့်လေးပွဲ မှာ တစ်ပွဲ တောင် မရှုံးခဲ့ဘူး။ ကျုပ်မျက်စိနဲ့ မမြင်ရင် ယုံကြည်မိမှာ မဟုတ်ဘူး။”
တခြားသော မိသားစု ခေါင်းဆောင်များသည်လည်း တစ်ယောက်ပြီး တစ်ယောက် ချီးမွမ်းလိုက်ကြသည်။ သူတို့အားလုံးသည် စိတ်ပျော်ရွှင်နေကြသည်။
သူတို့နှင့် အတူ လိုက်ပါလာသော မာယွင်တန်သည် မျက်မှောင်ကုတ်ကာ ပြောလိုက်သည် “ဂိုဏ်းချုုပ်ကျွင်းက ဂိုဏ်းချုပ်ဟုန် နှင့် တိုက်ပွဲမှာ စိတ်ဝိညာဉ်ပါတဲ့ လက်နက်ကို ထုတ်သုံးခဲ့တယ်။ အဲသတင်းသာ ပြန့်နှံ့သွားရင် တခြားသူတွေရဲ့ အာရုံစိုက်မှုကို ခံရလိမ့်မယ်”
ကျွင်းချောင်ရှောင်း အနေဖြင့် ဂိုဏ်းချုပ်ဟုန် အား အနိုင်ယူခဲ့သည်မှာ သူ၏ အားအင်အဆင့်ကြောင့် မဟုတ်ဘဲ နဂါးစိမ်းလခြမ်းဓားမော့ ကြောင့် ဖြစ်ကြောင်း သူနှင့် ဝမ်တုံလင်တို့ ယုံကြည်ထားကြသည်။
ကျွင်းချောင်းပြောလိုက်သည် “အကြီးအကဲမာ … ကျုပ်ရဲ့ ဓားကို တစ်စုံတစ်ယောက် က လာလုမယ်လို့ ဆိုလိုတာလား။”
“ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ လက်စိတ်ဝိညာဉ်ရှိတဲ့ လက်နက် က နတ်ဘုရားလက်နက်လို့ သတ်မှတ်ကြတယ်။ ဒီတော့ တခြားသူတွေ အာရုံစိုက်လာမှာ သေချာတယ်။” ဝမ်တုန်လင် ပြောလိုက်၏။
နဂါးစိမ်းလခြမ်းဓားမော့ ရဲ့ အားအင်ကို မြင်ပြီးနောက် သူတို့နှစ်ယောက်စလုံးသည်လည်း လိုချင်စိတ် ဖြစ်မိသည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း နှင့် အလွန်ရင်းနှီးသော ဆက်ဆံရေး ရှိသည်မို့ သူတို့တွေသည် လက်နက်ကို လုယူရန်တော့ စိတ်ကူးမရှိချေ။
ရီရှင်းချန်သည် လည်း ထိုအချက်ကို ကောင်းကောင်းသိသည်။
ထိုက်ရွှမ်ကျမ်း ပျောက်ကွယ်သွားမှန်းသိချိန်မှာတော့ တခြားသော သိုင်းအင်ပါယာ များသည် သူ့အား ပစ်မှတ်ထား တိုက်ခိုက်ခဲ့၏။
သို့ပေမဲ့ ဤကိစ္စသည် ကျွမ်းကျင်သူ ဆရာကြီးတစ်ခု၏သေချာ အကွက်ရိုက် စီစဉ်ခဲ့ခြင်းသာ ဖြစ်သည်။ အဓိက ခံရသူမှာ ညအင်ပါယာ ဖြစ်ခဲ့သည်။
သို့သော်ငြား ညအင်ပါယာ သည် အလွန်အားကောင်းလွန်းသောကြောင့် တခြားသော သိုင်းအင်ပါယာများအား တိုက်ခိုက်ကာ အတင်းထွက်ပြေးနိုင်ခဲ့၏။
နောက်ဆုံးမှာတော့ အမျိုးသမီးတစ်ယောက်၏ လက်တွင်းကျရောက်ခဲ့တော့သည်။
“ဟင်း …”
ကျွင်းချောင်ရှောင်း ပြုံးကာ ပြောလိုက်သည် “သာမာန်လူက ကိစ္စမရှိဘူး။ ဒါပေမဲ့ ကျောက်စိမ်းလက်ကောက် ရှိနေရင်တော့ အန္တရာယ်များလာပြီ”
သူသည် ဤလက်နက်အာ ချင်းယန်နိုင်ငံတွင် ထုတ်ဖော်ကိုင်ဆောင်ခဲ့သည်မှာ သူ့၌ စနှိုက်ပါ နှင့် ဂိုဏ်းအကာအကွယ် အစီအရင် တည်ရှိသောကြောင့် ဖြစ်သည်။
သို့ပေမဲ့ နတ်စမ်းချောင်းဂိုဏ်းချုပ်နှင့် တိုက်ပွဲမှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးအား ပြန့်နှံ့ပြီး သိုင်းဘုရင်နှင့် သိုင်းအင်ပါယာများပင် သတိပြုမိပေလိမ့်မည်။ ထိုသို့ဆိုလျှင် သေနတ် နှင့် ဂိုဏ်းအစီအရင် က အသုံးဝင် ဟန့်တား နိုင်မည် မဟုတ်ချေ။
ချီးတဲ့မှ ..။
ဂိုဏ်းချုပ်ကျွင်းသည် သူ့ကိုယ်သူ ကာကွယ်ဖို့အတွက် လုံလောက်သည့် စွမ်းဆောင်ရည် ရှိသည် ဆိုပြီး မာန်တက်နေမိသည်။ သို့ပေမဲ့ တကယ်တမ်း သိုင်းဘုရင် ၊ သိုင်းအင်ပါယာများနှင့် တိုက်ခိုက်နိုင်လိမ့်မည်ဟု နည်းနည်းလေးမှ မထင်မိချေ။
……
မာယွင်တန် ပြောလိုက်သည် “မပူနဲ့ ဂိုဏ်းချုပ်ကျွင်း ….။ ဂိုဏ်းကို ပြန်ရောက်ပြီးရင် ကျုပ်တို့ ဂိုဏ်းချုပ်ကျွင်းကို ကူညီမယ်။ ဂိုဏ်းချင်း မဟာမိတ်ဖွဲ့ကြတာပေါ့”
မြို့တော်ဝန်ရှဲ့နှင့် တခြားသူများသည် မျက်လုံးပြူးသွားကြ၏။
မဟာမိတ်ဖွဲ့သည်ကို ကြားရသည်မှာ သာမာန်ပဲ ဖြစ်သည် ဆိုပေမဲ့ အဆင့်ခုနှစ် ဂိုဏ်းတစ်ခု နှင့် အဆင့်ငါး ဂိုဏ်းတစ်ခု မဟာမိတ်ဖွဲ့ခြင်းသည် သူတို့မကြားဖူးသော ကိစ္စပင်ဖြစ်တော့သည်။ ထို့အပြင် အဆင့်ငါး တောင်ပြာဂိုဏ်းမှ စတင်၍ ကမ်းလှမ်းသည့် ကိစ္စလည်း ဖြစ်နေသည်။
နတ်စမ်းချောင်းဂိုဏ်းအား အနိုင်ယူ ခဲ့သော အဆင့်ခုနှဏ် ဂိုဏ်းတစ်ခုသည် အနာဂတ်တွင် ထွန်းတောက်လာနိုင်မည့် အလားအလာများ ရှိသော ဂိုဏ်းတစ်ခု ဖြစ်ကြောင်း သိသာ ထင်ရှားလှသည်။ ထို့ကြောင့် တောင်ပြာဂိုဏ်းအနေနှင့် မဟာမိတ်ဖွဲ့ရန် ကမ်းလှမ်းခြင်း ဖြစ်ပုံပေါ်၏။
ဝမ်တုန်လင်သည် လေးလေးနက်နက် ပြောလိုက်သည် “ကျုပ်တို့က မဟာမိတ်ဖွဲ့လိုက်ပြီ ဆိုရင် ဂိုဏ်းချုပ်ကျွင်းရဲ့ ရန်သူက ကျုပ်တို့ ရန်သူ ဖြစ်လာလိမ့်မယ်။”
ဤစကားကို ပြောဆိုသူမှာ တောင်ပြာဂိုဏ်း၏ အကြီးအကဲ လေးဦးထဲမှ တစ်ဦး ဖြစ်သည်မို့ အလွန်ပင် တာသွားသည်။
မဟာမိတ်ဖွဲ့ခြင်းသည် အတည်ပြုလုပ်လိုသည့် အရာဖြစ်၏။
ကျွင်းချောင်ရှောင်းလက်သီးဆုပ်လိုက်၏ “အကြီးအကဲနှစ်ယောက်ကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ တောင်ပြာဂိုဏ်းကိုလည်းကျေးဇူးတင်တယ်။ မဟာမိတ်ဖွဲ့မယ် ဆိုရင် ကျုပ် ဂိုဏ်းဆီ လူကိုယ်တိုင် လာလည်ပါ့မယ်”
ရန်သူဖန်တီးခြင်းထက် မိတ်ဆွေဖွဲ့ခြင်းသည် ကောင်းမွန်သည့် အရာပင် ဖြစ်တော့သည်။
သွားလောက် လည်ပတ်ပါက လက်ဗလာနှင့် သွား၍တော့ မကောင်းချေ။ တွေ့ဆုံခြင်း လက်ဆောင် အနေဖြင့် ဆေးလုံးတစ်ချို့ ယူသွားမှ ဖြစ်မည်။
ခင်ဗျား က ကျူပ်အပေါ် ကောင်းတယ်။ ကျုပ်က ပြန်ကောင်းမယ်။ ဤအရာသည် ကျွင်းချောင်ရှောင်း၏ ဘဝ အပေါ် ဖြတ်သန်းမှု ပုံစံပင် ဖြစ်တော့သည်။
အားကောင်းသူများ၏ ပစ်မှတ်ထားခြင်းကို ခံရတော့မည် ဆိုတာကို ကျွင်းချောင်ရှောင်းသိသည်။ တောင်ပြာဂိုဏ်း မှ ကာကွယ်ပေးလျှင်တောင် အသုံးမဝင်နိုင်သော စွမ်းအားမြင့် ကျင့်ကြံသူများ၏ တိုက်ခိုက်မှုကို သူကြုံရနိုင်သည်။ ထို့ကြောင့် သူ့ကိုယ်သူ အားကိုးမှ ဖြစ်မည် ။
သူ့ကိုယ်သူ မည်သည့်နည်းလမ်းဖြင့် အားကိုးမည်နည်း။
ရိုးရှင်းလှ၏။
သူသည်စနစ်ကို ဖွင့်ကာ အလယ်အလတ် စတိုးထဲ ဝင်လိုက်သည်။ ဤမျှ အန္တရာယ်များလှသော လောကကြီးတွင် ရပ်တည်နိုင်ရန် ပစ္စည်းကောင်းများ အသုံးပြု၍ ကိုယ့်ကိုယ်ကိုယ် အားကိုးမှ ဖြစ်မည် မဟုတ်လား။
ဂိုဏ်းချုပ်ကျွင်းသည် အလယ်အလတ် စတိူးထဲမှ ပစ္စည်းများအား မဝယ်ရဲခဲ့ချေ။ အဘယ့်ကြောင့် ဆိုသော် သူ၏ ဂိုဏ်းစုဆောင်းမှတ်များသည် နည်းပါးနေခဲ့သောကြောင့်ပင်။
လက်ရှိအချိန်မှာတော့ သူ့တွင် ၂၄ နာရီအတွင်း သုံးဖြုန်းရမည့် ဂိုဏ်းစုဆောင်းမှတ်ပင် ၁၇၀၅ ထိ ရှိနေပြီ ဖြစ်သည်။
“ငါ တွေ့ရာတွေတော့ ဝယ်လို့မဖြစ်ဘူး”
ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်သည် “လိုအပ်တဲ့အရာကို သုံးရမယ်”
သူသည် သေချာကြည့်ရှုလိုက်ချိန်မှာတော့ ဂိုဏ်းအကာအကွယ် ဆိုသော အရာ အားမြင်လိုက်ရသည်။
ပစ္စည်း - အလယ်အလတ်အဆင့် ဂိုဏ်းအကာအကွယ်အစီအရင်။
အစွမ်းသက်ရောက်မှု - အသုံးပြုလိုက်လျှင် ဂိုဏ်းသားမဟုတ်သူများ ဂိုဏ်းအတွင်း ဝင်ရောက်ခြင်းအား တားဆီးပေါ်နိုင်သည်။
ဈေးနှုန်း - ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀။
မှတ်ချက် .. ဂိုဏ်းအစီအရင်အား အသက်သွင်းပါက တစ်နေ့လျှင် ဂိုဏ်းစုဆောင်းမှတ် ဆယ်မှတ် ကုန်ဆုံးလိမ့်မည်။
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဒီအရာက ငါ့ကိုရော၊ ဂိုဏ်ကိုရော ကာကွယ်ပေးနိုင်တယ်။ ဝယ်သင့်တဲ့ အရာပဲ”
စနစ်မှပြောလိုက်သည် “ကြယ်ငါးပွင့် အဆင့် သတ်မှတ်တယ်”
ကျွင်းချောင်ရှောင်းသည် ချက်ချင်းတော့ မဝယ်ယူချေ။ သူသည် ပစ္စည်းများအား ဆက်လက် ကြည့်ရှုနေလိုက်သည်။
သူသည် သိုင်းဆရာ ဆေးလုံး ဖော်မြူလာ ဆိုသောအရာအား မြင်လိုက်ရသည်။ အားကောင်းလှသည့် ဆေးပညာရှင် တစ်ယောက် ဖန်တီးထားခြင်း ဖြစ်ပြီး သောက်သုံးလိုက်ပါက သိုင်းတပည့် ထိပ်ဆုံး အဆင့်မှသည် သိုင်းဆရာ အဖြစ် ဖို့ ချိုးဖျက် ရောက်ရှိနိုင်၏။
အဓိက အချက်မှာ ဘေးထွက်ဆိုးကျိုး မရှိခြင်းပင်။
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဒါက ပစ္စည်းကောင်းပဲ”
ဂိုဏ်းရှိ ချီလေပွေဆေးလုံးသည် စွမ်းအင်ဖွင့်ခြင်း အဆင့်ဆယ့်နှစ်မှ သိုင်းတပည့်အဆင့်သို့ တိုးတက်ရောက်ရှိစေသည်။ ယခု သိုင်းတပည့် ထိပ်ဆုံးအဆင့်မှ သိုင်းဆရာ အဆင့်သို့ ချိုးဖျက်နိုင်သည့် ဆေးလုံး ရှိပါက တပည့်များ ပိုမို၍ မြန်မြန်ဆန်ဆန် အားကောင်းလာလိမ့်မည်။
အောက်သို့ ဆက်ကြည့်လိုက်တော့ အလယ်အလတ် အဆင့် အအေးဓား၏ ပါဝင်ပစ္စည်းအညွှန်းကိုပါ တွေ့လိုက်ရ၏။
အလယ်အလတ်စတိုးထဲရှိ ပစ္စည်းများသည် အလွန်ကောင်းမွန်လှသည်။ ကျွင်းချောင်ရှောင်းသည် အားလုံးကို ဝယ်ယူချင်မိသည်။ သို့ပေမဲ့ ဂိုဏ်းစုဆောင်းမှတ်သည် အကန့်အသတ် ရှိနေသောကြောင့် အလယ်အလတ် အဆင့် ဂိုဏ်းအစီအရင် နှင့် သိုင်းဆရာဆေးလုံးကိုသာ ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။
“ဒင် … လက်ခံသူသည် ဂိုဏ်းအကာအကွယ် အစီအရင် ကို ဝယ်ယူဖို့ ဂိုဏ်းစုဆောင်းမှတ် တစ်ထောင်အား အသုံးပြုခဲ့သည်။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းပြီးပါပြီ”
“ဒင် … ဂိုဏ်းစုဆောင်မှတ် ၁၀၀၀ ကို အသုံးပြု၍ သိုင်းဆရာ ဆေးလုံး ဖော်မြူလာအား ဝယ်ယူခဲ့သည်။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းပြီးပါပြီ”
“ဒင် … ဂိုဏ်းစုဆောင်းမှတ် ၁၇၀၅ / ၂၀၀၀”
ဂိုဏ်းစုဆောင်းမှတ် နှစ်ထောင်အား တစ်ခါတည်း အသုံးပြုပြီးနောက် ဂိုဏ်းချုပ်ကျွင်းသည် ရင်နာသလို ခံစားလိုက်မိသည်။
သို့ပေမဲ့ ဂိုဏ်း၏ အကာအကွယ် ပိုမို အားကောင်းလာစေဖို့ ဆိုသောကြောင့် ထိုက်တန်သည်ဟု ဆိုရမည်။
သိုလှောင်လက်စွပ်ထဲရှိ ဆေးလုံး ဖော်မြူလာ နှင့် ပန်းပဲ ဖော်မြူလာသည် ဂိုဏ်း၏ အဓိက အည့ွှန်းများအဖြစ် ကိုက်ညီသွားသည်။ ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ ဆေးလုံးအား စတင်သန့်စင်မည် ဆိုသော ခလုတ်အား နှိပ်လိုက်သည်။ ပါဝင်ပစ္စည်းများ ပေါ်လာ၏။
ဆေးလုံး၏ ပါဝင်ပစ္စည်းသည် ဆယ်မျိုးရှိပြီး တစ်ချို့ဆေးပင်များသည် အလွန်တရာ တန်ဖိုးကြီးလှသည်။
တိုက်ဆိုင်စွာနှင့် သူနှင့် အတူ အိုက်မိသားစု ခေါင်းဆောင် ရှိနေ၏။
ကျွင်းချောင်ရှောင်း ပါဝင်ပစ္စည်းများ ရွတ်ပြကာ မေးလိုက်သည်။
ထိုမေးခွန်းကို ကြားတော့ အိုက်ရှန်းရီ အံ့အားသင့်သွားသည် “ဒါတွေက အရမ်ဈေးကြီးတယ် ဂိုဏ်းချုပ်ကျွင်း”
“ဆိုင်မှာ ရောင်းဖို့ရှိလား” ကျွင်းချောင်ရှောင်း မေးလိုက်သည်။
အိုက်ရှန်းရီ ခဏလောက် စဉ်းစားပြီး ပြောလိုက်၏ “ရှိတယ်။ ဒါပေမဲ့ အများကြီးမရှိဘူး။ သုံးစုံကနေ ငါးစုံ လောက်ပဲ ရှိမယ်ထင်တယ်”
သုံးစုံကနေ ငါးစုံစာ ဟုတ်လား။
ကျွင်းချောင်ရှောင်း နည်းနည်း စိတ်ဓာတ်ကျသွားသည်။ ထို့အပြင် သူသည် ဆေးလုံးများအား များများစားစား ထုတ်လုပ်ချင်နေသည် မဟုတ်လား။