အခန်း (၃၀၂)
Vol. 21 Ch. 302
အလွန်အရိပ်ရသော မေပယ်သစ်တောထဲမှာတော့ ရှစ်ကျန်းရွှမ် သည် အပင်၏ ရှေ့တွင် မတ်တပ်ရပ်လျက်ရှိ၏။ မေပယ်သစ်ရွက်များသည် သူမ၏ ကိုယ်ပေါ်သို့ ကြွေကာ ကျလျက်ရှိသည်။
အလွန်လှပသည့်မြင်ကွင်းနှင့် အလွန်လှပသည့် မိန်းကလေးတစ်ယောက်သည် တည်နေရာတစ်ခုတည်းတွင် တည်ရှိနေခြင်းပင် ဖြစ်၏။
"ခန်းမသခင်ရှစ်။"
မကြာခင်မှာပဲ ကျွင်းချောင်ရှောင်းသည် လမ်းလျှောက်လာ၏။
"ဂိုဏ်းချုပ်ကျွင်း။"
ရှစ်ကျန်းရွှမ် သည် ပြုံးကာ ပြောလိုက်သည်။ "ဒီနေရာကို ဖိတ်ခေါ်ခဲ့တဲ့အတွက် ရိုင်းသလိုများ ဖြစ်သွားသလား။"
သူတို့နှစ်ယောက်သည် မီတာ အနည်းငယ်အကွာတွင် ရပ်လျက်ရှိ၏။ ယောကျာ်းလေးသည် ချောမောလှသူဖြစ်ပြီး မိန်းကလေးမှာတော့ အလွန်လှပလှသည်။
အနားပတ်ဝန်းကျင်ရှိ မေပယ်သစ်ရွက်များသည်လည်း ဖြေးညှင်းစွာ ကျလျက်ရှိ၏။
ဤမြင်ကွင်းသည် ကဗျာဆန်လွန်းလှသည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။" ကျွင်းချောင်ရှောင်း ပြောလိုက်၏။
ရှစ်ကျန်းရွှမ် သည် သူမ၏ ပုခုံးထက်သို့ ကျဆင်းလာသော သစ်ရွက်များကို အသာကောက်ယူကာ ပြောလိုက်သည်။ "ဒီနေရာက မေပယ်သစ်တောကြီးတစ်ခု ဖြစ်တယ်လို့ တပည့်ပြောတာ ကြားခဲ့တယ်။"
"ဟုတ်တာပေါ့"
ကျွင်းချောင်ရှောင်း ပြောလိုက်၏။
ရှစ်ကျန်းရွှမ် ပြောလိုက်၏။ “ဒီမြင်ကွင်းက အရမ်းကို လှမယ်လို့ ထင်တယ်။ ဆိုးတာက ကျွန်မဒါကို မမြင်နိုင်ဘူးလေ။"
သူမ၏ စကားလုံးများထဲတွင်တော့ အနည်းငယ် ဝမ်းနည်းသည့် အရိပ်အယောင်များ ပေါ်ထွက်နေသည်။
ထိုအရာကို မြင်တော့ အဝေးတစ်နေရာတွင်ရှိနေသည့် လီအာနှင့် တစ်ခြားသော တပည့်များသည် စိတ်ပူလာမိကြသည်။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ခန်းမသခင်ရှစ်က ဒီမြင်ကွင်းထက်ပိုပြီးတော့ လှပတာပေါ့။ဒီ သစ်ပင်တွေနဲ့ မေပယ်သစ်ရွက်တွေက မျက်လုံး မရှိလို့လေ။ မဟုတ်ရင် သူတို့တွေ ခင်ဗျားကို မမြင်လို့ဆိုပြီး နောင်တရ နေလောက်ပြီ။
ခွီ။
ရှစ်ကျွမ်းရှန်သည် သူမ၏ ပါးစပ်အား အုပ်ကာ အသာရယ်လိုက်၏။ သူမ၏ မျက်ခုံးနှစ်ခုကြားတွင် ရှိသော အရေးအကြောင်းများသည် ပျောက်ကွယ်သွား၏။
လီအာသည် စိတ်သက်သာရရသလို သက်ပြင်းချလိုက်မိ၏။ ပြီးနောက် ပြောလိုက်မိသည်။ "ဒီလူ စကားပြော ကောင်းလိုက်လိမ့်မယ်လို့ မထင်မိဘူး။"
"ဂိုဏ်းချုပ်ကျွင်း။"
ရှစ်ကျန်းရွှမ် ပြောလိုက်မိသည်။ "မိန်းကလေးတွေကို ဘယ်လိုပျော်အောင် ပြောဆိုရမယ်ဆိုတာ ကောင်းကောင်းသိတာပဲ။"
ကျွင်းချောင်ရှောင်းသည် သူ၏ စိတ်ထဲတွင် ကြွေးကြော်လျက်ရှိသည်။ မိန်းကလေးတွေကို ဘယ်လို ပျော်ရွင်အောင် ထားရမယ်ဆိုတာကို သိရင် ဘယ်လိုလုပ် တစ်ယောက်တည်း ဖြစ်နေရမလဲ။ ရည်းစားလေးဘာလေး ရှိနေမှာပေါ့။
"ခန်းမသခင်ရှစ် နားလည်မှု လွဲနေပြီ။"
သူ ပြောလိုက်၏။ "ကျွန်တော်က ခင်ဗျား ပျော်ရွှင်အောင် ကြိုးစားနေတာ မဟုတ်ပါဘူး။အမှန်တရား ကို ပြောပြတာပါ။"
"ဒီလိုဆိုရင်။"
ရှစ်ကျွန်းရွမ် သည် ချိုသာစွာ ပြုံး၍ ပြောလိုက်သည်။ "ကျွန်မက တကယ်ပဲ လှတယ်ပေါ့။"
"အရမ်းလှတာပေါ့။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ သူသည် ဤမိန်းကလေးက ပျော်ရွှင်အောင် ပြောဆိုနေခြင်း မဟုတ်တာ သေချာသည်။ အမှန်တရားကို ပြောဆိုနေခြင်း ဖြစ်၏။
ထို့အပြင် မြောင်ဟွာခန်းမသခင်သည် အသွင်အပြင်ပိုင်းအရ လုချင်းချင်းနှင့် ယှဉ်လို့ရအောင် လှပသူ ဖြစ်သည်။
ရှစ်ကျန်းရွှမ် သည် နာနာကျင်ကျင်ဖြင့် ပြောလိုက်သည်။ "ကျွန်မ ဘယ်လောက်လှတယ်ပဲ ပြောပြော ဒါကို မမြင်နိုင်ဘူးလေ။"
အွင်း။
ကျွင်းချောင်ရှောင်းသည် သူမ လွယ်လွယ်ကူကူ စိတ်ဓာတ်ကျသွားသည်ကို မြင်တော့ မည်သို့ ပြောဆိုရမှန်းမသိ ဖြစ်သွားမိ၏။
"ဂိုဏ်းချုပ်ကျွင်း"
ရှစ်ကျန်းရွှမ် သည် ဖြစ်ပျက်နေသည့် အခြေအနေကို ဖုံးကွယ်ကာ ပြောလိုက်မိသည်။ "မကြာခင်မှာ ရှင်တို့ရဲ့ ဂိုဏ်းဆီကို လာလည် ချင်တယ်။ဘယ်လိုလဲ။"
ထို့ကြောင့် သူမသည် ကျွင်းချောင်ရှောင်းအား ဤနေရာသို့ ဖိတ်ခေါ်ခဲ့ခြင်းပင် ဖြစ်သည်။
အဆင့်ခုနစ်ဂိုဏ်းတစ်ခုသည် အဆင့်ငါးဂိုဏ်းတစ်ခုအား ဆိုးဆိုးရွားရွား ရိုက်နှက်နိုင်ခဲ့၏။ ပုံမှန်အရဆိုလျှင် သူတို့အားလုံးသည် ဤအရာနှင့်ပတ်သက်၍ အလွန်တရာ စိတ်ဝင်စားနေ၏။ သံမဏိအရိုးဂိုဏ်းတွင် မည်ကဲ့သို့သော ထူးခြားမှုမျိုး ရှိနေသနည်း။
ကျွင်းချောင်ရှောင်း ပြောလိုက်၏။ "မြောင်ဟွာခန်းမက ရင်းရင်းနီးနီးလာပြီး လည်ချင်တယ်ဆိုမှတော့ ကြိုဆိုရမှာပေါ့။"
"ရင်းရင်းနှီးနှီး လာလည်ရမယ်ဟုတ်လား။"
ရှစ်ကျွမ်းရှန်သည် ပြုံးကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်းက တကယ့်ကို စကားပြောကောင်းတယ်။ဒီလိုလုပ်ရအောင်။"
သူမဆက်ပြောလိုက်သည်။
"ကျွန်မဂိုဏ်းကိစ္စတွေနဲ့ ပတ်သက်ပြီး အရင်ပြန်ပြီး လုပ်စရာရှိတာ လုပ်အုံးမယ်။သုံးလအတွင်း သံမဏိအရိုးဂိုဏ်းကို လာလည်မယ်။"
"အမြဲတမ်း ကြိုဆိုနေပါတယ်။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
ရှစ်ကျန်းရွှမ် သည် ဘာတစ်ခုမှ ဆက်မပြောတော့ချေ။
သူမ၏ တပည့်များ တည်ရှိရာ နေရာဆီသို့ အသာလှမ်းလျောက်သွားတော့သည်။
ဤအချိန်တွင် သူမသာ ခြေချော်၍ လဲကျသွားမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် ပြေးပွေ့ပေလိမ့်မည်။
ထိုသို့ဆိုလျှင် တီဗီထဲမှ ဇာတ်လမ်းများအတိုင်း ဇာတ်လမ်းဆက်၍ ဆင်နိုင်မည်ဖြစ်၏။ သို့သော်လည်း ဆိုးသည်မှာ ရှစ်ကျန်းရွှမ် သည် မျက်စိကန်းနေသည် ဆိုသော်လည်း သိုင်းလေ့ကျင့်သူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် တမင်တကာ ရည်ရွယ်ချက် ရှိရှိနှင့် ချော်မလဲလျှင် ဘယ်တော့မှ လဲကျလိမ့်မည် မဟုတ်ချေ။
"ခေါင်းဆောင်ရှစ်"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဒီကမ္ဘာကြီးမှာ အလွန် ခက်ခဲတဲ့ ရောဂါတစ်ချို့ကို ကုသပေးနိုင်တဲ့ ကျွမ်းကျင်သူတွေ ရှိတယ်။ဒီတော့ စိတ်ဓာတ်မကျပါနဲ့ … အရေးအကြီးဆုံးက နေ့စဉ်နေ့တိုင်း ပျော်ပျော်ရွင်ရွင် နေသွားနိုင်ဖို့က အရေးအကြီးဆုံးလေ။"
သူသည် ရှစ်ကျန်းရွှမ် ကို ကိုယ်ချင်းစာ၏။ အဘယ့်ကြောင့် ဆိုသော် သူမသည် မျက်စိကန်းနေသောကြောင့် မွေးကတည်းက အလွန်တရာ မှောင်မဲလှသော မြင်ကွင်းမျိုးကို ရင်ဆိုင်ခဲ့ရသူ ဖြစ်ပေလိမ့်မည်။
သို့ပေမဲ့ သူသည် သူမအား မကူညီနိုင်ပေ။ ထို့ကြောင့်အားပေးစကားသာ ပြောဆိုခဲ့၏။
"နေ့စဉ်နေတိုင်း ပျော်ရွင်စွာနေရမယ် ဟုတ်လား"
ရှစ်ကျန်းရွှမ် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ "ကြီးမားတဲ့ ဂိုဏ်းကြီးတစ်ခုကို စီမံခန့်ခွဲရတာ ပျော်စရာမကောင်းဘူးလေ။
ထိုအရာသည် မှန်ပေသည်။ အမျိုးသမီးတစ်ယောက်အနေနှင့် ကြီးမားလှသော ဂိုဏ်းကြီးကို စီမံခန့်ခွဲရခြင်းမှာ အလွန်လေးလံလှသော တာဝန်ဝတ္တရားကြီးကို ထမ်းဆောင်ရခြင်းနှင့် ဆင်တူလှသည်။ အဘယ်မှာ ပျော်ရွင်စရာ ရှိမည်နည်း။
"ဂိုဏ်းချုပ်ကျွင်း … ဂိုဏ်းတစ်ခုကို စီမံခန့်ခွဲရတာ ရှင်ရော ပျော်ရဲ့လား။"
"ပျော်တာပေါ့။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
သူသည် နေ့စဉ်နေ့တိုင်း တပည့်များကို လေ့ကျင့်ပေးသည်။ တစ်ခါတစ်ရံ မိသားစု တစ်ခုကဲ့သို့ တပည့်များနှင့် စကားပြော၏။ သူ့အနေနှင့် မပျော်ရွင်စရာ အကြောင်းမရှိပေ။
"သံမဏိအရိုးဂိုဏ်းရဲ့တပည့်တွေက ဒီလို ပျော်ပျော်ရွင်ရွင်နေတတ်တဲ့ ဂိုဏ်းချုပ်တစ်ယောက်ရှိတာ အရမ်းကို ပျော်နေကြမှာပဲ။"
ရှစ်ကျန်းရွှမ် တီးတိုးရေရွတ်လိုက်မိ၏။ ပြီးနောက် တပည့်များ၏ အကူအညီနှင့် ထွက်ခွာသွားတော့သည်။
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုသာ ခါယမ်းလိုက်၏။
ပြီးနောက် သူသည် သူ၏ အဖော်များနှင့် တွေ့ဆုံကာ ချင်းယန် နိုင်ငံဆီသို့ ပြန်လည်ဦးတည်လိုက်တော့သည်။
"ဂိုဏ်းချုပ်"
လုချင်းချင်းသည် အသံပို့လွှတ်လိုက်၏။ "ဘာလို့ ခန်းမသခင်ရှစ်က ဂိုဏ်းချုပ်ကို ခေါ်တွေ့တာလဲ။"
ကျွင်းချောင်ရှောင်း အနည်းငယ် ဇဝေဇဝါဖြစ်သွား၏။
သူ၏ တပည့်များအားလုံးထဲတွင် ဤကဲ့သို့သော ကိစ္စရပ်များအားလုံးကို စိတ်ဝင်စားဆုံးသော လူမှာ စုချောင်မိုမှလွဲ၍ တစ်ခြားသူ မရှိပေ။ သို့ပေမဲ့ စုချောင်မိုသည် မေးမြန်းခြင်းကိုပင် မပြုလုပ်ခဲ့ပေ။
အဘယ့်ကြောင့် အမြဲတမ်း အေးစက်စက်နှင့် စကားတစ်လုံးပြောဖို့ အလွန်တရာ ခက်ခဲလှသော အကြီးဆုံးတပည့်သည် စ၍ မေးမြန်း နေရသနည်း။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဘာမှ မဟုတ်ပါဘူး။ချီးကျူးစကားပြောတာ။ ဒါက ငါ့ကို နည်းနည်းရှက်ရွံ့စေတယ်။"
"ဪ… ဒီလိုကိုး။"
လုချင်းချင်းသည် ထူးမခြားနားသလို ပြန်ပြောလိုက်၏။
ကျွင်းချောင်းရှောင်း ပြောလိုက်သည်။ "အင်း … ငါက အရမ်းချောတယ်လေ။ဒါ့ကြောင့် လူတိုင်းက ငါ့ကို ချစ်ခင်ကြတယ်။"
သူသည် အသံပို့လွှတ်၍ လုချင်းချင်း၏ မျက်နှာ အမူအရာအပြောင်းအလဲကို သေချာကြည့်ရှုနေသည်။
သို့ပေမဲ့ အဆုံးသတ်မှာတော့ လုချင်းချင်းသည် အလွန်တရာ အေးစက်၍ ခံစားချက်မဲ့သည့် မျက်နှာ အမူအရာမျိုးနှင့်သာ ရှိနေသည်ကို မြင်လိုက်ရ၏။
ကြည့်ရတာ ငါ အတွေးလွန်နေတာ ဖြစ်မယ်။
လုချင်းချင်း ပြောလိုက်သည်။ "ခန်းမသခင်ရှစ်က မရိုးရှင်းဘူး။ဂိုဏ်းချုပ် သတိထားသင့်တယ်။"
"ကောင်းပါပြီ။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်တစ်ယောက် ဖြစ်လာသည်ဆိုမှတော့ သူမသည် လှပသည့် မိန်းကလေးတစ်ယောက် သီးသန့် ဖြစ်မည်ဟု သူ မထင်မှတ်မိချေ။ ထိုထက် ပိုမိုသော စွမ်းဆောင်ရည် နှင့် စိတ်နေစိတ်ထား ရှိပေလိမ့်မည်။
"သုံးလအတွင်းမှာ ခန်းမသခင်ရှစ်က ဂိုဏ်းကို လာလည်လိမ့်မယ်။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
လုချင်းချင်း မျက်မှောင် ကုတ်တာ ပြောလိုက်၏။ "သူမက ကျွန်မတို့ သံမဏိအရိုးဂိုဏ်းနဲ့ ပတ်သက်ပြီး စုံစမ်းချင်လို့ လာတာ ဖြစ်မယ်။ ဂိုဏ်းမှာရှိတဲ့ လျှို့ဝှက်ချက်တွေကို ဖွက်ထားမှာလား။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"ဂိုဏ်းထဲမှာ အပြင်လူတွေ သိလို့မရတဲ့ အရာတွေ အများကြီးရှိတယ်။ဒီတော့ သူမ လာမယ်ဆိုရင် ဒီအရာတွေအားလုံးကို ဖွက်ထားရမှာပေါ့။"
"နတ်စမ်းချောင်းဂိုဏ်းနဲ့ တိုက်ခိုက်ပြီးနောက်မှာ ကျင့်ကြံသူတော်တော်များများက သံမဏိအရိုးဂိုဏ်းအကြောင်းကို သိသွားကြပြီ။"
လုချင်းချင်း ပြောလိုက်၏။ "ဒါကြောင့် ဂိုဏ်းချုပ်အနေနဲ့ အပြင်ကလူတွေ ကျုးကျော်ဝင်ရောက်ပြီး ကြွက်သားတည်ဆောက်ခြင်း အခန်းတွေကို ခိုးယူသွားမှာ စိုးရိမ်သင့်တယ်။ ဂိုဏ်းရဲ့ အကာအကွယ်အစီအရင်ကို အသက်သွင်းထားဖို့ လိုလာပြီလို့ ဒီတပည့်ထင်တယ်။"
ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့ကို ပွတ်ကာ ပြောလိုက်သည်။ "ဒါအမှန်ပဲ”
“ဂိုဏ်းချုပ်။"
စုချောင်မိုသည် အသံပိုလွှ့တ်ကာ ပြောလိုက်သည်။ "ခန်းမသခင်ရှစ်က ဘာတွေ ခေါ်ပြောတာလဲ။"
ထင်ထားသည့်အတိုင်းပဲပင် ဤအကောင်သည် အလွန်စပ်စုလှ၏။ ဂိုဏ်းချုပ်ကျွင်း၏ အထင်သည် မမှားယွင်းခဲ့ချေ။
နတ်စမ်းချောင်းဂိုဏ်းဆီမှ ချင်းယန်နိုင်ငံဆီသို့ ပြန်လာသည့် ခရီးစဉ်သည် သုံးရက်မှလေးရက်ခန့်ကြာမြင့်၏။
သူတို့သည် အောင်ပွဲရရှိပြီးသည့်နောက်မှာတော့ စိတ်အခြေအနေ ပျော်ရွှင်နေသည်မို့ အလျင်စလိုနှင့် မပြန်လှချေ။
မာယွင်တန်နှင့် ဝမ်တုန်လင်တို့သည် ဂိုဏ်းချုပ်ကျွင်းနှင့် အတူ လိုက်လာပြီး ဂိုဏ်းချုပ်ကျွင်း၏ အကင်စွမ်းရည်ကို မြည်းစမ်းကြည့်ရသည့်အတွက် အလွန်ကံကောင်းသည်ဟု ဆိုရမည်။
"မဆိုးဘူး။"
တုတ်ချောင်းများနှင့် ထိုးသွင်းထားသည့် အကင်များကို စားသုံးပြီးသည့်နောက်မှာတော့ အကြီးအကဲမာသည် ချီးကျုးလိုက်မိ၏။ "အသားကို ဒီလို အမွှေးနံ့သာ တွေသုံး၊ မီးကင်ပြီးတော့ စားလို့ရတယ်ဆိုတာကို ဒီအဘိုးကြီး ပထမဦးဆုံး သိတာပဲ။"
ဝမ်တုန်လင်သည် သေးငယ်လှသော ဝိုင်ခွက်လေးတစ်ခုကို ကိုင်၍ သောက်လိုက် ၊ အကင်စားလိုက်နှင့် အလွန်တရာ ဇိမ်ကျနေ၏။
မြို့တော်ဝန်ရှစ် အိုက်မိသားစုနှင့် တစ်ခြားသော ခေါင်းဆောင်များသည် အကင်၏ အရသာအား အရင်ကတည်းက စားသုံးခဲ့ဖူး၏။ ထို့ကြောင့် သူသည် ထူးဆန်းသည့် အမူအရာမျိုး မပြသခဲ့ချေ။ အားရပါးရသာ စားသုံးလျက်ရှိနေတော့သည်။
"ဂိုဏ်းချုပ်"
လျိုဝမ်ရှစ်သည် အသာလျှောက်လှမ်းလာပြီး လက်ယားဟန်ဖြင့် ပြောလိုက်သည်။ "စမ်းကင်ကြည့်ရအောင်။"
"ကောင်းပြီ။"
ကျွင်းချောင်ရှောင်းသည် အကင်မီးဖို၏ အနားမှ အသာဖယ်ပေးလိုက်၏။
လျှိုဝမ်ရှစ်သည် သူမ၏ ချက်ပြုတ်ခြင်းစွမ်းရည်အား အလုံးစုံ ပြသတော့သည်။
သူမကင်ထားသော အကင်များသည် ပိုမိုမွှေးပျံ့လွန်းပြီးအနံ့ရှူလိုက်သည်နှင့် အားလုံးသည် စားချင်စိတ်များ ဖြစ်ပေါ်လာသည်။
သို့ပေမဲ့ လူအားလုံး ပျော်ပျော်ရွင်ရွင် စားသောက်နေတုန်းမှာပဲ အမှောင်ထဲမှ ခြေသံများ ထွက်ပေါ်လာ၏။
ပြီးနောက် အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူ တစ်ဒါဇင်ကျော်တို့သည် လျှောက်လှမ်း ထွက်လာကြသည်။
ထိုသူတို့သည် မျက်နှာဖုံးတော့ မစွပ်ထားချေ။ သို့ပေမဲ့ အမဲရောင်ဝတ်စုံများကိုတော့ တစ်ကိုယ်လုံးအပြည့် ဝတ်ဆင်ထား၏။
ထိုသူတို့၏ မျက်လုံးထဲတွင် အလွန်တရာ အေးစက်မှုများ ရှိနေပြီး ခန္ဓာကိုယ်ဆီမှလည်း ထူးဆန်းသည့် အရှိန်အဝါများ ထွက်ပေါ်လျက်ရှိသည်။
ရင်ဘတ်ပေါ်မှာတော့ ကြမ်းတမ်းလှသော သားရဲကြီးတစ်ကောင်၏ ပုံကို ရေးထိုးထားသည်။
"နတ်ဆိုးမိစ္တာဂိုဏ်း။"
မာယွင်တန်နှင့် ဝမ်တုန်လင်တို့သည် ချက်ချင်းပဲ မျက်မှောက်ကုတ်မိလိုက်ကြ၏။
"ဘာ"
မြို့တော်ဝန်ရှဲ့၊ အိုက်မိသားစုနှင့် တစ်ခြားသော ခေါင်းဆောင်များ၏ မျက်နှာများသည်လည်း ပြောင်းလဲသွားတော့သည်။
နတ်ဆိုးမိစ္တာဂိုဏ်းဟူသော နာမည်ကို သူတို့အရင်ကတည်းက ကြားဖူးခဲ့သည်။ အဓိကမြို့ကြီးများတွင် ဂိုဏ်းခွဲများ တည်ဆောက်ထားနိုင်သော မိစ္ဆာဂိုဏ်းတစ်ခုဖြစ်၏။
အလွန်အမင်း အားကောင်းလှပြီး အဆင့်နှစ် ဂိုဏ်းတစ်ခုပင်လျှင် ၎င်းတို့အားရန်မပြုရဲချေ။ ယခုရုတ်တရက် ပေါ်ပေါက်လာသည်ဆိုသည်မှာ ကောင်းမွန်သည့် ရည်ရွယ်ချက်တော့ ရှိပုံတော့ မပေါ်ပေ။
“ဟား …. ဟား …. ဟား”
ရှေ့မှ ဦးဆောင်လာသော အဘိုးအိုသည် အေးစက်စက် ရယ်လိုက်၏။
"အကြီးအကဲမာ၊ အကြီးကဲဝမ်၊ ဒီခေါင်းဆောင်က လူတွေကို ခေါ်လာခဲ့တယ်။ခင်ဗျားတို့ ပျော်ပွဲစားနေတာကို အနှောက်အယှက်မဖြစ်ဘူးလို့ ထင်ပါတယ်။"
"ဒီခေါင်းဆောင် ဟုတ်လား။"
ဤလူသည် နတ်စိုးမိစ္ဆာဂိုဏ်း၏ ဠာနခွဲမှူးတစ်ယောက် ဖြစ်သည်။
မာယွင်တန် လေးလေးနက်နက် ပြောလိုက်သည်။
"ဒီကို ရောက်လာတာ ဘာကိစ္စရှိလိုလဲ။"
အဘိုးအိုသည် ကျွင်းချောင်ရှောင်းကို ကြည့်ကာ ပြောလိုက်သည်။ "ခေါင်းဆောင်က ဒီနေရာကို ရောက်လာတာက သံမဏိအရိုးဂိုဏ်းချုပ်ဆီကနေ တစ်စုံတစ်ခု ငှားရမ်းချင်လို့ပါ။"
"ဘာကို ငှားရမ်းချင်တာလဲ။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
အဘိုးအိုသည် အဓိပ္ပာယ်ပါပါဖြင့် ရယ်ကာ ပြောလိုက်သည်။ "နတ်စမ်းချောင်းဂိုဏ်း ဂိုဏ်းချုပ်ကို အနိုင်ယူခဲ့တုန်းက အသုံးပြုခဲ့တဲ့ လက်နက်စိတ်ဝိညာဉ်ဓားမော့ကို ပြောတာလေ။"