← Chapters

အခန်း (၃၀၅)

Vol. 21 Ch. 305

အခန်း (၃၀၅)

Vol. 21 Ch. 305

ထိုအသံကိုကြားတော့ အပြင်ဘက်ရှိ ကလေးများသည် တုတ်နှင့် အရိုက်ခံရမည်ကို ကြောက်ရွံသောကြောင့် ချက်ချင်းပဲ လက်ထဲရှိ ခဲများအား ပစ်ချပြီး ပြေးကြတော့သည်။

ကျွီ ..။

ယိုင်နေသော တံခါးသည် ပွင့်လာသည်။ လက်တစ်ဖက်က ခေါင်းကို ကိုင်၊ လက်တစ်ဖက်က တုတ်ကို ကိုင်ဆောင်ထားသော လူတစ်ယောက်သည် အပြင်သို့ အလောသုံးဆယ် ပြေးထွက်လာသည်။ ထိုသူသည် အပြင်ကို ရောက်ချိန်မှာတော့ တစ်ယောက်မှ မရှိတော့သည်ကို မြင်လိုက်ရသည်။ သူသည် ထူးမခြားနားသလို ပြောလိုက်၏ “ဟမ့် …. နောက်တစ်ကြိမ် ငါ ဖမ်းတာခံရလို့ကတော့ နာပြီသာမှတ်”

ကု … ကူ ..။

သူ ပြန်အိပ်ဖို့ စဉ်းစားနေတုန်းမှာပဲ အပြင်ဘက် သစ်ပင်တစ်ခု ဆီမှ ငှက်အော်သံ တစ်ခုကို ကြားလိုက်ရ၏။

အိပ်ချင်နေသော သူ၏ မျက်လုံးများသည် တောက်ပြောင်သွားသည်။ သူသည် လက်ကိုမြှောက်၍ ငှက်ကို ဆင့်ခေါ်ကာ ငှက်ခြေထောက်ရှိ စာလိပ်အား ယူလိုက်သည်။

သူသည် စာကို ဖတ်ကြည့်လိုက်ပြီးနောက် ထူးမခြားနားသလို ပြောလိုက်သည် “သံမဏိအရိုးဂိုဏ်း ကို ရှင်းပစ်ရမှာလား။”

ဝှစ် ..။

သူသည် ခနော်ခနဲ့ အိမ်လေးကနေ ပြန်ထွက်လာလိုက်သည်။

ဤတစ်ကြိမ်မှာတော့ သူ၏ စုတ်ပြတ်သပ်နေသော အဝတ်အစာများနေရာတွင် အမဲရောင် ဝတ်စုံအဖြစ် ပြောင်းလဲနေပြီ ဖြစ်သည်။ သို့ပေမဲ့ သူ၏ ဆံပင်များသည် ရှုပ်ပွလျက် ရှိပြီး ခန္ဓာကိုယ်ဆီမှလည်း အလွန်တရာပျင်းရိသည့် အရှိန်အဝါမျိုးတွေ ထွက်ပေါ်လျက် ရှိနေသေး၏။

ထိုသူက တီးတိုးရေရွတ်လိုက်သည် “မြန်မြန်ရှင်းပစ်ပြီး ပြန်အိပ်ရမယ်”

ဝှစ် …။

သူုသည် လှုပ်ရှားမှု နည်းစနစ်ကို ထုတ်ဖော်လိုက်တော့ ဝိညာဉ်တစ်ကောင်ကဲ့သို့ပင် ခြံဝန်းထဲမှ ပျောက်ကွယ်သွားသည်။ သူသည် မိုင်တစ်ထောင် အကွာအဝေး တွင် ရှိနေသော ချင်းယန် နိုင်ငံဆီသို့ ဦးတည်လိုက်သည်။

ထိုသူသည် အမှန်ပင် ကျွမ်းကျင်သူဖြစ်သည်။ သို့ပေမဲ့ စုတ်ပြတ်သပ်နေသော ခနော်ခနဲ့ အိမ်လေးထဲတွင် နေထိုင်ပြီး ကလေးများ၏ စနောက်၊ ခဲနှင့် ပစ်ခြင်းကိုပင် ခံယူနေသည်။

သို့သော်ငြား ထူးဆန်းသော အမူအကျင့်နှင့် နေထိုင်တတ်ကြသော ကျွမ်းကျင်သူများသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် အများအပြား ရှိကြသည်။ သူတို့သည် လောကကြီးက သူတို့ကို မသိနိုင်လောက်သည်အထိ သိုသိုသိပ်သိပ် နေထိုင်တတ်ကြ၏။

သာမာန်လူများ၏ မျက်လုံးထဲတွင် ထိုသူတို့သည် သာမာန်အလွန်ကျလှပြီး တကယ်တမ်းမှာတော့ ထိုသူများသည် ကျင့်ကြံခြင်းအဆင့် အလွန်မြင့်မားကာ လက်ချောင်းလေးတစ်ချောင်းနှင့်ပင် လူတစ်ယောက်အား အလွယ်တကူ သတ်ဖြတ်ပစ်နိုင်စွမ်း ရှိသည်။

ယခု ချင်းယန်မြို့သို့ ခရီးထွက်ခွာလာသူမှာ သိုင်းဘုရင် တစ်ယောက် ဖြစ်ပြီး ကျန့်ရာ ဟု ခေါ်သည်။

သူသည် နတ်ဆိုးမိစ္ဆာဂိုဏ်း၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်သော်လည်း ဂိုဏ်း၏ တပည့်တစ်ယောက်တော့ မဟုတ်ပေ။ အလုပ်သမား တစ်ယောက်ကဲ့သို့ ဂိုဏ်း၏ ကိစ္စများအား အချိန်ပိုင်း လုပ်ဆောင်ပေးနေသူဖြစ်သည်။ ထို့ကြောင့် အရှေ့တောင် ရန်ကျူး၏ ဠာနခွဲတွင်မနေထိုင်ခြင်း ဖြစ်သည်။

ဟုတ်ပေသည်။ သူသည် ကျန့်မိသားစု၏ မျိုးဆက်လည်း ဖြစ်၏။

သူ၏ မိဘများသည် သူ့အား ဤခနော်ခနဲ့ အိမ်လေးနှင့်သာ ထားရစ်ခဲ့သည်။

ကျန့်ကျားရွာရှိ လူများ၏ မျက်လုံးထဲတွင်တော့ သူသည် စားဖို့ အိပ်ဖို့သာသိသည့် လူ့ဗာလ တစ်ယောက်သာ ဖြစ်လေ၏။ သို့ပေမဲ့ တကယ်တမ်းမှာတော့ မိစ္ဆာဂိုဏ်းအတွက် အလုပ်လုပ်သူဖြစ်သည်မို့ လူ့အသတ်အား သတ်ဖြတ်ခြင်းသည် သူ့အတွက် အပျင်းရိုက်သတ်သည့် ခြင်ရိုက်ခြင်းအလုပ်လိုပင်။

သိုပေမဲ့ သူသည် မိစ္ဆာဂိုဏ်းအတွက် အလုပ်လုပ်နေသူဖြစ်ကြောင်း မည်သူ့ကိုမှ မပြောပြချေ။

တာဝန်မရှိချိန်တွင် ရွာထဲရှိ ခနော်ခနဲ့ အိမ်လေးထဲတွင် နေထိုင်နေတတ်ပြီး သာမာန်လူတစ်ယောက် ကဲ့သို့ ကလေးများ၏ စနောက်အနိုင်ကျင့်စရာလူုတစ်ယောက်ပင် ဖြစ်နေသည်။

ဂိုဏ်းခွဲမှုသည် သူ့အား ဝိုင်ကောင်းကောင်း ၊ အစားအသောက် ကောင်းကောင်း ၊ လှပသည့် မိန်းကလေးများ၏ ပြုစုမှုကို ရရှိနိုင်သည့် ဠာနခွဲတွင် အဘယ့်ကြောင့် လာရောက် မနေထိုင်သနည်း ဆိုသည်ကို မေးမြန်ခဲ့ဖူးသည်။

ကျန့်ရာ၏ အဖြေမှာ သူ၏ အိမ်မဟုတ်သောကြောင့် ပင်ဖြစ်၏။

သူသည် အများကြီးမပြောပြခဲ့ချေ။ စကားလုံး အနည်းငယ်နှင့် အလွန်တရာကျယ်ဝန်းသော အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပြသခဲ့ခြင်းသာ ဖြစ်သည်။

သို့ပေမဲ့ ဂိုဏ်းခွဲမှုးသည် သူ့အား အရူးတစ်ယောက်ဟုသာ သတ်မှတ်ခဲ့၏။

တာဝန်ထမ်းဆောင်ချိန်တွင် ကျန့်ရာသည် သာမာန်လူအဖြစ်မှ ငရဲပြည်၏ မိစ္ဆာတစ်ကောင် ကဲ့သို့ အသွင်ပြောင်းသွားသည်။ သူ၏ မျက်လုံးထဲတွင် ပစ်မှတ်သည် ဘယ်သောအခါကမှ အသက်မရှင်နိုင်ခဲ့ချေ။

သူသည် ဂိုဏ်းပေါင်း ဒါဇင်နှင့်ချီပြီး ဖျက်ဆီးခဲ့ဖူးသည်။

သိုင်းဘုရင်တစ်ယောက်လည်း ဖြစ်ပြီး အလုပ်လုပ်ရာတွင် ပြတ်သားလွန်သောကြောင့် နတ်ဆိုးမိစ္ဆာဂိုဏ်းသားများ သည် သူ့အား ငရဲမင်းကျန့် ဟုပင် အမည်ပြောင် ပေးထားခဲ့ကြ၏။

ကျန့်ကျားရွာမှာတော့ သူ၏ နာမည်သည် သူတောင်းစားကျန့် ဖြစ်သည်။

သူတောင်းစား နှင့် ငရဲမင်းကျန့် ..။

နာမည်နှစ်ခု၏ အဓိပ္ပာယ်နှင့် ကိုယ်ရည်ကိုယ်သွေးသည် လူနှစ်ယောက်ကဲ့သို့ ခြားနားနေ၏။

“သံမဏိအရိုးဂိုဏ်းလား….”

အလွန်တရာမြန်ဆန်သောနှုန်း ဖြင့် သွားလာနေသော ကျန့်ရာသည် တီးတိုးရေရွတ်လိုက်သည် “ဘာနာမည်မှ မရှိတဲ့ဂိုဏ်းပဲ။ ဠာနခွဲမှုးကျောင်းကို ဘယ်လိုလုပ် သတ်နိုင်တာလဲ”

……..

သံမဏိအရိုးဂိုဏ်း …။

ကျွင်းချောင်ရှောင်းသည် မြို့တော်ဝန်ရှဲ့နှင့် လမ်းခွဲပြီးနောက် တပည့်များအား ဦးဆောင်ကာ ဂိုဏ်းဆီသို့ ပြန်လာခဲ့သည်။

သူတို့အား စောင့်မျှော်နေကြသည့် တပည့်များသည် ခုနှစ်ဆယ့်လေးပွဲ အနိုင်ယူကာ ပြန်လာနိုင်ခဲ့သည် ဆိုကြောင်းကို သိရှိချိန်မှာတော့ စိတ်လှုပ်ရှား တက်ကြွလာကြ၏။

“ဂိုဏ်းချုပ်”

လီလိုရှု ပြောလိုက်သည် “သံမဏိအရိုးဂိုဏ်းက တပွဲမှ မရှုံးခဲ့ဘူးဆိုတာ မယုံကြည်နိုင်စရာပဲ”

ကျွင်းချောင်ရှောင်း ရယ်လိုက်သည် “အနာဂတ်မှာ ဒီလို မယုံကြည်နိုင်စရာတွေ အများကြီး ကြုံရအုံးမယ်။ စိတ်လျော့ထား”

“ဒါဆို”

လီလိုရှု ပြောလိုက်သည် “ဒီည အောင်ပွဲ အခမ်းအနား လုပ်မှာလား”

“လုပ်မှာပေါ့”

အောင်မြင်မှုကြီးကြီးမားမား ရရှိလာပြီ ဆိုသောကြောင့် ကျိန်းသေပေါက် အောင်ပွဲကို ပြုလုပ်မှ ဖြစ်မည်။

သို့ပေမဲ့ အောင်ပွဲမကျင်းပခင်မှာ ဂိုဏ်း၏ စဦးအကာအကွယ် အစီအရင်အား အလယ်အလတ် အဆင့် အစီအရင် နှင့် အစားထိုးရန် ဦးစားပေး လုပ်ဆောင်ရမည်။

တစ်နာရီလောက်ကြာမြင့်ပြီး ဂိုဏ်းစုဆောင်းမှတ် ဆယ်မှတ်အား အသုံးပြုပြီးသည့်နောက် ဂိုဏ်း၏ အကာအကွယ် အစီအရင် အသစ်သည် မြန်မြန်ဆန်ဆန်ပဲ အသက်ဝင်ဖြစ်တည်သွားသည်။ ပြီးနောက် မြင်ကွင်းမှ ပျောက်ကွယ်သွား၏။

အစီအရင်၏ အဆင့်သည် မြင့်မားလာသောကြောင့် အတွင်း၊အပြင် ခြံဝန်းကိုတင် မကဘဲ ဂိုဏ်း၏ကြီးမားလှသော တောင်အနောက်ဘက် တည်နေရာကိုပါ ဖုံးလွှမ်းကာကွယ်ပေးထားနိုင်သည်။

စနစ်မှ ပြောလိုက်သည် “အလယ်အလတ် အစီအရင်ဆိုတော့ သိုင်းစစ်သူကြီး ဒါမှမဟုတ် သိုင်းအုပ်စိုးသူ တစ်ယောက် ရဲ့ တိုက်ခိုက်မှုကို သက်တောင့်သက်သာ နဲ့ လက်ခံနိုင်တယ်။”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ငါ စိတ်ချမ်းသာပြီ”

စွမ်းအားမြင့် အကာအကွယ် တည်ရှိနေပြီ ဖြစ်သောကြောင့် နတ်ဆိုးမိစ္ဆာဂိုဏ်းအား ကြောက်လန့်ရန် မလိုတော့ချေ။

အစီအရင်ကို အသက်သွင်းပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် စဦးစတိုးကို ဖွင့်၍ ဂိုဏ်းစုဆောင်းမှတ် ၂၀၀ ကို အသုံးပြုကာ မတူညီသည့်အရည်အသွေးနှင့် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးပုလင်း လေးလုံးအား ဝယ်ယူလိုက်သည်။

လက်ရှိအချိန်မှာတော့ သူ့တွင် ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေးပုလင်း လေးဆယ်ထိ ရှိနေပြီဖြစ်သည်။ နတ်စမ်းချောင်းဂိုဏ်းနှင့် တိုက်ပွဲတွင် ပါဝင်ခဲ့သော အပြင်စည်းတပည့်များအား သူ စတင်၍ ဖြန့်ဝေပေးလိုက်၏။

လီယုဟွာ နှင့် လင်းယွမ်ရွှယ်တို့သည် အဆင့်မြင့် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးရည်ကို ရရှိကြသည်။

လီထျန်းထျန်း ၊ စီမာကျုံုးတ နှင့် တခြားသူများသည် အလယ်အလတ်အဆင့် ဆေးရည်ကို ရရှိကြ၏။

ထို့ကြောင့် နတ်စမ်းချောင်းဂိုဏ်းတိုက်ပွဲတွင် လိုက်ပါလာကြသော အပြင်စည်းတပည့်များအားလုံးသည် ဆေးရည်ကြောင့် စိတ်ဝိညာဉ်အမြစ်များ အဆင့်တိုးသွားကြသည်။

ကျွင်းချောင်ရှောင်း၏လက်ရှိ ဂိုဏ်းစုဆောင်းမှတ် အရေအတွက် အရဆိုလျှင် တပည့်များ ဆက်လက်တိုးတက်အောင် ဆေးရည်အား ဝယ်ပေးနိုင်သည်။

သို့ပေမဲ့ ဂိုဏ်းစုဆောင်းမှတ်များအား အလွန်အကျွံ သုံးစွဲ၍ မဖြစ်ချေ။

ထို့အပြင် နတ်ဆိုးမိစ္ဆာဂိုဏ်း၏ ရန်ကို စိုးရိမ်ရသောကြောင့် အလယ်အလတ်အဆင့် ဂိုဏ်းအကာအကွယ် အစီရင်အား အချိန်တိုင်း အသက်သွင်းထားရသည် မဟုတ်လား။

ထိုအရာသည် တစ်နေ့လျှင် ဂိုဏ်းစုဆောင်းမှတ် ဆယ်မှတ်ကုန်ကျသောကြောင့် သုံးလလျှင် ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀ ကုန်ဆုံးမှာ ဖြစ်သည်။ ထို့ကြောင့် ဂိုဏ်းစုဆောင်းမှတ် များအား ချန်ထားရမည်။

အပြင်စည်းတပည့်များအား ဖြန့်ဝေပေးပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ထျန်းချီအား ခေါ်ဆောင်၍ အဆင့်မြင့် ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေးရည်အား ပေးလိုက်သည်။

တာဝန်ပြည့်စုံစေသည့်အတွက် စနစ်သည် သူ့အား အဆင့်မြင့် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်းဆေးပုလင် နှစ်ပုလင်း ပေးခဲ့၏။

“ကျေးဇူးပါ ဂိုဏ်းချုုပ်”

ထျန်းချီသည် တစ်ခါတည်း သောက်သုံးလိုက်တော့ သူ၏ စိတ်ဝိညာဉ်အမြစ်သည် အဆင့်မြင့် အဆင့်မှ အထူးအဆင့်သို့ ပြောင်းလဲရောက်ရှိသွားတော့သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း အဆင့်လေး သိုင်းဆရာ မှသည် အဆင့်ငါး သိုင်းဆရာထိ ရောက်ရှိသွား၏။

ထို့ကြောင့် သံမဏိအရိုးဂိုဏ်း အတွင်းစည်းတပည့်များ အားလုံးသည် အထူးစိတ်ဝိညာဉ်ကို အနည်းဆုံး အဆင့်တွင် ပိုင်ဆိုင်ထားကြသူများ ဖြစ်သွားကြသည်။ အပြင်စည်း တပည့်များတွင်လည်း အဆင့်မြင့် စိတ်ဝိညာဉ် အမြစ်နှင့် တပည့် ဆယ့်လေးယောက် ရှိလို့နေသည်။

အဆင့်မြင့် စိတ်ဝိညာဉ်အမြစ် အရေအတွက်တွင် အဆင့်လေးဂိုဏ်းတောင်မှ ယှဉ်၍ ရမည် မဟုတ်ချေ။ သူတို့ လိုအပ်နေသည်မှာ ကျင့်ကြံခြင်းအဆင့်အား မြင့်တင်ရန် ဖြစ်တော့၏။

“အဆင့်မြင့် ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေးတစ်ပုလင်းကျန်သေးတယ်။ ဘယ်သူ့ကို ပေးရမလဲ”

ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်မိသည်။

သူ့တွင် ပေးစရာလူနှစ်ယောက် ရှိသည်။

လုံကျိရန် နှင့် စီမာကျုံးတ ဖြစ်သည်။ နှစ်ယောက်လုံးသည် အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်ကို အစောကတည်းက ပိုင်ဆိုင်ထားကြသူများဖြစ်၏။

“ထားလိုက်တော့။”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဂိုဏ်းပြိုင်ပွဲစမှ ပထမရသူကို ပေးလိုက်မယ်။”

အချိန်ကိုတွက်ကြည့်လျှင် ဂိုဏ်း၏ ပထမဆုံး သိုင်းပြိုင်ပွဲကျင်းပရန် လဝက်ကျော်သာ ကျန်ရှိတော့သည်။ သိုင်းပြိုင်ပွဲတွင် ဖော်ပြသော အရည်အချင်းအရ အတွင်းစည် တပည့်အဖြစ် လက်ခံရန် သူ စဉ်းစားထားသည်။

“ငါ တိုက်ရိုက်တပည့် ထားရင် ကောင်းမလား” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

စနစ် “ဂိုဏ်းမှာ အကြီးအကဲ နဲ့ ခန်းမသခင်တွေ ပိုထားဖို့ လက်ခံသူစဉ်းစားသင့်တယ်”

ကျွင်းချောင်ရှောင်း၏မျက်လုံးများသည် ချာချာလည်သွားသည် “လိုချင်တာပေါ့။ ဒါပေမဲ့ ဂိုဏ်းထဲမှ ဘယ်သူက အဲနေရာတွေ အတွက် သင့်တော်လဲ”

စနစ်သည် ခဏလောက် ငြိမ်သက်သွားသည်။ ပြီးနောက် ပြောလိုက်၏ “ဘယ်သူမှ မသင့်တော်ပါဘူး”

All Chapters