← Chapters

အခန်း (၃၀၃)

Vol. 21 Ch. 303

အခန်း (၃၀၃)

Vol. 21 Ch. 303

သူတို့သည် နတ်စမ်းချောင်းဂိုဏ်းမှ ထွက်ခွာလာခဲ့သည်မှာတစ်ရက်သာ ကြာမြင့်သေး၏။

သို့ပေမဲ့ နဂါးစိမ်းးလခြမ်းဓားမော့နှင့် ပတ်သက်သည့်သတင်းအား နတ်ဆိုးမိစ္ဆာဂိုဏ်းသည် ကြိုတင်၍ ရရှိနေပြီဖြစ်သည်။

ထို့ကြောင့် သူ့‌အနောက်သို့လိုက်ရန် ဠာနခွဲမှုး တစ်ယောက်ကိုပင် စေလွတ်လိုက်၏။ ဤသတင်းပျံ့နှံ့မှုနှုန်းသည် အလွန်တရာ မြန်ဆန်သည်ဟု ဆိုရမည်။

တိုက်ကြီးများရှိ အဓိကမြိုကြီးများတွင် ဂိုဏ်းခွဲများစွာ တည်ထောင်ထားနိုင်သည့် တတိယအဆင့် မိစ္ဆာဂိုဏ်းတစ်ခုဖြစ်သောကြောင့် သတင်းအချက်အလက်ရယူမှုသည် အလွန်တရာ အားကောင်းနေသည်မှာ သံသယရှိစရာ မလိုပေ။

မာယွင်တန် နှင့် ဝမ်တုန်လင်တို့၏ မျက်မှောင်များသည် ပိုမို၍ ကျုံ့သွားခဲ့၏။

ဤဠာနခွဲမှုး ထုတ်လွှတ်လိုက်သော အော်ရာများကို ကြည့်မည်ဆိုလျှင် သိုင်းစစ်သူကြီး ထပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်နေသည်။ သူတို့အနေနှင့် ထိုသူအား ရင်ဆိုင်‌နိုင်သည်ဆိုသော်လည်း သူတို့သာ တိုက်ခိုက်မည်ဆိုလျှင် နတ်ဆိုးမိစ္တာဂိုဏ်းအား ရန်ပြုခြင်းနှင့် တူညီပေ‌လိမ့်မည်။

မှန်ကန်သည့် ဂိုဏ်းတစ်ခုဖြစ်နေပါက ထိုသူတို့အား ရန်ပြုရခြင်းကို သူတို့ရဲရဲဝင့်ဝင့် ပြုလုပ်ရဲကြသည်။

သို့ပေမဲ့ တစ်ဖက်လူသည် မိစ္တာဂိုဏ်းဖြစ်သောကြောင့် ရန်ငြိုးတစ်ခုခု ထားရှိပြီးလျှင် ဆိုးရွားသည့် ကလဲ့စားချေမှုများကို ပြုလုပ်ကြမှာ သေချာသည်။ ပေါ်ပေါ်တင်တင် တိုက်ခိုက်မှုမျိုးကို မပြုလုပ်ဘဲ သူတို့၏ ဂိုဏ်းအား အကြိမ်ကြိမ် အလစ်ချောင်း တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်၏။

"ဓားမော့ကို ငှားချင်တာလား။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "မဖြစ်နိုင်ပါဘူး။"

မာယွင်တန် နှင့် ဝမ်တုန်လင်တို့သည် ကြောင်သွား၏။

ဂိုဏ်းချုပ်ကျွင်းသည် နတ်ဆိုးမိစ္ဆာဂိုဏ်းအား ဓားမော့ပေးလိုက်မည်ဟု သူတို့ထင်မိခဲ့သည်။

ဟုတ်ပေသည်။ တကယ်တမ်း စဉ်းစားကြည့်မည်ဆိုလျှင် သူ၏ ဓားမော့သည် လက်နက်စိတ်ဝိညာဉ် ရှိသောကြောင့် အားကောင်းလှ၏။

ထို့ကြောင့် တတိယအဆင့် မိစ္ဆာဂိုဏ်းတစ်ခုကိုသာ ငှားရမ်းလိုက်မည် ဆိုလျှင် အလွန်ဆိုးရွားသည့် ကပ်ဘေးများ ဖြစ်ပေါ်လာရန် ဖန်တီးပေးလိုက်သလို ဖြစ်မှာ သေချာသည်။ မငှားခြင်းကသာ အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်ပေလိမ့်မည်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် သူ၏ လက်ကို ဝှေ့ယမ်းလိုက်တော့ လက်ထဲတွင် နဂါးစိမ်းလခြမ်းဓားမော့ ပေါ်လာသည်။ သူ၏ မျက်လုံးများသည် အေးစက်သည့် အမူအရာများနှင့် ပြည့်နက်သွားသည်။ “ဒီဟာကို ရနိုင်မလား ဆိုတာက ခင်ဗျားဆီမှာ အရည်အချင်းရှိလား မရှိလားပေါ်မှာ မူတည်တယ်။”

လီချင်းယန် ၊ ရှောင်ကျီနှင့် တစ်ခြားသူများအားလုံးသည် အကင်ချောင်းများကို လွင့်ပစ်လိုက်ကြပြီး စဦးအအေးဓားများကို ထုတ်လိုက်ကြသည်။ သူတို့၏ မျက်လုံးများသည် တိုက်ခိုက်လိုခြင်း အပြည့်နှင့် ဖြစ်နေသည်။

တောင်ပြာဂိုဏ်းမှ အကြီးအကဲနှစ်ယောက်တို့သည် ကြောင်သွား၏။ သို့သော်လည်း သူတို၏ စိတ်ထဲတွင်တော့ အလွန်တရာ ချီးကျူးမိကြ၏။ "သံမဏိအရိုးဂိုဏ်းသားပီသတယ်။တကယ့်ကို သံမဏိလို ခိုင်မာတဲ့ သတ္တိကို ပိုင်ဆိုင်ကြတာပဲ။"

ဝမ်တုန်လင်သည် မတ်တပ်ရပ်၍ သူ၏ သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့် အရှိန်အဝါအား ထုတ်ဖော်လိုက်သည်။ သူသည် လေးလေးနက်နက် ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်းဆီက ဓားကို ငှားချင်တယ်ဆိုရင် သဘောတူရဲ့လား မေးဖို့ အရင်လိုသေးတယ်လေ။"

"အကြီးအကဲဝမ်။"

ကျွင်းချောင်ရှောင်း မေးလိုက်သည်။ "ဒီလူတွေက နတ်ဆိုးမိစ္တာဂိုဏ်းက လူတွေလေ။ ပြီးတော့ ကျုပ်ဆီကနေပြီးတော့ ဓားမော့ကို လာငှားတာ။ တောင်ပြာဂိုဏ်းနဲ့ ဘာမှမဆိုင်ပါဘူး။ ကျေးဇူးပြုပြီး ဝင်မရှုပ်ပါနဲ့။"

မိစ္တာဂိုဏ်းတစ်ခုနှင့် ရင်ဆိုင်ရချိန်တွင် တစ်ဖက်လူသည် နှောင့်နှေးမှု မရှိဘဲနှင့် ဝင်ရောကပြောဆိုခဲ့၏။

ဤအရာသည် သူ၏ နှလုံးသားအား နွေးထွေးမှုများ ခံစားမိစေ၏။ သို့ပေမဲ့ တောင်ပြာဂိုဏ်းအား ဤကိစ္စနှင့် ပတ်သက်၍ မပါဝင်စေချင်ပေ။

တစ်ဖက်လူအား ရန်ပြုသည့်ကိစ္စကို ပြုလုပ်မည်ဆိုပါက သူတို့ သံမဏိအရိုးဂိုဏ်းကသာ ပြုလုပ်ပေလိမ့်မည်။

ဝမ်တုန်လင်သည် ပွဲကြည့်ရှုသူ ပရိတ်သတ်တစ်ယောက်အနေနှင့် မနေချင်ပေ။ ထို့ကြောင့် လေးလေးနက်နက်နှင့် ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း …. ကျုပ်။"

ကျွင်းချောင်ရှောင်းသည် ကြားဖြတ်ကာ ပြောလိုက်သည်။

"ဒီလိုအမှိုက် ဠာနခွဲမှုးလေး က ကျုပ်ရဲ့ ဓားကို လာငှားတယ်ဆိုတော့ တော်တော်အံ့အား သင့်စရာ ကောင်းနေပြီ။ ကျုပ်တပည့်တွေနဲ့ ကျုပ်က ဒီကိစ္စကို ကောင်းကောင်း ရင်ဆိုင်နိုင်တယ်။ အကြီးအကဲဝမ်အနေနဲ့ ဘေးကသာ အသာကြည့်နေပါ။"

“ဟား ဟား ဟား။”

ဠာနခွဲမှုး သည် ထူးဆန်းစွာဖြင့် အားရပါးရ ရယ်လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်းက တကယ့်ကို မောက်မာတာပဲ။နတ်စမ်းချောင်းဂိုဏ်းကို စိန်ခေါ်ခဲ့တယ်ဆိုတာ တကယ့်ကို အံ့အားသင့်စရာ မဟုတ်တော့ဘူး။ဒါပေမဲ့ …"

သူသည် ခဏလောက်ရပ်တန့်ကာ ပြုံး၍ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း … ကျုပ် တကယ်တမ်း အစွမ်းအစရှိရှိနဲ့ ခင်ဗျားဆီက လာငှားရမှာလား။"

"ခင်ဗျားမှာ အစွမ်းအစ ရှိတယ်ဆိုရင် ငှားလေ။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

ဠာနခွဲမှုး သည် ပြုံးကာ ပြောလိုက်သည်။ “ကျုပ် တစ်ချက်လှုပ်ရှားလိုက်မယ်ဆိုရင် ဓားကို ငှားလိုက်ရုံတင်မဟုတ်ဘူး ဂိုဏ်းချုပ်ကျွင်းရဲ့ အသက်နဲ့ တပည့်တွေရဲ့ အသက်ကိုပါ ငှားရမ်းသလို ဖြစ်သွားနိုင်တယ်။ဒါကြောင့် ဂိုဏ်းချုပ်ကျွင်းအနေနဲ့ သေသေချာချာ စဉ်းစားဖို့ လိုအပ်တယ်။"

ရွှီ။

သူ ပြောပြောပြီးချင်းမှာပဲ သူ၏ တပည့်တစ်‌ယောက်သည် မြေပေါ်သို့ လဲကျသွားသည်။ ရီရှင်းချန်သည် အေးစက်စွာပြောလိုက်သည်။ "ငှားချင်တယ်ဆိုရင်လည်း လာငှားလေ။ ဘာလို့ ပေါက်တကရလျှောက်ပြောနေတာတုန်း။"

ညီလေးရီသည် အမှန်ပင် စကားနည်းသော လူတစ်ယောက်ဖြစ်၏။

ဠာနခွဲမှုး ၏ အကြည့်များသည် အေးစက်သွား၏။ "ငါ့ရဲ့ နတ်ဆိုးမိစ္ဆာဂိုဏ်းသားကို သတ်ရဲတယ်ဟုတ်လား။ သေခြင်းတရားထက်ဆိုးတဲ့ ခံစားချက်ကို ခံစားရလိမ့်မယ်။"

ဝှစ်။

သူ၏ ခန္ဓာကိုယ် ဆီမှ ထူးဆန်‌လှသော အမဲရောင်အော်ရာများ ပေါ်ထွက်လာသည်။ ပြီးနောက် စွမ်းအင်လှိုင်းများသည် ကြီးမားသည့် လက်ကြီးတစ်ဖက်အဖြစ် ဖြစ်ပေါ်လာပြီး ရီရှင်းချန်ဆီသို့ တိုးဝင်သွားသည်။

ဝှစ်။

ရုတ်တရက်ဆိုသလိုပဲ အစိမ်းရောင်ဓားမော့ အလင်းတန်းသည် ထိုလက်ကြီးအား တိုက်ရိုက် ပိုင်းဖြတ်သွား၏။

ကျွင်းချောင်ရှောင်းသည် ဓားမော့ကို မြှောက်ကိုင်ကာ ပြောလိုက်သည် "အဘိုးကြီး … ခင်ဗျားရဲ့ ပြိုင်ဘက်က ကျုပ်ပဲ။"

ဠာနခွဲမှုး သည် အနည်းငယ်ကြောင်သွား၏။

ပြီးနောက် သူသည် နဂါးစိမ်းလခြမ်းဓား‌မော့အားကြည့်ကာ အလွန်တရာ လောဘကြီးသော အကြည့်ဖြင့် ပြုံးကာ ပြောလိုက်သည်။ "တကယ့်ကို ဓားမော့ကောင်းတစ်ခုပဲ။ကျုပ် ယူတော့မယ်။"

ဝှစ်။

ပြောနေတုန်းမှာပဲ စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်အား လွှမ်းမိုးသွားတော့သည်။

တစ်ချိန်တည်းမှာပဲ နတ်ဆိုးမိစ္ဆာဂိုဏ်း၏ တပည့်များသည် သူတို့၏ မိစ္ဆာအော်ရာများကို ထုတ်လွှတ်၍ ရီရှင်းချန်နှင့် တစ်ခြားသူများအား ဝင်ရောက်တိုက်ခိုက်ကြတော့သည်။ အထူးသဖြင့် ရီရှင်းချန်အား တိုက်ခိုက်ခြင်း ဖြစ်၏။

ရီရှင်းချန်အား ပူပေါင်းတိုက်ခိုက်သူမှာ သုံးယောက်ဖြစ်ပြီး ထိုသူတို့၏ အားအင်သည် သိုင်းဆရာအဆင့်ငါးမှ အဆင့်ခြောက်ကြား ကျင့်ကြံသူများ ဖြစ်ကြသည်။

"ကောင်လေးတို့။"

ကျွင်းချောင်ရှောင်းသည် သူ၏ ဓားမော့အား မြှောက်ကာ ဝင်ရောက်လာသော အစိမ်းရောင်လက်ကြီးအား ခုတ်ပိုင်းရင်း အော်လိုက်၏။ "ငါ့အတွက် တိုက်ခိုက်ကြ။"

ဝှစ်။

ရီရှင်းချန်သည် တိမ်ခြေလှမ်းအား အသုံးပြု၍ အရင်ဆုံး ဝင်ရောက်တိုက်ခိုက်တော့သည်။

အလွန်အားကောင်းလှသော စိတ်ဝိညာဉ်စွမ်းအင်များ နှင့်အတူ စဦးအအေးဓား၏ အေးစက်သော အလင်းတန်းများသည် တည်နေရာတစ်ခုလုံးသို့ ဖြန့်ကျက်သွား၏။

ဝှစ် …. ဝှစ်။

လင်းကျန့် ဓားသိုင်းကို အသုံးပြုပြီးသည့်နောက်မှာတော့ ဓားအလင်းများသည် လေထဲတွင် ဖြစ်တည်လာပြီး အလွန်တရာ အားကောင်းလှသော အရှိန်အဝါဖြင့် နတ်ဆိုး ဂိုဏ်း၏ တပည့်များထဲမှ တစ်ယောက်အား အစိတ်အပိုင်း ရှစ်ပိုင်းဖြစ်အောင် ပိုင်းဖြတ်လိုက်တော့သည်။

ရီရှင်းချန်၏ လက်ရှိအားအင်သည် အအေးဓား ၊ လင်းကျန်ဓား နည်းစနစ်တို့၏ ပေါင်းစပ်မှုအောက်မှာတော့ သိုင်းဆရာ အဆင့်ငါး အဆင့်ခြောက် မပြောနှင့် သိုင်းဆရာ ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ပင်လျှင် အလွယ်တကူ သေဆုံးသွားနိုင်၏။

အခြားတစ်ဖက်မှာတော့ ကျွင်းချောင်ရှောင်း၏ နဂါးစိမ်း လခြမ်းဓားမော့သည် ကြီးမားလှသော လက်ကြီးအား ဖျက်ဆီးခဲ့ပြီဖြစ်၏။

အလွန်တရာ ကြမ်းတမ်းလှသော မိစ္တာအော်ရာများသည်လည်း ဘယ်တုန်းကမှ မရှိခဲ့သလို ပျောက်ကွယ်သွားတော့သည်။

ဠာနခွဲမှုး သည် ကြိတ်ကာ တုန်လှုပ်မိသွားသည်။

ဤဓားမော့ဆီမှထွက်ပေါ်လာသော အော်ရာများသည် သူ၏ နတ်ဆိုးအော်ရာများအား ပျောက်ကွယ်သွားစေ၏။

ကွမ်ယု၏ ဓားမော့သည် ယန် သဘာဝကို ပိုင်ဆိုင်ပြီး အလွန်တရာ အားကောင်းလှသည်။။

နတ်ဆိုးအော်ရာမဆိုနှင့် မိစ္ဆာဝိညာဉ်များဆိုလျှင်ပင် ဓားတစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် အရာအားလုံး ပျောက်ကွယ်သွားပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည် ထိုအရာကို နားလည်ပြီးသည့်နောက်မှာတော့ သူ၏ မျက်လုံးထဲတွင် ရှိသော တိုက်ခိုက်လိုခြင်းဆန္ဒများသည် ပိုမိုအားကောင်းလာသည်။ သူ၏ ဓားမော့အား မြှောက်ကာ ပြေးဝင်သွားတော့သည်။

ရွှီ။

လီချင်းယန်နှင့် တစ်ခြားသူများအားလုံးသည်လည်း နတ်ဆိုးမိစ္ဆာဂိုဏ်းသား တစ်ဒါဇင်ကျော်နှင့် တိုက်ခိုက်နေကြ၏။

သူတို့ အလွန်တရာအားကောင်းလှသော ခန္ဓာကိုယ် နှင့် အတူ အစွမ်းထက် လက်နက်များအား အမှီပြု၍ တစ်ဖက်လူတော်တော်များများအား သတ်ဖြတ်ခဲ့ပြီးဖြစ်သည်။

မာယွင်တန် ၊ ဝမ်တုန်ရင်နှင့် တစ်ခြားသူများအားလုံးသည် အနည်းငယ် ကြောင်တောင်တောင် ဖြစ်မိနေ၏။

သံမဏိအရိုးဂိုဏ်း တပည့်များသည် အလွန်တရာ ကြမ်းတမ်းသော သတ်ဖြတ်မှုအားအင်များကို ထုတ်ဖော်ပြသလျက်ရှိသည်။

လီချင်းယန်နှင့် တစ်ခြားသူများအားလုံးသည် တစ်ယောက် နှင့် တစ်ယောက် ပူးပေါင်း၍ အလွန်တရာ သွေးအေး ရက်စက်စွာဖြင့် တစ်ဖက် ဂိုဏ်းသားများအား သတ်ဖြတ်လျက်ရှိနေတော့သည်။

ထိုသူများကို ကြည့်၍ တောင်ပြာဂိုဏ်း၏ အကြီးအကဲနှစ်ယောက်သည် အထပ်ထပ် ချီးကျူးမိနေကြ၏။

သံမဏိအရိုးဂိုဏ်းတပည့်များသည် တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။

အချိန်တိုအတွင်းမှာပဲ လီချင်းယန်နှင့် တပည့်နှစ်ဆယ်ကျော်တို့သည် သူတို့၏ ကျင့်ကြံခြင်း နည်းစနစ် ၊ လက်နက်နှင့် အားအင်အဆင့်များကို အသုံးပြု၍ အထက်စီးမှ တိုက်ခိုက်ချက်ရှိနေ၏။

ဘုန်း။

လီယုဟွာသည် မည်သည့် လက်နက်ကိုမှ မသုံးပေ။ အဲအစား သံမဏိဒိုင်းကာအား မြှောက်၍ နတ်ဆိုးဂိုဏ်း၏ တပည့်တစ်ယောက်အား ရိုက်နှက်ချလိုက်၏။

ထိုသူသည် ပါးစပ်ထဲမှ သွေးတွေ အန်ထွက်လာတော့သည်။

လုံကျိရန်သည် သူ၏ လှံအား ကိုင်၍ စစ်ပွဲထဲသို ရောက်ရှိနေသော စစ်ဗိုလ်ချုပ်ကြီးတစ်ဦးကဲ့သို့ တိုက်ပွဲထဲသို့ ပြေးဝင်ပြီး လူများအား ချောင်းဖြောင်းသတ်ဖြတ်လျက်ရှိနေ၏။

အချိန်ဆယ်မိနစ်ခန့် ကြာမြင့်ပြီးသည့်နောက်မှာတော့ နတ်ဆိုးဂိုဏ်း၏ တပည့် သုံးဆယ်ကျော်တို့သည် သံမဏိအရိုးဂိုဏ်းတပည့်များ၏ လက်ချက်အောက်၌ သေဆုံးသွားကြပြီဖြစ်၏။

ထိုသူတို့ဆီမှ ရရှိသော အန္တရာယ်သည် သေမင်းတောင်ကြားထဲတွင်ရှိသော မြေကမ္ဘာမီးဝံပုလွေလောက်ပင် အားမကောင်းချေ။

"အမှိုက်။"

ရီရှင်းချန်သည် အလောင်းတစ်ခုပေါ်သို့ ခြေထောက်တင်၍ ထိုသူ၏ အဝတ်နှင့် ဓားပေါ်ရှိ သွေးများအား သုတ်လိုက်သည်။

ဘုန်း။

အဝေးဆီမှ အသံတစ်ခု ထွက်ပေါ်လာသည်။

ကျွင်းချောင်ရှောင်းသည် သူ၏ ဓားမော့ကြီးနှင့် ခုတ်ပိုင်းလိုက်၏။ သူ၏ ဓားမော့ကြီးများသည် အနီးအနားတွင် ရှိသော သစ်ပင်အနည်းငယ်အား ထက်ပိုင်းပြတ်သွားစေ၏။

နတ်ဆိုးမိစ္ဆာဂိုဏ်း၏ ဌာနခွဲမှူးသည် ထိပ်လန့်တကြားနှင့် ရှောင်ရှားပြီးသည့်နောက်မှာတော့ သူ‌၏ ကျောရိုးမကြီး တစ်ခုလုံး အေးစက်သည့် ခံစားချက်မျိုးကို ရရှိလိုက်သည်။

ဋ္ဌာနခွဲမှူး၏ အားအင်သည် နတ်စမ်းချောင်းဂိုဏ်းချုပ် ၏ အားအင်ထက် မည်သို့မှ အားမနည်းချေ။ ပို၍ပင် အားကောင်းနိုင်သေး၏။ ထို့အပြင် ဤသူသည် မိစ္ဆာလမ်းစဉ်ကို ကျင့်ကြံသည် မဟုတ်လော။

သို့ပေမဲ့ ကွမ်ယု ၏ ဓားမော့ချီများသည် နတ်ဆိုးချီများအား ပျောက်ကွယ်သွားစေသောကြောင့် ကျွင်းချောင်ရှောင်း သည် အထက်စီးမှ တိုက်ခိုက်နေနိုင်သည်။

ဤနေရာတွင် ဝမ်တုန်လင်သာဆိုပါက တစ်ဖက်လူ၏ နတ်ဆိုးချီအကာအကွယ်အား ချိုးဖြတ်နိုင်လိမ့်မည် မဟုတ်ချေ။

"ချီးထဲမှ"

သူ၏ အပေါင်း‌အဖော်တပည့်များအားလုံး သေဆုံးသွားပြီကို မြင်ပြီးသည့်နောက်မှာတော့ ဠာနခွဲမှုး သည် ဒေါသတကြီးပြောလိုက်သည် "ကျွင်းချောင်ရှောင်း ဒီနေ့ကိစ္စကို ငါမှတ်ထားမယ်။"

ဝှစ်။

ပြောပြီးသည့်နောက်မှာတော့ သူသည် ထူးဆန်းလှသော ခြေလှမ်းကွက်တစ်ခုကို အသုံးပြု၍ ထွက်ပြေးရန် ကြိုးစားလိုက်၏။

သို့ပေမဲ့ သူထွက်ပြေးလိုက်ချိန်မှာပဲ အနောက်ဘက်ဆီမှ အားကောင်းလှသော အားအင်တစ်ခု ဖြစ်ပေါ်လာသည်ကို ခံစားလိုက်မိ၏။ သူ၏ စိတ်တစ်ခုလုံး တုန်ခါသွားသည်။

ထို့ကြောင့် မြန်မြန်ဆန်ဆန်ပဲ နောက်သို့ လှည့်ကြည့်လိုက်၏။

ရွှီ။

ကျွင်းချောင်ရှောင်းသည် ရှေ့သို့ လှမ်းတက်လိုက်သည်။

အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ကွမ်ယုသည်လည်း နောက်မှ လိုက်ပါလာတော့သည်။

သူသည် နဂါးစိမ်းလခြမ်းဓားမော့ကို မြှောက်ကိုင်၍ ရုတ်တရက် ခုတ်ပိုင်းလိုက်တော့သည်။ လေထဲသို့ ထိုးခွင်းသွားသော ဓားမော့၏ အသံသည် တည်နေရာတစ်ခုလုံးသို့ ပြန့်နှံ့သွား၏

"ထွက်သွားချင်တယ် ဟုတ်လား။ခင်ဗျားရဲ့ အသက်ကို ဒီမှာ ထားခဲ့။"

အစိမ်းရောင်ဓားမော့၏ အော်ရာများ ဖြတ်ပြေးသွားပြီးသည့်နောက်မှာတော့ လေထဲတွင်ရှိသော နတ်ဆိုးချီများအားလုံးသည် လွင့်စင်သွားတော့သည်။

"မဟုတ်ဘူး။"

ဌာနခွဲမှူး၏ မျက်လုံးထဲတွင် ထိပ်လန့်မှုများ၊ တုန်လှုပ်မှုများ ပြည့်နက်သွား၏။

သူ၏ စိတ်ဝိညာဉ်အမြုတေထဲတွင်ရှိသော စိတ်ဝိညာဉ်များအားလုံးကို ရူးရူးမူးမူး လှည့်ပတ်လိုက်ပြီး ဓားမော့ကြီးအား ရှောင်ရှားရန် ကြိုးစားလိုက်တော့သည်။ သို့ပေမဲ့ အသုံးမဝင်ပေ။

ရှေ့သို့ ပြေးလွှားရန် ကြိုးစားလိုက်ချိန်မှာပဲ အစိမ်းရောင်ဓားမော့ကြီးသည် သူ့အား ဖြတ်သန်းသွားတော့သည်။

ဘုန်း ဘုန်း ဘုန်း။

မီတာ အနည်းငယ်တွင်ရှိသော သစ်ပင်များအားလုံးသည် ကျိုးပျက် ကုန်ကြပီး မြေပြင်ပေါ်သို့ စီစီရီရီ လဲကျသွားတော့သည်။

All Chapters