အခန်း (၃၀၄)
Vol. 21 Ch. 304
ဆယ်မီတာကျော်ရှိသော တည်နေရာထဲရှိ ရေတွက်၍ မရအောင် များပြားသော သစ်ပင်မျာသည် အပိုင်းပိုင်း ဖြစ်သွားကြသည်။ ထိုအရာသည် မာယွင်တန် နှင့် ဝမ်တုံလင်တို့၏ နှလုံးသားကိုပင် တုန်ခါသွားစေသည်။
ထိုအချိန်မှာတော့ …
ဂိုဏ်းချုပ်ကျွင်းသည် နတ်စမ်းချောင်းဂိုဏ်းချုပ်နှင့် တိုက်ခိုက်စဉ် က အားအင်အပြည့် မထုတ်ဖော်ခဲ့ကြောင်း သူတို့တွေ သိရှိသွားခဲ့၏။
နတ်စမ်းချောင်းဂိုဏ်းချုပ် နှင့် တိုက်ပွဲသည် အနိုင်ရယူရန် အတွက်သာ ဖြစ်ပြီး သတ်ဖြတ်ရန် မဟုတ်ပေ။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ကွမ်ယု၏ ဝိညာဉ်အား ဆင့်ခေါ် တိုက်ခိုက်ရာတွင် အားကုန်ထုတ်မသုံးခဲ့ခြင်း ဖြစ်သည်။
သို့ပေမဲ့ မိစ္ဆာဂိုဏ်းခွဲမှု နှင့် ရင်ဆိုင်ရချိန်မှာတော့ သူသည် ဘာကိုမှ ထည့်မတွက်တော့ဘဲ အားအင်အပြည့် မီးကုန်ယမ်းကုန် ထုတ်ဖော်တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့်ပင် အားအင်သည် အလွန်ကြောက်မက်ဖွယ်ရာ ကောင်းလာခြင်း ဖြစ်၏။
“ကြောက်စရာကောင်းလွန်းတယ်”
“နတ်ဘုရားလက်နက် တစ်ခုလေ”
နဂါးစိမ်းလခြမ်းဓားမော့ ၏ လက်နက် စိတ်ဝိညာဉ်ထပ်မံ ပေါ်ပေါက်လာသည်ကို မြင်တော့ မြို့တော်ဝန် ရှဲ့၊ အိုက်ရှန်ရီ နှင့် တခြားသော မိသားစု ခေါင်းဆောင်မျာသည် ထိတ်လန့်သွားကြသည်။
ဘုတ် …။
ထိုအချိန်မှာတော့ မတ်မတ်ရပ်လျက်ရှိနေသော နတ်ဆိုးမိစ္ဆာဂိုဏ်း၏ ဂိုဏ်းခွဲမှုးသည် မြေပေါ်သို့ ပြုတ်ကျသွားသည်။ သူ၏ ပြတ်တောက်သွားသော ဦးခေါင်းသည် ပျက်ဆီးနေသော သစ်ပင်အပိုင်းအစ များဆီ ဝဲကာ လွင့်စင်သွားသည်။ ခေါင်းပြတ်ကြီး၏ မျက်နှာပေါ်မှာတော့ မျှော်လင့်ချက် ကင်းမဲ့ခြင်း ၊ ခြောက်ခြားခြင်း စသော အရိပ်လက္ခဏာများ ထင်ပေါ်နေ၏။
ဤကဲ့သို့ မြန်မြန်ဆန်ဆန် နှင့် သေဆုံးရလိမ့်မည်ဟု သူ ဘယ်သောအခါကမှ မထင်မှတ်ခဲ့ချေ
သူ၏ ဋ္ဌာနချုုပ်မှ ပြောသည့်စကားကို နားထောင်ကာ အလျှင်စလိုမသွားဘဲ သေချာ စဉ်းစားပြီးမှ ပြုလုပ်လျှင် ဤကဲ့သို့ ဖြစ်လာခဲ့မည် မဟုတ်ဟု ငရဲပြည်သွားရာလမ်း၌ စဉ်းစားနေမိတော့သည်။
“ဒင် … ဖုံးကွယ်ထားသော တာဝန်ကို ပြည့်စုံအောင် ပြုလုပ်နိုင်သည့်အတွက် ဂုဏ်ယူပါသည်။ လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၅၀၀ ကို ရရှိသည်။”
“ဒင် … ဂိုဏ်းစုဆောင်းမှတ် ၂၂၀၅ / ၂၀၀၀”
“ဒင် … ဂိုဏ်းစုဆောင်းမှတ်များ ပိုလျံနေသောကြောင့် ….”
နဂါးစိမ်းဓားမော့၏ အားအင်ကို ငှားရမ်းအသုံးပြုပြီး သူသည် တစ်ဖက်လူအားသတ်ဖြတ်နိုင်ခဲ့သည့် အပြင် ဖုံးကွယ်ထားသော တာဝန်ကိုလည်း ပြည့်စုံအောင် ပြုလုပ်နိုင်ခဲ့သည်။
နဂါးစိမ်းလခြမ်းဓားမော့ အား သိမ်းဆည်းပြီးသည့်နောက် ကွမ်ယု၏ ဝိညာဉ်သည်လည်း ပျောက်ကွယ်သွားခဲ့သည်။ ကျွင်းချောင်ရှောင်း တွေးလိုက်သည်။ ကွမ်ယု၏ လက်ချက်နှင့် သေဆုံးရသည်မှာ ထိုသူသည် သေဆုံးခဲ့ရလျှင်တောင်မှ ဂုဏ်ယူသင့်ပေ၏။
လီချင်းယန် နှင့် တခြားသူများသည် ဂိုဏ်းချုပ်၏ အမိန့်ကို မစောင့်ပေ။ တစ်ဖက် ဂိုဏ်းသားများ၏ သိုလှောက် လက်စွပ်များအား ထုံးစံ အတိုင်း မွှေနှောက်ရှာဖွေနေပြီဖြစ်သည်။
နတ်ဆိုးမိစ္ဆာဂိုဏ်းတပည့်များတွင် မည်သည့် ပစ္စည်းကောင်းမှ မရှိချေ။ သို့ပေမဲ့ ဂိုဏ်းခွဲမှုး၏ လက်ထဲမှာတော့ ငွေတွေ၊ ဆေးပင်တွေ၊ ကျောက်ရိုင်းတွေ နှင့် မိစ္ဆာကျင့်ကြံခြင်းနည်းစနစ် အနည်းငယ် ရှိနေ၏။
ကျွင်းချောင်ရှောင်းသည် ထိုအရာများအား သိမ်းဆည်းပြီးနောက် အလောင်းအား မီးရှို့လိုက်သည် “ဒီမှာ ကြာကြာဆက်နေလို့မရဘူး။ ဖြစ်နိုင်သမျှ အမြန်ဆုံ ချင်းယန်နိုင်ငံဆီကို ပြန်ကြရအောင်”
“ကောင်းပြီ”
သူတို့သည် အကင်စားရန် စိတ်မဝင်စားတော့ချေ။ အလောတကြီးနှင့် အိမ်ဆီသို့ ပြန်တော့သည်။ နှစ်ရက်ကြာမြင့်ပြီးနောက် သူတို့သည် ချင်းယန်နိုင်ငံဆီသို့ပြန်ရောက်လာသည်။
ဤအတောအတွင်း ဂိုဏ်းချုပ်ကျွင်းသည် ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေးရည် ခြောက်ပုလင်းကို ဝယ်ယူလိုက်သောကြောင့် ဂိုဏ်းစုဆောင်းမှတ်သည် ၁၉၀၅ ထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။
“ဂိုဏ်းချုပ်ကျွင်း ..”
မြို့ဆီရောက်တော့ မာယွင်တန် မျက်မှောင်ကုတ်ကာ ပြောလိုက်သည် “ခင်ဗျား နတ်ဆိုးမိစ္ဆာဂိုဏ်း ဠာနခွဲမှုးကို သတ်ဖြတ်ခဲ့တယ်။ အဲတာက တတိယအဆင့် မိစ္ဆာဂိုဏ်းတစ်ခုလေ။ အနာဂတ်မှာ ကျိန်းသေပေါက် လက်စားပြန်ချေမှာပဲ။ ခဏလောက် ကျုပ်တို့ တောင်ပြာဂိုဏ်းဆီ လာနေလိုက်ပါလား”
သူသည် လမ်းတလျှောက်တွင် အကောင်းဆုံးသော ဖြေရှင်းနည်းကို စဉ်းစားလာခဲ့ခြင်း ဖြစ်သည်။
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဒီကျွင်း က အကြီးအကဲမာ ရဲ့ အကောင်းဆုံး ရည်ရွယ်ချက်ကို နားလည်ပါတယ်။ ဒါပေမဲ့ လူဆိုတာ ကိုယ့်တာဝန်ကိုယ်ယူရတယ်လေ။ တောင်ပြာဂိုဏ်းကို ဆွဲထည့်လို့မဖြစ်ဘူး”
“ကျုပ်တို့ဂိုဏ်းတွေက မဟာမိတ်အဖွဲ့အဖြစ် တရားဝင် မဖွဲ့ရသေးပေမဲ့ ဖွဲ့မယ်လို့ ဆုံးဖြတ်ပြီးသားလေ။ ဒါကြောင့် သံမဏိအရိုးဂိုဏ်း ဒုက္ခရောက်ပြီ ဆိုရင် ကျုပ်တို့က ကျိန်းသေပေါက် ကူညီရမှာပဲ” မာယွင်တန် လေးလေးနက်နက် ပြောလိုက်သည်။
မြို့တော်ဝန်ရှဲ့ နှင့် အိုက်မိသားစု ခေါင်းဆောင်တို့သည် မာယွင်တန်အား လေးစားသွားမိသည်။
သံမဏိအရိုးဂိုဏ်းအတွက်နှင့် နတ်ဆိုးမိစ္ဆာဂိုဏ်းအား အပြစ်ပြုလုပ်ရန် တောင်ပြာဂိုဏ်းသည် မနှောင့်နှေးခဲ့ပေ။
ကျွင်းချောင်ရှောင်းသည် စိတ်လှုပ်ရှားသွားမိသည်။ သို့ပေမဲ့ သူ လက်သီးဆုပ်ကာ ပြောလိုက်သည် “အကြီးအကဲမာ .. စိတ်မပူနဲ့။ ဒီတတိယအဆင့် မိစ္ဆာဂိုဏ်းတစ်ခုက သံမဏိအရိုးဂိုဏ်းကို ဘာမှမလုပ်နိုင်ဘူး”
ဤစကားနှင့် ပတ်သက်ပြီး သူသည် အလေးအနက် ထားသည်။
အဘယ့်ကြောင့် ဤသို့ ပြောဆိုရသနည်းဆိုသော် အလယ်အလတ်အဆင့် ဂိုဏ်းအကာအကွယ် အဆောင်အား သူ ဝယ်ယူခဲ့သောကြောင့် ဖြစ်သည်။
ထိုအရာအာ ဂိုဏ်းတွင် စီရင်ပြီးပါက နတ်ဆိုးမိစ္ဆာဂိုဏ်း မဆိုနှင့် ၎င်းတို့၏ အဘိုးဂိုဏ်း ဆိုလျှင်ပင် သူ၏ သံမဏိအရိုးဂိုဏ်း နယ်နိမိတ် ထဲ ဝင်ရောက်လာနိုင်မည် မဟုတ်ချေ။
ကျွင်းချောင်ရှောင်းသည် ယုံကြည်ချက် ရှိနေသည်။ သို့ပေမဲ့ မာယွင်တန် ဆီမှာတော့ မရှိချေ။ ကျွင်းချောင်ရှောင်း၏ စကားကို ကြားတော့ ကြက်သေ သေသွားမိသည်။
တတိယအဆင့် ဂိုဏ်းတစ်ခု မပြေနြှင့် အဆင့်ခြောက် ဒါမှမဟုတ် အဆင့်ခုနှစ် ဂိုဏ်းတစ်ခုကို အပြစ်ပြုမိလျှင်ပင် ခေါင်းကိုက်စရာ ဖြစ်လိမ့်မည်။
အရိုးသားဆုံး ပြောရလျှင် ဂိုဏ်းချူပ်ကျွင်းသည် အဆင့်ခြောက်၊ အဆင့်ခုနှစ်ဂိုဏ်းမျိုးကို မျက်စိထဲ မထည့်တာလည်း ကျိန်းသေသည်။ ထို့အပြင် သူသည် လင်းယုန်နက်ဂိုဏ်းကိုပင် ဖျက်ဆီးဖူးသည် မဟုတ်လား။
“အကြီးအကဲမာ … အကြီးအကဲဝမ် …” ကျွင်းချောင်ရှောင်းသည် လက်သီးဆုပ်ကာ ပြောလိုက်သည် “နောက်ကျနေပြီ။ ဒီမှာပဲ လမ်းခွဲကြရအောင်”
“ဟင်း ….”
မာယွင်တန် သည် သက်ပြင်းချပြီး လက်သီးဆုပ်ကာ ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း .. ကျုပ် ဂိုဏ်းချုပ်ဆီ သတင်းပို့ပြီး ခင်ဗျားတို့နဲ့ မဟာမိတ်ဖွဲ့ဖို့ အမြန်ဆုံးပြုလုပ်မယ်”
“နှုတ်ဆက်ပါတယ်”
ကျွင်းချောင်ရှောင်းသည် အားလုံးကို နှုတ်ဆက်ထွက်ခွာသွားတော့သည်။
ဝမ်တုန်လင်သည် မျက်မှောင်ကုတ်ကာ ပြောလိုက်သည် “နတ်ဆိုးမိစ္ဆာဂိုဏ်း က သံမဏိအရိုးဂိုဏ်းအတွက် ပြဿနာကြီးဖြစ်လာလိမ့်မယ်။”
မာယွင်တန် ပြောလိုက်သည် “သံမဏိအရိုးဂိုဏ်းကို ပိုမိုတိုးတက်လာစေဖို့ နှစ်တစ်ရာလောက် အချိန်ပေးမယ် ဆိုရင် တတိယအဆင့် မိစ္ဆာဂိုဏ်းတစ်ခုကို ကြောက်မှာမဟုတ်ဘူး။ ဒါပေမဲ့ အခုကျတော့ …”
“သွားကြစို့”
ဝမ်တုန်လင် ပြောလိုက်သည် “သွားကြစို့ ။ သံမဏိအရိုးဂိုဏ်းကို ဘယ်လို ကူညီနိုင်မလဲ ဆိုတာ ဂိုဏ်းချုပ် နဲ့ စဉ်းစားရမယ်။”
သူတို့အနေဖြင့် စဉ်းစားရလျှင် သံမဏိအရိုးဂိုဏ်းသည် ကပ်ဘေးကြီးကို ရင်ဆိုင်နေရခြင်းဖြစ်သည်။ သူတို့သာ ရှုံးနိမ့်သွားလျှင် တစ်ခါတည်း ဖျက်ဆီးခံရမှာ သေချာသည်။
သို့ပေမဲံ့ ..
ဂိုဏ်းဆီသို့ ပြန်ရောက်ပြီးနောက် နတ်ဆိုးမိစ္ဆာဂိုဏ်း လာ၍ လက်စားချေမည် ဆိုသည်ကို ကျွင်းချောင်ရှောင်း သိရှိနေသည်။ တစ်ခုခု ဖြစ်လာခဲ့လျှင် တစ်ဖက်လူများကိုပါ တစ်ခါတည်း ဆွဲခေါ်၍ ငရဲပြည်ဆီ တူတူသွားရန် ဆုံးဖြတ်ထား၏။
သူ့အနေနှင့် တတိယအဆင့် မိစ္ဆာဂိုဏ်းတစ်ခုကို ရင်ဆိုင်နိုင်သော အားအင် မရှိကြောင်း အတတ်သိရှိသည်။
သို့ပေမဲ့ အချိန်ှရှိနေသေးသည်။ အနာဂတ်တွင် သူ အားကောင်းလာသည် ဆိုသည်နှင့် ဤမိစ္ဆာဂိုဏ်းအား ကြောင် က ကြွက်ကို ဆော့ကစားသလို ကစားပြီးမှ သတ်ဖြတ်ပစ်မည်။
နတ်ဆိုးမိစ္ဆာဂိုဏ်း …
ခင်ဗျားတို့ ပြဿနာလာမရှာတာ ပိုကောင်းမယ်။
ဠာနခွဲမှုး သေဆုံးသွားသည့်သတင်းသည် အရှေ့တောင် ရန်ကျုး ၏ ဠာနခွဲဆီ ရောက်ရှိနှင့်နေပြီ ဖြစ်ကြောင်း ကျွင်းချောင်ရှောင်း မသိရှိသေးပေ။
“ဘာ …”
ဂိုဏ်းခွဲမှုးက မယုံကြည်နိုင်ဟန် ဖြင့် ပြောလိုက်သည် “ချင်းယန်နိုင်ငံရဲ့ သံမဏိအရိုးဂိုဏ်း က ဠာနခွဲမှုးကျောင်း ကို သတ်ဖြတ်ခဲ့တယ် ဟုတ်လား။ သူက သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့် မဟုတ်လား
“ခေါင်းဆောင်”
အဘိုးအိုက ပြောလိုက်သည် “ဒါက ရရှိထားတဲ့သတင်းပါ။ အမှားမရှိပါဘူး။ ဒီတော့ ဖြစ်နိုင်သမျှ အမြန်ဆုံး သံမဏိအရိုးဂိုဏ်းကို ဖျက်ဆီးပြီး လက်နက်စိတ်ဝိညာဉ်ရှိတဲ့ ဓားမော့ကို ယူရအောင်”
ဂိုဏ်းခွဲမှုးသည် မေးစေ့ကို ပွတ်သပ်ကာ ချက်ချင်း အမိန့်ပေးလိုက်သည် “သိုင်းစစ်သူကြီး ဆယ်ယောက်ကို ခေါ်ပြီး သံမဏိအရိုးဂိုဏ်းကို ဖျက်ဆီးလိုက်”
အဘိုးအိုက ပြောလိုက်သည် “ကျန့်ရာ က လွှတ်တာ အကောင်းဆုံးလို့ ထင်ပါတယ်”
ဂိုဏ်းခွဲမှုးသည် ခပ်တည်တည်ဖြင့် ပြန်မေးလိုက်သည် “အဆင့်ခုနှစ်၊ အဆင့်ရှစ် ဂိုဏ်းတစ်ခုကို ဖျက်ဆီးဖို့ သိုင်းဘုရင် တစ်ယောက်ကို လွှတ်တယ်ဆိုတာ ကြားကောင်းသေးတယ်။ အခုက ပုရွက်ဆိတ်ကို ဂွ နဲ့ ပစ်သလို ဖြစ်နေပြီ”
အဘိုးအိုက ပြောလိုက်သည် “သံမဏိအရိုးဂိုဏ်းက ဠာနခွဲမှုးကျောင်းကိုတောင် သတ်ဖြတ်နိုင်တယ်။ ဒီတော့ စွမ်းရည်ရှိမှာ သေချာတယ်။ သေချာတိုက်ခိုက်တာကောင်းမယ်”
“ဒါလည်း ဟုတ်တာပဲ”
ဂိုဏ်းခွဲမှုးက ပြောလိုက်သည် “ကျန့်ရာကို သတင်းပို့လိုက်”
“ကောင်းပါပြီ”
………..
အရှေ့တောင် ရန်ကျုး ထဲတွင် လူနှစ်ထောင်၊ သုံးထောင်လောက်သာ ရှိသော မြို့ငယ်လေးတစ်ခု ရှိသည်။ ထိုမြို့လေးကို ကျန့်ကျားရွာ ဟုလည်း ခေါ်သည်။
အဘယ့်ကြောင့် ကျန့်ကျားရွာဟု အမည်မှည့်ခေါ်ရသနည်းဆိုသော် တခြားသော မြို့များရှိ နာမည်ကျော် မိသားစု များနှင့် မကွာလောက်သော ချမ်းသာမှု နှင့် အားအင်အဆင့်ကို ပိုင်ဆိုင်သော ကျန့်မိသားစု ရှိနေသောကြောင့်ပင် ဖြစ်၏။
လွန်ခဲ့သော နှစ်တစ်ထောင်ခန့်က …
ကျန့်မိသားစုသည် သူတို့၏ မျိုးနွယ်များဖြင့် ရွာ၏ တစ်ဝက်လောက်ကို ဖုံးလွှမ်းထားနိုင်သည်။ ပြောရမည် ဆိုလျှင် အလွန်ကြီးမားသော မိသားစုကြီးလည်းဖြစ်သည်။
သို့ပေမဲ့ လောကတွင် ထာဝရတည်မြဲမှုဆိုသည်မှာ မရှိချေ။
ယနေ့မှာတော့ ကျန့်မိသားစုများသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွာကြပြီး ကျန့်ကျားရွာတွင် ကျန့်မိသားစု ဆယ်ယောက်လောက်သာ ရှိတော့၏။
“သူတောင်းစားကျန့် … သူတောင်းစာကျန့် … တနေကုန်လည်း အိပ်နေတယ်။ မပျင်းဘူးလားကွယ်” သေးငယ်လှသည့် ခနော်ခနဲ့ တဲအိမ်လေး၏ အပြင်ဘက်မှာတော့ ကလေးတစ်သိုက်သည် ကျယ်လောင်စွာ အော်ဟစ်လျက်ရှိသည်။
အသက်သုံးဆယ်လောက် ရှိမည့် လူတစ်ယောက်သည် ပြတင်းတံခါးကို တွန်းဖွင့်ပြီး သူ၏ မျက်လုံးများကို ပွတ်သပ်ကာ ပျင်းရိစွာ ပြောလိုက်သည် “သောက်ကလေးတွေ .. ငါအိပ်တာကို နှောက်ယှက်ပြန်ပြီ တော်တော် ဆိုးတဲ့ကောင်တွေပဲ …”
ဘန်း …ဘန်း …
ပြောနေတုန်းမှာပဲ ကျောက်တုံးများသည် သူ၏ မျက်နှာအား လာရောက်ထိမှန်တော့သည်။ နာကျင်သောကြောင့် ပြတင်းတံခါးအား မြန်မြန်ပိတ်လိုက်ပြီး ဒေါသတကြီး ပြောလိုက်သည် “ငါ တုတ် ရှာလိုက်အုံးမယ်။ ဒီ အမှိုက်တွေကို ဖမ်းမိတာနဲ့ ဖင်ကို ရိုက်ပြီပဲ”