← Chapters

အခန်း (၃၀၉)

Vol. 21 Ch. 309

အခန်း (၃၀၉)

Vol. 21 Ch. 309

ဘုန်း …။

ကျန့်ရာ၏ တိုက်ခိုက်ချက်သည် ကျွင်းချောင်ရှောင်း၏ ဖင်ကို ပွတ်သပ်ပြီး အကာအကွယ် အတားအဆီးထား ထိမှန်သွားသည်။ အကာအကွယ်အတားအဆီးသည် တစ်ချက်ကလေးတောင် မတုန်ခါခဲ့ဘူး ဆိုလျှင်တောင်မှ အလွန်ကျယ်လောင်သည့် အသံကြီးတော့ ထွက်ပေါ်လာသည်။

“ဘာဖြစ်တာလဲ”

“ဘာလို့ အသံကျယ်ကြီးထွက်လာတာလဲ”

“သွားကြည့်ကြရအောင်”

အိပ်မပျော်သေးသော သံမဏိအရိုးဂိုဏ်းတပည့်များသည် အဖွဲ့လိုက် စုစည်းပြီး တောင်အနောက်ဘက်ရှိ အသံထွက်ပေါ်လာရာ နေရာဆီသို့ ဦးတည်သွားတော့သည်။

ချက်ချင်းဆိုသလိုပဲ မြင်လိုက်ရသော မြင်ကွင်းသည် သူတို့အား ဆွံံ့အသွားစေခဲ့၏။

အဘယ့်ကြောင့်ဆိုသော် ဂိုဏ်းချုပ်သည် မြက်ခင်းတွင် ပက်လက်လှန်၍ ဖင်နှင့် ကြမ်းပြင်အား ပွတ်နေသောကြောင့်ပင် ဖြစ်တော့သည်။ မှောက်ခုံ လှန်လိုက်ချိန်မှာတော့ ဘောင်းဘီတွင် အပေါက်ကြီးတစ်ပေါက် ရှိနေပြီး ဖင်တစ်ခုလုံးမှာ နီရဲပြီး ရောင်ကိုင်းနေကြောင်း သူတို့ မြင်လိုက်ရသည်။

“ဂိုဏ်းချုပ် …”

တပည့်များသည် အလန့်တကြားနှင့် ဖြစ်သွားကြသည်။

“မလာ .. မလာကြနဲ့”

ကျွင်းချောင်ရှောင်းသည် အံကြိတ်ကာပြောလိုက်သည် “ခဏနေ အဆင်ပြေသွားလိမ့်မယ်”

အရိုးသားဆုံး ပြောရလျှင် သူသည် ရှက်ရွံံနေမိသည်။

သို့ပေမဲ့ ကျန့်ရာ၏ ထိုတိုက်ခိုက်ချက်မှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများကြောင့်သာလျှင် သူသည် အကာအကွယ် အစီအရင်ထဲသို့ မြန်မြန် လွင်စင်ခဲ့ခြင်း ဖြစ်သည်။ ဤအတိုင်းသာ ကျန့်ရာ တစ်ယောက် လိုက်လံ ဖမ်းဆီးပါက သူ အဖမ်းခံလိုက်ရမှာ သေချာ၏။

ခဏလောက် အနားယူပြီးနောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ ဖင်ကို ကိုင်ကာ မတ်တပ်ထရပ်လိုက်သည်။ “နည်းနည်းလေး ပွတ်သွားတာတောင်မှ နာလိုက်တာ။ တည့်တည့်သာ ထိရင်တော့ သေတောင် သေသွားနိုင်တယ်”

စနစ်မှ ပြောလိုက်သည် “ဒါက သိုင်းဘုရင် တစ်ယောက်ရဲ့ အားအင်လေ”

“ချီးတဲ့မှ …”

ကျွင်းချောင်ရှောင်း၏မျက်လုံးထဲတွင် ဒေါသတရားတွေ နှင့် ပြည့်နှက်သွားသည် “အဲလူ နဲ့ သေတဲ့အထိ ဆော့လို့ရမယ့် နည်းလမ်းကို ငါ စဉ်းစားရတော့မယ်။”

ဖင်ကို တိုက်ခိုက်ခံလိုက်ရသည့်အပြင် ဖင်ပြောင်နေသည့် မြင်ကွင်းအားတပည့်များ မြင်သွားခဲ့သည်။ မည်မျှ ရှက်စရာ ကောင်းလိုက်သနည်း။ သူ့အနေဖြင့် ကလဲ့စားချေ မှ ဖြစ်မည်။

ထိုအချိန်မှာတော့ နဂါးလေးသည် အဝေးတစ်နေရာမှ ပြေးလာသည်။ သူ့သခင်၏ ရောင်ကိုင်းနေသည့် ဖင်တုံးကြီးကို မြင်တော့ သူ၏ မျက်လုံးထဲတွင် ဒေါသမီးတွေနှင့် တဟုန်းဟုန် တောက်လောင်လာ၏။

ဝူး …။

နဂါးလေးသည် ဟိန်းဟောက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ဆီမှ အလွန်တရာ ပူပြင်းသော မီးတောက်တွေ ထွက်လာသည်။

သူ၏ သခင်သည် အရိုက်နှက် ခံခဲ့ရသည်။ ပဋိညာဉ်သားရဲ တစ်ယောက် အနေဖြင့် သူသည် ထိုအရာကို သည်းမခံနိုင်ပေ။

နဂါးလေးသည် တွေးလေ ပို၍ ဒေါသထွက်လေ ဖြစ်နေသည်။ သူ၏ခန္ဓာကိုယ်မှ မီးတောက်သည် နှစ်မီတာ မှ သုံးမီတာထိ ရှိလာတော့သည်။

ကျွင်းချောင်ရှောင်းသည် နဂါးလေးဆီမှ ဒေါသတရားကို ခံစားမိသည်။ ထို့ကြောင့် နှစ်သိမ့်လိုက်၏ “စိတ်မပူနဲ့ ။ သခင်က ပိုပြီး အားကောင်းလာတဲ့အချိန်ရောက်ရင် ဒင်းကို ကျိန်းသေပေါက် သွားရိုက်မယ်”

“သခင်”

ရုတ်တရက် မီးတောက်တွေထဲမှ ကလေးသံတစ်သံ ထွက်ပေါ်လာသည် “ကျုပ် အခုပဲ သွားရိုက်မယ်”

ဟမ် ….

ကျွင်းချောင်ရှောင်း ဆွံ့အသွားသည်။

တပည့်များ၏ မျက်လုံးသည် ပြူးထွက်သွားကြ၏။

မီးတောက် ထဲမှ အသံတစ်ခု ထွက်လာသည်။ ထိုအရာသည် နဂါးလေး .. နဂါးလေး၏ အသံပင် ဖြစ်ရမည်။

မဖြစ်နိုင်ဘူး။

ဘုတ်…။

ရုတ်တရက် ဆိုသလိုပဲ တစ်မီတာလောက် ရှိသည့် ပုံရိပ်တစ်ခုသည် မီးတောက်တွေထဲမှ ခုန်ထွက်လာသည်။ ထိုပုံရိပ်သည် ကိုယ်လုံးတီးနှင့် ဖြစ်သော်လည်း ခန္ဓာကိုယ်အောက်ပိုင်း အရေးကြီးသည့်နေရာအား မီးတောက်တွေနှင့် ဖုံးလွှမ်းထားသည်

ကြည့်ရသည်မှာ အသက်ရှစ်နှစ် သို့မဟုတ် ကိုးနှစ်ကလေး တစ်ယောက် ပုံမျိုးဖြစ်သည်။

သို့ပေမဲ့ လက်မောင်း၊ ရင်ဘတ်နှင့် ဝမ်းဗိုက်ကြွက်သားများသည် ဖုဖောင်းနေပြီး ကာလဗလမောင် တစ်ယောက်၏ ခန္ဓာကိုယ် အသွင်သဏ္ဍန်မျိုး ဖြစ်နေ၏။

ထိုသူလေး၏ အရေပြားသည် အနီရင့်ရောင်ဖြစ်ပြီး မီးလောင်ကျွမ်းခံနေရသည့် မီးသွေးတုံး၏ အရောင်ကဲ့သို့ပင် ဖြစ်သည်။

သို့ပေမဲ့ ပုံပန်းသွင်ပြင်သည် လူသားဟုလည်း မသတ်မှတ်နိုင်ချေ။

အဘယ့်ကြေင့် ဆိုသော် လူသားတစ်ယောက် ၏ ကိုယ်ခန္ဓာမျိုး ရှိသည် ဆိုလျှင်တောင်မှ အသာကွေးညွတ်နေသော ချိုနှစ်ခု နှင့် ဆိတ်တစ်ကောင်၏ ဦးခေါင်းမျိုးကို ပိုင်ဆိုင်နေသည်။

ပို၍ကြည့်ရဆန်းသည်မှာ ဖင်နေရာတွင် အလွန်ကြီးမားပြီး ရှည်လျားသည့် အမြီးတစ်ခု ရှိနေကာ မီးတောက်တွေကလည်း အရှိန်တညီးညီးနှင့် တောက်လောက်လျက် ရှိနေသည်။

လူသားမဟုတ်ပေ။

မွန်းစတားဟု ဆိုရမည်။

ကျွင်းချောင်ရှောင်း နှင့် တပည့်များအားလုံးသည် ဆွံ့အနေကြသည်။

ထိုအချိန်မှာတော့ ခန္ဒာကိုယ်ပေါ်၌ တောက်လောင်လျက်ရှိသော နဂါးလေး၏ မီးတောက်များသည် ပျောက်ကွယ်သွား၏။

ကျွင်းချောင်ရှောင်းသည် သူ၏ သားရဲကို မမှတ်မိဟန်ဖြင့် ပြောလိုက်သည် “မင်း … မင်းက နဂါးလေး လား”

“ဟုတ်ပါတယ်

အနီရောင် မွန်းစတားသည် အသံသေးလေးဖြင့် ပြောလိုက်သည် “သခင်”

“…….”

ကျွင်းချောင်ရှောင်းသည် မြေပေါ်လဲကျမလိုပင် ဖြစ်သွားမိ၏။

သူ၏ ပဋိညာဉ်သားရဲသည် မွန်းစတား တစ်ကောင်၏ အသွင်မျိုးပြောင်းလဲနိုင်သလို စကားလည်း ပြောဆိုနေနိုင်သည်။

သူ အိမ်မက်များ မက်နေသည်လား။

“သခင် …”

နဂါးလေး ပြောလိုက်သည် “ဒါက သန္ဓေပြောင်းလဲပြီးနောက်မှာ ကျုပ်ရဲ့ တိုက်ခိုက်ရေး ပုံစံပဲ။ ဒါက နဂါးပုံစံလို့ ခေါ်တယ်”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ခါနေသည် “ခေါင်းကိုကြည့်ရတာ နဂါးနဲ့လည်း မဟုတ်ဘူး။ မင်းက ဆိတ်ခေါင်းကြီးနဲ့ မဟုတ်လား။”

နဂါးလေး က ပြောလိုက်သည် “အစစ်အမှန် နဂါးပုံစံကို မပြောင်းလဲနိုင်ခင်မှာ အကြိမ်အနည်းငယ်လောက် ထပ်ပြီး တိုးတက်လာရအုံးမယ်”

စနစ်မှ ပြောလိုက်သည် “ဒါက အသွင်ပြောင်းသားရဲပဲ”

အသွင်ပြောင်း သားရဲဆိုသည်မှာ အလွန်ချစ်စရာ ကောင်းပြီး တိုက်ခိုက်နိုင်စွမ်းမရှိသော သားရဲ ဖြစ်လျင်ပင် အသွင်ပြောင်းပြီးပါက အလွန်တရာ ရက်စက်ပြီး တိုက်ခိုက်နိုင်စွမ်း အားကောင်းသည့် သားရဲ ဖြစ်သွားတတ်သည်။

ကျွင်းချောင်ရှောင်း မေးလိုက်သည် “နဂါးလေး .. မင်းက အသွင်ပြောင်းသားရဲလား”

အသွင်ပြောင်း သားရဲလား။

တပည့်များသည် ထိုစကားကို ကြားတော့ နားလည်သွားသည်။

အသွင်ပြောင်းသားရဲ ဆိုလျှင် ယခုကဲ့သို့အသွင်ပြောင်းလဲ နိုင်သည်မှာ အံ့အားသင့်စရာမရှိတော့ချေ။

နဂါးလေးက ပြောလိုက်သည် “ဒီပုံစံက ဆယ့်ငါးမိနစ်ပဲ ခံမယ်။ ဒီတော့ သခင့်ကို ဖင်ချလိုက်တဲ့ကောင်ကို ကျုပ် မြန်မြန် သွားတိုက်မှ ဖြစ်မယ်”

ကျွင်းချောင်ရှောင်း “………”

ဟကောင်ရ .. ဖင်ချတာ မဟုတ်ဘူး။ ဖင်ကို တိုက်ခိုက်လိုက်တာ။ စကားလုံး အသုံးအနှုန်း ဆိုတာ အဓိပ္ပာယ် တော်တော်ကွဲသွားတယ်ကွ။

ကျွင်းချောင်ရှောင်း ခပ်တည်တည် နှင့် ပြောလိုက်သည် “ငါ့ကို တိုက်ခိုက်ခဲ့သူက သိုင်းဘုရင်ပဲ”

နဂါးလေး၏ မျက်လုံးထဲတွင် အထင်သေးမှုများနှင့် ပြည့်နှက်သွားသည် “သိုင်းဘုရင် ထိပ်ဆုံးအဆင့် မဟုတ်ရင် အသက်ရှင်ချင်စိတ် မရှိတော့တဲ့အထိ နှိပ်စက်နိုင်တယ်”

“အဲလိုလား”ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

“သခင် ….”

နဂါးလေးသည် ဂုဏ်ယူသလို ခေါင်းမော့ကာ မေးလိုက်သည် “အသက်ရှင်ရက် လိုချင်လား၊ အသေလား”

ဤမျှမောက်မာနေသည့် နဂါးလေးအား ကြည့်ကာ ကျွင်းချောင်ရှောင်း ပြောလိုက်သည် “သူ့ကို မသေမရှင်ရိုက်နှက်ပြီး ဒီကို ပြန်ခေါ်ခဲ့”

“ကောင်းပါပြီ”

နဂါးလေးသည် အကာအကွယ် အစီအရင် အပြင်ဘက်ဆီ ပြေးသွားသည်။ သူ၏ ခန္ဓာကိုယ် အောက်ပိုင်းသည် မီးတောက်များနှင့် ပြန်လည် ဖုံးလွှမ်းလာပြီး အလွန်တရာ မြန်ဆန်သော အရှိန်ကို ထုတ်ဖော်နိုင်သည်။

“နေအုံး ….”

ကျွင်းချောင်ရှောင်း အော်လိုက်သည် “ရှေ့က ချောက်ကြီး”

“အား …”

ချောက်ထဲသို့ ကျဆင်းသွားသော အော်ဟစ်သံသည် ညနက်နက် တိတ်ဆိတ်နေသော တည်နေရာထဲတွင် ပြန့်နှံ့သွားတော့သည်။

ကျွင်းချောင်ရှောင်း “…..”

တပည့်များ “……..”

ငါ့ရဲ့ ပဋိညာဉ်သားရဲက ယုံကြည်ရတဲ့ကောင်လား။ သောက်တလွဲကောင်လား။

………

ဘုတ် … ။

ကျန့်ရာသည် အကြိမ်အနည်းငယ်လောက် ခုန်ပြီးနောက် မြေပေါ်သို့ ဆင်းသက်လိုက်သည်။ သူသည် နှာခေါင်းရှုံ့လိုက်သည်။

ကောင်လေး ….

ငါ့ရဲ့ တိုက်ခိုက်ချက်က ဂျင်သုံးသန်းအားအင်ကို ပိုင်ဆိုင်တယ်။ ဖင်ကို ထိသွားတယ်ဆိုတော့ သေရင်သေ ၊ မသေရင် ဒဏ်ရာ အကြီးအကျယ် ရမှာပဲ။

ကျန့်ရာသည် သူ၏ အားအင်ကို ယုံကြည်သည်။ ဒုတိယ အဆင့် သိုင်းစစ်သူကြီး တစ်ယောက် အနေဖြင့် သူ၏ အားအင်ကို ခုခံနိုင်မည် မဟုတ်ချေ။

တကယ်တမ်းမှာတော့ ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်သည် တစ်နှစ်နီးပါး ပက်ပက်စက်စက် လေ့ကျင့်ခြင်းခံရပြီးနောက် အလွန်သန်မာသော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် သိုင်းဘုရင် တစ်ယောက်၏ တိုက်ခိုက်မှုကို ခံလိုက်ရသည် ဆိုလျှင်တောင်မှ အသေးစား ဒဏ်ရာ သာ ရရှိခဲ့သည်။

ဖြောင်း ..။

ကျန့်ရာသည် လက်ခုပ်တီးကာ ပြောလိုက်သည် “ဂိုဏ်းခွဲမှုးက အစီအရင် ဆရာကို လွှတ်လိုက်ပြီ။ ဒီဘုရင် က သံမဏိအရိုးဂိုဏ်းကို သက်တောင့်သက်သာ ဖျက်ဆီးပြမယ်”

“ဟားဟားဟား …”

သူ ရယ်လိုက်သည် “အရာအားလုံးက ဒီဘုရင်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိရမယ်။”

“အား …”

ရုတ်တရက် ဆိုသလိုပဲ ကလေးတစ်ယောက်၏ အော်သံသည် အပေါ်ဘက်ဆီမှ ထွက်ပေါ်လာသည်။

ဘုန်း …။

ငါးမီတာ အကွာမှာတော့ တစ်စုံတစ်ခုသည် မြေပေါ် ပြုတ်ကျလာပြီး ဖုန်တွေ အလိပ်လိပ် ထွက်ပေါ်ကာ မြေပေါ်တွင် တွင်းကြီးတစ်ခု ဖြစ်တည်သွားစေသည်။

အားရပါးရ ရယ်မောနေသော ကျန့်ရာသည် တန့်ခနဲ ဖြစ်သွား၏။

ဖုံတွေပျောက်ကွယ်သွားချိန်မှာတော့ မြေပေါ်တွင် လူသားလေး တစ်ယောက်၏ အသွင်သဏ္ဍန်မျိုးပေါ်လာသည်။

ကျန့်ရာ ၏ နှုတ်ခမ်းထောင့်များသည် တုန်ခါသွားသည် “တောင်ပေါ်က ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေတာလား”

သူသည်စိတ်ဝိညာဉ်စွမ်းအင်များအား ဖြန့်ကျက်ပြီး သေချာကြည့်လိုက်သည်။ ပြီးနောက် ဆွံ့အသွားသည် “ဒါ လူလား၊ မွန်းစတားလား”

သိုင်းဘုရင်တစ်ယောက်ဖြစ်သည်မို့ သူသည် ထူးဆန်းသော သတ္တဝါကို မြင်လိုက်သည် ဆိုသော်လည်း အံ့အားသင့်ရုံက လွဲ၍ ထူးထူးခြားခြား စိုးရိမ်ကြောက်လန့်မှုတော့ မဖြစ်ချေ။

ဖြောင်း ..။

နဂါးလေးသည် လက်တစ်ဖက်ထောက်၍ တွင်းထဲမှ ထွက်လာသည်။ သူ၏ တကိုယ်လုံးသည် ဖုန်အလိမ်းလိမ်း နှင့် စုတ်ပြတ်လျက်ရှိ၏။

“ချီးတဲ့မှ …”

ခန္ဓာကိုယ်ပေါ်ရှိ ဖုန်များအား ခါလိုက်ပြီး ကိုယ့်နာဖူးကိုယ် ပုတ်လိုက်မိသည် “ပထမဆုံး တိုက်ခိုက်ရေး အသွင်သဏ္ဍန်ကို ပြောင်းတာလေ။ ဘယ်လိုလုပ် ကိုယ့်အရှက်ကိုယ်ခွဲရတာလဲ”

“ဟေး …”

ကျန့်ရာ မေးလိုက်သည် “မင်းက လူလား၊ မွန်းစတားလား”

ဝှစ် ..။

ရုတ်တရက် ဆိုသလိုပဲ နဂါးလေးသည် သူ၏ အရှေ့၌ ပေါ်လာသည်။ သူ၏ နီရဲနေသော မျက်လုံးထဲတွင် ဒေါသတရားတွေနှင့် ဖြစ်နေသည် “ကျုပ်က နဂါးလူသားပဲ”

“မြန်လိုက်တာ”

ကျန့်ရာ ၏ အမူအရာသည် ပြောင်းလဲသွားသည်။သူသည် ရှောင်လိုက်ချင်သည်။

သို့ပေမဲ့ နောက်ကျသွားခဲ့ပြီ ဖြစ်၏။

နဂါးလေး၏ သေးငယ်လှသော လက်သီးလေးသည် သူ၏ ရင်ဘတ်ပေါ်သို့ ကျဆင်းလာသည်။

ကျန့်ရာသည် စိတ်ဝိညာဉ်စွမ်းအင်များအား ထုတ်ဖော်ကာ ကာကွယ်လိုက်သည်။ သူသည် လက်မြှောက်၍ ကာကွယ်ရန်ပင် အချိန်မရခဲ့ချေ။

ဘတ်း …။

ကျန့်ရာ၏ နောက်ကျောဘက်ဆီမှ စွမ်းအင်လှိုင်းတွေပင် ပွင့်ထွကလာသည်။ ချက်ချင်းဆိုသလိုပဲ ကျန့်ရာသည် လွင့်စင်သွားပြီး တောင်နံရံ နှင့် ရိုက်မိသွား၏။

ဝှစ် ..။

နဂါးလေးသည် သူ၏ အနီရောင်လက်လေးများအားလှုပ်ရှားကာ မုန်တိုင်းတိုက်သလို ထိုးနှက် တိုက်ခိုက်တော့သည်။

“ခင်ဗျားက ကျုပ်သခင်ကို နာကျင်အောင် လုပ်တယ် ဟုတ်လား။ အသက်မရှင်ချင်တော့ဘူးလား”

ဘန်း ..ဘန်း ..။

လေထဲတွင် ဖုန်တွေ အလိမ်းလိမ်းဖြစ်နေတော့သည်။ တောင်နံရံပေါ်တွင်တော့ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော အက်ကွဲကြောင်းများသည် ပင့်ကူအိမ်ကဲ့သို့ပင် ဖြစ်ပျက်သွား၏။

ဖော်ညွှန်းရမည် ဆိုလျှင် အလွန်ကြမ်းတမ်းသည်။ ရက်စက်သည်။ ပြင်းထန်သည်။

All Chapters