← Chapters

အခန်း (၃၁၁)

Vol. 21 Ch. 311

အခန်း (၃၁၁)

Vol. 21 Ch. 311

ဂိုဏ်း၏ အကာအကွယ် အစီအရင်သာ မရှိဘူးဆိုလျှင် ကျန့်ရာဟုခေါ်သောလူသည် အထဲသို့ ဝင်ရောက်လာပြီး သူ၏ ဂိုဏ်းတစ်ခုလုံးအား ဖျက်ဆီးသွားခဲ့သည်မှာ ကြာမြင့်ပြီး ဖြစ်ပေသည်။

ထို့ကြောင့် သူ့အနေနှင့် နှိပ်စက်သည့်နေရာတွင် အနည်းငယ် ကြင်နာသနားမှုကို ထုတ်ဖော်မပြသခဲ့ပေ။ နည်းလမ်းမျိုးစုံကို သုံး၍ နှိပ်စက်လျက်ရှိ၏။

အထူးသဖြင့် သပ်ရပ်မီးဖြင့် ကျွမ်းလောင်အောင် မီးရှိခြင်းသည် အလွန်တရာ ရက်စက်လှသော အရာပင် ဖြစ်သည်။

ကျန့်ရာသည် အသဲခိုက်အောင် နာကျင်လွန်းသောကြောင့် အော်ဟစ်လျက်ရှိ၏။

သူ၏ ခန္ဓာကိုယ်ပေါ်မှာတော့ မီးလောင်သည့်ဒဏ်ရာများ ဖြစ်ပေါ်လာ၏။ သိုင်းဘုရင်တစ်ယောက်သည်လည်း လူသားတစ်ယောက်ပင် ဖြစ်သည်။ နာကျင်မှု အထွတ်အထိပ်သို့ ရောက်ရှိချိန်မှ‌ာတော့ ဆိုးဆိုးရွားရွား အော်ဟစ်ရသည်မှာ ဓမ္မတာပင် ဖြစ်တော့သည်။

သို့ပေမဲ့ သိုင်းဘုရင်၏ စိတ်စွမ်းအင် သည် အလွန်တရာ အားကောင်းလှ၏။

သပ်ရပ်မီးဖြင့် ကျွမ်းလောင် ခံရပြီးနောက်မှာတော့ ကျန့်ရာသည် ထပ်မံ၍ နိုးထလာခဲ့သည်။ ပြီးနောက် ခပ်ထေ့ထေ့ ပြုံးကာ ပြောလိုက်သည်။ "အမှိုက်ကလေး ဒီလို နည်းလမ်းမျိုးက ဘုရင်ကြီးကို ဘာမှ ဖြစ်စေမှာ မဟုတ်ဘူး။ဒီဘုရင်ကြီးက သည်းခံနိုင်သေးတယ်။"

ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်သည်။ "ဒါက ပထမဦးဆုံးရက်ပဲ ရှိသေးတယ်လေ။ပြီးတော့ ခင်ဗျားကို အချိန်ကောင်းတွေ ခံစားခွင့်ရအောင် လုပ်ပေးအုံးမယ်။"

ပြီးနောက် သူသည် စုရှောင်မိုတို့နှင့်အတူ ထွက်ခွာသွားသည်။

အစောကတည်းက ချုပ်နှောင်ပြီးသားဖြစ်သည်မို့ ဖြည်းဖြည်းချင်း ကစားရန် အချိန်တွေ အများကြီး ရှိနေသေး၏။

ဤသို့နှင့်ပဲ နောက်သုံးရက်အတွင်း ကျန့်ရာသည် နည်းလမ်းမျိုးစုံသုံးသည့် နှိပ်စက်မှုများကို အချိန်တိုင်း ခံစားနေရသည်။

သာမန်လူတစ်ယောက်ဆိုလျှင် အစောကြီးကတည်းက ပြိုလဲသွားမှာသေချာသည်။

"ဂိုဏ်းချုပ်"

လီချင်းယန် ပြောလိုက်သည်။ "ဘာလို့ သူ့ကို မြန်မြန် မသတ်ပစ်တာလဲ။"

သူသည် မိစ္ဆာဂိုဏ်း၏ ကျင့်ကြံသူတစ်ယောက်အား ကိုယ်ချင်းစာနာ သနားနေခြင်း မဟုတ်ပေ။ သို့ပေမဲ့ မထင်မှတ်သော ကိစ္စတစ်ခုခု ဖြစ်ပွားလာပြီး တစ်ခုခု ဖြစ်သွားမည်ကို စိုးရိမ်နေမိ၏။

ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲတွင် ထိုင်၍ မေးထောက်ကာ ပြောလိုက်သည်။ "သူက သိုင်းဘုရင်တစ်ယောက်လေ။သူ့ကို သတ်ပစ်ရမှာ နှမျောစရာကြီး။"

"ဂိုဏ်းချုပ် ဘာကိုဆိုလိုတာလဲ။" လီချင်းယန် ပြောလိုက်၏။

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

"သူ့ရဲ့ စိတ်စွမ်းအားကို ချိုးဖြတ်ပြီး ဝိညာဉ်အရင်းအမြစ်ကို ထိန်းချုပ်နိုင်မယ်ဆိုရင် ဂိုဏ်းရဲ့ ကျေးကျွန်အဖြစ် အသုံးပြုလို့ တော်တော် ကောင်းမှာပဲ။"

သိုင်းဘုရင်သည် အလွန်တရာ အားကောင်းလှ၏။ သူ့အနေနှင့် အသုံးပြုရမည်ဆိုလျှင် သတ်ဖြတ်ခြင်းထက် ပိုသော အကျိုးသက်ရောက်မှုကို ရရှိမှာ သေချာသည်။

လီချင်းယန် ပြောလိုက်သည်။ "သိုင်းဘုရင်တစ်ယောက်မှာ သူ့ရဲ့ ဂုဏ်သိက္ခာရှိတယ်။နှိပ်စက်ရုံလောက်နဲ့ အညံ့ခံမယ်လို့ မထင်ဘူး"

"ဒါအမှန်ပဲ။"

ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်သို့ အသာနောက်လှန်၍ မှီထိုင်ကာ ပြောလိုက်သည်။ "ဒီလောက်အကြာကြီး နှိပ်စက်ပြီးတဲ့နောက်မှာ သူက တစ်စက်ကလေးမှ အောက်ကျမခံခဲ့ဘူး။သူ့ကို ထိန်းချုပ်ဖို့ဆိုတာ တော်တော်လေး ခက်ခဲလိမ့်မယ်။*

ဝမ်။

ထိုအချိန်မှာတော့ အပြင်ဘက်ရှိ မမြင်ရသော အစီအရင် အတားအဆီးသည် ရုတ်တရက်ပေါ်ပေါက်လာ၏။

........

တောင်၏အပြင်ဘက်မှာတော့ သိုင်းစစ်သူကြီးဆယ်ယောက်တို့သည် အလွန်တရာ စိတ်ဓာတ်ကျလျက်ရှိနေသည်။

သိုင်းဘုရင် ကျန့်ရာ သည် တောင်၏နောက်ဘက်သို့ ထွက်ခွာသွားသည်မှာ သုံးရက်တိတိကြာမြင့်ခဲ့ပြီဖြစ်၏။ သို့ပေမဲ့ ပြန်မရောက်လာခဲ့ပေ။

နတ်ဆိုးမိစ္စာဂိုဏ်း၏ ဂိုဏ်းခွဲမှူးသည် အစီအရင် ကျွမ်းကျင်သူနှစ်ယောက်အား စေလွှတ်လိုက်၏။

သူတို့သည် ကျန့်ရာကို မစောင့်တော့ပေ။ အကာအကွယ်အတားအဆီးအစီအရင်အား စတင်၍ ဖျက်ဆီးတော့သည်။

ဘုန်း ဘုန်း။

သို့ပေမဲ့ အစီအရင် ဆရာနှစ်ယောက်တို့သည် အကာအကွယ်အတားအဆီးအား ဖျက်ဆီးရန် ကြိုးစားနေတုန်းမှာပဲ သူတို့၏ ဝိညာဉ်များသည် တုန်ခါသွားပြီး အနောက်ဘက်သို့ လွင့်စင်သွားကြသည်။ နှစ်ယောက်စလုံးသည် သွေးအန်ထွက်လာကြ၏။

သူတို့၏ သွေးနှင့် ချီများကို စုစည်းလိုက်၏။ သူတို့၏ မျက်လုံးထဲမှာတော့ ထိပ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နက်နေသည်။ "အစီအရင်က အရမ်းအားကောင်းလွန်းအားကြီးတယ်။"

"ငါ အချိန်အကြာကြီး လေ့လာခဲ့တယ်။ဒါပေမဲ့ ဒီလောက်ကြီး အားကောင်းတဲ့ အစီအရင်ကို တစ်ခါမှ မမြင်ဖူးဘူး။"

သူတို့နှစ်ယောက်သည် အစီအရင်များနှင့် ပတ်သက်၍ အလွန်တရာ အတွေ့အကြုံ ရှိသူများ ဖြစ်ပြီး ရေတွက်လို့ မရအောင် များပြားသော အစီအရင်များအား အကြိမ်ပေါင်းများစွာ ဖျက်ဆီးခဲ့ဖူးသူများဖြစ်၏။

သို့ပေမဲ့ ဤဂိုဏ်းအကာအကွယ် အစီအရင်ကို ဖျက်ဆီးသည့်အချိန်တွင်တော့ အထဲတွင် ရေးသားထားသော အစီအရင်နှင့် အရေးအသားများမှာ အလွန်တရာ ခက်ခဲနက်နဲလှပြီး ရှုပ်ထွေးလွန်းလှသည်ကို သိရှိလိုက်ရသည်။

စောနကကဲ့သို့ အစီအရင်ဆီမှ တန်ပြန်မှုကို မခံရဘဲ သေသေချာချာ ဆက်လက်လေ့လာရမည်ဆိုလျှင် ပင် သူတို့တစ်ဘဝလုံး လေ့လာ၍ ပြီးဆုံးနိုင်မည့် အစီအရင်မဟုတ်ပေ။

ဂိုဏ်းအကာအကွယ် အစီအရင်သည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အစီအရင်စနစ်နှင့် ခြားနားနေ၏။

ကျွင်းချောင်ရှောင်းသည် အစီအရင်၏ ပုံရိပ်ယောင် ပေါ်ပေါက်လာသည်ကို ဂရုမစိုက်သလို အပြင်မှ လူတွေကိုလည်း ဂရုမစိုက်ပေ။

အဲအစား သူသည် ကျန့်ရာကို မည်ကဲ့သို့ အနိုင်ယူရမည်ဆိုသည်ကိုသာ ဂရုစိုက်လျက်ရှိသည်။

သူသည် နှိပ်စက်နည်းမျိုးစုံကို အသုံးပြုခဲ့သည်ဆိုသော်လည်း ၎င်း၏ အားကောင်းလှသော စိတ်စွမ်းအင် အား မချိုးဖြတ်နိုင်‌ခဲ့ချေ။ ထို့ကြောင့် တစ်ခြားသော နည်းလမ်းကို အသုံးပြုမှ ဖြစ်ပေလိမ့်မည်။

ခရက်စ် …။

အချုပ်ခန်းတံခါးပွင့်သွားပြီးသည့်နောက်မှာတော့ လျိုဝမ်ရှစ်သည် အစားအ‌သောက်များ ထည့်ထားသည့် ဗန်းများကို ကိုင်ကာ လျှောက်ဝင်လာသည်။

ပြီးနောက် ကြီးမားလှသော ကြိုးများဖြင့် ချုပ်နှောင်ခြင်းကို ခံထားရပြီး ဒဏ်ရာတွေ ဗလပွနှင့် ဖြစ်နေသော ကျန့်ရာကို ကြည့်၍ မနေနိုင်တော့ဘဲ မေးလိုက်မိ၏။ "အစ်ကိုကြီး နာနေလား။"

"...." ကျန့်ရာသည် အသားခေါင်းငုံကြည့်ပြီး မည်သည့်စကားကိုမှ မဆိုချေ။

လျိုဝမ်ရှစ်သည် အစားအသောက်များအား အသာချလိုက်တော့ အစားအသောက်၏ မွှေးပျံ့လွန်းသော ရနံ့များ ထွက်ပေါ်လာသည်။

"မဆိုးဘူး။"

ကျွင်းချောင်ရှောင်းသည် အရသာရှိသောအစားအသောက်များနှင့် မြူစွယ်ရန် စဉ်းစားခဲ့ခြင်း ဖြစ်၏။

ပြောစရာမလိုပေ။ လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက ဆာလောင်နေသော ကျန့်ရာသည် အလွန်မွှေးပျံ့လှသော ရနံ့များကို ရှုရှိက်ပြီးသည့်နောက်မှာတော့ သူ၏ ဝမ်းဗိုက်အတွင်းမှ တစ်ဂွီဂွီအသံများပင် မြည်လာတော့သည်။

"အစ်ကိုကြီး ဒီနေရာမှာ အစားအစာတွေထားခဲ့မယ်"

လျိုဝမ်ရှစ်သည် ကျန့်ရာ၏ရှေ့သို့ အစားအစာများအား ချကာ ထွက်ခွာ‌သွားတော့သည်။

ကျန့်ရာသည် ကြိုးတွေချုပ်နှောင်ထားသော ခန္ဓာကိုယ်ကို ခက်ခက်ခဲခဲ လှုပ်ရှားပြီး အစားအသောက်ကို စတင်၍ စားတော့သည်။

အစားအသောက်များ အဆိပ်ခပ်ထားမည်လားဆိုသည်ကို သူ စိတ်မပူပေ။ သူသည် အစောကတည်းက အကျဉ်းသားတစ်ယောက်ဖြစ်နေပြီဖြစ်သည်။ တစ်ဖက်လူသည်သာ သူ့ကို သေစေချင်သည်ဆိုလျှင် ဤမျှဒုက္ခခံ၍ အဆိပ်ကျွေးနေမည် မဟုတ်ချေ။

လျိုဝမ်ရှစ် ဖန်တီးထားသော အစားအစာများကို စားသောက်ပြီးနောက်မှာတော့ ကျန့်ရာသည် တောင်ထိပ်တစ်ခုပေါ်တွင် လေ‌ညှင်းခံနေရသလို အလွန်လတ်ဆကသည့် ခံစားမှုမျိုး ရရှိနေသည်။

ဤခံစားမှုသည် အလွန်တရာ အားကောင်းလှပြီး သက်တောင့်သက်သာလည်း ရှိလှသည်။

ငယ်ရွယ်စဉ်က သူ၏ အစ်မသည် စားသောက်ဆိုင်မှ ခိုးလာသော အစားအစာများကို ယူဆောင်၍ သူ့အား ကျွေးမွေးခဲ့ကြောင်း ပြန်၍ သတိရလိုက်မိသည်။

"အစ်မကြီး ဒါက ကြက်သားပေါင်းပဲ။”

“အစ်မကြီး ဒါက ငါးပေါင်းပဲ။”

“အစ်မကြီး …. ဘာလို့ မစားတာလဲ။"

"အစ်မကြီးက မဆာသေးဘူး။"

ငယ်ရွယ်စဉ်က သူ၏အစ်မကြီးသည် အဘယ့်ကြောင့်မဆာသနည်းဆိုသည်ကို သူမစဉ်းစားခဲ့ပေ။

သို့ပေမဲ့ သူ့အစ်မကြီးမှာတော့ သူ့အား အစားအသောက်များကို အဆင်သင့်သလို ခိုး၍ ကျွေးမွေးလျက်ရှိသည်။ သူမ မှာတော့ တစ်ချိန်လုံး အဆာခံခဲ့၏။

စားကြွင်းစားကျန်များကို စားသောက်ရသည်ဆိုသော်လည်း အလွန်တရာ အရသာရှိပြီး ဘဝတွင် စားဖူးသမျှထဲမှာ အကောင်းဆုံး အစားအစာများဖြစ်ခဲ့ကြောင်း ပြန်လည်တမ်းတ အမှတ်ရစေသည်။

ဤကဲ့သို့ စားကြွင်းစားကျန်များ ခိုးသည့်ကိစ္စကို ပေါ်သွားပြီးသည့်နောက်မှာတော့ စားသောက်ဆိုင်ပိုင်ရှင်သည် သူ၏အစ်မကြီးအား ဖမ်းဆီးခဲ့၏။

ထို့အပြင် ကျန့်ရာသည်လည်း အရိုက်ခံရသည်။ သူသည် ရိုက်နှက်ခံရသောကြောင့် ခနော်ခနဲ့ အိမ်ကလေး၏ ရှေ့တွင် သုံးရက်နှင့် သုံးညတိတိ လဲလှောင်းနေခဲ့ရသည်။

ထိုနေ့မှစ၍ သူနှင့် သူ့အစ်မကြီးတို့သည် လူချင်းကွဲသွားခဲ့ခြင်းဖြစ်သည်။ တစ်ယောက်နှင့်တစ်ယောက် မည်သို့သောအခါမျိုးမှာမှ ပြန်လည်မတွေ့ဆုံတော့ချေ။

နောက်ပိုင်းမှာတော့ ကျန့်ရာသည် သိုင်းကျင့်ကြံခြင်း နည်းစနစ်များကို ကျင့်ကြံဖို့ အခွင့်အရေးရခဲ့၏။

ပြီးနောက် သူသည် စားသောက်ဆိုင်ပိုင်ရှင်အား ချုပ်နှောင်၍ ရိုက်နှက်မေးမြန်းခဲ့သောအခါ သူ့အစ်မကြီးအား မြို့ထဲရှိ ဆောင်ကြာမြိုင်တစ်ခုတွင် ရောင်းချခဲ့ကြောင်း သိရှိခဲ့ရသည်။

အဲဒီနေ့မှာတော့ စားသောက်ဆိုင်သည် ကျန့်ရာ၏ နှလုံးသားထဲက ဒဏ်ရာများအား မခံစားနိုင်တော့ဟန်ဖြင့် မီးတွေ တစ်ဟုန်းဟုန်း တောက်ကာ ကျွမ်းလောင်ခဲ့ရ၏။

"အစ်မကြီး … ကျွန်တော် ကျိန်းသေပေါက် အစ်မကြီးကို တွေ့အောင်ရှာမယ်။"

သူသည် ဒေါသထွက်ထွက်နှင့် တောင်ပေါ်မှ ဆင်းကာ မြို့ထဲသိုသွား၍ ဆောင်ကြာမြိုင်သို့ ရှာဖွေခဲ့သော်လည်း ဆောင်ကြာမြိုင်မှာ လွန်ခဲ့သည့် နှစ်အနည်းငယ်ကတည်းက ပိတ်သွားခဲ့ပြီဖြစ်ကြောင်း သိလိုက်ရပြန်သည်။

သူ့အစ်မကြီး၏ သဲလွန်စ သည် ပြတ်တောက်သွားခဲ့ရသည်။

အချိန်အတော်ကြာပြီးသည့်နောက်မှာတော့ ကျန့်ရာသည် သူ၏ အချိန်တော်တော်များများကို စုံစမ်းခြင်း ၊ ရှာဖွေခြင်းနှင့်သာ ကုန်ဆုံးခဲ့ရ၏။ သို့ပေမဲ့ မည်သို့သော တိုးတက်မှုမှ မရှိခဲ့ချေ။

အဆုံးသတ်မှာတော့ သူသည် နတ်ဆိုးမိစ္ဆာဂိုဏ်းသို့ ဝင်ရန် နည်းလမ်းတစ်ခုသာ ရှိခဲ့၏။ အဘယ့်ကြောင့်ဆိုသော် ဤအဖွဲ့အစည်းသည် အလွန်တရာအားကောင်းလှသော ထောက်လှမ်းရေးကွန်ယက်ကို ပိုင်ဆိုင်ထား သောကြောင့်ပင်။

သို့ပေမဲ့ နတ်ဆိုးမိစ္ဆာဂိုဏ်း၏ အားကောင်းလှသော ထောက်လှမ်းရေးကွန်ယက်ကို အသုံးပြုတာတောင်မှ ကျန့်ရာသည် သူ၏ အစ်မကြီးကို မရှာဖွေနိုင်ခဲ့ပေ။

ထိုအရာသည် သူ့အား စိတ်မချမ်းမြေ့ခြင်း၊ စိတ်ပျက်ခြင်းနှင့် စိတ်ဓာတ်ကျခြင်း စသော ခံစားချက်များကို ရရှိစေသည်။

မဟုတ်ဘူး အစ်မကြီး သေတယ်ဆိုတဲ့ သက်သေမရမခြင်း အစ်မကြီးက အသက်ရှင်လျက်ရှိနေတုန်းပဲ။

ထို့ကြောင့် ဆက်လက်၍ ရှာဖွေရပေလိမ့်မည်။ တစ်သက်လုံးရှာရမည်ဆိုလျှင်တောင် ဆက်ရှာရမည်ဖြစ်သည်။

“မောင်လေး ….ငါတို့မိဘတွေက သေဆုံးသွားခဲ့တယ် ဆိုပေမဲ့ ငါတို့အိမ်က ရှိနေသေးတယ်။အနာဂတ်မှာ ဘယ်လောက်ခက်ခဲတဲ့ကိစ္စဘဲဖြစ်ဖြစ် ငါတို့ အဲအိမ်လေးမှာ နေရမယ်။"

သူ၏အစ်မကြီး ပြောဆိုခဲ့သော စကားများကို သူ ပြန်လည်ကြားယောင်မိ၏။

ထို့ကြောင့် ကျန့်ရာသည် သူ၏ နှလုံးသားထဲတွင် စွဲစွဲမြဲမြဲမှတ်ထားခဲ့သည်။

အချိန်တွေ ကြာမြင့်ပြီး သူသည် သိုင်းဘုရင်အဆင့်သို့ ရောက်ရှိခဲ့သည် ဆိုသော်လည်း ကျန့်ကျား ရွာလေးရှိ သူ၏ ခနော်ခနဲ့အိမ်လေးထဲမှာ နေထိုင်ခဲ့သည်။ တစ်ချိန်ချိန်မှာ သူ့အစ်မကြီး ပြန်လည်လာမည်ဟူသော မျှော်လင့်ချက်နှင့် ဖြစ်၏။

ကံဆိုးစွာဖြင့် တစ်နှစ်ပြီးတစ်နှစ်စောင့်စားခဲ့သော်လည်း မည်သည့် သတင်းစကားမှ မကြာခဲ့သလို သူ၏အစ်မကြီးသည်လည်း သူ့ဆီသို့ ပြန်မလာခဲ့ပေ။

ကျန့်ရာအတွက် သိုင်းဘုရင်ဆိုသောအဆင့်အား စိတ်ဝင်တစားနှင့် ကျင့်ကြံခဲ့ခြင်း မဟုတ်ပေ။ သူ၏ စိတ်ထဲတွင်ရှိသော အရေးကြီးဆုံးအရာမှာ သူ၏ အစ်မကြီးအား ပြန်လည်ရှာဖွေတွေ့ရှိရန်သာဖြစ်၏။

လျိုဝမ်ရှစ်၏ အစားအစာသည် ကျန့်ရာ၏ နာကျင်စရာအတိတ်များအား ပြန်လည်၍ သတိရစေသည်။ ထို့ကြောင့် စားသောက်နေရင်းမှာပဲ မျက်လုံးထဲမှ မျက်ရည်များတစ်စက်စက်နှင့် ကျဆင်းလာနေသည်။

ချီးတဲ့မှ။

အပြင်ဘက်တွင် မတ်တပ်ရပ်နေသော စုရှောင်မိုသည် နှုတ်ခမ်းတွေ တစ်ဆက်ဆက်နှင့် တုန်ရင်သွားသည်။ "တုတုရဲ့ အစားအစားက သိုင်းဘုရင်တစ်ယောက်ကို ငိုအောင် လုပ်နိုင်တာပဲ။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "အစားအစာဆိုတာ လူတွေအတွက် အရေးအကြီးဆုံးအရာပဲ။ သိုင်းဘုရင်တစ်ယောက်တောင် အစားအစာရဲ့ အရသာရှိမှုကို မခုခံနိုင်ဘူး။သူ့ကို ရက်အနည်းငယ်လောက် ထပ်ပြီးတော့ စားခိုင်းမယ်ဆိုရင် ကျိန်းသေပေါက် အလျော့ပေးလိမ့်မယ်။"

သို့ပေမဲ့ ဤအရာသည် အစားအစာကြောင့် မျက်ရည်ကျခြင်းမဟုတ်ဘဲ အတိတ်၏ ဖြစ်ရပ်များကြောင့် မျက်ရည်ကျခြင်းဖြစ်ကြောင်း ကျွင်းချောင်ရှောင်းတို့နှစ်ယောက်မသိရှိပေ။

သုံးရက်လောက် ကြာမြင့်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း သည် အချုပ်ခန်းတံခါးကို ဖွင့်၍ တပည့်များ ပြင်ဆင်ပေးသော ထိုင်ခုံတစ်ခုပေါ်တွင် ဟန်ကျကျနှင့် ထိုင်ကာ ပြောလိုက်သည်။ "ခင်ဗျားရဲ့ ဝိညာဉ်အရင်းအမြစ်ကိုပေး။‌နောက်ပြီး ကျုပ်ရဲ့ ကျေးကျွန်အဖြစ် လက်ခံလိုက်။ ဒါဆိုရင် အသက်ချမ်းသာပေးမယ်။"

ကျန့်ရာသည် ဤရက်ပိုင်းအတွင် နှိပ်စက်ခြင်းကို မခံရသည့်အပြင် အစားအစာကိုလည်း စားသုံးခဲ့ရ၏။

“ဟား ဟား ဟား။”

သူသည် ထူးဆန်းစွာ ရယ်ကာ ပြောလိုက်သည်။ "အမှိုက်ကလေး အစားအစာတွေ အနည်းငယ် ကျွေးလိုက်ရုံနဲ့ ဒီဘုရင်ကြီးကို အညံ့ခံအောင် လုပ်နိုင်မယ်လို့ ထင်နေတာလား။"

"ခင်ဗျား သဘောမတူဘူးလား။"

"ငါက သိုင်းဘုရင်တစ်ယောက်လေ။ အစားအစာလေး နည်းနည်းလောက် စားလိုက်ရုံနဲ့ ဘယ်လိုလုပ် ခေါင်းညွှတ်ပြီး ကျေးကျွန်အဖြစ် ဝပ်တွားရမှာလဲ”

All Chapters