← Chapters

အခန်း (၃၁၀)

Vol. 21 Ch. 310

အခန်း (၃၁၀)

Vol. 21 Ch. 310

အကြိမ်အနည်းငယ် ပက်ပက်စက်စက် ထိုးနှက်ပြီးနောက်မှာတော့ အမြင့် ငါးမီတာ၊ ခြောက်မီတာလောက်ရှိသည့် တောင်နံရံတစ်ခုလုံးသည် ကွဲအက်သွားခဲ့ပြီ ဖြစ်သည်။

ဝှစ် …။

နဂါးလေးသည် ရပ်တန့်ကာ ထူးမခြားနားသလို ပြောလိုက်သည် “ဒါက ကျုပ်သခင်ကို ဒဏ်ရာရအောင် လုပ်လိုက်တဲ့ အတွက်ကြောင့်ပဲ”

ကျန့်ရာ သည် တောင်နံရံထဲတွင် ချိုင့်ဝင်လျက်ရှိသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဒဏ်ရာတွေ ပရပွ နှင့် ဖြစ်ကာ မျက်နှာသည် ဝက်ခေါင်းတစ်ခုကဲ့သို့ ဖူးရောင်လျက်ရှိ၏။

အလွန်ဆိုးရွားသည့် အခြေအနေပင်။

ကျန့်ရာသည် မည်သည့်စကားမှ မဆိုနိုင်ချေ။ အဘယ့်ကြောင့် ဆိုသော် ရိုက်နှက်ခံရသောကြောင့် မေ့မျောနေပြီ ဖြစ်သောကြောင့်ပင်။

ကျွင်းချောင်ရှောင်သာ အရှင်ဖမ်းခဲ့ဟု မမှာထားပါက ငရဲမင်းကျန့် သည် သူ၏ အိမ်ဖြစ်သော ငရဲပြည်သို့ ရောက်နှင့်နေလောက်ပြီ ဖြစ်သည်။

အရာအားလုံးသည် သူ့၏ထိန်းချုပ်မှုအောက်တွင် ရှိနေပြီဖြစ်ကြောင်း သုံးသပ်ပြီးပြီးချင်းမှာပဲ မျက်စိတစ်မှိတ်အတွင်း အခြေအနေသည် ပြောင်းပြန်ဖြစ်သွားသည်။

အသက်ရှစ်နှစ်၊ ကိုးနှစ်အရွယ်လောက်သာ ရှိနိုင်မည့် မွန်းစတားသည် အဘယ့်သို့သော အစွမ်းကြောင်း ဤမျှ အားကောင်းနေရသနည်း။

ကျန့်ရာသည် သိုင်းဘုရင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သို့ပေမဲ့ ဆိုးဆိုးရွားရွား ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။ နဂါးလေး၏ အားအင်သည် သိုင်းဘုရင် အဆင့်ငါး၊ အဆင့်ခြောက် တစ်ယောက်၏ အားအင်မျိုး ဖြစ်ပေလိမ့်မည်။ သို့မဟုတ် အဲထက်ပင် ပိုမို အဆင့်မြင့်မားနေနိုင်၏။

၎င်း၏ တိုက်ခိုက်မှုအသွင်ပြောင်းပုံစံသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။

နဂါးလေးသည်ကျန့်ရာ၏ ခြေထောက်တစ်ဖက်ကို ဆွဲကိုင်၍ တောင်နံရံထဲမှ ဆွဲထုတ်လိုက်သည်။ ပြီးနောက် တရွတ်တိုက်ဆွဲကာ တောင်ပေါ်သို့ပြန်လည် ခုန်တက်လိုက်၏။

ဤသို့နှင့်ပဲ သတိလစ်နေသည့် ကျန့့်ရာ သည် နဂါးလေး၏ ခွေးသေကောင်ကို ဆွဲသလို ဆွဲခေါ်ခြင်းကို ခံလိုက်ရတော့သည်။

မကြာမီမှာပဲ နဂါးလေးသည် ကျန့်ရာအား သိုင်းလေ့ကျင့်ရေးကွင်းပြင်ဆီ လှမ်းပစ်လိုက်၏။

“ဒါက ….”

မွေးထားသည့်အမေပင် မမှတ်မိလောက်အောင် ရိုက်နှက်ခြင်း ခံထားရသည့် နတ်ဆိုးမိစ္ဆာဂိုဏ်း ကျွမ်းကျင်သူကို ကြည့်၍ ကျွင်းချောင်ရှောင်း ဆွံ့အနေမိသည်။

အချိန်ကိုရေတွက်ကြည့်လျှင် နဂါးလေး ဆင်းသက်သွားသည်မှာ ဆယ်မိနစ်လောက်သာ ကြာမြင့်သေးသည်။ ထိုအချိန်အတောအတွင်း သိုင်းဘုရင်တစ်ယောက်အား ယခုကဲ့သို့ အခြေအနေမျိုး ရောက်အောင် ပြုလုပ်ခဲ့သည် ဆိုခြင်းမှာ အလွန်ပင် မြန်ဆန်လှသည်ဟု သတ်မှတ်ရမည်။

ထိုအရာသည်တောင်မှ နဂါးလေးသည် ဒေါသကို ဖြေလျော့သည့် အနေဖြင့် မေ့မျောနေသော ကျန့်ရာအား စိတ်အဆာပြေ အကြိမ်အနည်းငယ်ထပ်မံ ထိုးနှက်နေသောကြောင့် ဖြစ်သည်။ မဟုတ်ပါက ယခုထက် ပို၍ မြန်ဆန်စွာဖြင့် သိုင်းလေ့ကျင့်ရေး ကွင်းပြင်ဆီ ခေါ်လာနိုင်သည်။

“သခင် ….”

နဂါးလေးသည် ဦးခေါင်းကို မော့၍ ကလေးဆန်သော အသံဖြင့် ပြောလိုက်သည် “ကျုပ်ကို မြန်မြန်ချီးကျူးလေ”

“ချီးကျူးတယ်။ ချီးကျူးတယ်”

ကျွင်းချောင်ရှောင်းသည် လက်မထောင်ပြလိုက်သည်။

သိုင်းဘုရင်တစ်ယောက်အား ယခုကဲ့သို့ အခြေအနေ ဖြစ်အောင် ရိုက်နှက်ခဲ့သည် ဆိုတော့ သူ၏ ပဋိညာဉ် သားရဲသည် အံ့အားသင့်စရာ ကောင်းလှ၏။

သန္ဓေပြောင်းမှု တိုးတက်လာလျှင် ယခုထက်ပင် ပို၍အစွမ်းထက်နိုင်သေးသည်။

နဂါးလေးက လေးလေးနက်နက် ပြောလိုက်သည် “သခင် ချီးကျုးတာ ပျော်စရာမကောင်းဘူး”

“………”

တပည့်များ၏ နှုတ်ခမ်းထောင်များသည် တုန်ရင်သွားကြသည်။

မပျော်ရင် ဘာလို့ မင်းအမြီးက တယမ်းယမ်းနဲ့ ဖြစ်နေရတာလဲ။

ဘုန်း … ။

ရုတ်တရက် ဆိုသလိုပဲ ကျယ်လောင်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။

နဂါးလေးသည် မူလ ပုံစံအဖြစ် ပြန်ပြောင်းသွားသည်။ ၎င်းသည် အားမရှိတော့သည့် တီကောင် တစ်ကောင် ကဲ့သို့ မြေပေါ် လဲလျက်ရှိ၏။

နဂါးလေး၏ တိုက်ခိုက်မှုပုံစံသည် အလွန် အားကောင်းလှသည် ဆိုသော်လည်း အားနည်းချက်မှာ ထိုအခြေအနေ အား အချိန်ကြာကြာ မထိန်းသိမ်းနိုင်ခြင်းပင်။ ထို့အပြင် မူလ အသွင်သို့ ပြန်ပြောင်းပြီးနောက်တွင် အလွန်အားနည်းသည့် အခြေအနေသို့ ရောက်ရှိသွားသည်။

ကျွင်းချောင်ရှောင်းသည် နဂါးလေးအား အသာပွေ့ဖက်လိုက်သည် “ကောင်လေး … မင်းအရမ်းကြိုးစားခဲ့ရပြီ”

နဂါးလေးသည် အားပြတ်နေသောကြောင့် ငြီးညူဖို့ပင် မတတ်နိုင်ခဲ့ချေ။ သူ့သခင်၏ ကိုယ်ပေါ်တွင် အသာလှဲပြီး မျက်လုံးကို မှိတ်ကာ အနားယူနေ၏။

“ဂိုဏ်းချုပ် …”

လီချင်းယန် မေးလိုက်သည် “ဒီလူ့ကို ဘယ်လိုလုပ်မလဲ”

“မရီဒန်တွေကို စည်းခတ်လိုက်”

ကျွင်းချောင်ရှောင်းသည် ကျန့်ရာ အား တစ်ချက်ကြည့်ကာ ထူးမခြားနား သလို ပြောလိုက်သည် “သူ့ကို အချုပ်ထဲ ပို့လိုက်”

သာမာန်အခြေအနေ အရဆိုလျှင် သိုင်းဘုရင်တစ်ယောက်၏ အနားသို့ သာမာန်ကျင့်ကြံသူများ ကပ်နိုင်မည် မဟုတ်ချေ။ မရီဒန်ကို စည်းခတ်ဖို့ ဆိုသည်မှာ ပို၍ပင်မဖြစ်နိုင်သေးချေ။

ယခုအချိန်မှာတော့ ကျန့်ရာသည် ပယ်ပယ်နယ်နယ် ရိုက်နှက်ခံထားရသည် ဖြစ်သောကြောင့် တစ်ချက်ကလေးမှတောင် မလှုပ်နိုင်ချေ။ တစ်ဖက်လူ ပြုသမျှ နုရမည့် အခြေအနေသို့ ရောက်ရှိနေသည်။

ထို့ကြောင့် လီချင်းယန်သည် ကျန့်ရာ၏ မရီဒန်များအား လွယ်လွယ်ကူကူ စည်းခတ်နိုင်သည်။

နောက်ဆုံးမှာတော့ တာဝန်ပြီးမြောက်ပြီးလျှင် အိမ်ပြန်ကာ သက်တောင့်သက်သာ နှင့် အိပ်ရန် စဉ်းစားထားသော ငရဲမင်းကျန့် တဖြစ်လဲ သူတောင်းစားကျန့်သည် ဝမ်းနည်းဖို့ကောင်းစွာဖြင့် သံမဏိအရိုးဂိုဏ်း၏ အကျဉ်းသား ဖြစ်လာခဲ့သည်။

……..

နဂါးလေးသည် တိုက်ခိုက်ရေး အသွင်အား ပြောင်းလဲပြီးနောက်တွင် ကြောက်မက်ဖွယ်ရာကောင်းလွန်းသော စွမ်းဆောင်ရည်ကို ထုတ်ဖော်နိုင်ခဲ့သည် ဆိုသော်လည်း ဘေးထွက်ဆိုးကျိုးမှာလည်း ကြမ်းတမ်းလှသည်။

နောက်တစ်ရက် ရောက်ချိန်မှာတော့ နဂါးလေးသည် အားနည်းနေတုန်းပင် ဖြစ်ပြီး စားချင်သောက်ချင်စိတ်ပင် မရှိ ဖြစ်လို့နေ၏။

ကျွင်းချောင်ရှောင်းသည် စိတ်ပူပန်မိသည်။

စနစ်မှ ပြောလိုက်သည် “အသွင်ပြောင်းသားရဲတွေက ဒီလိုမျိုး ပြောင်းလဲပြီးရင် အတိုင်းအတာတစ်ခုထိ အားနည်းသွားတတ်တယ်။ နဂါးလေးက သိုင်းဘုရင်တစ်ယောက်ကိုတောင် အနိုင်ယူခဲ့တယ် ဆိုတော့ အားနည်းတဲ့ အခြေအနေက ကြာမြင့်မယ် ဆိုတာ သေချာတယ်။ ဒါက သာမာန်ပဲ”

ကျွင်းချောင်ရှောင်း စိတ်သက်သာ ရာရသွားသည်။ သူသည် အေးစက်စက် ပြောလိုက်သည် “ဟို သိုင်းဘုရင် ဆိုတဲ့ လူကို သေတာထက် ဆိုးတဲ့ ခံစားချက်တွေ ရစေရမယ်”

……..

အချုပ်ခန်းထဲမှာတော့ ကျန့်ရာသည် နံရံကို မှီထားသည်။ သူ၏ လက်နှင့် ခြေထောက်များအား ထူထဲကြီးမား လှသော သံကြိုးများနှင့် ချည်နှောင်ထားပြီး လည်ပင်းအားလည်း သံကွင်းဖြင့် ထိန်းချုပ်ထား၏။

သူ၏ ခန္ဓာကိုယ်ပေါ်ရှိ နဂါးလေး၏ လက်ရာများသည် အတိုင်းသားမြင်နေနိုင်သည်။

ဆိုးဆိုးရွားရွား ရိုက်နှက်ခံထားရသောကြောင့် သံကြိုးနှင့် မချည်ထားလျှင်ပင် ကျန့်ရာသည်တစ်ချက်ကလေးမှ လှုပ်ရှားနိုင်မည် မဟုတ်ပေ။ သို့ပေမဲ့ သိုင်းဘုရင် တစ်ယောက် ဖြစ်သည်မို့ အဆင့်အတန်းမြင့်ြ့မင့် ဖြင့် ကြိုးချည် ခံထားရခြင်း ဖြစ်၏။

ခဏလောက်ကြာတော့ ….

အချုပ်ခန်း၏ သံတိုင်းများ ထဲသို့ နေရောင်များကျဆင်းလာပြီး ကျန့်ရာ အား သတိပြန်လည် ရလာစေသည်။

နိုးနိုးချင်း ခန္ဓာကိုယ်ဆီမှ အလွန်တရာ နာကျင်သည့် ခံစားချက်သည် ဦးနှောက်အတွင်းသို့ ဝင်ရောက်လာ၏။

နာကျင်မှုကို သည်းခံနေတုန်းမှာပဲ ကျန့်ရာသည်ဖြစ်ပျက်သမျှကို ပြန်လည် သတိရလာသည်။ လူသားလို ၊ နတ်ဆိုးလို မွန်းစတားလေး တစ်ကောင်ရောက်လာပြီး သူ့အား ကလေးလို ခွေးလို ရိုက်နှက်သွားခဲ့သည်။ ပြီးနောက် သူ သတိလစ်သွားခဲ့သည်။

ယခု ဘယ်နေရာသို့ ရောက်နေသနည်း။

ခန္ဓာကိုယ်ဆီမှ နာကျင်မှုကို သည်းခံရင်း ကျန့်ရာ သည် ခေါင်းကို မော့၍ ကြည့်လိုက်တော့ အခန်းကျဉ်းလေး တစ်ခုထဲ ရောက်နေကြောင်း သတိပြုမိသည်။ နေအလင်းသည် ပြတင်းပေါက်မှ တဆင့် ဝင်ရောက်လာနေသည်။

ကလောက် … ကလောက် ..။

သူ၏ ခြေလက်များအား လှုပ်ရှားကြည့်လိုက်တော့ ချုပ်နှောင်ထားသည့် သံကြိုးများ၏ အသံ ထွက်ပေါ်လာသည်။

သူသည် အကျဉ်းသားတစ်ယောက်ဖြစ်ခဲ့ပြီ ဖြစ်ကြောင်း ကျန့်ရာ နားလည်သွားသည်။ သူ၏ နှလုံးသားထဲရှိ ဒေါသတရားများသည် ဟုန်းခနဲ ထတောက်သည်။ သူသည် ကျင့်ကြံခြင်းနည်းစနစ်အား လှည့်ပတ် စိတ်ဝိညာဉ်စွမ်းအင်များအား အသက်သွင်းလိုက်၏။

သို့ပေမဲ့ သူသည် စိတ်ဝိညာဉ်အမြူတေ နှင့် ဆက်သွယ်ခြင်းငှာ မတတ်နိုင်ပေ။

ချီးတဲ့မှ ..

ငါ့ကို ချုပ်ထားတဲ့အပြင် မရီဒန်တွေကိုပါ စည်းခတ်ခဲ့တာပဲ။

တကယ့်ကို လူကြောက်တွေရဲ့ အပြုအမူလို့ ပြောရမယ်။

ဘန်း …။

ထိုအချိန်မှာပဲ တင်းတင်းပိတ်ထားသော အခန်းတံခါးသည် ပိတ်ကန်ဖွင့်ခံလိုက်ရပြီး ကျွင်းချောင်ရှောင်း နှင့် တပည့်တသိုက်တို့သည် သတ်ဖြတ်လိုခြင်းအပြည့်နှင့် ဝင်ရောက်လာတော့၏။

“ဂိုဏ်းချုပ် …”

စုရှောင်မို ပြောလိုက်သည် “ဒီလူ နိုးလာပြီ”

“သတိမေ့သွားအောင် ထပ်ရိုက်လိုက်” ကျွင်းချောင်ရှောင်း အေးစက်စက် ပြောလိုက်သည်။

သူသည် ဤနေရာသို့ ရောက်ရှိလာခြင်းမှာ ရည်ရွယ်ချက် တစ်ခုသာ ရှိသည်။ ထိုသူအား နှိပ်စက် ရိုက်နှက်ကာ ကလဲ့စားချေရန် ပင် ဖြစ်တော့၏။

“ကောင်းပါပြီ”

စုရှောင်မိုသည် အနားသို့လျှေုာက်လာပြီး စကားတစ်ခွန်းမှမပြောတော့ဘဲ ကျန့်ရာ အား အားရပါးရ ထိုးနှက်တော့သည်။

မရီဒန်များအား စည်းခတ်ခံထားရသောကြောင့် သိုင်းဘုရင်သည် သာမာန်လူနှင့် မခြားနားပေ။ ထို့ကြောင့် ဖွဲအိတ်ကြီးတစ်ခုလိုပင် စုရှောင်မို၏ ထိုးနှက် ကန်ကျောက်ခြင်းကို ပြင်းပြင်းထန်ထန် ခံနေရ၏။

အချိန်အနည်းငယ်ကြာတော့ အစောကတည်းက အားပြတ်နေပြီးဖြစ်သော ကျန့်ရာသည် ထပ်မံ၍ မေ့မျောသွားတော့သည်။ ဒေါသတရားကြောင့် မေ့မျောသွားရခြင်းလည်း တစိတ်တပိုင်း ပါဝင်သည်။

သိုင်းဘုရင်တစ်ယောက် အနေဖြင့် သူသည် အဆင့်နိမ့်ကျင့်ကြံသူတစ်ယောက်၏ ရိုက်နှက်ခြင်းကို ဘယ်တုန်းကမှ မခံဖူးချေ။ ယခုမူ ပိုးဆိုးပက်စက် ခံခဲ့ရသည်ဟု ဆိုရမည်။

ဘုန်း ..။

ရေအေးများနှင့် လောင်းပက်ခြင်းခံလိုက်ရချိန်မှာတော့ ကျန့်ရာ သည် ထပ်မံ၍ နိုးထလာသည်။

ကျွင်းချောင်ရှောင်း ထူးမခြားနားသလို ပြောလိုက်သည် “ဆက်လုပ်မယ်”

“ကောင်းပါပြီ”

ထိုကြောင့် နာရီဝက်အတွင်း ကျန့်ရာ သည် ငါးကြိမ် မေ့မျောပြီး ဖြစ်နေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပြင်းပြင်းထန်ထန် နာကျင်နေသည် ဆိုသော်လည်း တစ်ချက်ကလေးမှ အော်ဟစ် မငြီးငြူခဲ့ချေ သူသည် အလွန်အားကောင်းကြောင်း ပြသခဲ့သည်။

ကျွင်းချောင်ရှောင်းသည် အံ့အားမသင့်ပေ။

သိုင်းဘုရင်တစ်ယောက်ဖြစ်ပြီး အနည်းငယ်သော ရိုက်နှက်မှုကို ခံရချိန်၌ အော်ဟစ်နေလျှင် မည်ကဲ့သို့ သိက္ခာရှိမည်နည်း။

“အမှိုက်လေး …”

နိုးထလာပြီးနောက် ကျန့်ရာသည် နာကျင်မှုကို သည်းခံပြီး သူ၏ စိုစွတ်နေသော ဦးခေါင်းကို မြှောက်ကာ ခပ်ထေ့ထေ့ ကြည့်၍ ပြောလိုက်သည် “ဒါက အကျဉ်းသားကို ဆက်ဆံတဲ့ နည်းလား။ သာမာန်ပါပဲ”

ကျုပ်ကို ရန်စချင်တာလား။

ကျွင်းချောင်ရှောင်းသည် အသာလျှောက်သွားပြီး သူ၏ညာလက်ကို မြှောက်လိုက်သည်။ လက်ထဲတွင်တော့ အလွန်အားကောင်းလှသည့် သပ်ရပ်မီး ပေါ်လာသည်။ “မလောနဲ့။ ပွဲက အခုက စတုန်းရှိသေးတယ်”

ဒါက ….။

ကျန့်ရာ တုန်လှုပ်သွား၏ “သပ် .. သပ်ရပ်မီး မဟုတ်လား”

ဝှစ် …။

“အား …”

ခြောက်ခြားဖွယ်ရာ အသံနက်ကြီးသည် အချုပ်ခန်းထဲမှ ထွက်ပေါ်လာသည်။ ကြားလိုက်ရသူများသည် ကြက်သီးတွေပင် ထမိလာကြ၏။

All Chapters