အခန်း (၃၁၂)
Vol. 21 Ch. 312
"ကောင်းပြီ။"
ကျွင်းချောင်ရှောင်းသည် မတ်တပ်ရပ်ကာ ထွက်ခွာသွား၏။
ပြီးနောက် သူသည် ထောက်ပံ့ပေးထားသော အစားအစာများကို ဖြတ်တောက်လိုက်ပြီး ကျန့်ရာ၏ စိတ်စွမ်းအင် အား ဖျက်ဆီးပစ်ရန် စတင်၍ ကြိုးစားတော့သည်။
အရသာရှိသော အစားအစာများသည် ကျန့်ရာအား ထိန်းချုပ်နိုင်မည်ဟု သူထင်မှတ်ခဲ့၏။ သို့ပေမယ့် တကယ်တမ်းမှာတော့ သူ၏ထင်မြင်ချက်မှာမှားယွင်းခဲ့သည်ဟု ဆိုရမည်။
ဤလူသည် ရက်အနည်းငယ်အတွင်း မစားခဲ့ရသော်လည်း သူ၏စိတ်စွမ်းအင် များသည် အလွန်တရာ အားကောင်းလျက် ရှိနေတုန်းပင် ဖြစ်၏။
လျိုဝမ်ရှစ်၏ အစားအစာ အရသာသည် အလွန်တရာ ကောင်းမွန်လှသည်။
သို့ပေမဲ့ သိုင်းဘုရင်တစ်ယောက်အနေနှင့် သူသည် ဂုဏ်သိက္ခာတော့ရှိ၏။ အားဟိုင်နှင့် ရိဟိုင်တို့ကဲ့သို့ သိုင်းတပည့်အဆင့် ကျင့်ကြံသူများနှင့် မည်ကဲ့သို့ နှိုင်းယှဉ်၍ ရမည်နည်း။
ဟုတ်ပေသည်။ ကျန့်ရာသည် ထိုအစားအစာများနှင့် ပတ်သက်၍တော့ မာနရှိနေသေးသည်။
"ဂိုဏ်းချုပ်"
စုရှောင်မိုသည် ခေါင်းကုတ်ကာ ပြောလိုက်၏။ "ဒီလူက တော်တော်မာတာပဲ။ဆက်ပြီးတော့ နှိပ်စက်အုံးမှာလား။"
ကျွင်းချောင်ရှောင်းသည် သူ၏မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ "ပြင်ပအားအင်တွေနဲ့ ပတ်သက်ပြီး သူ့ရဲ့စိတ်စွမ်းအင်ကို ဖျက်ဆီးလို့ မဖြစ်နိုင်ဘူး။ငါတို့ သူ့ကို ဖြည်းဖြည်းချင်း အညံ့ခံလာအောင် ကြိုးစားရမှာပေါ့။"
လျိုဝမ်ရှစ်ပြောလိုက်သည်။ "ဂိုဏ်းချုပ် သူ့ကို တစ်ခုခု စားခိုင်းလိုက်ပါလား။မဟုတ်ရင် ငတ်ပြီးသေသွားအုံးမယ်။"
"ဟမ်"
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "အစားအစာ အနည်းငယ်လောက် အထဲကို ပို့လိုက်။"
လျိုဝမ်ရှစ်သည် အစားအသောက်ဗန်းကို ယူကာ အထဲသို့ဝင်သွားသည်။
ကျန့်ရာသည် အားနာမနေဘဲ ရှိသမျှအရာအားလုံးကို ပြောင်သလင်းခါအောင် စားတော့သည်။ မည်သည့်အစားအစာဖြစ်ဖြစ် အထဲရောက်သည်နှင့် သူသည် အားလုံးကုန်အောင် စားသောက်နေ၏။
သို့ပေမဲ့ ဤဘုရင်ကြီးအား အညံ့ခံရန် စေခိုင်းခြင်းသည်လား။ ဤကိစ္စမှာတော့ လုံးဝကိုမဖြစ်နိုင်သည့် ကိစ္စဖြစ်သည်။
ကျန့့်ရာ၏ ဤကဲ့သို့ အသည်းမာပြီး အညံ့မခံတတ်သော စိတ်ဓာတ်သည် ကျွင်းချောင်ရှောင်းအား အနည်းငယ် မခံချိမခံသာ ဖြစ်စေ၏။
နောက်ဆုံးမှာတော့ သူသည် ကျန်းရာအား ချုပ်နှောင်ထားပြီး ဂိုဏ်း၏ သိုင်းပြိုင်ပွဲအတွက် ပြင်ဆင်ရန်သာ စတင်၍ စဉ်းစားလိုက်တော့သည်။
အပြင်ဘက်တွင် နတ်ဆိုးမိစ္ဆာဂိုဏ်း၏ ကျွမ်းကျင်သူများရှိနေသည် ဆိုသော်လည်း အစီအရင်ကို ချိုးဖျက်မဝင်ရောက်နိုင်သည်မှာ သေချာသောကြောင့် သူ့အနေဖြင့် ဂရုစိုက်စရာ မလိုပေ။
ငါးရက်မျှ ကြာပြီးခဲ့ပြီ ဖြစ်သော်လည်း နဂါးလေးမှာ အားနည်းသည့် အခြေအနေဖြင့်သာ ရှိနေသည်။ သူ၏စားချင်သောက်ချင် စိတ်များသည်ကလည်း အလုံးစုံ ကျဆင်းသွားခဲ့၏။
သိုင်းဘုရင် တစ်ယောက်အား အနိုင်ယူနိုင်သော အားအင်အဆင့်ကို ရုတ်တရက်ကြီး ပိုင်ဆိုင်ရသည့်အစွမ်းမှာ အလွန်တရာ အားကောင်းလှ၏။ ထို့ကြောင့် ဘေးထွက်ဆိုးကျိုးသည်လည်း အရမ်း ဆိုးရွားပေလိမ့်မည်။
တစ်စုံတစ်ယောက်က မေးရန်ရှိသည်မှာ နဂါးလေးသည် ဤမျှအားကောင်းသည်ဟု ဆိုသော်လည်း အဘယ့်ကြောင့် လုချင်းချင်းအား ကြောက်ရွံ့ရသနည်းဟု၍ ဖြစ်သည်။
အဖြေမှာ ရိုးရှင်းလှ၏။
သူသည် ပထမဦးဆုံးအကြိမ် ရေခဲထဲတွင် အေးခဲခြင်းခံခဲ့ရသည်။
ထိုကဲ့သို့ ဖြစ်ခဲ့ခြင်းသည် စိတ်ခံစားချက် အရိပ်ဆိုးကြီးအဖြစ် နှလုံးသားထဲတွင် စိုးမိုးခဲ့၏။ ထို့ကြောင့် လုချင်းချင်းအား မြင်သည်နှင့် သူ ကြောက်ရွံ့နေခြင်းပင် ဖြစ်တော့သည်။ ငယ်ကြောက် သဘောမျိုးပင်။
ဂိုဏ်း၏သိုင်းပြိုင်ပွဲကျင်းပရန် အချိန်အနည်းငယ်သာ လိုတော့၏။
လုံကျိရန်၊လီယုဟွာ နှင့် အခြားသော အပြင်စည်းတပည့်များ အားလုံးသည် ကြိုးကြိုးစားစား နှင့် ကျင့်ကြံလျက်ရှိနေကြသည်။
ထိုသူတို့အားလုံးသည် အတွင်းစည်းတပည့်ဖြစ်ရန် မျှော်လင့်နေကြ၏။
ထိုသို့ဖြစ်ရန် ပထမဦးဆုံးအနေနှင့် အားအင်အဆင့်ကို သက်သေပြရမည်ဖြစ်သည်။ ထိုမှသာ သူတို့သည် ပိုမို၍ များပြားသည့် အရင်းအမြစ်များကို ရရှိနိုင်ပေလိမ့်မည်။
ရှောင်ကျီ၊ရီရှင်းချန်နှင့် တစ်ခြားသူများသည်မှာတော့ စမ်းသပ်မှု မျှော်စင်ထဲတွင် ကြိုးစား လေ့ကျင့်နေကြ၏။ အပြင်ဘက်တွင်ဖြစ်နေသည့် ကိစ္စများကို သူတို့သည် မည်သို့မှ စိတ်မဝင်စားကြချေ။
ကျွင်းချောင်ရှောင်းသည် ဂိုဏ်းအတွင်းပြိုင်ပွဲအတွက် ပြင်ဆင်စရာရှိသည်ကို ပြင်ဆင်ပြီးသည့်နောက်မှာတော့ စနစ်အား ဖွင့်လိုက်၏။
အလယ်အလတ်အဆင့် ဂိုဏ်းအကာအကွယ် အစီအရင်ကို အသက်သွင်းထားသည်မှာ ဆယ်ရက်ကြာမြင့်ခဲ့ပြီ ဖြစ်သောကြောင့် ဂိုဏ်းစုဆောင်းမှတ်တစ်ရာသည် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
"မဖြစ်သေးဘူး။"
ကျွင်းချောင်ရှောင်း မျက်မှောင်ကုပ်ကာ ပြောလိုက်၏။ "နတ်မိစ္ဆာဂိုဏ်းရဲ့လူတွေက တောင်ရဲ့အပြင်ဘက်မှာ စောင့်နေကြတယ်။ ဒီလူတွေက တစ်နှစ်လောက်ကြာအောင်တောင် စောင့်နေမယ်ဆိုရင် ဒုက္ခပဲ။ငါ့ရဲ့ ဂိုဏ်းစုဆောင်းမှတ်တွေက လုံလောက်မှာ မဟုတ်ဘူး။"
ဂိုဏ်းအကာအကွယ် အစီအရင်ကြောင့် သူသည် ဂိုဏ်းထဲတွင် သက်တောင့်သက်သာနှင့် နေထိုင်၍ ရနိုင်သည်။ သို့ပေမဲ့ ဂိုဏ်းစုဆောင်းမှတ်များဖြင့် အသက်မသွင်းလျှင် ဂိုဏ်းအကာအကွယ် အစီအရင်သည် အသက်ဝင်မည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် သူသည် ကျိန်းသေပေါက် သေဆုံးရပေလိမ့်မည်။
စနစ်မှ ပြောလိုက်သည်။ "ဒီတော့ လက်ခံသူအနေနဲ့ နတ်ဆိုးမိစ္တာဂိုဏ်းကို ရှင်းလင်းပစ်ဖို့ နည်းလမ်းတစ်ခုကို အမြန်ဆုံးရှာဖွေသင့်တယ်။မဟုတ်ရင် ဒီမှာ အကြာကြီး ပုန်းလို့ ရနိုင်တယ်ဆိုပေမယ့် တစ်သက်လုံးပုန်းနိုင်ဖို့ကတော့ ခက်ခဲတယ်လေ။"
"ဒီလိုဆိုရင်။"
ကျွင်းချောင်ရှောင်းသည် စဦးစတိုးအား အသာဖွင့်ကာ ပြောလိုက်၏။ "ငါတို့ရဲ့ မျှော်လင့်ချက်တွေကို ဒီအပေါ်မှာပဲ ပုံထားရမှာပေါ့။အရမ်းအားကောင်းတဲ့ သေနတ်လို အရာမျိုး တွေ့နိုင်ဖို့ မျှော်လင့်မိတယ်။"
စနစ်မှ ပြောလိုက်သည်။ "ဒါတွေကို အလယ်အလတ်စတိုးထဲမှာ ရှာမှပဲ အဆင်ပြေလိမ့်မယ်။"
ကျွင်းချောင်ရှောင်းလည်း အလယ်အလတ်စတိုးတွင် ရှာဖွေချင်သည်။ သို့ပေမဲ့ ဂိုဏ်းစုဆောင်းမှတ်တစ်ထောင်ဆိုသည်မှာ အလွန်ဈေးကြီးလှ၏။
သူ့အနေနှင့် ပြဿနာကို ဖြေရှင်းနိုင်သည့် အရာမျိုး မရဘူးဆိုလျှင် ဂိုဏ်းအကာအကွယ် အစီအရင်အား အသက်သွင်းရန် ဂိုဏ်းစုဆောင်းမှတ်များမှာ မကျန်ဘဲဖြစ်နေပေလိမ့်မည်။
သူသည် စဦးစတိုးအား ချက်ချင်း refresh မလုပ်ပေ။ ထိုအစား ရေမိုးချိုး အမွေးတိုင်ထွန်း၍ ဆုတောင်းမှုကို သေသေချာချာ ပြုလုပ်လိုက်၏။ ထိုမှသာလျှင် စိတ်လုံခြုံမှုကို ခံစားရမှာ ဖြစ်သည်ဟု သူ ထင်မြင်နေမိ၏။
အရာအားလုံး ပြင်ဆင်ပြီးသည့်နောက်မှာတော့ သူသည် refresh စတင်ပြုလုပ်တော့သည်။
ပြီးနောက်မှာတော့ သူသည် ကံဆိုးမှုကို စတင်တွေ့ဆုံရတော့သည်။ ငါးကြိမ်တိုင်တိုင် refresh လုပ်ပြီးသည့်နောက်မှာတော့ ဂိုဏ်းစုဆောင်းမှတ်များ ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ အသုံးဝင်သည့် ပစ္စည်းတစ်ခုတစ်လေကိုတောင်မှ မတွေ့ရှိရပေ။ နေ့စဉ်အသုံးပြုသည့် အသုံးအဆောင် ပစ္စည်းတော်တော်များများကိုသာ မြင်ခဲ့ရ၏။
"ကံကောင်းခြင်း အမှတ်တစ်မှတ် တိုးပွားတာတောင်မှ အသုံးမဝင်သေးပါလား။စိတ်ကို ငြိမ်ငြိမ်ထား စိတ်ကိုငြိမ်ငြိမ်ထား။ငါ နောက်ထပ် ဂိုဏ်းစုဆောင်းမှတ် တစ်ရာကို အသုံးပြုပြီး refresh ထပ်လုပ်မယ်။အဲ့ဒါကိုမှ ကောင်းတဲ့ပစ္စည်းတွေ ပေါ်မလာဘူးဆိုရင် လက်လျော့လိုက်ဖို့ပဲ ဆုံးဖြတ်လိုက်တော့မယ်။"
ကျွင်းချောင်ရှောင်းသည် သူ၏ အတွေးများကို ပြန်ရုတ်သိမ်းပြီး စတိုးအား ထပ်မံ၍ refresh လုပ်လိုက်သည်။ သို့ပေမဲ့ ထပ်မံပေါ်ပေါက်လာသည်မှာ နေ့စဉ်သုံး ပစ္စည်းများသာ ဖြစ်နေတော့သည်။
ကျွင်းချောင်ရှောင်းသည် ဆက်လက်၍ refresh လုပ်ရန် စဉ်းစားလိုက်သည်။ သို့ပေမဲ့ စတိုးရှိ နောက်ဆုံးပစ္စည်းကို မြင်လိုက်ချိန်မှာတော့ သူ၏ မျက်လုံးများသည် လင်းလက်သွား၏။
ထိုအရာသည် တိုက်ပွဲရွေ့ဆိုင်းခြင်း ကတ် ဟူသောအရာပင်ဖြစ်သည်။ ပုံပန်းသွင်ပြင်မှာ ကျောက်စိမ်းပြားတစ်ခုနှင့် ဆင်တူလှသည်။
အသေးစိတ်ကို ထပ်မံပြစ္စည်း- တိုက်ပွဲရွေ့ဆိုင်းခြင်းကဒ်။
အကျိုးသက်ရောက်မှု - တိုက်ပွဲရွေ့ဆိုင်းခြင်းကတ်၏ အနောက်တွင် ရန်သူ၏ နာမည် သို့မဟုတ် ဂိုဏ်းအားရေးသားရန်ဖြစ်သည်။ ထိုသို့ဆိုလျှင် တစ်ဖက်လူဆီမှ တိုက်ခိုက်ခြင်းအား သုံးလတိတိ ရွေ့ဆိုင်းနိုင်၏။
ဈေးနှုန်း - ဂိုဏ်းစုဆောင်းမှတ် ၂၀၀။
မိတ်ဆက်ကို ဖတ်ရှုပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း ထခုန်လုမတတ်ဖြစ်သွားသည်။
သူ ပြောလိုက်သည်။ "ဒီပစ္စည်းက တော်တော်ကောင်းတာပဲ။"
သုံးလတိတိ တိုက်ပွဲကို ရွေ့ဆိုင်းနိုင်သည်ဆိုသော်လည်း တစ်ကြိမ်သာ ဝယ်ယူ၍ ရနိုင်သည်။
စနစ်မှ ပြောလိုက်သည်။ "ဒါက ကံကောင်းခြင်းအမှတ်တစ်မှတ်ကြောင့်ရတာဖြစ်မယ်။မဟုတ်ရင် ဒီလိုပစ္စည်းမျိုးကို စဦးအဆင့်စတိုးထဲကနေ ဘယ်လိုမှ ရဖို့ အခြေအနေမရှိဘူး။"
ကျွင်းချောင်ရှောင်းသည် မျက်လုံးတွေ ချာချာလည်ကာ ပြောလိုက်၏။ "မင်းက တစ်ခုခု ရပြီးရင် သုံးသပ်တဲ့နေရာမှာတော့ ဆရာကြီးပဲ။"
“ဒင် …လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၂၀၀အား အသုံးပြု၍ တိုက်ပွဲရွေ့ဆိုင်းခြင်းကတ် တစ်ခုအား ဝယ်ယူခဲ့၏။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပိုဆောင်ပြီးပါပြီ။"
“ဒင် ….ဂိုဏ်းစုဆောင်းမှတ် ၁၂၈၅/၂၀၀၀”
ကျွင်းချောင်ရှောင်းသည် အချိန်တစ်ခုအတွင်း ထိုအရာကို အသုံးရန် မစဉ်းစားချေ။
ထိုအစား သူ၏ ကံကောင်းနေသည့် အခိုက်အတန့်အား အသုံးပြု၍ စတိုးအား ထပ်မံ၍ refresh လုပ်လိုက်သည်။
ပြောနေစရာမလိုပေ။ နောက်ထပ်ကောင်းမွန်သည့်အရာတစ်ခုကို ထပ်မံမြင်တွေ့လိုက်ရ၏
ပထမထပ်၏ ဒုတိယမြောက် ပစ္စည်းသည် ကျောက်စိမ်းပြားတစ်ခုကဲ့သို့ အသွင်သဏ္ဍာန်ဖြစ်ပြီး ထိုအရာ၏နာမည်မှာ အရှုံးပေးအမိန့်ပြားဖြစ်၏။
အသေးစိတ်ကို ကြည့်လိုက်သည့်အခါမှာတော့
ပစ္စည်း - အရှုံးပေး အမိန့်ပြား။
အကျိုးသက်ရောက်မှု - အရှုံးပေး အမိန့်ပြားအား မြှောက်၍ သတ်မှတ်ထားသည့်ပစ်မှတ်အား ချိန်ရွယ်ကာ အရှုံးပေးစမ်း ဟူသော စကားကို အော်ဟစ်ရန်။ ထိုသို့ဆိုလျှင် တစ်ဖက်လူသည် လွယ်လွယ်ကူကူနှင့် အလျော့ပေးပါလိမ့်မည်။
ပစ်မှတ်ထားခံရသောလူသည် သိုင်းတပည့်၊ သိုင်းဆရာအဆင့်ဆိုလျှင် သုံးလသာ ထိန်းချုပ်နိုင်မည်ဖြစ်ပြီး သိုင်းဘုရင်ဆိုလျှင် နှစ်လ၊ သိုင်းနယ်မြေဆိုလျှင် တစ်လ သိုင်းအင်ပါယာဆိုလျှင်.....
ဈေးနှုန်း - ဂိုဏ်းစုဆောင်းမှတ် ၂၀၀။
ကျွင်းချောင်ရှောင်းသည် ကြောင်သွား၏။ ပြီးနောက် ချက်ချင်းပဲ သူသည် ပျော်ရွင်စွာဖြင့် အော်ဟစ်လိုက်မိ၏။ "ဒီလောက်ခေါင်းကျောမာတဲ့ကောင်ကို အလျော့ပေးအောင် လုပ်လို့ မရတော့ဘူးလို့ ငါထင်ထားမိတယ်။အခုတော့ ငါ့ဆီမှာ ဝှက်ဖဲတစ်ခုရှိပြီပဲ။"
စနစ်မှ ပြောလိုက်သည်။ "ဒီအရာက သိုင်းဘုရင်တစ်ယောက်ကို နှစ်လတာပဲ ထိန်းချုပ်ထားလို့ ရတယ်။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"နှစ်လမပြောနဲ့ တစ်လဆိုရင်တောင်မှ ဒါကို သုံးရမှာပဲ။ ဒီအတောအတွင်းမှာ သူကိုယ်တိုင် ငါ့ရဲ့ ကျေးကျွန် တစ်ယောက် ဖြစ်ချင်လာအောင် လုပ်လို့ရတယ်။”
"...."
စနစ်သည် ငြိမ်သက်သွားမိ၏။
“ဒင် ………လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၂၀၀အား အသုံးပြု၍ အရှုံးပေးခြင်းအမိန့်အား လက်ခံရယူခဲ့သည်။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပိုဆောင်ပြီးပါပြီ။”
“ဒင် …..ဂိုဏ်းစုဆောင်းမှတ် ၁၀၇၅/၂၀၀၀”
အရှုံးပေးအမိန့်ပြားအား ဝယ်ယူပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် စနစ်အား ထပ်မံ၍ refresh မလုပ်တော့ပေ။ ထို့အပြင် သူ့၌ ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀ သာ ကျန်တော့သည် မဟုတ်လား။
ထိုအရာများအား အရေးပေါ်အသုံးပြုရန် သူ ချန်ထားမှ ဖြစ်ပေလိမ့်မည်။
"ငါ တိုက်ပွဲ ရွေ့ဆိုင်ခြင်း ကတ်ပြားကို အရင်သုံးရင် ကောင်းမလား။ ဟိုလူကို အညံ့ခံအောင် အရင်လုပ်ရင် ကောင်းမလား။"
ကျွင်းချောင်ရှောင်းသည် ခဏလောက်စဉ်းစားလိုက်မိ၏။ ပြီးနောက် အညံ့ခံအောင် ပြုလုပ်ရန် အရင်ဆုံးဖြတ်လိုက်မိ၏။
ထို့အပြင် နတ်ဆိုးမိစ္တာဂိုဏ်းသည် လူအနည်းငယ်ကိုသာ စေလွှတ်သေးသည်။ ထို့ကြောင့် ပြဿနာမှာ မကြီးလှသေးဟု သတ်မှတ်ရမည်။
ပြောနေစရာပင် မလိုပေ။ သူ့အနေနှင့် သိုင်းဘုရင် တစ်ယောက်အား ဂိုဏ်းအတွင်းသို့ ခေါ်ဆောင်ပြီး သူ၏ အမိန့်အား နာခံအောင် ပြုလုပ်စေနိုင်မည်ဆိုလျှင် တိုက်ပွဲရွေ့ဆိုင်းခြင်း ကတ်အား အသုံးမပြုရရန် စီစဉ်စရာရှိသည့် နည်းဗျူဟာများကို သူ ကြိုတင်ချမှတ်ထားနိုင်သည်။
အချုပ်ခန်းအတွင်းမှာတော့ လျိုဝမ်ရှစ်သည် အစားအစားများကို ထပ်မံယူဆောင်လာ၏။
သူမသည် သူမ၏ ကြီးမားလှသော မျက်လုံးကြီးများအား ပေကလပ် ပေကလပ် လုပ်ကာ ပြောလိုက်၏။ "အစ်ကိုကြီး ဘာလို့ ကျွန်မတို့နဲ့ မပူးပေါင်းသေးတာလဲ။"
ဟမ့်။
ကျန့်ရာသည် ထူးမခြားနားသလို ပြောလိုက်သည်။
"ဒီလိုအမှိုက်ဂိုဏ်းလေးတစ်ခုက ငါ့ကို ကျေးကျွန်အဖြစ်လိုချင်တယ် ဟုတ်လား။ဒါက တော်တော် ဆိုးရွား အကြံအစည်မျိုးကိုး။"
လျိုဝမ်ရှစ် ပြောလိုက်သည်။ "ရှင့်အနေနဲ့ ကျေးကျွန်တစ်ယောက် လုပ်ဖို့ မလိုပါဘူး။သံမဏိအရိုးဂိုဏ်းရဲ့တပည့် ဖြစ်လို့ရတာပဲ။"
ကျန့်ရာသည် အထင်အမြင်သေးသလို ပြောလိုက်သည်။ "ကလေးမလေး… ဒီလို ဂိုဏ်းလေးတစ်ခုက ကျုပ်လို သိုင်းဘုရင်တစ်ယောက်ကို လက်ခံထားနိုင်တဲ့၊ ထောက်ပံ့ထားနိုင်တဲ့ နေရာတစ်ခုလို့ တကယ်ထင်နေတာလား။"
သူ၏ စကားသည် အမှန်တကယ် မောက်မာလှသည်ဆိုသော်လည်း သာမန်လူတစ်ယောက်၏ အမြင်နှင့် ကြည့်လျှင် လက်ခံနိုင်သည့်အရာ ဖြစ်သည်။
ထို့အပြင် အဆင့်ငါးဂိုဏ်းတစ်ခုထဲမှာဆိုလျှင်တောင်မှ သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူသည် ရှားရှားပါးပါးသာ ရှိတတ်သည် မဟုတ်လား။
လျိုဝမ်ရှစ် ပြောလိုက်သည်။ "ကျွန်မတို့ သံမဏိအရိုးဂိုဏ်းရဲ့အဆင့်က အရမ်းကြီး မမြင့်ဘူးဆိုပေမဲ့ အရမ်းကို နွေးထွေးတဲ့ မိသားစုကြီး တစ်ခုပဲ။ဒီထဲကို ရှင်သာ ပူးပေါင်းပါဝင်လိုက်မယ်ဆိုရင် ကျိန်းသေပေါက် နှစ်သက်သွားမှာပဲ။"
"မိသားစုကြီး ဟုတ်လား။"
ကျန့်ရာသည် အေးစက်စက်နှင့် ရယ်လိုက်သည်။ "ဒါက ဂိုဏ်းတစ်ခုလေ။ ဘယ်လောက်ပဲ နွေးထွေးတယ်ဆိုဆို ကိုယ်ပိုင်အိမ်နဲ့ နှိုင်းယှဉ်လို့ မရဘူး။"
သူသည် နှလုံးသားထဲမှာ ကြိတ်ကာ ပြောလိုက်သည်။ "ခနော်ခနဲဖြစ်နေတဲ့ အိမ်လေးဆိုရင်တောင်မှပေါ့"
ကျွီ…။
ကျွင်းချောင်ရှောင်းသည် တံခါးကို ဖွင့်ကာ ဝင်လာသည်။ ပြီးနောက် ပြောလိုက်၏။ "ဒီရက်ပိုင်းအတွင်း ခင်ဗျား စဉ်းစားထားပြီးပြီလား။"
ကျန့်ရာသည် ဂုဏ်ယူစွာပြောလိုက်သည်။ "မင်း နှိပ်စက်တဲ့ နည်းလမ်းတွေကို သုံးနိုင်တယ်။ ပြီးတော့ ဒီဘုရင်ကြီးကို အညံ့ခံစေဖို့ ရက်စက်တဲ့ နည်းလမ်းကိုလည်း သုံးနိုင်တယ်။ဒါပေမဲ့ တကယ်တမ်း အညံ့ခံလာဖို့ ဆိုတာကတော့ မဖြစ်နိုင်ဘူး။ မင်း ငါ့ကို လျော့တွက်နေတာပဲ"
"တကယ်ပဲ သဘောမတူဘူးလား။" ကျွင်းချောင်ရှောင်း မေးလိုက်သည်။
ကျန့်ရာသည် ကျိန်တွယ်လိုက်၏။ "မင်းဆီမှာ တစ်ခြားနည်းလမ်းရှိတယ်ဆိုရင် သုံးလေ။ဒီဘုရင်ကြီးကသာ အညံ့ခံမိမယ်ဆိုရင် ဒီနေ့ကစပြီး ချက်ချင်းပဲ မင်းရဲ့မျိုးရိုးနာမည်ကို လိုက်ပြောင်းလိုက်မယ်"