← Chapters

အခန်း (၃၁၄)

Vol. 22 Ch. 314

အခန်း (၃၁၄)

Vol. 22 Ch. 314

ကျန့်ရာသည် အမြဲတမ်း သူ၏ အိမ်စုတ်လေးထဲတွင်သာ တံခါးပိတ်ကျင့်ကြံ၍ နေထိုင်နေတတ်သည် ဆိုသော်လည်း ရံဖန်ရံခါ ဆိုသလို နတ်ဆိုးမိစ္ဆာဂိုဏ်း၏ တာဝန်များအား ထမ်းဆောင်ရန် ကျင့်ကြံခြင်းလောကထဲ ထွက်လေ့ ရှိသည်မို့ ဗဟုသုတ အရာတွင် ပြတ်မကျန်ခဲ့ဟု ထင်မိသည်။

သို့ပေမဲ့ သိုင်းဘုရင် အဆင့်တစ်ယောက်၏ ဒဏ်ရာများအား အမြန်ဆန်ဆုံး နှုန်း ဖြင့် ပြန်လည် ကောင်းမွန်စေသည့် ဆေးလုံးရှိသည်ကိုတော့ သူ တစ်ခါမှ မကြားဖူးချေ။

“ကျုပ် ခင်ဗျားကို ထိန်းချုပ်နိုင်တယ်။ ပြီးတော့ ဒဏ်ရာတွေကို ချက်ချင်းပြန်ကောင်းအောင်လည်း ကုသနိုင်တယ်။”

ကျွင်းချောင်ရှောင်းသည် လက်ပိုက်၍ ပြုံးကာ ပြောလိုက်သည် “ကျုပ်က သာမာန်ထက် ပိုတယ်လို့ မထင်ဘူးလား”

ကျန့်ရာသည် ထိုသို့ ထင်မှတ်မိသည်။

သို့ပေမဲ့ ကျန့်ရာလောက် မပြောနှင့် သိုင်းအင်ပါယာ တစ်ယောက် ပြန်လည် မွေးဖွားလာသော ရီရှင်းချန် သည်ပင် သူ၏ ဂိုဏ်းချုပ်အား အထက်နယ်မြေမှ ရောက်လာသူ ဖြစ်ကြောင်း ထင်မှတ်နေသည်။ ကျန့်ရာ လို သိုင်းဘုရင် တစ်ယောက် အထင်ကြီးသွားသည်မှာ အံ့အားသင့်စရာ မဟုတ်ပေ။

“သခင်က သာမာန်ထက် ပိုပါတယ်” ကျန့်ရာ လေးလေးနက်နက် ပြောလိုက်သည်။

သူ့အား အတင်းဖမ်းချုပ်ပြီး ထိန်းချုပ်ထားနိုင်သည့်အပြင် ဒဏ်ရာတွေကိုလည်း ချက်ချင်းပျောက်ကင်းစေသည်။ ထိုအရာမှာ ထူးဆန်းလွန်းလှ၏။

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဒီတော့ နတ်ဆိုးမိစ္ဆာဂိုဏ်းကို စွန့်ခွာပြီး အမှောင်ထဲကထွက်။ ကျုပ် ဂိုဏ်းထဲ ဝင်ရင်ရော ..”

သူသည် ကျန့်ရာအား ဂိုဏ်းထဲသို့ ဝင်ရောက်ရန် တစ်ခါတည်း အမိန့်ပေးခဲ့သည်။

ကျွင်းချောင်ရှောင်း ထပ်ပြောလိုက်သည် “ခင်ဗျား ဝင်မယ် ဆိုရင် စိတ်မပျက်စေရဘူး။အကြီးအကဲ တစ်ယောက် အဖြစ် ခန့်ထားပေးမယ်။”

“သခင် … ကျုပ် အစ်မကို ကူပြီး ရှာပေးမှာလား”

ကျန့်ရာသည်သာ ရာထူးနှင့် ချမ်းသာကြွယ်ဝ မှုကို ဂရုစိုက်တတ်သူ ဆိုပါက ကျန့်ကျားရွာလေးထဲတွင် နေထိုင်နေမည် မဟုတ်ချေ။

သူသည် လောကကြီးတစ်ခုလုံး၌ သူ၏ အစ်မ တစ်ယောက်တည်းကိုသာ စိတ်ဝင်စားသည်။ ဂရုပြုသည်။

ကျွင်းချောင်ရှောင်း ပခုံးတွန့်ကာ ပြောလိုက်သည် “ခင်ဗျား အစ်မကို တွေ့အောင် ရှာပေးမယ်လို့တော့ အာမ မခံနိုင်ဘူး။ ဒါပေမဲ့ ခင်ဗျား နတ်ဆိုးမိစ္ဆာဂိုဏ်းထဲမှ ရှိနေတော့လည်း ဘာမှ မှ မထူးတာ။ ဒီတော့ သံမဏိအရိုးဂိုဏ်းထဲ ဝင်ပြီး အခွင့်အရေး သစ်ကို စမ်းသပ်ကြည့်တာ မကောင်းဘူးလား။ သစ်ပင်တွေက လှုပ်ရှားရင် သေဆုံးတတ်တယ် ဆိုပေမဲ့ လူတွေကတော့ လှုပ်ရှား ရုန်းကန်နေရမှ အသက်ရှင်တာလေ။ ဒီသဘာဝ ကို ခင်ဗျား နားလည်မယ် ထင်တယ်”

ဂိုဏ်းချုပ်ကျွင်း၏ စကားလုံးများသည် တစ်ဖက်လူ၏ နှလုံးသားထဲသို့ ရောက်ရှိစေသည်။

ထို့အပြင် ရှာတွေ့နိုင်မည် မသေချာဘဲနှင့် သူ ကတိမပေးချင်ပေ။ မျှော်လင့်ချက်တွေ အကြီးကြီးထားပြီးမှ ပျက်ဆီးရခြင်းက ပိုမိုနာကျင်ရကြောင်း သူ နားလည်မိ၏။

ကျန့်ရာ ငြိမ်သက်သွားသည်။

သူ အစ်မကြီးအား မည်မျှ ကြိုးစား၍ ရှာရှာ သတင်းမရခဲ့ချေ။ သူသည် နတ်ဆိုးမိစ္ဆာဂိုဏ်းကိုတောင် စိတ်ပျက်၍ အလုပ်မလုပ်ပေးတော့ရန် စဉ်းစားခဲ့ဖူးသည်။ သို့ပေမဲ့ မြို့နှင့် နိုင်ငံတော်တော်များများကို လွှမ်းခြုံထားနိုင်သော သတင်းကွန်ယက်ကို ပိုင်ဆိုင်သည့် ဂိုဏ်းတစ်ခုအား စွန့်ခွာလိုက်လျှင် ယခုထက် ပိုမို ဆိုးရွားသွားမည်ကို စိုးရွံခဲ့မိသည်။

ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် အလွန်တရာ ကျယ်ပြောလှသည်။ ဤမျှ များပြားသော လူများကြားတွင် သူ၏ အစ်မကို ရှာဖွေရသည်မှာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလိုပင် ခက်ခဲပေလိမ့်မည်။

သိုင်းဘုရင် မပြောနှင့် ထိုသို့သော စုံစမ်းမှုများကိုပြုလုပ်ရန် ဆိုသည်မှာသိုင်းနယ်မြေ ကျင့်ကြံသူ တစ်ယောက်ပင် တတ်နိုင်သည့် အရာမဟုတ်ချေ။

သိုင်းအင်ပါယာ ဆိုလျှင်တော့ တမျိုးတွက်ရမည်။

သိုင်းအင်ပါယာသည် မျက်စိတမှိတ်အတွင်း မိုင်ထောင်ပေါင်းများစွာအာ ခရီးနှင် သွားလာနိုင်စွမ်းရှိသည်။ ထို့ကြောင့် တစ်စုံတစ်ယောက်အား ရှာဖွေချင်ပါက လွယ်ကူပေလိမ့်မည်။

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “လူသားတွေရဲ့ စိတ်နှလုံးသားက ရှုပ်ထွေးပွေလီလွန်းတယ်။ သူတို့က ခင်ဗျားရဲ့ ပျောက်ဆုံးနေတဲ့ အစ်မကို ရှာဖွေပေးချင်တယ်လို့ ပြောပေမဲ့ သေချာ ရှာပေးမှာ မဟုတ်တာ သေချာတယ်။”

ထိုစကားသည် ကျန့်ရာအား ဆွံ့အသွားစေသည်။

ကျွင်းချောင်ရှောင်း ပြောလိုက်၏ “ကျုပ်သာ ဋ္ဌာနခွဲမှုးဆိုရင် ခင်ဗျားလို လူသတ်လက်နက် တစ်ခုကို ဆက်ပြီး အသုံးပြုနေနိုင်ဖို့ တကယ်လို့ ခင်ဗျားရဲ့ အစ်မ သတင်းကို ရရင်တောင်မှ ပြောပြမှာ မဟုတ်ဘူးး”

ကျန့်ရာသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူ၏ မျက်လုံးထဲမှာတော့ ဒေါသတရားတွေ ပြည့်နှက်လာ၏။

ကျွင်းချောင်ရှောင်းသည် ကျန့်ရာ မျက်လုံးထဲမှ ပြောင်းလဲမှုကို မြင်တော့ ပြောလိုက်သည် “ကျုပ်က မီးလောင်ရာ လေပင့်လုပ်နေတာာ မဟုတ်ဘူး။ မိစ္ဆာဂိုဏ်းတွေ လုပ်လေ့လုပ်ထ ရှိတာမျိုးကို ခင်ဗျားအသိဆုံးဖြစ်မှာပါ။ သေချာ ပြန်စဉ်းစားကြည့်ဖို့ပဲ လိုတယ်”

သူ တကယ်တော့ မီးလောင်ရာ လေ့ပင့်နေတာလည်း ဖြစ်သည်။ သို့ပေမဲ့ အပြစ်ကင်းစင်သည့် မျက်နှာ ဖြင့် သေချာ ပြောဆိုမှ ဖြစ်မည်။ ထိုသို့သော ကိစ္စမျိုးကို သူ့ကဲ့သို့ မျက်နှာ အရေခွံ ထူသူများသာ လျှင် ပြုလုပ်နိုင်၏။

ဖူး …။

ကျန့်ရာသည် သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူ၏ နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုကို တည်ငြိမ်အောင် ထိန်းသိမ်းပြီး ပြောလိုက်သည် “သစ်ပင်က လှုပ်ရှားရင် သေမ်။ လူတွေက လှုပ်ရှားမှ ရှင်သန်မယ်။ ကျုပ် ရှင်သန်မှ ဖြစ်မယ်။”

သူ သေချာစဉ်းစားမိနေသည်။

ကျွင်းချောင်ရှောင်းသည် ဝင်ခွင့်ဖောင်အား ထုတ်ယူပြီး စားပွဲပေါ်တင်လိုက်သည် “ကျုပ် ကြိုပြီး ရှင်းလင်းထားမယ်။ ခင်ဗျား သံမဏိအရိုးဂိုဏ်းထဲ ဝင်မယ် ဆိုရင် တစ်သက်လုံး သံမဏိအရိုးဂိုဏ်းသားပဲ။ တစ်ရက် ဖြစ်ဖြစ်၊ တစ်သက်လုံး ဖြစ်ဖြစ် တူတူပဲ”

သူသည် ကျန့်ရာအား သူ၏ ဂိုဏ်းအတွက် လိုချင်နေမိသည်။

ကျန့်ရာ ရယ်လိုက်သည် “သခင် စိတ်ချပါ။ ကျုပ် နေခြင်း၊ မနေခြင်းကို ဆုံးဖြတ်ပေးမှာက ကျုပ် မဟုတ်ဘူး။ ဂိုဏ်းကပဲ”

ဂိုဏ်းအနေဖြင့် သိုင်းဘုရင်တစ်ယောက်အား လက်ခံထားနိုင်လောက်သည့် အရည်အချင်းမျိုး ရှိရန် လိုအပ်သည်။

ကျွင်းချောင်ရှောင်းသည် ဘောပင်ကို ကိုင်ကာ ပြောလိုက်၏ “နာမည်”

“ကျန့်ရာ”

ဘုတ်…။

နာမည်ရေးသွင်းပြီးနောက်မှာတော့ သူသည် ဂိုဏ်းချုပ် တံဆိပ်တုံးအား ထုနှက်လိုက်သည်။

“ဒင် … ဂိုဏ်းသား - ၁၀၀၁ / ၂၀၀၀”

“ဒင် …. ဂိုဏ်းစုဆောင်းမှတ် - ၁၂၈၆ / ၂၀၀၀”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဒီနေ့ကစပြီး ခင်ဗျားက သံမဏိအရိုးဂိုဏ်းသားပဲ”

ကျန့်ရာ အံ့အားသင့်မိသွားသည်။ နာမည်တစ်ခုသာ မေးမြန်း၍ ဂိုဏ်းသားအဖြစ် လက်ခံခြင်းသည် လက်လွတ်စံပယ် မနိုင်ပေဘူးလား။

သေချာစဉ်းစားကြည့်တော့ နတ်ဆိုးမိစ္ဆာဂိုဏ်းသို့ ဝင်ရောက်ခွင့်ရရန် သူ တစ်ချိန်တုန်းက အားကုန် ကြိုးစားခဲ့ရသည်။

“ရှောင်မို …”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “သူ့ မရီဒန်တွေ စည်းခတ်ထားတာ ဖယ်လိုက်”

“ကောင်းပါပြီ”

စုရှောင်မိုသည် အပြင်ဘက်မှ လျှောက်ဝင်လာပြီး ကျန့်ရာ၏ စည်းခတ်ထားသော မရီဒန်များအား ဖွင့်ပေးလိုက်၏။ ပြီးနောက် စပ်ဖြီးဖြီးဖြင့် “အရင်တုန်းက ရန်သူတွေ ဆိုပေမဲ့ အခု တစ်ဂိုဏ်းတည်း ဖြစ်သွားပြီဆိုတော့ ဖြစ်ခဲ့သမျှတွေ စိတ်ထဲမထားနဲ့နော်”

ကျန့်ရာသည် ချက်ချင်း စိတ်တိုသွားမိသည်။

သူ့အား ဖမ်းဆီးထားချိန်တွင် ဤအကောင်သည် မညှာမတာ ရိုက်နှက်ခဲ့သည်မဟုတ်လား။

ဂိုဏ်းချုပ်မျက်နှာသာ မရှိလျှင် သူ ချက်ချင်းပဲ စုရှောင်မို ဆိုသည့် အကောင်အား ထ၍ ရိုက်နှက်မိမှာ သေချာသည်။

……

ကျန့်ရာသည် သံမဏိအရိုးဂိုဏ်းသား ဖြစ်ခဲ့ပြီ ဖြစ်သည်။

သူသည် နတ်ဆိုးမိစ္ဆာဂိုဏ်း၏ တပည့်စစ်စစ် မဟုတ်သောကြောင့် စိတ်ခံစားချက် အရ ပြောင်းလဲမှု ၊ ထိခိုက်မှု တွေ မရှိချေ။

ယခု ကျွင်းချောင်ရှောင်း စဉ်းစားနေသည်မှာ နတ်ဆိုးမိစ္ဆာဂိုဏ်းမှ သူ၏ ဂိုဏ်းအပေါ် ပစ်မှတ်ထားနေခြင်း လျော့ကျသွားရန် ဖြစ်သည်။

“အဲကိစ္စကို ခင်ဗျား လက်ထဲ ထားလိုက်မယ်” သူ ပြောလိုက်သည်။

ကျန့်ရာ၏ နှုတ်ခမ်းများသည် တုန်ခါသွားသည်။ သူ့အနေဖြင့် တစ်ဖက် ဂိုဏ်းခွဲမှုး ၏ စိတ်ကို မည်ကဲသို့ သွားရောက် ပြောင်းလဲရမည်နည်း။

ကျွင်းချောင်ရှောင်း ပြုံးလိုက်သည် “ခက်ခဲတယ် ဆိုပေမဲ့ အချိန်အနည်းငယ်ပဲ လိုတာပါ”

“ကျုပ် စမ်းကြည့်လိုက်မယ်” ကျန့်ရာ ပြောလိုက်သည်။

နတ်ဆိုးမိစ္ဆာဂိုဏ်းသည် သံမဏိအရိုးဂိုဏ်းပေါ် မျက်စိရောက်နေသည်။ ဂိုဏ်းခွဲမှုး၏ ဆုံးဖြတ်ချက်ကို တားဆီးရန် မဖြစ်နိုင်သောကြောင့် အချိန်ဆွဲထားဖို့ လိုမည်ဟု သူ သုံးသပ်မိ၏။

မည်ကဲ့သို့ အချိန်ဆွဲရမည် ဆိုသည်က ပြဿနာ ဖြစ်သည်။

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ခင်ဗျားက ဒဏ်ရာတွေနဲ့ နတ်ဆိုးမိစ္ဆာဂိုဏ်းဆီ ပြန်။ သံမဏိအရိုးဂိုဏ်းက အစီအရင်တွေနဲ့ ကာကွယ်ထားတဲ့ အပြင် အထဲမှာ ခင်ဗျားကို ရိုက်နှက်နိုင်တဲ့ ကျွမ်းကျင်သူ တစ်ယောက် ရှိကြောင်း သတင်းသွားပို့”

ကျန့်ရာ တီးတိုးရေရွတ်လိုက်သည် “နည်းလမ်းကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ကျုပ်မှ ဒဏ်ရာမရတာ”

“ဒါက ရိုးရှင်းတာပေါ့”

ကျွင်းချောင်ရှောင်းသည် သူ့အား ကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည် “ထပ်ပြီး အရိုက်ခံလိုက်ရုံပဲ”

ကျန့်ရာ “…….”

“လာခဲ့။ ကျုပ်ကို တိုက်ကွက်ကို ခံယူလိုက်”

“နည်းနည်းလေး ညှင်ညှင်သာသာ လုပ်လို့မရဘူးလား”

“နာနာဆော်မှ တစ်ဖက်လူတွေ သံသယ မဝင်မှာပေါ့”

“…..” ကျန့်ရာ မြေပေါ် ပစ်လဲကျမလိုပင် ဖြစ်သွားရသည်။

ယခုကဲ့သို့ ဒဏ်ရာ ပရပွနှင့် နတ်ဆိုးမိစ္ဆာဂိုဏ်းဆီ ပြန်ရမည်ဟု ကြိုတင် စဉ်းစားထားသည် ဆိုလျှင် အဘယ့်ကြောင့် သူ့အား ပြန်လည်ကောင်းမွန်ုခြင်းဆေးလုံး တိုက်ကျွေးရသနည်း။

ဖောင်း …. ဖောင်း …။

ဘန်း ..။

ကြမ်းတမ်းလှသည့် ထိုးနှက်ချက်များအောက်မှာတော့ ကျန့်ရာသည် အံကြိတ်ကာ ခံနေရသည်။ နောက်ဆုံးမှာတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး လမ်းလျှောက်ဖို့ အားပင်မရှိတော့ချေ။

ကျွင်းချောင်ရှောင်းသည် ရက်စက်စိတ်ရှိသူမဟုတ်ပေ။ ထိုှ့ကြောင့် ကျန့်ရာအား ချောက်ကမ်းပါးထဲမှ အောက်ဘက်သို့ တွန်းမချခင်မှာ အလယ်အလတ်အဆင့် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံး နှင့် ခန္ဓာကိုယ် ဖြစ်တည်ခြင်းဆေးလုံးများ ပေးကာ ပြောလိုက်သည် “ပြန်ရောက်ပြီးရင် ဒီဆေးတွေ သောက်လိုက်”

All Chapters