အခန်း (၃၁၆)
Vol. 22 Ch. 316
အပိုင်း (၃၁၆)
သံမဏိအရိုးဂိုဏ်း၏ ပထမဦးဆုံးဂိုဏ်းတွင်းသိုင်းပြိုင်ပွဲသည် ယနေ့တွင်စတင်မည်ဖြစ်၏။
ထောင်ပေါင်းများစွာသောတပည့်များသည် သန့်ရှင်းသန့်ရပ်လှသော ဂိုဏ်းဝတ်စုံများအားဝတ်ဆင်၍ သိုင်းလေ့ကျင့်ရေးကွင်းပြင်ထဲတွင် ညီညီညာညာနှင့်တန်းစီ၍ရပ်နေကြသည်။
ဂိုဏ်းသို့ အစောကတည်းကဝင်ရောက်ခဲ့ကြသောတပည့်များသည် မြင့်မားသောကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်သောကြောင့် ၎င်းတို့ဆီ မှထွက်ပေါ်နေသော အော်ရာများသည် အနည်းငယ် ပို၍အားကောင်းနေ၏။
တပည့်သစ်များမှာတော့ သူတို့၏စီနီယာအစ်ကိုများလောက်အားမကောင်းကြချေ။ သို့သော်လည်း ခေါင်းကိုခပ်မတ်မတ်မော့လျက်ရှိနေကြ၏။
နတ်စမ်းချောင်းဂိုဏ်းကဲ့သို့သော ဂိုဏ်းမျိုးအား အနိုင်ယူနိုင်ခဲ့သောကြောင့် သံမဏိအရိုးဂိုဏ်းတပည့်များသည် အလွန်တရာ ယုံကြည်ချက်ရှိနေကြပြီး ၎င်းတို့၏စိတ်ခွန်အားများမှာလည်း အလွန်တရာအားကောင်းနေသည်။
ကျန့်ရာသည် စုဝေးနေကြသောတပည့်များအား မြင်လိုက်ချိန်မှာတော့ စွန့်အသွား၏။ “ဒါကဘာဂိုဏ်းတုန်း …. မဟုတ်သေးဘူး …. ဒါက သာမာန် ဂိုဏ်းတစ်ခုမဟုတ်ဘူး။”
ကျန့်ရာသည် အဘယ့်ကြောင့်ဤကဲ့သို့မျိုး ခံစားနေရသနည်း။
အဘယ့်ကြောင့်ဆိုသော် သံမဏိအရိုးဂိုဏ်းရှိတပည့်များ၏ မျက်လုံးနှင့် မျက်နှာအမူအရာ ၊ ဟိတ်ဟန်များ အားလုံးသည် အလုံးစုံ ယုံကြည်ချက်နှင့်ပြည့်စုံနေပြီး အလွန်အမင်း တက်ကြွလျက်ရှိနေသည်ကို မြင်လိုက်ရသောကြောင့်ဖြစ်၏။
သူတို့၏မျက်လုံးထဲတွင်ရှိသော ဆုံးဖြတ်ချက်ပြတ်သားသည့်အရိပ်အရောင်များကို ကြည့်ရှုပြီး သည့်နောက်မှာတော့ ကျန့်ရာသည် ဤဂိုဏ်းတွင် ကြိုးကြိုးစားစားနှင့် ကျင့်ကြံမည်ဆိုပါက သူ၏မိသားစုကို ရှာဖွေနိုင်မည့်အခွင့်အရေးများ ရရှိလာမည်ဟု ယုံကြည်သက်ဝင်လာမိ၏။
"ဂိုဏ်းချုပ်"
လီချင်းယန်ပြောလိုက်သည်။ “ဂျူနီယာညီလေးပြန်လာပြီ။”
အဓိကဟောခန်းထဲတွင် မတ်တပ်ရပ်လျက်ရှိသော ကျွင်းချောင်ရှောင်းကပြောလိုက်သည်။ “ဒီနေ့ကစပြီး မင်း သူ့ကို အကြီးအကဲဟုခေါ်ရမယ်။”
သူသည် ကျန့်ရာအား တပည့်အဖြစ် မခန့်အပ်ခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် တဖက်လူသည် ဂိုဏ်းသားတစ်ယောက် ဖြစ်ရမည့် ဂုဏ်ဒြပ်မျိုးရှိနေသူ မဟုတ်ပေ။ ထို့ကြောင့် ပြန်ရောက်ရောက်ခြင်းမှာပဲ သူသည် အကြီးအကဲအဖြစ် တာဝန်ခန့်အပ်ခဲ့လိုက်သည်။
“အိမ်ကို ပြန်လာတဲ့ ငါတို့ သံမဏိအရိုးဂိုဏ်းရဲ့ အကြီးအကဲကို နွေးနွေးထွေးထွေးနဲ့ လက်ခုပ်တီး ကြိုဆိုလိုက်ကြရအောင်။”
ကျွင်းချောင်ရှောင်းသည် အလွန်ရှင်းလင်းသည့် အသံဖြင့်ပြောလိုက်၏။
“ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း။”
တပည့်များအားလုံးသည် အားရပါးရလက်ခုပ်တီးလိုက်ကြ၏။
“အိမ်ကိုပြန်လာတဲ့ဂိုဏ်းသား ဟုတ်လား။”
ဤစကားနှစ်ခွန်းသည် ကျန့်ရာ၏ခံစားချက်များကို အတော်အတန်သက်ရောက်သွားမိသည်။
ခဏလောက်ကြာသည့်နောက်မှာတော့ သူသည် အဓိကဟောခန်းကြီးရှေ့သို့ လျှောက်သွားပြီး လက်သီးကိုဆုပ်လိုက်သည်။ “တပည့်ကျန့်ရာ ဂိုဏ်းချုပ် ကိုနှုတ်ဆက်ပါတယ်။”
ဤအရာသည် သူ့အားထိန်းချုပ်ထားသည့်စွမ်းအင်ကြောင့် ပြောဆိုသည့်စရာမဟုတ်ပေ။ သူ၏နှလုံးသားထဲမှ နှစ်နှစ်ကာကာထွက်ပေါ်လာသော စကားလုံးများနှင့် ပြောဆိုခဲ့ခြင်းပင်ဖြစ်သည်။
သံမဏိအရိုးဂိုဏ်းသည် သူ၏ ဒုတိယမြောက်အိမ်တစ်ခုဖြစ်လာမည်လား ဆိုသည်ကို ကျန့်ရာသိချင်နေမိ၏။
“….”
ကျွင်းချောင်ရှောင်းသည် ဂိုဏ်း၏ပထမဦးဆုံး သိုင်းပြိုင်ပွဲကို အလောတကြီးမစတင်ခဲ့ပေ။
ထိုအစား ကျန့်ရာသည် ယနေ့မှစ၍ ဂိုဏ်း၏ အကြီးအကဲတစ်ယောက်ဖြစ်ကြောင်း စတင်ကာကြေညာ လိုက်၏။
ဂိုဏ်းတစ်ခုတွင် အကြီးအကဲရှိသည်မှာ သာမန်ပင်ဖြစ်၏။ ဥပမာအားဖြင့် ဟောင်ချီဂိုဏ်းတွင်ဆိုလျှင် အကြီးအကဲ နှစ်ဆယ်ကျော်တောင်ရှိ၏။
သို့ပေမဲ့ သံမဏိအရိုးပိုင်းမှာတော့ ထူးခြားနေ၏။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်း၏ ပထမဦးဆုံး အကြီးအကဲသည် သိုင်းဘုရင်တစ်ယောက်ဖြစ်နေသောကြောင့်ဖြစ်သည်။
နတ်စမ်းချောင်းဂိုဏ်းကဲ့သို့ အဆင့်ငါးဂိုဏ်းနှင့် တောင်ပြာဂိုဏ်းတို့မှာတောင်မှ ဤကဲ့သို့သော အဆင့်အတန်း ရှိသည့် အကြီးအကဲ မရှိချေ။
သိုင်းဘုရင်တစ်ယောက်သည် အဆင့်ခုနှစ်ဂိုဏ်းတစ်ခု၏ အကြီးအကဲဖြစ်လာခြင်းမှာ ကြယ်ကြွေကုန်းမြေကြီး တစ်ခုလုံး၌ အလွန်ရှားပါးသည့် ကိစ္စဖြစ်ပေလိမ့်မည်။ ကျင့်ကြံခြင်းလောကတခုလုံးသို့သာ ထိုသတင်းပျံ့နှံ့သွားပါက အကုန်လုံး အံ့အားသင့်ကုန်လိမ့်မည်။
သို့ပေမဲ့ တကယ်တမ်းမှာတော့ သံမဏိအရိုးဂိုဏ်း၏သတင်းသည် ကျင့်ကြံခြင်းလောကတခုလုံးသို့ ပျံ့နှံနေပြီဖြစ်၏။
နတ်စမ်းချောင်းဂိုဏ်း နှင့် ယှဉ်ပြိုင်ချိန်မှာ ၇၄ ပွဲလုံးအနိုင်ယူအောင် စွမ်းဆောင်နိင်သော သတင်းသည် အားလုံးကို ထိတ်လန့်တုန်လှုပ်မိစေသည်။
“သံမဏိအရိုးဂိုဏ်း ဟုတ်လား။”
“အဆင့်ခုနှစ်ဂိုဏ်း တစ်ခုက အဆင့်ငါးဂိုဏ်း တစ်ခုကို စိန်ခေါ်ခဲ့တယ်။ ပြီးတော့အနိုင်ယူခဲ့သေးတယ် တစ်ပွဲတောင်မရှုံးခဲ့ဘူး … ဟုတ်လား။”
ရရှိခဲ့သည့်သတင်း၏ မှန်ကန်မှုနှုန်းသည် အလွန်တိကျသည် သာမဟုတ်လျှင် သူတို့သည် ယုံနိုင်လိမ့်မည် မဟုတ်ပေ။
ထိုသို့ဆိုလျှင်တောင်မှ ကျင်ကြံသူတော်တော်များများသည် ဤအရာအား ကောလဟာလတစ်ခုဟု ထင်မှတ်မိနေကြသေး၏။
သံမဏိအရိုးဂိုဏ်းသည် အဆင့်ခြောက်ဂိုဏ်းတစ်ခုဖြစ်သည့် ဟောင်ချီဂိုဏ်းကို အနိင်ယူပြီးသည်နောက်မှာတော့ ချင်းယန်နိုင်ငံတွင် အနည်းငယ် ကျော်ကြားခဲ့သည်။
သို့ပေမဲ့ အဆင့်ငါး နတ်စမ်းချောင်းဂိုဏ်းကို အနိုင်ယူပြီးသည်နောက်မှာတော့ ၎င်းတို့၏ ဂိုဏ်းနာမည်သည် နိုင်ငံတစ်ခုလုံးသို့ ပြန့်နှံနေပြီဖြစ်၏။
"မယုံနိုင်စရာပဲ … မယုံနိုင်စရာပဲ"
“အရင်တုန်းက သံမဏိအရိုးဂိုဏ်းက သေလမ်းရှာတာလို့ ငါ ထင်ခဲ့တာ။ ဒါပေမဲ့ သူတို့က တကယ်ပဲ နတ်စမ်းချောင်းဂိုဏ်းကို အနိုင်ယူခဲ့တာပဲ။ ဘယ်လိုဖြစ်လို့ ဒီလိုဂိုဏ်းတစ်ခုက အချိန်တိုအတွင်းမှာ အရမ်းအားကောင်းလာရတာလဲ။”
ချင်းယန်နိုင်ငံထဲတွင်ရှိသော ကျင့်ကြံသူများသည် အပူတပြင်းဆွေးနွေးနေကြ၏။
ထို့အပြင် များပြားလှသောမိဘများသည် သူတို့၏ကလေးများအား သံမဏိအရိုးဂိုဏ်းသို့ ပို့ဆောင်သင့်သလား ဆိုသည်ကို စတင်၍စဉ်းစားနေကြသည်ပြီဖြစ်၏။
လူတော်တော်များများသည် ကျွင်းချောင်ရှောင်း တပည့်သစ်ခေါ်ယူသည်ဆိုကြောင်းကို ကြားပြီးခဲ့ပြီးပြီး ဖြစ်၏။ သို့ပေမဲ့ ဟောင်ချီဂိုဏ်းကို ကြောက်ရွံ့သောကြောင့် သူတို့သည် သူတို့၏ကလေးများအား သံမဏိအရိုးဂိုဏ်းဆီသို့ မပို့လွှတ်ရဲကြပေ။
သို့ပေမယ့် ယခုမည်သို့ဖြစ်နေသနည်း။
နတ်စမ်းချောင်းဂိုဏ်းသည် သံမဏိအရိုးဂိုဏ်း၏ အနိုင်ယူခြင်းကိုခံခဲ့ရပြီဖြစ်၏။ ထို့ကြောင့် ဟောင်ချီဂိုဏ်းနှင့် ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့ လောက်ကို စိုးရွံ့နေစရာအကြောင်းမရှိလောက်ချေ။
ကျွင်းချောင်ရှောင်းသည် ဂိုဏ်းတွင်လူသစ်ခေါ်သည်ဟု ကြေညာလိုက်သည်နှင့်တပြိုင်နက် တပည့်သစ်များကို လွယ်လွယ်ကူကူ ရရှိတော့မှာသေချာသည်။
သို့ပေမဲ့ သူသည် အချိန်အတိုင်းအတာ တစ်ခုအတွင်း ဂိုဏ်းသားအသစ်ခေါ်ယူမှုကို ပြုလုပ်မည်မဟုတ်သေးချေ။
ထိုအစား သူသည် သံမဏိအရိုးဂိုဏ်း၏ ဂိုဏ်းတွင်းသိုင်းပြိုင်ပွဲကို စတင်ရန် တရားဝင်ကြေညာလိုက်သည်။
ဂိုဏ်းတွင်းသိုင်းပြိုင်ပွဲသည် အလွန်တရာကြီးကျယ်ခမ်းနားလှပြီး ဂိုဏ်းသား ဖြစ်ဖို့သာ လိုအပ်ပြီး မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်၏။
သို့ပေမဲ့ အားလုံး၏ ကျင့်ကြံခြင်းအဆင့်အရ "က" ၊ "ခ" ၊ "ဂ" ၊ “ဃ" ကြီး ဟူ၍ အဖွဲ့လေးဖွဲ့ ပိုင်းခြားထားသည်။
"ဃ" ကြီး အဖွဲ့သည် အားအနည်းဆုံး ဖြစ်ကာ “က” ကြီး အဖွဲ့သည် အားအကောင်းဆုံးဖြစ်၏။
လုံကျိရန် ၊ လီယုဟွာ ၊ စုန့်ရွှမ်ကျုး နှင့် အခြားသောတပည့်များသည် နတ်စမ်းချောင်းဂိုဏ်းသို့ စိန်ခေါ်စဉ်က လိုက်ပါခဲ့ကြသူများဖြစ်ပြီး ထိုသူများအားလုံးသည် အဖွဲ့ “က” တွင် စာရင်းပေးသွင်းကြ၏။
တခြားသောတပည့်များသည်လည်း အဖွဲ့ သုံးခုတွင် ၎င်းတို့၏ အားအင်အဆင့်အရ အသီးသီး စာရင်းပေးလိုက်ကြသည်။
သံသယ ရှိစရာကို မလိုပေ။
အားအကောင်းဆုံးဖြစ်သော အဖွဲ့ “က” မှ လူများသည် သံမဏိအရိုးဂိုဏ်းတွင် အထင်ရှားဆုံးသောသူများ ဖြစ်၏။
၎င်းတို့သည် အတွင်းစည်း တပည့်များဖြစ်လာစေနိုင်သည့် လူများပင်ဖြစ်တော့သည်။
တခြားသောအဖွဲ့သုံးခုမှာတော့ တပည့်များသည် ကောင်းမွန်သည့် စွမ်းဆောင်ရည်ကိုပြသနိုင်မည်ဆိုပါက သက်ဆိုင်ရာဆုလာဘ် များကို ရက်ရက်ရောရောရရှိမှာ ဖြစ်၏။
ဘုန်း … ဘုန်း။
သိုင်းလေ့ကျင့်ရေးကွင်းပြင်ပေါ်မှာတော့ အဆင့်နှစ် နှင့် အဆင့်သုံး သိုင်းတပည့် နှစ်ယောက် သည် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည်။
သူတို့သည် ပေါက်ကွဲလက်သီး ၊ တောင်ဖြိုလက်ဝါးနှင့် လခြမ်းဓားကွက်များကိုသာ ထုတ်သုံး၍ တိုက်ခိုက်နေကြ၏။
အဖွဲ့ “ဃ” တွင် ပါဝင်သည့် ပြိုင်ပွဲဝင်များမှာ အရင်ဆုံးစတင်၍တိုက်ခိုက်နေကြပြီဖြစ်၏။ ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်သည် အဆင့်နှစ် မှ အဆင့်သုံး သိုင်းတပည့်အဆင့်များသာဖြစ်ကြ၏။ ထို့ကြောင့်တိုက်ခိုက်မှုများသည် စိတ်လှုပ်ရှားစရာ မကောင်းလှပေ။
သို့ပေမဲ့ ကျန့်ရာ တဖြစ်လည်း အကြီးအကဲကျန့်သည် တိုက်ခိုက်ပွဲကို ကြည့်ရှုရင်း အပြင်းအထန်တုန်လှုပ်နေမိသည်။
တိုက်ခိုက်ပွဲများကို ကြည့်ရှုပြီးသည်နောက် ၎င်းတပည့်များသည် သာမန်ပင်ကိုယ်စွမ်းရည်သာ ရှိသည့်လူများဖြစ်သည်ဟု သူ သိရှိပြီးဖြစ်၏။
သို့ပေမဲ့ ၎င်းတပည့်များ၏ တိုက်ခိုက်မှုစွမ်းရည်သည် အလယ်အလတ် သို့မဟုတ် အဆင့်မြင့် သိုင်းတပည့်များနှင့် နှိုင်းးယှဉ်နိုင်အောင် အားကောင်းလျက်ရှိသည်။
စင်ပေါ်သို့တက်၍ တိုက်ခိုက်နေကြသော တပည့်တော်တော်များများသည် သာမန်စိတ်ဝိညာဉ်အမြစ်ကိုသာ ပိုင်ဆိုင်ကြ၏။
သို့ပေမဲ့ ဤမျှကြောက်မက်ဖွယ်ရာကောင်းသော တိုက်ခိုက်ရေးစွမ်းရည်ကို ထုတ်ဖော်နေသည်မှာ မည်သို့သော အကြောင်းအရင်းကြောင့်နည်း။
နှစ်နာရီလောက် ကြာမြင့်ပြီးနောက်မှာတော့ အုပ်စု “ဃ” တိုက်ခိုက်မှုမှာပြီးဆုံးသွားပြီး အုပ်စု “ဂ” တိက်ခိုက်မှုများစတင်တော့သည်။
စဉ်ပေါ်သို့တက်လာသောတပည့်များအားလုံးသည် အလယ်အလတ်အဆင့်နှင့် အဆင်မြင့် တိုက်ခိုက်ရေး စွမ်းရည်ကို ထုတ်ဖော်ပြသလျက်ရှိသည်။
“ဒါက” ကျန့်ရာအနည်းငယ် ဇဝေဇဝါဖြစ်မိသွား၏။
တိုက်ခိုက်ပွဲတွင် သာမန်လက်ရည် ပြိုင်ပွဲဝင် တစ်ယောက်တစ်လေများရှိမလားဟူ၍ သူ သေချာကြိုးစားရှာဖွေကြည့်မိသည်။ သို့ပေမဲ့ တစ်ဦးတစ်ယောက်တောင် မရှိခဲ့ချေ။
ပြောရမည်ဆိုလျှင် သိုင်းလေ့ကျင့်ရေးကွင်းပြင်တွင် မတ်တပ်ရပ်နေသော တပည့်တစ်ထောင်ကျော်တို့သည် အလွန်တရာအားကောင်းလှသော အော်ရာများကို ပိုင်ဆိုင်ရုံတင်သာမက အမှန်အကန်ကောင်းမွန်သည့် တိုက်ခိုက်ရေးစွမ်းအင်ကို ပိုင်ဆိုင်နေ၏။
“အကြီးအကဲကျန့်”
ကျွင်းချောင်ရှောင်း ကပြောလိုက်သည်။ “ဒီတပည့်တွေက မဆိုးဘူးမလား။”
ကျန့်ရာသည် လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက်၏။
“သူတိုရဲ့ကျင့်ကြံခြင်းအဆင့်က နည်းနည်းနိမ့်ကျတယ် ဆိုပေမဲ့ အားအင်အဆင့်ကတော့ အလယ်အလတ်နဲ့ အဆင့်မြင့်အဆင့်ထိ စွမ်းရည် ရှိနေတယ်။ သူတို့၏ အနာဂတ်က အကန့်အသတ်မဲ့တယ်။”
ဤအရာသည် မြှောက်ပင့်ပြောဆိုခြင်းမဟုတ်ပေ။ အမှန်တရားကို ပြောဆိုခဲ့ခြင်းဖြစ်၏။
အရှေ့တောင်ရန်ကျူး၏ ဂိုဏ်းအသိအမှတ်ပြု ဗဟို မှ အကြီးအကဲများ ကိုယ်တိုင်သည် အလားအလာနှင့်ပတ်သက်၍ ထိပ်ဆုံးသုံးခုတွင် ပါဝင်ကြောင်း မှတ်ချက်ပေးခဲ့သည့် ဂိုဏ်းတစ်ခုသည် သာမန်မဟုတ်သည်မှာ ထူးခြားလှသည်တော့မဟုတ်ပေ။
……….
နှစ်နာရီကြာမြင့်ပြီးသည်နောက်မှတော့ အုပ်စု “ဂ” ၏ တိုက်ပွဲများပြီးဆုံးသွားပြီဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်ကြသည့် တပည့်များသည်လည်း သက်ဆိုင်ရာဆုလာဘ်နှင့်အရင်းအမြစ်များကို ရရှိကြ၏။
ပြီးနောက် အုပ်စု (ခ) သည် စတင်၍တိုက်ခိုက်တော့သည်။
အဆင့်တိုးတက်လာသည်နှင့်အမျှ ပါဝင်ယှဉ်ပြိုင်ကြသော တပည့်များ၏ ကျင့်ကြံခြင်းအဆင့်များသည်လည်း ပိုမိုအားကောင်းလာ၏။ ထို့ကြောင့် တိုက်ခိုက်ပွဲများသည် ပိုမို၍စိတ်လှုပ်ရှားစရာကောင်းလာပြီး ကြည့်ရှုရသည်မှာ ထိုက်တန်လာ၏။
“အားလုံးက အဆင့်မြင့်တွေပဲ။”
ကျန့်ရာ၏ နှုတ်ခမ်းများသည် တုန်ရင်နေ၏။
အဖွဲ “ခ” ကို ကိုယ်စားပြုသော တပည့်များအားလုံးသည် အဆင့်မြင့် ပင်ကိုယ်စွမ်းရည် စိတ်ဝိညာဉ်အမြစ်ကိုပိုင်ဆိုင်လေသည်လား။
အမှန်တကယ်မှာတော့ မဟုတ်ပေ။
ဤလူများသည် အဘယ်ကြောင့် ဤမျှအားကောင်းနေရသည်ဆိုသော် ကြွက်သားတည်ဆောက်ခြင်း အခန်း ၊ စမ်းသပ်မှုမျှော်စင် စသည့် ထူးခြားသော အရာများထဲတွင် အချိန်အကြာကြီးလေ့ကျင့်ခဲ့ရသောကြောင့်ပင် ဖြစ်၏။
သို့ပေမဲ့ ဂိုဏ်းတွင်းသိုင်းပြိုင်ပွဲနှင့် ပက်သက်၍ ကျန့်ရာ၏ ထိတ်လန့်တုန်လှုပ်မှုသည် ဆက်လက်၍ဖြစ်တည်နေတုန်းပင်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော်အဖွဲ့ “က” စတင်တိုက်ခိုက်ချိန်မှာတော့ လုံကျိရန်နှင့် လီယုဟွာ တို့သည် စင်ပေါ်သို့တက်ပြီး အလွန်အမင်းအားကောင်လှသော တိုက်ခိုက်ရေးစွမ်းရည်ကို ထုတ်ဖော်ပြသနေနိုင်ကြ၏။
“ဒါတွေက တကယ့်ကို အဆင်မြင့်အဆင့် တိုက်ခိုက်ရေးစွမ်းရည်တွေပဲ။”
ညအမှောင်ချိန်ကို ရောက်ချိန်မှာတော့ အဖွဲ့လေးဖွဲ့၏ တိုက်ခိုက်မှုများသည် ပြီးဆုံးသွားသည်။
အဆုံးသတ်မှာတော့ အဖွဲ “က” ၏ ချန်ပီယံသည် လုံကျိရန်ဖြစ်ပြီး ဒုတိယနှင့် တတိယမှာ လီယုဟွာ နှင့် စုန့်ရွှမ်ကျူး တို့ပင် ဖြစ်သည်။
ဤဂိုဏ်းတွင်း သိုင်းပြိုင်ပွဲသည် အကြီးအကဲအသစ်ဖြစ်လာခဲ့သော ကျန့်ရာအား အလွန်အမင်း ထိတ်လန့်တုန်လှုပ်မိစေခဲ့သည်ကိုတော့ ဝန်ခံရပေလိမ့်မည်။