← Chapters

အခန်း (၃၁၇)

Vol. 22 Ch. 317

အခန်း (၃၁၇)

Vol. 22 Ch. 317

ပြန်လည်ကောင်းမွန်ခြင်းဆေးလုံး ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးတို့ကြောင့် အလွန်တရာ ထိပ်လန့်တုန်လှုပ်မိနေသော ကျန့်ရာသည် ထပ်မံ၍ အံ့အားသင့်မိခဲ့ရသည်။

လက်ရှိအခြေ‌အနေမှာတော့ ဂိုဏ်းသည် အဆင့်ငါးဂိုဏ်းဖြစ်သော နတ်စမ်းချောင်းဂိုဏ်းအား အနိုင်ယူခဲ့သည်ဆိုသည်မှာ ကံကောင်း၍ ၊ တိုက်ဆိုင်၍ မဟုတ်ဘဲ အလွန်တရာ အားကောင်းသောကြောင့် ဖြစ်ကြောင်း နောက်ဆုံး၌ သူ နားလည်ခဲ့ရပြီဖြစ်၏။

ဂိုဏ်းအတွင်း သိုင်းပြိုင်ပွဲပြီးဆုံးပြီးနောက်မှာတော့ ဆုလာဘ် များကို စတင်၍ ဖြန့်ဝေပေးတော့သည်။

လုံကျိရန် ၊ လီယုဟွာ၊ စုန့်ရွှမ်ကျုး နှင့် လင်းယွမ်ရွှယ် ၊ ကျန့်းေ၀ စသော စုစုပေါင်းတပည့်ဆယ့်ငါးယောက်တို့သည် အတွင်းစည်းတပည့်များ ဖြစ်လာခဲ့ကြ၏။

ထို့နောက်မှာတော့ သံမဏိအရိုးဂိုဏ်း၏ အတွင်းစည်းတပည့်များသည် ခုနှစ်ယောက်မှ နှစ်ဆယ့်နှစ်ယောက်ထိ တိုးတက် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

လီထျန်းထျန်း ၊ စိမာကျုံးတ နှင့် တစ်ခြားသော သူများသည် အတွင်းစည်းတပည့်အဖြစ် တက်ရောက်ခွင့် မရခဲ့ပေ။ သို့ပေမဲ့ သူတို့သည် အတွင်းစည်းတပည့် ဖြစ်လာရန် အလားအလာများကို ပိုင်ဆိုင်သည်။ ယခုနှစ်တွင် ကျိန်းသေပေါက် ရွေးချယ်မခံရသော်လည်း နောက်နှစ်တွင် ပါဝင်သည်မှာ သေချာ၏။

ဟုတ်ပေသည် ‌။ သံမဏိအရိုးဂိုဏ်းသည် ယခုမှ စတင်ခြင်းဖြစ်သည်။

များပြားလှသော အရင်းအမြစ်များ အစုံရှိသည်မို့ နောက်နှစ် သိုင်းပြိုင်ပွဲတွင် ပိုမိုထူးချွန်သော တပည့်များ ထွက်ပေါ်လာမည်မှာ သေချာ၏။

လုံကျိရန်နှင့် တစ်ခြားသောသူများသည်လည်း အတွင်းစည်းတပည့်အဖြစ် ရွေးချယ်ခံရသည်ကြောင့် အလွန်အမင်း ဂုဏ်ယူလျက်ရှိနေသည်။

သူတို့၏ရှေ့တွင် အလွန်တရာအားကောင်းလှသော စီနီယာအစ်ကိုများ အဖွဲ့ရှိနေ၏။ ထို့ကြောင့်သူတို့သည် နောက်မှလိုက်၍ ကြိုးစားရပေလိမ့်မည်။

ပို၍ ကောင်းမွန်သည်မှာ အတွင်းစည်းတပည့်ဖြစ်သွားပြီဆိုသည်နှင့် ပို၍ ကောင်းမွန်သော အရင်းအမြစ်များကို ရရှိလာတော့မှာဖြစ်၏။

ထို့ကြောင့် သူတို့၏ ကျင့်ကြံခြင်းအဆင့် မြင့်စေရန် ပိုမိုအကူအညီဖြစ်စေလိမ့်မည်။

ဂိုဏ်းချုပ်သည် ဆုရလာဒ်များကို ကြေညာပြီးသည့်နောက်မှာတော့ လုံကျိရန်၊ လီယုဟွာ နှင့် တစ်ခြားသူများအားလုံးသည် ဆေးခန်းမဆောင်ဆီသို့ သွား၍ အတွင်းစည်းတပည့်များသာ ရနိုင်‌သော ဆေးလုံးများနှင့် သိုင်းပညာအရင်းအမြစ်များကို သွားရောက်ယူနေကြတော့သည်။

ဂိုဏ်းပြိုင်ပွဲ ပြီးဆုံးပြီးနောက်မှာတော့ ကျန့်ရာသည် အတန်ငယ် တည်ငြိမ်သွား၏။ ပြီးနောက် လေးလေးနက်နက် ပြောလိုက်သည်။ "ဂိုဏ်းချုပ် ကျုပ်တို့ဂိုဏ်းက ဒီလိုမျိုး ဆက်ပြီး ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုရင် အဆင့်လေးဂိုဏ်းတစ်ခုဖြစ်လာဖို့ဆိုတာ ပြဿနာတစ်ခုမဟုတ်ဘူး။"

ဤမျှများပြားပြီး အားကောင်းလှသည့် တပည့်များရှိသောကြောင့် မဖြစ်နိုင်ဘူး ဆိုသည်မှာ မဖြစ်နိုင်စရာ မရှိတော့ပေ။

"အဆင့်လေးဂိုဏ်း ဟုတ်လား။"

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ "‌ဒါက နိမ့်လွန်းတယ်။"

"အဆင့်လေးကဂိုဏ်းက နိမ့်တယ်ဟုတ်လား။"

ကျန့်ရာ၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ရင်သွားသည်။

ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ဤအဆင့် များပြားလှသော ဂိုဏ်းများရှိသော်လည်း ထိုအဆင့်သို့ ရောက်ရှိရန်ဆိုသည်မှာ လွယ်ကူလှသည်တော့ မဟုတ်ပေ။ အချိန်နှင့် အရင်းအမြစ်များ ရရှိရန် လိုအပ်သေး၏။

ကျွင်းချောင်ရှောင်း လေးလေးနက်နက် ပြောလိုက်သည်။ "ကျုပ်ရဲ့ ရည်ရွယ်ချက်က သံမဏိအရိုးဂိုဏ်းကို ကုန်းမြေတိုက်ကြီးတစ်ခုလုံးမှာ ပြိုင်စံရှားဂိုဏ်းတစ်ခုအဖြစ် လုပ်ဖို့လေ။"

"ပြိုင်စံရှား ဂိုဏ်းတစ်ခုဟုတ်လား။"

ကျန့်ရာ၏ နှုတ်ခမ်းများသည် ပိုမို၍ တုန်ရင်သွားမိ၏။

ဂိုဏ်းချုပ်သည် အလွန်အမင်း ရည်မှန်းချက်ကြီးမားသော လူတစ်ယောက်ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ ရည်မှန်းချက်သည် အလွန်တရာ ကြီးမားလွန်းနေသည်။

"ဟုတ်တယ်။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ရှေ့မှာ လျှောက်ရမယ့်လမ်းက အရှည်ကြီး ရှိသေးတယ်။ဒါ့ကြောင့် ခင်ဗျားလိုမျိုး အားကောင်းလှတဲ့ လူတစ်ယောက် ကျုပ်ကို ကူညီဖို့ လိုတာပေါ့။"

ကျန့်ရာက ပြောလိုက်သည်။ "ကျုပ်က သံမဏိအရိုးဂိုဏ်းကို ကျေကျေနပ်နပ်နဲ့ အလုပ်အကျွေး ပြုပါမယ်။ဂိုဏ်းချုပ်ရဲ့ ကျောထောက်နောက်ခံအဖြစ် ဖြစ်ပေးမယ်။"

ဤစကားလုံးများသည် ထိန်းချုပ်ခံရသည့် စကားလုံးများကြောင့်ဖြစ်သည်။ သို့ပေမဲ့ သူ၏ စိတ်ထဲတွင်လည်း ထိုကဲ့သို့ ပြုလုပ်နိုင်ရန် မျှော်လင့်မိနေ၏။

ထိုကဲ့သို့ အားကောင်းလှသော ဂိုဏ်းတစ်ခုအနေနှင့် အနာဂတ်တွင် မည်မျှအားကောင်းလာမည်ဆိုသည်ကို သူ မြင်ချင်နေမိသည်။

"ဂိုဏ်းချုပ်"

ကျန့်ရာသည် လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက်သည်။

"ဂိုဏ်းက အားကောင်းလာလား၊ အားကောင်းမလာလားဆိုတာထက် အရေးကြီးဆုံးအရာတစ်ခုရှိတယ်။အဲဒါက ကြီးမားတဲ့ မုန်တိုင်းတစ်ခုမှာ မတ်မတ်ရပ်နိုင်စွမ်းပဲ။"

နှစ်တွေအများကြီး ကြာပြီးသည့်နောက်မှာတော့ များပြားလှသော ပါရမီရှင်များ ထွက်ပေါ်လာ၏။ ထို့အတူ အလွန်ထူးချွန်ပြီး အားကောင်းလှသော ဂိုဏ်းများသည်လည်း ပေါ်ပေါက်ခဲ့၏။

ရှေးတုန်းကတည်းက ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ဂိုဏ်းများသည် ပေါ်လာလိုက် ၊ ပျောက်သွားလိုက်နှင့် သံသရာ လည်နေတာ များသည်။

ကြယ်‌ကြွေကုန်းမြေတိုက်ကြီး၏ အမြင့်မားဆုံးနေရာတွင်ရှိနေသော ဂိုဏ်းများသည် သက်ရှိအားလုံး၏ ကိုးကွယ်ခြင်းကို ခံနေရသည်။ ထိုသူတို့သည် ကြီးမားသော မုန်တိုင်းများ၊ ကပ်ဘေးများ ၊ အန္တရာယ်များကို ကျော်ဖြတ်လာပြီးမှသာ ထိုအ‌ခြေအနေသို ရောက်ရှိလာခြင်းဖြစ်၏။

ထို့ကြောင့် အလားအလာဆိုသည်မှာ အလားအလာသာဖြစ်သည်။ အလားအလာ ကောင်းမွန်လျှက်နှင့် မတည်ရှိနိုင်တော့သော ဂိုဏ်းပေါင်းများစွာ ရှိခဲ့ဖူးသည်။

အလွန်အမင်း ကြီးမားသည့် အန္တာရာယ်များကို မဖြတ်ကျော်ဖူးဘဲ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနိုင်မည် မဟုတ်ပေ။

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဟောင်ချီဂိုဏ်းကို စိန်ခေါ်တယ်ဆိုတာက ကြီးမားတဲ့ ဘေးအန္တာရာယ်ကြီးအဖြစ် စဉ်းစားလို့ရလား။"

"စိတ်ထဲတောင်မထားနဲ့။ "

"နတ်စမ်းချောင်းဂိုဏ်းကို စိန်ခေါ်တဲ့ ကိစ္စရော။"

"အဲ့ဒါလည်း ထားလိုက် …"

"ဒါပေမဲ့"

ကျွင်းချောင်ရှောင်း ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ "သံမဏိအရိုးဂိုဏ်းကို ပြိုင်စံရှားဂိုဏ်းတစ်ခုဖြစ်လာစေဖို့ ဆန္ဒ ကျုပ်မှာရှိတယ်။ဒီတော့ အနာဂတ်မှာ ကြုံလာနိုင်တဲ့ ကပ်ဘေးကြီးတွေကို ရင်ဆိုင်နိုင်ဖို့ ယုံကြည်ချက်လည်း ရှိတယ်။"

ကျန့်ရာ ပြောလိုက်သည်။ "ဂိုဏ်းချုပ် … ကျုပ်ပြောချင်တာ တစ်ခုရှိသေးတယ်။"

"ဘာများလဲ။"

နတ်ဆိုးမိစ္ဆာဂိုဏ်းသည် သိုင်းအုပ်စိုးသူ တစ်ယောက်ကို ဖိတ်ခေါ်ထားကြောင်း ဂိုဏ်းချုပ်အား ပြောပြလိုက်၏။

"တကယ်ပဲလား။"

ကျွင်းချောင်ရှောင်း၏ အမူအရာသည် ပြောင်းလဲသွား၏။ ခန္ဓာကိုယ် တစ်ခုလုံး တုန်သွားသည် “သိုင်းအုပ်စိုးသူ အဆင့်လို ကျင့်ကြံသူ တစ်ယောက်တောင် လာမယ်ဆိုတော့ သူတို့က တကယ် လေးလေးနက်နက်ထားနေတာပဲ။"

ကျန့်ရာ ဆွံ့အသွား၏။ ခုနတုန်းက ပြသခဲ့သော ရည်မှန်းချက်ကြီးမားသည့် လူတစ်ယောက်၏ ပုံရိပ်သည် ယခုအဘယ်သို့ ရောက်ရှိသွားသနည်း။

အမှန်တကယ်တမ်းတွင်တော့ ကျွင်းချောင်ရှောင်းသည် ကြောက်လန့်မသွားပေ။

ဂိုဏ်း၏ အကာအကွယ် အစီအရင်သည် သိုင်းအုပ်စိုးသူတစ်ယောက်ဆိုလျှင်တောင်မှ သူ၏ ဂိုဏ်းထဲသို့ ဝင်ခွင့်‌ပေးမည် မဟုတ်ပေ။

သို့ပေမဲ့ အလွန်အမင်း စွမ်းအားကောင်းလှသော မိစ္ဆာဂိုဏ်းတစ်ခု၏ ပစ်မှတ်ထားခြင်းကို အစဉ်အမြဲ ခံနေရပြီဆိုရင် အနာဂတ်တွင် သူ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်နိုင်တော့မည်နည်း။

ဟင်း ….. ဒီလိုမျိုး စောစောစီးစီးသိမိရင် နတ်စမ်းချောင်းဂိုဏ်းချုပ်ကို လွယ်လွယ်နဲ့ အရှုံးပေးလိုက်ပါတယ်။

"‌ဒါပေမဲ့"

ကျန့်ရာ ပြောလိုက်သည်။ "ခွန်ဂိုဏ်းက နတ်ဆိုးမိစ္ဆာဂိုဏ်း ရဲ့ စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်း ကို လုယူဖို့ ကြိုးစားနေတယ်လေ။‌ဒါ့ကြောင့် သူတို့က အတိုင်းအတာတစ်ခုအထိ သံမဏိအရိုးဂိုဏ်းကို စိတ်ထဲမှာ ထားမှာ မဟုတ်ဘူး။"

ကျွင်းချောင်ရှောင်းသည် သက်ပြင်းအရှည်ကြီး ချလိုက်သည်။

“ဘာ မိုင်းတွင်း။”

ကျန့်ရာက ပြောလိုက်သည်။

“စိတ်ဝိညာဉ်ကျောက်တုံးမိုင်း။”

ကျွင်းချောင်ရှောင်း ကြောင်သွား၏။

"စိတ်ဝိညာဉ် ကျောက်တုံးတွေကို ဒီလိုလည်း တူးထုတ်လို့ရတယ် ဟုတ်လား။"

ကျန့်ရာ ပြောလိုက်၏။

"စိတ်ဝိညာဉ်ကျောက်တုံးဆိုတာ နှစ်မျိုးနှစ်စားရှိတယ်။တစ်ခုက သဘာဝအတိုင်း ဖြစ်လာတဲ့ ကျောက်တုံးတွေ ၊ နောက်တစ်ခုက ဖန်တီးထားတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေ။ သာဘာဝအတိုင်းဖြစ်လာတဲ့ စိတ်ဝိညဉ် ကျောက်တုံးတွေကို မိုင်းတွင်းတွေကနေ တူးဖော်လို့ရတာလေ။ ဖန်တီးထားတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကတော့ စိတ်ဝိညာဉ်ဆရာတွေ ဖန်တီးထားတာပဲ။"

"ဪ ဒီလိုကိုး"

ကျွင်းချောင်ရှောင်း၏ ဗဟုသုတများသည် တိုးတက်သွား၏။

ကျန့်ရာသည် ထပ်မံကာ ပြောလိုက်သည်။ "အဆင့်အရဆိုရင် ကောင်းကင်နဲ့ မြေကြီးရဲ့ သန့်စင်ခြင်းကို ခံထားရတဲ့ သဘာဝအတိုင်း စိတ်ဝိညာဉ်ကျောက်တုံးတွေက လူတွေဖန်တီးထားတဲ့ စိတ်ဝိညာဉ်ကျောက်တုံးထက် ပိုပြီးတော့ အားကောင်းတယ်။"

"လူတွေ ဖန်တီးထားတဲ့ စိတ်ဝိညာဉ်ကျောက်တုံးဆိုတာက ဈေးကွက် ထဲမှာရောင်းချနေတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို ပြောတာလား။" ကျွင်းချောင်ရှောင်း မေးလိုက်သည်။

ကျန့်ရာ ပြောလိုက်၏။

"ဈေးထဲမှာ ရောင်းချတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေ အကုန်လုံးက လူတွေဖန်တီးထားတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေ ။ဒီကုန်းမြေတိုက်ကြီးမှာ စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းတွေ အများကြီး ရှိတာပဲ။"

"အများကြီးပေါ့။"

ကျန့်ရာ ထပ်ပြောလိုက်သည်။

‌"‌ဒီမိုင်းတွင်းတွေ အကုန်လုံးကို ဂိုဏ်းကြီးတွေက ပိုင်ဆိုင်ကြတယ်။ဂိုဏ်းငယ်လေးတွေက အဲဒီမိုင်းတွင်းရဲ့အစပ်နားကိုတောင် သွားထိလို့ မရဘူး။"

ကျွင်းချောင်ရှောင်းသည် သူ၏မေးစေ့ကို ပွတ်သက်ကာ ပြောလိုက်သည်။ "ကြည့်ရတာ ဂိုဏ်းတစ်ခုအတွက် စိတ်ဝိညာဉ်ကျောက်တုံးဂိုဏ်းဆိုတာက တော်တော် အရေးကြီးတဲ့ပုံပဲ။ ဒါကြောင့် ခွန်ဂိုဏ်းက နတ်ဆိုးမိစ္ဆာဂိုဏ်းကို ပေါ်ပေါ်တင်တင် လုယူတိုက်ခိုက်ရဲတာ ဖြစ်ရမယ်။"

ကျန့်ရာ လေးလေးနက်နက် ပြောလိုက်သည်။ "ဂိုဏ်းတစ်ခုက အားကောင်းလား ၊ မကောင်းလားဆိုတာ စိတ်ဝိညာဉ် ကျောက်တုံးမိုင်းကို ပိုင်ဆိုင်လား၊ မပိုင်ဆိုင်လားဆိုတဲ့ပေါ်မှာ မူတည်တယ်။ မိုင်းတွင်းတစ်ခုတောင် မရှိတဲ့ ဂိုဏ်းတစ်ခုဆိုတာက အများဆုံး အ‌ဆင့်လေးဂိုဏ်းတစ်ခုပဲ ဖြစ်လိမ့်မယ်။"

ဂိုဏ်းကြီးများသည် တပည့်သောင်းချီ၍ ရှိနေတတ်ကြသည်။ ထို့ကြောင့် များပြားလှသော အရင်းအမြစ်များကို လိုအပ်သည်။ သာမန်ဆေးလုံးများ ထောက်ပံ့ပေးမည်ဆိုလျှင် လုံလောက်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် စိတ်ဝိညာဉ်ကျောက်တုံးများသည် အလွန်အရေးကြီးသော အရာတစ်ခု ဖြစ်လာခဲ့သည်။

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွေကို ဂိုဏ်းတွေက လွယ်လွယ်ကူကူနဲ့ ရနိုင်လား။"

ကျန့်ရာ ခေါင်းခါယမ်းကာ ပြောလိုက်သည်။ "ကုန်းမြေတိုက်ကြီးထဲမှာ မတူးရသေးတဲ့ မိုင်းတွင်းတွေ ဘယ်လောက်ရှိလဲဆိုတာ မသိနိုင်ဘူးဆိုပေမဲ့ ရှာဖွေတွေ့ရှိဖို့ကတော့ အလွန်ခက်တယ်။"

သူ ခဏရပ်ကာ ပြောလိုက်၏။ "တွေ့ပြီဆိုရင်လည်း ဂိုဏ်းကြီးတွေရဲ့ ပစ်မှတ်ထားခြင်းကို ကျိန်းသေပေါက် ခံရမှာပဲ။နောက်ထပ် သွေးချောင်းစီးတဲ့ တိုက်ပွဲတွေ ဖြစ်သွားမှာပေါ့။"

ကျွင်းချောင်ရှောင်းသည် အံ့အားမသင့်သွားချေ။

တကယ့်အဆင့်သုံး ဂိုဏ်းတစ်ခု၏ မိုင်းတွင်းကို တောင်မှ ပွင့်ပွင့်လင်းလင်း လုယူရန် ကြိုးစားနေကြသည်ဆိုတော့ မိုင်းတွင်းအသစ်သာ ရှာဖွေတွေ့ရှိပါက ထိုဂိုဏ်းသည် ရစရာမရှိအောင် တိုက်ခိုက်ဖျက်ဆီးခံရမှာ ကျိန်းသေနေသည်။

မိုင်းတွင်းတွေ့ရှိသည့် ဂိုဏ်းပင်လျှင် ကြီးမားသည့် ဒုက္ခကို ခံစားရမည်ဟု ညွှန်းဆိုရမလိုပင် ဖြစ်နေတော့၏။

ထို့ကြောင့် မိုင်းတွင်းများ ရှာဖွေတွေ့ရှိခြင်းသည် ကြီးမားလှသော ဂိုဏ်းကြီးအတွက် အလွန်တရာ ကံကောင်းသည့် ကိစ္စဖြစ်သော်လည်း သေးငယ်လှသော ဂိုဏ်းသေးသေးလေးများအတွက်တော့ ကပ်ဘေးကြီးပင် ဖြစ်တော့သည်။

ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်ကျောက်တုံးမိုင်းအကြောင်း ဆက်၍ မစဉ်စားပဲ ပြောလိုက်သည်။ "ခင်ဗျား ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးတွေကို သောက်ပြီးပြီပေါ့။မနက်ဖြန်ကစပြီးတော့ ကြွက်သားတည်ဆောက်ခြင်း အခန်းထဲကို ဝင်လိုက်။ပြီးတော့ ကျင့်ကြံခြင်းနဲ့ပတ်သက်တဲ့ အရင်းအမြစ်တွေကို ကျုပ်အချိန်မ‌ရွေး ထောက်ပံ့ပေးမယ်။

သူသည် အကြီးအကဲတစ်ယောက် ခန့်အပ်ထားသည်မှာ ဂိုဏ်း၏ အတွင်းကိစ္စများကို စီမံခန့်ခွဲရန်တင်မကဘဲ ထိုအကြီးအကဲ၏ အားအင် တိုးတက်လာစေရန်လည်း သူ့ဘက်က ပြန်၍ ထောက်ပံ့ပေးရမည်ဆိုသည်ကို သူ ကောင်းကောင်း နားလည်သည်။

"ကြွက်သား တည်ဆောက်ခြင်းအခန်းဟုတ်လား။"

ကျန့်ရာသည် လေ့ကျင့်ရေး ခန်းမဆီသို့ ဝင်ရောက်ပြီးသည့်နောက်မှာတော့ ဇဝေဇဝါဖြင့် တပည့်တစ်ယောက်လိုက်ပြသော ကြွက်သားတည်ဆောက်ခြင်း အခန်းဆီသို့ ရောက်ရှိလာတော့သည်။

စက်သည် စတင်၍ အသက်ဝင်သွားတော့သည်။

ဘန်း ဘန်း ဘန်း။

ကျယ်လောင်လှသော အသံများ ထွက်ပေါ်လာ၏။

ကျွီ။

တံခါးဖွင့်ပြီးသည့်နောက်မှာတော့ ကျန့်ရာသည် ရွံ့တစ်ခုကဲ့သို့ ပျော့ခွေကာ ထွက်လာတော့သည်။ ပြီးနောက် အကူအညီမဲ့စွာဖြင့် ပြောလိုက်၏။ "ကြောက်ဖို့ ကောင်းလိုက်တာ။"

သူ၏ ခန္ဓာကိုယ်သည် အလွန်အားကောင်းပြီးဖြစ်၏။ သို့ပေမဲ့ ကြွက်သားတည်ဆောက်ခြင်း၏ စွမ်းအင်သည် ပိုမို၍ အားကောင်းနေ၏။

ထို့ကြောင့် သိုင်းတပည့်တင်မကဘဲ သိုင်းဘုရင်ဆိုလျှင်တောင်မှ အခန်းထဲသို့ ဝင်ရောက်သွားသည်နှင့် တူညီစွာဆက်ဆံခံရပေလိမ့်မည်။

အကြီးအကဲကျန့် ၏ ခွေလျက်ပုံလဲနေသည့် ပုံစံကို မြင်တော့ ဖြတ်သွားဖြတ်လာ လူအားလုံးသည် သူတို့ ခံစားခဲ့ရသည်များကို ပြန်လည်၍ သတိရသွားမိသည်။ ထို့ကြောင့် ကိုယ်ချင်းစာနာစွာဖြင့် ကြည့်မိလိုက်ကြသည်။

"သိုင်းဘုရင်တစ်ယောက်တောင် ဒီလို ဆိုးဆိုးရွားရွား ဆက်ဆံခံရတာပဲ။ဂိုဏ်းက တပည့်တွေအပေါ်ကို မျှတတဲ့ ဆက်ဆံမှု ပေးထားတယ်။"

All Chapters