← Chapters

အခန်း (၃၂၀)

Vol. 22 Ch. 320

အခန်း (၃၂၀)

Vol. 22 Ch. 320

သံမဏိအရိုးတောင်သည် စိတ်ဝိညာဉ်အမြစ်များ ပြန်လည်ကောင်းမွန်ပြီး စိတ်ဝိညာဉ်သွေးကြော အသက်ဝင်လာသည်ဟု အကြီးအကဲဝေ သုံးသပ်မိသည်။ ထို့ကြောင့် သူတို့တွေသည်သာ တည်နေရာအား ပြန်လည်ကောင်းမွန်အောင် ဆေးပင်တွေ ဆက်လက် စိုက်ပျိုးပါက ပိုမိုကောင်းမွန်သည့် ရလဒ်ကို ရရှိလာမှာ သေချာသည်။

မည်သို့ပင်ဖြစ်ဖြစ် လက်ရှိအချိန်တွင် သက်တန့်ရောင်မှာ ပျောက်ကွယ်သွားခဲ့ပြီမို့ အချိန်အနည်းငယ်အတွင်း စိတ်ပူစရာမလိုသေးပေ။

ကျန့်ရာ၏ အကြံပြုချက်အရဆိုလျှင် သက်တန့်ရောင်အလင်းများအား ဖုံးကွယ်ရန် သီခြားအစီအရင်တစ်ခုကို ဖန်တီးရမည်။

ကျွင်းချောင်ရှောင်းသည် အစီအရင် ကို နားမလည်ပေ။ သို့ပေမဲ့ သူ့တွင် စနစ်လည်း ရှိနေသည်။

ထို့ကြောင့် သူ သိစိတ်နှင့် ပြောလိုက်သည် “စတိုးမှာ သီးခြားအစီအရင်ကို ရနိုင်လောက်လား”

စနစ်မှ ပြောလိုက်သည် “လက်ခံသူ ဆီမှာ လုံလောက်တဲ့ ဂိုဏ်းစုဆောင်းမှတ် ရှိတယ်ဆိုရင် အစီအရင်ကို refresh လုပ်ဖို့လိုတယ်”

“စဦးစတိုးဆီမှာလား” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

စနစ်မှ ပြောလိုက်၏ “ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဖြစ်နိုင်ချေ က နည်းပါးတယ်။ လက်ခံသူ အနေနဲ့ အလယ်အလတ် စတိုးဆီမှာ refresh လုပ်ဖို့ လိုအပ်မယ်”

“……..”

ကျွင်းချောင်ရှောင်းသည် သူ့ဆီမှာသာ ဂိုဏ်းစုဆောင်းမှတ် တစ်သောင်းလောက် ရှိမည် ဆိုလျှင် အလယ်အလတ် စတိုးအား ကျိန်သေပေါက် refresh လုပ်မိပေလိမ့်မည်။ သို့ပေမဲ့ လက်ရှိတွင်တော့ သူမတတ်နိုင်ပေ။

“တပည့်တွေ လက်ခံရမယ်” ဂိုဏ်းဆီ ပြန်လာပြီးနောက် ကျွင်းချောင်ရှောင်းသည် စတင်၍ စဉ်းစားလိုက်သည်။

အဆုံးသတ်မှာတော့ ကျွင်းချောင်ရှောင်းသည် ချင်းယန်နိုင်ငံ၏ မြို့ ရှစ်မြို့တွင် တပည့်များ ခေါ်ယူရန် ဆုံးဖြတ်ချက် ချလိုက်မိ၏။

ထို့အပြင် သူ၏ ဂိုဏ်းသည် နတ်စမ်းချောင်းဂိုဏ်းအား အနိုင်ယူနိုင်ခဲ့ပြီ ဖြစ်သောကြောင့် ပါရမီရှင် လူငယ်များအား ခေါ်ယူနိုင်မည်ဟု ယုံကြည်နေမိသည်။

နောက်တစ်ရက် ….

ကျွင်းချောင်ရှောင်းသည် ချင်းယန်မြို့သို့ ခရီးသွားရန် ပြင်လိုက်သည်။

“ဂိုဏ်းချုပ် …”

လီချင်းယန် ပြောလိုက်သည် “တောင်ပြာဂိုဏ်းအကြီးအကဲ လာလည်ပါတယ်”

“အွန်း”

ကျွင်းချောင်ရှောင်း မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည် “မဟာမိတ်ဖွဲ့ဖို့ လာတာပဲ ဖြစ်ရမယ်”

နတ်ဆိုးမိစ္ဆာဂိုဏ်းနှင့် သံမဏိအရိုးဂိုဏ်းသည် ပြဿနာဖြစ်နေကြောင်း သိရှိသော်လည်း တောင်ပြာဂိုဏ်းသည် သူတို့နှင့် မဟာမိတ်ဖွဲ့ရဲသည်။ ထိုအရာသည် သံမဏိလို ခိုင်မာသည့် ရင်းနှီးမှု ဖြစ်၏။ သူ၏ လေးစားမှုကို ဖော်ပြရန် ကိုယ်တိုင်ထွက်ကြိုရန် ဆုံးဖြတ်လိုက်သည်။

မာယွင်တန်သည် သံမဏိအရိုးဂိုဏ်းသို့ ပထမဆုံးလာလည်ခြင်း ဖြစ်၏။

ကြီးမားပြီး ခန့်ညားလွန်းသော အဓိက ဟောခန်းကြီးနှင့် တပည့်များ၏ အားကောင်းလှသော အော်ရာများကို မြင်တော့ မာယွင်တန် စိတ်လှုပ်ရှားမိသည်။

“ဂိုဏ်းချုပ်ကျွင်း ….”

အကြီးအကဲမာ ပြောလိုက်သည် “ခင်ဗျားရဲ့ ဂိုဏ်းက တကယ့်ကို အလားအလာ ကောင်းတာပဲ။ ဂိုဏ်းအသိအမှတ်ပြု ဟောခန်းကသာ ဒီမြင်ကွင်းကို မြင်တော့ ထိပ်တန်း အလားအလာလို့ သတ်မှတ်မှာသေချာတယ်”

အရှေ့တောင်ရန်ကျူး၏ ဂိုဏ်းအသိအမှတ်ပြု ဟောခန်းမှ အကြီးအကဲများ ရောက်လာပြီး သံမဏိအရိုးဂိုဏ်းအား အလားအလာတွင် ထိပ်ဆုံးသုံးခုစာရင်းထဲ ထည့်ခဲ့ကြောင်းကို မာယွင်တန် မသိရှိခဲ့ချေ။ သိလျှင် ပို၍ အံ့အားသင့်မိပေလိမ့်မည်။

ကျွင်းချောင်ရှောင်း နှိမ့်ချစွာ ပြောလိုက်သည် “အကြီးအကဲမာက ကြင်နာလွန်းနေပြီ”

“ဟမ် …”

ထိုအချိန်မှာတော့ မာယွင်တန်သည် အတွင်းခြံဝန်း ထဲမှ လှမ်းလျှောက်ထွက်လာသည့် ကျန့်ရာအား မြင်လိုက်ရသည်။ တစ်ဖက်လူ၏ အော်ရာသည် အလွန်အားကောင်းလွန်း၏။ သူ အံံအားတသင့်ဖြင့် မေးလိုက်သည် “ဂိုဏ်းချုပ်ကျွင်း … ဒါက …”

“ဒါကသံမဏိအရိုးဂိုဏ်းရဲ့ အကြီးအကဲလေ” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

မာယွင်တန်၏ အကြည့်များသည် အေးခဲသွားသည် “ဒီအကြီးအကဲ ရဲ့ ကျင့်ကြံခြင်းအဆင့်က …….”

ကျွင်းချောင်ရှောင်း ပြောလိုက်၏ “သိုင်းဘုရင်လေ”

မာယွင်တန် “………”

သူသည် သံမဏိအရိုးဂိုဏ်းအား အထင်မသေးပေ။ သို့ပေမဲ့ အဆင့်ခုနှစ် ဂိုဏ်းတစ်ခုတွင် သိုင်းဘုရင်အဆင့် အကြီးအကဲ တစ်ယောက် ရှိနေသည် ဆိုခြင်းက တရားလွန်လွန်းနေ၏။

သူတို့နှစ်ယောက် အဓိက ဟောခန်းဆီ လျှောက်သွားလိုက်သည်။

မာယွင်တန်သည် ငူငူငေါင်ငေါင် ဖြင့် ထိုင်ရင်း စဉ်းစားနေ၏။ ပြီးနောက် သူ၏ စိတ်ခံစားချက်ကို ထိန်းချုပ်ကာ ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း …. ဒီကို လာတာ မဟာမိတ်ဖွဲ့ဖို့လေ”

ဂိုဏ်းသို့ ပြန်ရောက်ပြီးနောက် သူသည် ဝမ်တုန်လင် နှင့် အတူ ဂိုဏ်းချုပ်ဆီသို့ သွား၍ ဖြစ်ကြောင်းကုန်စင်အား ပြောပြကာ ချက်ချင်း မဟာမိတ်ဖွဲ့သင့်ကြောင်း အကြံပြုခဲ့သည်။

သံမဏိအရိုးဂိုဏ်းသည် နတ်စမ်းချောင်းဂိုဏ်းအား တစ်ဖက်သတ်ကြီး တိုက်ခိုက် အနိုင်ယူနိုင်ခဲ့ကြောင်း ကြားတော့ ဂိုဏ်းချုပ်သည် အံ့အားသင့်မိသည်။ ထို့ကြောင့် သေချာ ပြန်လည် သုံးသပ်ပြီးနောက် မာယွင်တန် တို့၏ အကြံပြုချက်ကို လက်ခံလိုက်၏။

“ကျုပ်က တောင်ပြာဂိုဏ်းအပေါ်မှာ ကျေးဇူးကျွေးရှိတယ်” ကျွင်းချောင်ရှောင်းက လက်သီးဆုပ်ကာ ပြောလိုက်သည်။

သံမဏိအရိုးဂိုဏ်းသည် ယခုမှစတင်၍ တိုးတက်ကာစ ဖြစ်သည်။ အဆင့်ငါး ဂိုဏ်းတစ်ခု နှင့် မဟာမိတ်ဖွဲ့ နိုင်ခြင်းသည် အကျိုးကျေးဇူးသာ ရှိပြီး ဆိုးကျိုးဟူ၍ မရှိပေ။

မာယွင်တန်သည် သိုလှောင်လက်စွပ်ထဲမှ မဟာမိတ်စာချုပ်အား ထုတ်ယူလိုက်သည်။ ထိုစာချုပ်ပေါ်တွင်တော့ တောင်ပြာဂိုဏ်းချုပ်၏ တံဆိပ်တုံး ထုနှက်ထားသည်။

“ဂိုဏ်းချုပ်ကျွင်း …။”

သူ ပြောလိုက်သည် “ကျေးဇူးပြုပြီး တံဆိပ်တုံး ထုပါ”

ကျွင်းချောင်ရှောင်းသည် ဂိုဏ်းချုပ် တံဆိပ်တုံးအား ထုတ်ယူ၍ ထုနှက်လိုက်သည်။

လက်ရှိအချိန်မှာတော့ သံမဏိအရိုးဂိုဏ်း နှင့် တောင်ပြာဂိုဏ်းတို့သည် မဟာမိတ်အဖွဲ့ ဖြစ်သွားကြလေသည်။ မည်မျှကြာမြင့်သော မဟာမိတ်အဖွဲ့ ဖြစ်မည်နည်း ဆိုသည်ကတော့ နှစ်ဖက်လုံး၏ ရင်းနှီးမှု ဆက်ဆံရေး မည်မျှကြာမြင့်မည် ဆိုသည့်အပေါ်တွင် မူတည်နေ၏။

ကျွင်းချောင်ရှောင်းသည် ချင်းယန်မြို့သို့ သွားမည့် အကြံအစည်အား ခဏ ဖယ်ရှားပြီး အချိန်အခါကောင်းကို စောင့်စားနေသည်။

သုံးရက် ကြာမြင့်ပြီးနောက်မှာတော့ …

တောင်ပြာဂိုဏ်းသည် သံမဏိအရိုးဂိုဏ်းနှင့် မဟာမိတ်ဖွဲ့ကြောင်း တရားဝင်ကြေညာခဲ့သည်။

ထိုသတင်းသည် ချင်းယန်နိုင်ငံအတွင်း ပြန့်နှံ့သွားချိန်မှာတော့ အားလုံးသည် အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြ၏။

တသီးတခြားနေထိုင်တတ်သော တောင်ပြာဂိုဏ်းသည် သံမဏိအရိုးဂိုဏ်းနှင့် တကယ်ပဲ မဟာမိတ်ဖွဲ့ခဲ့သည်။

သံမဏိအရိုးဂိုဏ်းသည် အားနည်းသော ဂိုဏ်းလေး တစ်ခုမဟုတ်တော့ကြောင်း အားလုံးက နားလည်သွားကြ၏။ ၎င်းတို့သည် အချိန်တိုအတွင်း ထူးခြားလှသော စွမ်းဆောင်ရည်များအား ပြသခဲ့သော ဂိုဏ်းတစ်ခု ဖြစ်ပေသည်။

ထိုသတင်းပြန့်နှံ့သွားပြီးနောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်၏ “အချိန်ကျပြီ”

ပြီးနောက် သူသည် ချင်းယန်မြို့သို့ သွားလိုက်သည်။

တောင်ပြာဂိုဏ်းနှင့် မဟာမိတ်ဖွဲ့သည့် သတင်း ပြန့်နှံ့ပြီးပြီ ဖြစ်သောကြောင့် သူ့အနေနှင့် ဂိုဏ်းသားသစ် ခေါ်ဆောင်ရန် လွယ်ကူသွားခဲ့ပြီ ဖြစ်၏။

……..

ကျွင်းချောင်ရှောင်းသည် ပထမဆုံး မြို့တော်ဝန်ရှဲ့ဆီ သွားလိုက်သည်။ ပြီးနောက် ဟူရန်မြို့သို့ သွားသည်။ ထို့နောက် ကျန်သော မြို့ခြောက်မြို့ဆီသို့ သွားလိုက်သည်။

သူသည် ဂိုဏ်းသားသစ် ခေါ်ဆောင်မည် ဖြစ်ကြောင်း သွားရောက် ကြေညာခြင်းဖြစ်သည်။

ဂိုဏ်း၏ ဂုဏ်သိက္ခာသည် တိုးပွားလာခဲ့ပြီဖြစ်သောကြောင့် သူသည် မြို့တော်ဝန်များဆီ သွားရောက် အကြောင်းကြားသည့် အလုပ်ကိုသာ လုပ်တော့၏ ။ မြို့တော်ဝန်များကလည်း သေချာ ကူညီပေးကြ၏။

ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့လား။

မည်သူတွေလဲ။ သူ မသိပေ။

သံမဏိအရိုးဂိုဏ်း၏ စွမ်းဆောင်ရည်နှင့် ဂုဏ်သတင်းသည် ထိုသူတို့အား လျစ်လျူရှု၍ လုပ်ချင်ရာကို လုပ်ဆောင်နိုင်ပြီ ဖြစ်သည်။

မဟာမိတ်ခေါင်းဆောင်ချင်တို့ကလည်း သိုသိုသိပ်သိပ်ဖြင့် နေထိုင်နေကြပြီး ကျွင်းချောင်ရှောင်း၏ ရှေ့သို့ ပေါ်မလာရဲချေ။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ထိုသူတို့အား ခွင့်လွှတ်လိမ့်မည် မဟုတ်ချေ ။ သူနိမ့်ကျခဲ့စဉ် က နင်းချေရန် ကြိုးစားခဲ့သူများအား ခွင့်လွှတ်ပေးရန် ကျွင်းချောင်ရှောင်းသည် တရားပေါက်နေသူ မဟုတ်ချေ။

ကျိုးရှစ်မင်အား နောင်တွင် ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့နှင့် ပတ်သက်ပြီး ခက်ခဲအောင် ပြုလုပ်ဖို့ သူ တောင်းဆိုထားသေးသည်။

……

အရာကိစ္စများအား စီစဉ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ထုံးစံအတိုင်း ကျင့်ကြံခြင်းကိုသာ အာရုံစိုက်တော့သည်။ သူသည် စမ်းသပ်မှုမျှော်စင်ထဲ ဝင်ရောက်၍ လေ့ကျင့်တော့သည်။

နောက်တစ်ရက်မှာတော့ …

သူ မျက်နှာသစ်နေတုန်း လီချင်းယန် ရောက်လာသည် “ဂိုဏ်းချုပ် … ဂိုဏ်းသားသစ်တွေ စာရင်းလာပေးတယ်”

“မြန်လိုက်တာ” ကျွင်းချောင်ရှောင်း အံ့အားသင့်မိသွားသည်။

မြန်ရုံတင်မဟုတ်ပေ။ လာရောက်သည့် လူများမှာ များပြားလွန်းနေသေး၏။

ဂိုဏ်း၏ အဓိက တံခါးမကြီးကို ဖွင့်လိုက်တော့ လူငယ် အမျိုးသား၊ အမျိုးသမီး တစ်ထောင်လောက် ရှိနေသည်ကို မြင်လိုက်ရသည်။ ထိုသူတို့ အားလုံး၏ မျက်လုံးထဲတွင်တော့ စိတ်လှုပ်ရှားနေသည့် အရိပ်အယောင်များ ရှိလို့နေသည်။

ဤလူငယ်လေးများသည် အစောကတည်းက သံမဏိအရိုးဂိုဏ်းထဲ ဝင်ချင်နေကြခြင်း ဖြစ်သည်။ ယခုလို ကြေညာချက်ကို ကြားချိန်မှာတော့ အလောသုံးဆယ် ဖြင့် ရောက်ရှိလာကြခြင်း ဖြစ်၏။

သံမဏိအရိုးဂိုဏ်းသည်သာ နတ်စမ်းချောင်းဂိုဏ်းအား အနိုင်မယူခဲ့လျှင်၊ တောင်ပြာဂိုဏ်းနှင့် မဟာမိတ် မဖွဲ့နိုင်ခဲ့လျှင် ဤမျှ များပြားသော လူများကို ဆွဲဆောင်နိုင်လိမ့်မည် မဟုတ်ချေ။

“ချင်းယန် …”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “စာရင်းပြုစုပြီး လူခေါ်ရအောင်”

“ကောင်းပါပြီ”

လီချင်းယန်သည် တံခါးမကြီး၏အရှေ့တွင် စားပွဲတစ်ခု ခင်းကျင်းလိုက်သည်။

ထိုအရာကို မြင်တော့ လူငယ်များသည် တန်းစီ၍ ရှေ့တိုးလာကြ၏။

နတ်ဆိုးမိစ္ဆာဂိုဏ်းသည် ခွန်ဂိုဏ်းနှင့် တိုက်ခိုက်နေရသည်မို့ ကျွင်းချောင်ရှောင်းသည် ဂိုဏ်းအကာအကွယ် အစီအရင်အား ဖြုတ်ထားနိုင်သည်။

လီချင်းယန် အော်လိုက်သည် “တစ်ယောက်ချင်းစီလာ”

“နာမည်”

“ဝမ်ကျန်းချီ”

“စိတ်ဝိညာဉ်အမြစ်”

“သာမာန်အဆင့်”

ကျွင်းချောင်ရှောင်းသည် သဘောကျသွားသည်။ ထို့ကြောင့် မြန်မြန်ပဲ ဂိုဏ်းချုပ် တံဆိပ်တုံးအား ထုနှက်ပေးလိုက်တော့၏။

All Chapters