← Chapters

အခန်း (၃၂၁)

Vol. 22 Ch. 321

အခန်း (၃၂၁)

Vol. 22 Ch. 321

အရင်တုန်းက ဆိုလျှင် ဂိုဏ်းသို့ လာရောက်စာရင်းပေးသွင်းကြသည့် လူများမှာ နည်းပါးလွန်းသောကြောင့် စိတ်ဝိညာဉ်အမြစ်၏ အရည်အသွေးနှင့် ပတ်သက်၍ ရွေးချယ်ခွင့် မရှိပေ။

ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် မျက်စိမှိတ်ကာ လာရောက်စာရင်းပေး‌သွင်းသည့် လူများအား လက်ခံခဲ့ခြင်းဖြစ်၏။

လက်ရှိအခြေအနေမှာတော့ ခြားနားနေပြီ ဖြစ်သည်။

လာရောက်စာရင်းပေးသွင်းသူ လေးထောင်မှငါးထောင်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် သူသည် လူတိုင်းအား ဂိုဏ်းထဲသို့ ဝင်ခွင့်ပေး၍ မ‌ဖြစ်ချေ။

ထို့ကြောင့် ကျင့်ကြံရန်အတွက် စိတ်ဝိညာဉ်အမြစ်၏ အရည်အသွေး ကောင်းမွန်သလား ဆိုသည်ကို စတင်စဉ်းစားရန် လိုအပ်လာပြီဖြစ်သည်။

စနစ်မှပြောလိုက်သည်။ "အဆင့်နိမ့်တပည့်တွေကို သန်မာအောင် ကျင့်ကြံခိုင်းရတာကို အရမ်းသဘောကျစရာကောင်းတယ်လို့ လက်ခံသူ ပြောခဲ့ဖူးသလားလို့။အခု ဘာလို့ ရွေးချယ်နေရတာလဲ။"

စနစ်သည် သူ့အား လှောင်ပြောင်ချင်သည်ကို နားလည်၏။ ထို့ကြောင့် သူ ပေါ့ပေါ့ပါးပါးနှင့် ပြန်ပြောလိုက်သည်။ "ပျော်လို့လေ။"

"...." စနစ်သည် ငြိမ်သက်သွား၏။

"နာမည် ကျန်းရန်"

"စိတ်ဝိညာဉ်အမြစ်”

“အလယ်အလတ်စိတ်ဝိညာဉ်အမြစ်။"

ကျွင်းချောင်ရှောင်းသည် ဆက်၍ မစဉ်းစားတော့ပေ။ ဝင်ခွင့်ဖောင်ပေါ်တွင် ဂိုဏ်းချုပ် တံဆိပ်တုံးအား ထုနှက်လိုက်၏။

တစ်ချိန်တည်းမှာပဲ သူ၏ နားထဲတွင်တော့ ဂိုဏ်းသားအဖွဲ့ဝင် တိုးလာသည့်အသံနှင့် ဂိုဏ်းစုဆောင်းမှတ်များ တိုးမြှင့်သည့်အသံသည် ပဲ့တင်ထပ်လျက်ရှိသည်။

ဟုတ်ပေသည်။ စိတ်ဝိညာဉ်အမြစ်၏ အ‌ရည်အသွေးကို စဉ်းစားစရာမလိုသည့် လူအမျိုးအစားတစ်ခုလည်း ရှိ၏။

ထိုသူများဆိုလျှင် စာရင်းလာရောက်ပေးသွင်းသည်ဆိုသည်နှင့် သူ ချက်ချင်း ဝင်ရောက်ခွင့် ပေးခဲ့သည်။

ထိုသို့သော အမျိုးအစား လူများမှာ မိန်းကလေးများပင်ဖြစ်၏။

သံမဏိအရိုးဂိုဏ်းတွင် အမျိုးသမီးများမှာ အမျိုးသားများထက် ပို၍ အရေအတွက် နည်းပါးသည်။

အများသားနှင့် အမျိုးသမီးတပည့် ဟန်ချက်ညီစေရန်အတွက် အမျိုးသမီးများ လာရောက်စာရင်းပေးသွင်း သည်နှင့် ချက်ချင်းပဲ လက်ခံခဲ့သည်။

နှစ်နာရီလောက်ကြာမြင့်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် တစ်ယောက်ပြီးတစ်ယောက်ကို မေးမြန်းပြီးသည့်နောက် စာရင်းပေးသွင်းသူ ထောင်ကျော်ထဲမှ ၉၉၉ ယောက်ကို ရွေးချယ်ခဲ့၏။

အမျိုးသားတပည့် ၇၅၀ နှင့် အမျိုးသမီးတပည့် ၂၄၉ ယောက်တို့ ဖြစ်သည်။

စိတ်ဝိညာဉ်အမြစ်များဆိုရလျှင် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်အမြစ် နှစ်ဆယ်ကျော်ရှိပြီး ကျန်သည့်လူများအားလုံးသည် သာမန်အဆင့် စိတ်ဝိညာဉ်နှင့် တစ်ချို့ဆိုလျှင် အဆင့်နိမ့် စိတ်ဝိညာဉ်အမြစ်များ ကိုသာ ပိုင်ဆိုင်ကြ၏။

ထို့ကြောင့် သူတို့အနေနှင့် နောက်ထပ်ကျင်းပမည့် ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့၏ ‌လူသစ်‌ခေါ်ဆောင်ပွဲအား ဂရုစိုက်စရာ မလိုတော့ပေ။

အဘယ့်ကြောင့်ဆိုသော် ဂိုဏ်းချုပ်ကျွင်းသည် ခြေတစ်လှမ်းတိုး၍ အရွယ်ရောက်ပြီးသော အမျိုးသားတပည့်နှင့် အမျိုးသမီးတပည့်များအား ရွေးချယ်ခဲ့ပြီးဖြစ်သောကြောင့်ပင် ဖြစ်သည်။

တပည့် ၉၉၉ ယောက်တို့ကို ခေါ်ယူလိုက်ပြီးနောက်မှာတော့ ဂိုဏ်းသားအဖွဲ့ဝင်အရေအတွက်သည် ၂၀၀၀ဆီသို့ တိုးတက်သွား၏။

ဂိုဏ်းစုဆောင်းမှတ်မှာလည်း ၉၉၉ထိ တိုးလာကာ၂၅၄ အထိ ပိုလျှံသွားခဲ့၏။

ပို၍ ကျေနပ်စရာကောင်းသည်မှာ ဂိုဏ်းသားအရေအတွက် ပြည့်သွားပြီဖြစ်သောကြောင့် ဂိုဏ်းတာဝန် အသက်ဝင်လာခြင်းပင် ဖြစ်သည်။

ဂိုဏ်းတာဝန်ခွဲဝေခြင်း အဆောင်တွင် ရှိသော တာဝန်စာရင်းတွင်တော့ များပြားလှသည့် တာဝန် များပေါ်လာသည်။

ကျွင်းချောင်ရှောင်း၏ တွက်ချက်မှုအရ တပည့်များအားလုံးသည်တာဝန် ပြည့်စုံစေခဲ့ပါက ဂိုဏ်းစုဆောင်းမှတ်များနှင့် အောင်မြင်မှုအမှတ်များသည် ၂၀၀၀အမှတ်ထိ တိုးတက်လာတော့မှာ သေချာ၏။

မည်မျှဝမ်းသာစရာကောင်းလိုက်သနည်း။

.................

ဂိုဏ်းသားသစ်များ ခေါ်ယူပြီးသည့်နောက်မှာတော့ လီချင်းယန်သည် ဂိုဏ်း၏ ဝတ်စုံနှင့် စည်းမျဉ်းစည်းကမ်းစာရွက်များကို ဖြန့်ဝေပေးကာ နေရာထိုင်ခင်းက အစ စီစဉ်ပေးရတော့သည်။

လက်ရှိအချိန်မှာတော့ အတွင်းခြံဝန်း၏ လက်ရှိအခြေအနေမှာတော့ လီချင်းယန်၏ အမျှော်အမြင်ရှိရှိနှင့် ဂိုဏ်း၏ အ‌ဆောက်ဦးများကို ချဲ့ထွင်ထားသည်ဖြစ်သောကြောင့် တပည့်သစ်များ ရောက်ရှိသော်လည်း လုံလုံလောက်လောက်ရှိနေသည်။

လီချင်းယန်သည် ဂျူနီယာညီလေးများအတွက် စီစဉ်စရာရှိသည်များကို စီစဉ်ပြီးသည့်နောက် အတွင်းခြံဝန်းအား ထပ်မံချဲ့ထွင်ရန် ဂိုဏ်းချုပ်အား အဆိုတင်သွင်းခဲ့သည်။

ကျွင်းချောင်ရှောင်းသည် ငွေတစ်သိန်းပေးကာ ပြောလိုက်သည်။ "ဒီကိစ္စကိုမင်းတာဝန်ယူလိုက်တော့။"

"ကောင်းပါပြီ"

ထို့ကြောင့် လီချင်းယန်သည် မြို့ပြအင်ဂျင်နီယာတစ်ယောက်အဖြစ်သို့ ထပ်မံ၍ ပြောင်းလဲသွားပြန်သည်။

သူသည် အတွင်းခြံဝန်းထဲ၌ ချဲ့ထွင်လိုသော အဆောင်များ၏ ပုံပန်းသွင်ပြင်ကို သေသေချာချာ စာရွက်နှင့် ရေးဆွဲတော့၏။

ကျွင်းချောင်ရှောင်းသည် သေသေချာချာ ရေမိုးချိုး ပြီးနောက်မှာတော့ စာကြည့်ခန်းထဲတွင် ထိုင်ကာ စနစ်အား ဖွင့်လိုက်သည်။

လက်ရှိအချိန်တွင်တော့ သူ့တွင် အတွေးတစ်ခုသာရှိသည်။

စဦးစတိုး အား refresh လုပ်ပြီး သီးခြားအစီအရင် အား ရရှိရန် ဖြစ်တော့သည်။

စနစ်သည် သူ့အား ရင်နာအောင် ပြုလုပ်လိုက်၏။ "ဒါက အရမ်းကို ခက်တယ်။"

ကျွင်းချောင်ရှောင်းသည် စနစ်ကို လျစ်လျူရှုကာ စတိုးအား သေချာအောင် ကြည့်ရှုလိုက်၏။

မည်သည့်ကောင်းမွန်သည့် ပစ္စည်းမှ မရှိသည်ကို အတည်ပြုပြီးသည့်နောက်မှာတော့ သူသည် refresh လုပ်လိုက်တော့သည်။

အသစ်ပေါ်ပေါက်လာသော ပစ္စည်းတော်တော်များများသည် နေ့စဉ်သုံးပစ္စည်းများပင် ဖြစ်ကြသည်။

သို့ပေမဲ့ ပိုးချည်ချပ်ဝတ်ဟု ခေါ်သော ချပ်ဝတ် တစ်ခု၏ ထုတ်‌လုပ်မှု ဖော်မြူလာတစ်ခုကိုလည်း တွေ့လိုက်ရ၏။

သူ့အထင်အရဆိုလျှင် ထိုအရာသည် သံမဏိဒိုင်းကာနှင့် ဆင်တူလှ၏။ ခန္ဓာကိုယ်ပေါ်တွင် ဝတ်ဆင်ရသော အကာအကွယ် ချပ်ဝတ်စုံတစ်ခုပင် ဖြစ်သည်။

"ငါဝယ်မယ်။"

“ဒင် ….လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၁၀၀အား အသုံးပြု၍ ပိုးချည်ချပ်ဝတ်စုံကို လက်ခံရရှိသည်။ ပစ္စည်းများအား သိုလှောင်လက်စွပ်ထဲသို့ ပိုဆောင်ပြီးပါပြီ။”

“ဒင် …. ဂိုဏ်းစုဆောင်းမှတ် ၂၁၄၀/၂၀၀၀”

သိုလှောင်လက်စွပ်ထဲတွင် ဖော်မြူလာပေါ်ပေါက်လာ၏။ ပြီးနောက် ထိုဖော်မြူလာသည် ဂိုဏ်း၏ ပန်းပဲခန်းမဆောင်နှင့် လိုက်ဖက်ညီသွားခဲ့သည်။

ကျွင်းချောင်ရှောင်း ဖွင့်ကြည့်လိုက်သည့်အခါမှာတော့ ပိုးချည်ချပ်ဝတ်ကို ဖန်တီးရန်အတွက် အဓိကလိုအပ်သောအရာမှာ ပင့်ကူမျှင်သာဖြစ်၏။

သူသည် သေမင်းတောင်ကြားထဲတွင် အထူးတာဝန် ကို ထမ်းဆောင်ခဲ့စဉ်က ပိုးချည်တော်တော်များများကို ရရှိခဲ့သည်။

ထို့ကြောင့် သူ ထိုအရာများကို အသုံးပြုနိုင်၏။

ပန်းပဲခန်းမဆောင်သည် စတင်၍ အသက်ဝင်သွားတော့သည်။

ဤကဲ့သို့သော အချိန်မျိုးကို အခွင့်ကောင်းယူ၍ ကျွင်းချောင်ရှောင်းသည် စတိုးအား ထပ်မံ၍ ကြည့်ရှုလိုက်သည်။ အဆုံးထိ ကြည့်ရှုပြီးနောက်မှာတော့ ကောင်းမွန်သည့် ပစ္စည်းတစ်ခု ထပ်၍ မတွေ့တော့ပေ။ ထို့ကြောင့် သူ refresh ထပ်လုပ်လိုက်၏။

နောက်ဆုံးမှာဝော့ာ refresh ငါးကြိမ်ကို ထပ်မံပြုလုပ်ခဲ့ရသည်။ သို့ပေမဲ့ မည်သည့် ပစ္စည်းကောင်းတစ်ခုမှ ထွက်ပေါ်မလာခဲ့ချေ။

ဂိုဏ်းချုပ်ကျွင်းသည် လက်မလျော့ရန် စဉ်စားလိုက်ချိန်မှာတော့ အစီအရင် ပင်ကိုယ်စွမ်းရည် ဆေး ဟူသော အရာအား တစ်ခုကို မြင်လိုက်ရ၏။

စနစ်မှ ပြောလိုက်သည်။ "ဒါ ပစ္စည်းကောင်းတစ်ခုပဲ။"

ကျွင်းချောင်ရှောင်းသည် အသေးစိတ်အား ထပ်၍ ကြည့်လိုက်သည်။

ပစ္စည်းအမျိုးအစား - အစီအရင် ပင်ကိုယ်စွမ်းရည်ဆေးရည်။

အကျိုးသက်ရောက်မှု- သောက်သုံးပြီးသည့်နောက်မှာတော့ အသုံးပြုသူသည် အစီအရင်နှင့် ပတ်သက်သည့် ပင်ကိုယ်စွမ်းရည်ကို ရရှိမည်ဖြစ်ပြီး စဦးအဆင့် အစီအရင်ဆရာတစ်ယောက် ဖြစ်လာလိမ့်မည်။

ဈေးနှုန်း - ဂိုဏ်းစုဆောင်းမှတ် ၂၀၀။

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ငါက အစီအရင်ဆရာဖြစ်လာနိုင်တယ်။ကြည့်ရတာ မဆိုးဘူး။"

"ဒါမဆိုးရုံတင်မဟုတ်ဘူး။"

စနစ်မှ ပြောလိုက်သည်။ "ကြယ်ကြွေကုန်းမြေတိုက်ကြီးထဲမှာ အစီအရင်ဆရာဆိုတာက အလွန်မြင့်မားတဲ့ ဂုဏ်ဒြပ်ကို ပိုင်ဆိုင်တဲ့လူလေ။ဒီအရာကို ဝယ်ယူဖို့အတွက် ကြယ်ဆယ်ပွင့်အဆင့် အာမခံပါတယ်။"

အရင်တုန်းကဆိုလျှင် စနစ်သည် ကြယ်ငါးပွင့်ကိုသာ ပေးခဲ့သည်။ လက်ရှိမှာတော့ သူသည် ကြယ်ဆယ်ပွင့်အဆင့်သို့ပင် တိုးမြှင့် ပေးလျက်ရှိသည်။ ကြည့်ရသည်မှာ အစီအရင် ပင်ကိုယ်စွမ်းရည် ဆေးရည်သည် ဆိုးလှသည့်အရာတော့ မဟုတ်ချေ။

"ငါက သီးခြားဖြစ်တည်ခြင်းအစီအရင် ကို မရဘူးဆိုရင်တောင်မှ ဒီအရာကို ကိုယ့်ဘာကိုယ် ဖန်တီးလို့ ရတာပဲ။"

ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်မိသည်။ ပြီးနောက် သူသည် ဝယ်ယူလိုက်တော့သည်။

“ဒင် …..လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၂၀၀အား အသုံးပြု၍ ပင်ကိုယ်စွမ်းရည် ဆေးရည်အား ဝယ်ယူ ခဲ့သည်။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပိုဆောင်ပြီးပါပြီ။”

“ဒင် …ဂိုဏ်းစုဆောင်းမှတ် ၁၈၀၀/၂၀၀၀”

ဝယ်ယူပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ပင်ကိုယ်စွမ်းရည် ဆေးရည်နှင့် တူညီသော ပုလင်းငယ်လေးတစ်ခုကို တွေ့လိုက်ရ၏။

ပြီးနောက် သူသည် တစ်ချက်လေးမှ မနှောင့်နှေးပဲ သောက်လိုက်တော့သည်။

အရသာမှာချို၍ လန်းဆန်းသည့် ခံစားချက်ကို ဖြစ်ပေါ်စေ၏။

ချက်ချင်းဆိုသလိုပဲ ထူးခြားသည့် အရာများသည် ကျွင်းချောင်ရှောင်း၏ သိစိတ်ပင်လယ် ထဲသို့ ဝင်ရောက်တော့သည်။

သူ၏ ဦးခေါင်းတစ်ခုလုံးသည် ရိုက်ခွဲခံလိုက်ရသလို ထူးခြားသည့် ခံစားချက်တစ်ခုကို ရရှိနေ၏။

အရာအားလုံး ပုံမှန်အဆင့်သို့ ပြန်လည်ရောက်ရှိသွားချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အစီအရင်နှင့် ပတ်သက်သည့် အသိအမြင် နှင့် ဗဟုသုတများကို ရရှိလိုက်သည်ဟု ခံစားလိုက်မိသည်။

ဤဗဟုသုတ အသိအမြင်များသည် ခေါင်းထဲတွင် အသားကျ၍ အစီအရင် ဖန်တီးနိုင်ရန် ဖြေးညှင်းစွာ အချိန်ယူရမည်။

သို့ပေမဲ့ စနစ်ဆီမှ ပစ္စည်းသည် ကောင်းကင်က ငြင်းပယ်ရလောက်သည့် ပစ္စည်းဖြစ်ကြောင်း သိလိုက်ရသည်။

လက်ရှိအချိန်တွင် ဂိုဏ်းချုပ်ကျွင်းသည် သိုင်းပညာရှင်တစ်‌ယောက်ဖြစ်ရုံသာမက စဦးအဆင့် ဘုရင်ဆရာတစ်ယောက်လည်း ဖြစ်လို့နေ၏။

သို့ပေမဲ့ အစီအရင် ပတ်သက်သည့် ပင်ကိုယ်စွမ်းရည် မည်မျှရှိရှိ အစီအရင် ဖန်တီးသည့် အသုံးအဆောင်များမရှိလျှင် ဘာမှ မထူးချေ။ ဆန်မရှိဘဲ ထမင်းချက်၍ မရနိုင်ပေ။

စနစ်မှ ပြောလိုက်သည်။

“လက်ခံသူက စတိုးကို refresh လုပ်ပြီး အစီအရင် အသုံးအဆောင်တွေကို ရနိုင်တယ်။”

"refresh လုပ်ရင် ရဖို့ လွယ်လား။"

ကျွင်းချောင်ရှောင်းသည် မေးလိုက်သည်။

"refresh လုပ်ရင်တော့ ရဖို့လွယ်တယ်။ဒါပေမဲ့ အဲပစ္စည်းက အလယ်အလတ် စတိုးဆီမှာပဲ ရှိတာ။"

"...." ကျွင်းချောင်ရှောင်း ဆွံ့အသွားမိ၏။

အလယ်အလတ်အဆင့်စတိုးတွင် အလယ်အလတ်အဆင့် အအေးဓား၏ ဖော်မြူလာလည်း ရှိနေသည်။ သို့ပေမဲ့ သူသည် မဝယ်ယူနိုင်ခဲ့ပေ။

Refresh ထပ်မံ၍ လုပ်မည်ဆိုလျှင် ထိုပစ္စည်း ပျောက်ကွယ်သွားမှာ စိုးရိမ်ရသည်။။

စဦးအဆင့် အအေးဓားသည် အလွန်အမင်း ကောင်းမွန်၏။ ထို့ကြောင့် အလယ်အလတ်အဆင့် အအေးဓားဆိုလျှင် ပို၍ အားကောင်းပေလိမ့်မည်။

စနစ်မှ ပြောလိုက်သည်။

"လက်ခံသူ … အဲပစ္စည်းကို အရင်ဝယ်လိုက်လေ။ပြီးမှ စတိုးကို refresh လုပ်လိုက်။ကံကောင်းမယ်ဆိုရင် သီးခြား အစီအရင် ဒါမှမဟုတ် အစီအရင် အသေးစိတ်ပစ္စည်းတွေကိုလည်း တွေ့နိုင်သေးတယ်။ ဂိုဏ်းစုဆောင်းမှတ် မရှိတော့ဘူးဆိုရင်လည်း လုံလောက်တဲ့အထိ စောင့်ပြီးမှပြန်လာပေါ့။"

ကျွင်းချောင်ရှောင်း ခဏလောက် ငြိမ်သက်သွားမိသည်။ ပြီးနောက် ပြောလိုက်သည်။ "ဒါ အဓိပ္ပာယ်ရှိတယ်။"

ပြီးနောက် သူသည် ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀ အား အသုံးပြု၍ အလယ်အလတ်အဆင့် အအေးဓားဖော်မြူလာအား ဝယ်ယူလိုက်တော့သည်။

အလယ်အလတ်အဆင့် အအေးဓားအတွက် လိုအပ်သည့် ပစ္စည်းမှာ အအေးကျောက်ရိုင်း ဖြစ်ပြီး တစ်ခုလျှင် တစ်ရာ ကီလိုဂရမ် လိုအပ်၏။

"ဒီပစ္စည်းက ရှာရ တော်တော်ခက်မဲ့ပုံပဲ"

ကျွင်းချောင်ရှောင်းသည် အလယ်အလတ်အဆင့်စတိုးအား သေချာကြည့်ရှုနေသည်။

အသုံးဝင်သည့် ပစ္စည်း တစ်ခုမှ မရှိတော့သည်ကို သေချာပြီးသည့်နောက် သူသည် အံကို ကြိတ်ကာ refresh လုပ်လိုက်တော့သည်။

ဂိုဏ်းစုဆောင်းမှတ် ၁၀၀ကို အသုံးပြုသည့်နောက်မှာတော့ ပစ္စည်းသစ်များနှင့် အစားထိုး ဝင်ရောက်လာ၏။

ထင်မှတ်ထားသည့်အ‌တိုင်းပင် အလယ်အလတ်အဆင့် စတိုးထဲတွင် ပစ္စည်းကောင်းတော်တော်များများ ရှိနေသည်။

အခြားသောပစ္စည်းများနှင့် နေ့စဉ်သုံးပစ္စည်းများသည်ပင် စဦးအဆင့် စတိုးထဲကထက် ပို၍ အသုံးဝင်နေသေးသည်။

ဟမ်။

တစ်ခုပြီးတစ်ခု ကြည့်ရှုပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် စတိုးထဲမှ ဒုတိယပစ္စည်းတစ်ခုအား အကြည့်ရောက်သွား၏။

ဆန်းကြယ်ဂိတ် အစီအရင် သုံးဆယ့်နှစ်ခု။ (အဆင့်မြင့်တင်ထားသည့်အရာ) ဆိုသော ထူထဲလှသည့် စာအုပ်တစ်အုပ်ကို မြင့်လိုက်ရသည်။

"အဆင့်မြင့်တင်ထားတဲ့အရာဟုတ်လား။"

သူသည် အသေးစိတ်အား သေချာကြည့်ရှုလိုက်၏။

ပစ္စည်းအမျိုးအစား - ဆန်းကြယ်ဂိတ်အစီအရင် သုံးဆယ့် နှစ်ခု (အဆင့်မြင့်တင်ထားသည့်အရာ)

ဖော်ပြချက် - ဤပစ္စည်းသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အစီအရင်ဆရာတစ်ယောက်ဖန်တီးထားသော အရာ ဖြစ်ပေသည်။ ထိုကျွမ်းကျင်သူသည် ဘဝတစ်ခုလုံးအား အစီအရင် ဖန်တီးခြင်းတွင် မြုပ်နှ့ံ့ခဲ့သည်။

ဆန်းအြစီအရင်များသည် စဦး ၊ အလယ်အလတ် ၊ အဆင့်မြင့် ၊ အထူး နှင့် အထူး -အထူးသော အစီအရင်များအဖြစ် ကွဲပြားသွား၏။

အကျိုးသက်ရောက်မှု - အဆင့်မြှင့်တင်ပြီးနောက်မှာတော့ ဆန်းကြယ်ဂိတ်အစီအရင် သုံးဆယ့်ခုနစ်ခုသည် စီစဉ်ရ လွယ်ကူသွားပြီး အထူးအဆင့် အစီအရင် အဖြစ် ဖန်တီးနိုင်သည်။ စဦးအဆင့် အစီအရင် ဆရာများ အသုံးပြုနိုင်သည်။

ဈေးနှုန်း - ဂိုဏ်းစုဆောင်းမှတ် ၁၀၀ မှတ်။

စဦးအဆင့်ဆရာများအတွက် သင့်တော်သည်ဆိုသော စကားများအတွက်ကြောင့် ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် တောက်ပသွားသည်။

သူသည် အစီအရင်ပင်ကိုယ်စွမ်းရည် ဆေးရည်အား အသုံးပြု၍ စဦးအဆင့် အစီအရင်ဆရာတစ်ယောက်အဖြစ် ဖြစ်လာခဲ့သည် ဆိုသော်လည်း အစီအစဉ်ချမှတ်ခြင်းသည်နှင့် ပတ်သက်၍ မည်သည့်အတွေ့အကြုံမှ ရှိသူ မဟုတ်ပေ။

စနစ်မှ သက်ပြင်းချလိုက်သည်။ "အစီအရင်ပစ္စည်းတွေကို ရဖို့အတွက် refresh လုပ်ခဲ့တယ် ဆိုပေမဲ့ အစီအရင် ကျမ်း တစ်ခုကို လက်ခံရရှိခဲ့သည်။ လက်ခံသူရဲ့ ကံက တော်တော် ကောင်းနေတာပဲ။”

All Chapters