← Chapters

အခန်း (၃၂၃)

Vol. 22 Ch. 323

အခန်း (၃၂၃)

Vol. 22 Ch. 323

ဂိုဏ်းချုပ်ကျွင်းသည် စိတ်ဝိညာဉ် စွမ်းအင် အစီအရင်ကို ချော‌ချောမွေ့မွေ့နှင့် စတင်ဖန်တီးနိုင်ခဲ့၏။

သို့ပေမဲ့ အနည်းငယ်သော မှားယွင်မှုမျိုး ပြုလုပ်ခဲ့သောကြောင့် အသက်သွင်းသည်နှင့် တစ်ပြိုင်တည်း အစီအရင်မှာ ပေါက်ကွဲခဲ့သည်။

ပေါက်ကွဲမှု အရှိန်အဟုန်သည် အလွန်တရာ အားကောင်းလှ၏။ မီတာဒါဇင်အနည်းငယ်လောက် ကျယ်ပြန့်၍ ကြီးမားသော တွင်းကြီးတစ်ခုဖြစ်သွားခဲ့၏။

ကျွင်းချောင်ရှောင်းသည် အစီအရင် ပေါက်ကွဲတော့မည်ဆိုသည်ကို သိခဲ့သည်ဆိုသော်လည်း ထွက်ပြေးရန် လုံလောက်သည့် အချိန်မရှိ‌ခဲ့ပေ။

နောက်ဆုံး၌ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မဲမှောင်သွားပြီး တပည့်များက သူ့အား အလောတကြီးဖြင့် ထမ်းပိုးကာ ဆေးခန်းမဆောင်သို့ ခေါ်ဆောင်ကုသပေးရတော့သည်။

အစီအရင်တစ်ခုကို ဖန်တီးရာတွင် သေးသယ်သော အမှားအယွင်းတစ်ခုကို ပြုလုပ်ခဲ့သောကြောင့် အစီအရင်ပေါက်ကွဲသွားသည် ဆိုသည်မှာ သဘာဝပင်ဖြစ်၏။

ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် အသက်ရှင်အောင်ကြိုးစားပြီး အရည်အသွေးမြင့်မားသည့် အစီအရင်ဆရာ တစ်ယောက်ဖြစ်လာရန် ကြိုးစားရလိမ့်မည် ဖြစ်သည်။

ယခုအခါမှာတော့ ဂိုဏ်းချုပ်ကျွင်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပတ်တီးများဖြင့် စည်းနှောင်ထား၏။

သူသည် ခြံဝန်းထဲရှိ သေးငယ်လှသော ခန်းမဆောင်လေးထဲတွင် ထိုင်လျက်ရှိနေပြီး သူ၏ ဘေးနားမှာတော့ လမ်းလျောက်တုတ်တစ်ခု ရှိလို့နေသည်။

သူ့ပုံစံကို ကြည့်ရသည်မှာ မည်သည့်နေရာမှားယွင်းသွားသနည်း ဆိုသည်ကို သေသေချာချာ စဉ်းစားသုံးသပ်နေပုံပေါ်၏။

စနစ်မှ ပြောလိုက်သည်။ "လက်ခံသူအနေနဲ့ အစီအရင်ကို ပိုပြီးတော့ လေ့လာသင့်တယ်။ အလုံးစုံရင်းနှီးသွားပြီဆိုမှ အစီအရင်ကို စတင်ဖန်တီးဖို့ ကြိုးစားသင့်တယ် ထင်တယ်။"

"ကောင်းပြီ။"

ကျွင်းချောင်ရှောင်းသည် ဆန်းကြယ်ဂိတ်အစီအရင် သုံးဆယ့်နှစ်ခု စာအုပ်အား ခက်ခက်ခဲခဲ နှင့် ထုတ်ယူ၍ သေသေချာချာ ဖတ်ရှုတော့၏။

နေ့ဝက်လောက် ဖတ်ရှုပြီးသည့်နောက်မှာတော့ သူသည် အစီအရင်ကို ဖန်တီးရာ၌ အလျင်လိုသွားခဲ့တာ ဖြစ်ကြောင်း နားလည်လိုက်မိသည်။

များပြားလှသည့် အမှားငယ်လေးများကို သူပြုလုပ်ခဲ့မိ၏။

အရမ်းကြီးမားသည့် အရာများ မဟုတ်‌ခဲ့သော်လည်း အဓိက လိုအပ်သည့် အရာလေးများ လွဲမှား သွားခဲ့ခြင်းပင် ဖြစ်သည်။

ဤတစ်ကြိမ် ကျရှုံးပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် နောက်တစ်ကြိမ် အစီအရင်ကို ဖန်တီးရာ၌ ပို၍ သတိထားရမည်ဖြစ်ကြောင်း နားလည်သွားမိ၏။

ဒွီ။

သုံရက်လောက်ကြာပြီးသည့်နောက်မှာတော့ တောင်၏ အနောက်ဘက်၌ မီတာတစ်ရာပတ်လည် စိတ်ဝိညာဉ်အစီအရင်တစ်ခုသည် အသက်ဝင်သွားခဲ့သည်။

ကျွင်းချောင်ရှောင်းသည် အဝေးတစ်နေရာတွင် ပုန်းအောင်းပြီး အတန်ကြာ စောင့်စားလိုက်သည်။ မပေါက်ကွဲတော့ကြောင်း သေချာသည့် အချိန်ကို ရောက်ချိန်မှာတော့ သူသည် ပြုံးကာ ပြောလိုက်၏။ "ပြီးသွားပြီပဲ။"

ဤတစ်ကြိမ်မှာတော့ တကယ်ပင် အောင်မြင်အောင် ပြုလုပ်နိုင်ခဲ့ပြီဖြစ်သည်။

သူ အစီအရင်ထဲသို့ သေချာသတိထား၍ ဝင်လိုက်ချိန်မှာတော့ အပြင်ဘက်မှာထက် စိတ်ဝိညာဉ်စွမ်းအင်များ ဆယ်ဆ ပို၍ အားကောင်းကြောင်း သတိထားမိလိုက်၏။

သူ၏ မျက်နှာပေါ်မှ အပြုံးသည် ပိုမို၍ အသက်ဝင်သွားခဲ့သည်။

ဤစိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်နှင့်ဆိုလျှင် စိတ်ဝိညာဉ်စွမ်းအင်များကို ဆယ်ဆပိုမို ထောက်ပံ့ပေးနိုင်တော့မည်။ ထို့ကြောင့် အဆင့်မြင့် စိတ်ဝိညာဉ်ဆေးလုံးများကို သောက်သုံးခဲ့ပါက အမြန်နှုန်းသည် ပိုမို၍ မြန်ဆန်သွားပေလိမ့်မည်။

ဆိုးရွားသည်မှာ အစီအရင်၏ တည်နေရာသည် သေးငယ်လွန်းသောကြောင့် လူများများ ဝင်ရောက်လေ့ကျင့်၍ မရနိုင်ပေ။

ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ "အရေအတွက် အနည်းငယ်လောက် ပိုပြီးတော့ ဖန်တီးရအုံးမယ်။"

သူ သည် တွေးထားသည့်အတိုင်း လုပ်ဆောင်ခဲ့တော့သည်။

နှစ်ရက်လောက် ကြိုးကြိုးစားစားနှင့် ပြုလုပ်ပြီးနောက်မှာတော့ စိတ်ဝိညာဉ် စုစည်းခြင်း အစီအရင်လေးခု ဖြစ်ပေါ်လာသည်။

လီချင်းယန် ၊ ရှောင်ကျီနှင့် တစ်ခြားသူများသည် အထဲသို့ ဝင်လိုက်ကြ၏။

သူတို့ အသုံးပြုနေကျ စိတ်ဝိညာဉ်စွမ်းအင် အစီအရင်များထက် ပိုမိုအားကောင်းသော စိတ်ဝိညာဉ်လှိုင်းများကို ခံစားမိလိုက်ချိန်မှာတော့ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နက်သွားတော့သည်။

ရီရှင်းချန် တွေးလိုက်မိ၏။ "ဒီလို အစီအရင်မျိုးကို အစီအရင် ဆရာတွေကပဲ ဖန်တီးနိုင်တာ။ဂိုဏ်းချုပ်က မရိုးရှင်းဘူးပဲ။"

ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် အစီအရင် ဆရာများကို မတူညီသည့် အဆင့်များဖြင့် ပိုင်းဖြတ်ထား၏။

သိုင်းပညာရှင်များနှင့် တူညီစွာပဲ စဦးအဆင့် အစီအရင်ဆရာ ၊ အစီအရင်တပည့် … စသဖြင့် အမျိုးမျိုး ခွဲခြားထား၏။

ရီရှင်းချန်၏ နားလည်မှုအရဆိုလျှင် ဤသို့ စိတ်ဝိညာဉ်စွမ်းအင်များ အားကောင်းစေေရောက်ရှိနေရန် လိုအပ်သည်။။

ဟုတ်ပေသည် ။ စိတ်ဝိညာဉ်အစီအရင်ဖန်တီးနိုင်သော လူများသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် အလွန် အားကောင်းသော လူများ ဖြစ်ကြသည်။

အစီအရင်ဆရာများသည် အလွန်ရှားပါးလှပြီး ကျင့်ကြံရာတွင် ခက်ခဲလှ၏။

ရှေးတုန်းကတည်းကနေပြီး ခုချိန်ထိ အစီအရင်အင်ပါယာအဆင့်သို့ ရောက်ရှိသည်မှာ လူ အနည်းအကျဉ်းလောက်သာ ရှိသည်။

အစီအရင်အင်ပါယာများသည် ရှေးတုန်းကတည်းက တည်ရှိခဲ့သည်ဆိုသော်လည်း လက်ရှိအခြေအနေမှာတော့ အစီအရင်တာအိုအဆင့်ကို မည်သူမှ မရောက်ရှိနိုင်တော့ပေ။

အစီအရင်ဆရာများ ကလည်း စဦးအဆင့် အစီအရင်ကိုသာ ဖန်တီးနိုင်စွမ်းရှိသည်။

အစီအရင်၏ တာအိုသည် အလွန်တရာ ခက်ခဲနက်နဲလှပြီး တွေ့ကရာနေရာတွင် မြင်ရနိုင်သည့် အရာလည်း မဟုတ်ချေ။ ထို့ကြောင့် အစီအရင်ဆရာများသည် ဆေးဆရာ ၊ စိတ်ဝိညာဉ်ဆရာများနှင့်အတူတူ မြင့်မားသည့်ဂုဏ်ကို ပိုင်ဆိုင်နေသူများ ဖြစ်ကြသည်။

ထို့အပြင် တိုက်ပွဲစွမ်းရည်နှင့် ပတ်သက်လျှင် အစီအရင်ရေးဆွဲနိုင်သူများသည် သတ်ဖြတ်ခြင်းများကိုလည်း ပြုလုပ်နိုင်သည်။ ထို့ကြောင့် သိုင်းဘုရင်များကိုပင် ကြောက်ရွံ့ရန် မလိုအပ်ပေ။

အစီအရင်ကျင့်ကြံသူတစ်ယောက်ကို ရန်စသည်ထက် သိုင်းကျင့်ကြံသူတစ်ယောက်ကို ရန်စသည်ကသာ ပို၍ကောင်းမည်ဟု ကျင့်ကြံခြင်းလောကတွင် ဆိုရိုးစကားရှိခဲ့၏။

အဘယ့်ကြောင့်နည်း။

အဘယ့်ကြောင့်ဆိုသော် မိမိ၏ အိမ်တံခါးရှေ့တွင် သတ်ဖြတ်ခြင်း အစီအရင်တစ်ခု ရောက်ရှိနေမည်ဟု မည်သူမှ လိုလားကြလိမ့်မည် မဟုတ်ပေ။

သိုင်းဘုရင်များသည် စိတ်ဝိညာဉ်အစီအရင်များရှိသည်ဟု သတိမပြုမိနိုင်ဘူးလား။

ဖုံးကွယ်ခြင်း အစီအရင်၊ သီးခြားအစီအရင် နှင့် တစ်ခြားသော သတ်ဖြတ်ခြင်း အစီအရင်များကို ပူးပေါင်း၍ ဖန်တီးထားမည်ဆိုလျှင် မည်သူမှ သတိပြုမိနိုင်မည် မဟုတ်တော့ပေ။

ထို့ကြောင့် အစီအရင်ဆရာများ၏ တိုက်ခိုက်ရေး စွမ်းရည်ဆိုသည်မှာ အချိန်မီ အလျှင်မြန်ဆုံးနှုန်းဖြင့် အစီအရင်ကို ဖန်တီးနိုင်သည့် စွမ်းရည်နှင့်လည်း တိုက်ရိုက်သက်ဆိုင်လျက်ရှိသည်။

"ဒီနေ့ကစပြီး။"

ကျွင်းချောင်ရှောင်းသည် အဓိက ဟောခန်း၏ အရှေ့တွင် မတ်တပ်ရပ်ကာ ကြေညာလိုက်၏။

"စိတ်ဝိညာဉ်စုစည်းခြင်းအစီအရင်ကို နှစ်ဆယ့်လေးနာရီလုံး ဖွင့်လှစ်ထားမယ်။ဘယ်သူမဆို ဝင်ရောက်နိုင်တယ်။ "

တပည့်‌တစ်ထောင်ကျော်တို့သည် ထိုစကားကို ကြားတော့ မျက်လုံးများသည် တောက်ပသွားတော့သည်။

ဤမျှအားကောင်းလှသော စိတ်ဝိညာဉ်စွမ်းအင်များနှင့်ဆိုလျှင် သူတို့သည် ကြိုးကြိုးစားစားလေးကျင့်ပါက ကျင့်ကြံခြင်းအဆင့်များ ကျိန်းသေပေါက် ပိုမိုမြန်ဆန်စွာ တိုးတက်လာမှာ သေချာ၏။

ထို့ကြောင့် ပထမကတည်းက တည်ရှိသော စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်များကို လှစ်လျုရှုကာ ပိုမိုကောင်းမွန်သော ဂိုဏ်းချုပ်၏ စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်ထဲသို့သာ ဝင်ရောက်ကြတော့သည်။

အခြားတစ်ဖက်မှာတော့ ကျွင်းချောင်ရှောင်းမှာတော့ အစပိုင်းတုန်းက ရှိခဲ့သော စိတ်ဝိညာဉ် စွမ်းအင် အစီအရင်များကို ဖယ်ရှားလိုက်ကြ၏။ ဤအစီအရင်များသည် တစ်နေ့လျှင် ဂိုဏ်းစုဆောင်းမှတ် တစ်မှတ် ကုန်ခမ်းသည် မဟုတ်လား။

လီချင်းယန် ၊ ရှောင်ကျီနှင့် တစ်ခြားသောသူများသည် သူတို့၏ ခန္ဓာကိုယ်မှာ အလုံးစုံ သန်မာသည့် အခြေအနေသို့ ရောက်ရှိနေကြကို ခံစားမိလိုက်သည်။ ထို့ကြောင့် သူတို့သည် ကျင့်ကြံခြင်းကိုသာ အာရုံစူးစိုက်ထားကြတော့သည်။

ထို့ကြောင့်ပင် စိတ်ဝိညာဉ်စုစည်းခြင်းအစီအရင်ထဲတွင် အချိန်အတော်ကြာ နေထိုင် အချိန်ဖြုန်းလျက်ရှိနေတော့သည်။

"ဂိုဏ်းချုပ်"

အစီအရင်ထဲတွင် ရှိနေသော ကျန့်ရာက ပြောလိုက်သည်။

"ဒီလိုမျိုး အားကောင်းလှတဲ့စိတ်ဝိညာဉ်စွမ်းရည် အစီအရင်ကိုတောင် ဖန်တီးနိုင်တာ သီးခြားဖြစ်တည်ခြင်း အစီအရင်ကို ဖန်တီးဖို့ ပြဿနာမရှိနိုင်ဘူး။ ကျေးဇူးပြုပြီး သက်တန့်ရောင် အလင်းတန်းတွေ ပေါ်လာတာကို ကာကွယ်ဖို့အတွက် မြန်မြန်ဆန်ဆန်ပဲ သီးခြားဖြစ်တည်ခြင်း အစီအရင်ကို ဖန်တီးလိုက်ပါလား။"

"စိတ်မပူနဲ စိတ်မပူနဲ့။"

ကျွင်းချောင်ရှောင်း တည်တည်ငြိမ်ငြိမ်နှင့် ပြောလိုက်သည်။

တကယ်တမ်းမှာတော့ သူကိုယ်တိုင် စိတ်ပူလျက်ရှိသည်။ ပြီးနောက် သူသည် စာကြည့်ခန်းသို့ ပြန်လာခဲ့ပြီး ဆန်းကြယ်အစီအရင် သုံးဆယ်နှစ်ခု စာအုပ်ကို လှန်၍ ပြန်လည်လေ့လာတော့သည်။

စဦးအစီအရင်ထဲတွင် သီးခြားဖြစ်တည်ခြင်း အစီအရင်ရှိနေကြောင်း သူ သိရှိပြီး ဖြစ်၏။

ထိုအစီအရင်သည် ဖုံးကွယ်ခြင်း အစီအရင်နှင့် ပေါင်းစပ်ထားသည့် အရာမျိုးဖြစ်ပြီး ပတ်ဝန်းကျင်တစ်ခုလုံး ပြောင်းလဲသွားခဲ့လျှင်တောင်မှ မည်သူမှ သိလိမ့်မည် မဟုတ်ချေ။

"မဆိုးဘူးပဲ။"

ကျွင်းချောင်ရှောင်းသည် သူ၏ လက်များကို ပွတ်သက်ကာ နားလည်အောင် ကြိုးစားတော့သည်။

ရက်အနည်းငယ် ကြာပြီးသည့်နောက်မှာတော့ သူသည် အစီအရင်တစ်ခုလုံးကို စိတ်ထဲ နှလုံးသားထဲမှာ မှတ်ထားနိုင်ခဲ့ပြီဖြစ်သည်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ချက်ချင်း အစီအရင်အား မဖန်တီးခဲ့ချေ။ အစီအရင်၏ အရေးကြီးသည့် အချက်များကို သေချာပေါက် ပြန်၍ လေ့လာလျက်ရှိ၏။

အားလုံးပြီးမှသာ သူသည် သက်တန့်ရောင် အလင်းတန်းများရှိသည့် တည်နေရာကြီးတစ်ခုဆီသို့ သွားလိုက်သည်။

များပြားလှသည့် ကျောက်တုံးငယ်လေးများကို ရှာဖွေပြီးသည့်နောက်မှာတော့ သူသည် စိတ်သက်သာရာ ရသလို သက်ပြင်းချ၍ အစီအရင်အား စတင်ကာ ဖန်တီးတော့သည်။

အစီအရင်၏ အဓိက အချက်များအားလုံးသည် ပြည့်စုံစွာဖြင့် ဖန်တီးခဲ့ပြီးဖြစ်၏။

အလွန်တရာ လက်ရာမြောက်‌လှပြီး အလျင်စလိုလည်း မပြုမူသောကြောင့် သေချာသည့် အစီအစဉ်တစ်ခုဖြစ်သည်ဟု ခန့်မှန်းနိုင်သည်။

ညဘက်သို့ ရောက်ရှိလာချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အစီအရင်အား အစမှအဆုံးထိ သေချာချိတ်ဆက်ကာ စစ်ဆေးကြည့်လိုက်မိ၏။

ဒွီ။

ချက်ချင်းဆိုသလိုပဲ ကောင်းကင်ပေါ်သို့ အလင်းတန်းတစ်ခု ဖြတ်သန်းသွားတော့သည်။

ဂိုဏ်းချုပ်ကျွင်းသည် အလျင်အမြန်ပဲ တိမ်ခြေလှမ်းကို အသုံးပြုကာ ထွက်ပြေးတော့သည်။

ပေါက်ကွဲမှုဖြစ်တည်ပြီးနောက်မှာတော့ သူ၏ စိတ်ထဲတွင် အရိပ်မဲကြီးတစ်ခု ဖြစ်တည်လာခဲ့သည်။ အစီအရင်အား သေသေချာချာဖန်တီးခဲ့သည်ဆိုလျှင် တောင်မှ ထပ်မံ၍ ပေါက်ကွဲမည်ကို သူ စိုးရိမ်နေမိ၏။

ထို့ကြောင့် သီးခြားဖြစ်တည်ခြင်း အစီအရင်ကို ဖန်တီးပြီးသည့်နောက်မှာတော့ သူသည် ခပ်လှမ်းလှမ်းသို့ ပြေး၍ ကြည့်နေမိသည်။

အစီအရင်သည် ပထမတုန်းက ဝေဝေဝါးဝါးနှင့် ဖြစ်သော်လည်း တဖြည်းဖြည်းနှင့် ပုံရိပ်ယောင် တစ်ခု အဖြစ် ကြည်လင်လာ၏။

အကုန်လုံး ခြုံကြည့်ရလျှင် မှန်ကဲ့သို့ ပြောင်းလဲသွားခြင်း ဖြစ်သည်။

အချိန်တစ်ခု ကြာပြီးသည့်နောက်မှာတော့ ဖုံးကွယ်ခြင်း အကျိုးသက်ရောက်မှု အစွမ်းသည် စုစည်းလာပြီး သီးခြားဖြစ်တည်ခြင်း အစီအရင်သည် ပတ်ဝန်းကျင်တည်နေရာတစ်ခုလုံးသို့ ပြောင်းလဲသွားစေခဲ့၏။

ကျွင်းချောင်ရှောင်းသည် သေချာလမ်းလျှောက်လာပြီး အစီအရင်၏ အရှေ့ဘက်တွင် မတ်တပ်ရပ်လိုက်၏။ သူ၏ လက်ကို မြှောက်၍ လေထဲသို့ လှမ်း၍ ကိုင်လိုက်သည့် အချိန်မှာတော့ သူ၏ လက်သည် အစီအရင်အား ထိတွေ့ကိုင်တွယ်၍ ရနေသည်။

ကျွင်းချောင်ရှောင်းသည် အစီအရင်ထဲမှ ထွက်၍ အပြင်ဘက်မှ တစ်ဆင့် အတွင်းသို့ ကြည့်လိုက်ချိန်မှာတော့ မြက်ခင်းပြင်ကြီးတစ်ခုသာ ရှိနေ၏။ မည်သည့်အရာမှ ပြောင်းလဲမနေပေ။

ထို့ကြောင့် ဒီအစီအရင်နှင့်ဆိုလျှင် အပြင်ဘက်မှ ကြည့်ရှုနေသူများသည် အထဲ၌ ပတ်ဝန်းကျင်တစ်ခုလုံး ပြောင်းလဲနေသည်ဆိုလျှင်တောင်မှ သိရှိနိုင်တော့မည် မဟုတ်ချေ။

"ဘယ်လိုလဲ။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

"မြင်ပြီလား။"

ဆင့်‌ခေါ်ခြင်းခံလိုက်ရသော ကျန့်ရာသည် ကျွင်းချောင်ရှောင်း၏ ဘေးတွင် မတ်တပ်ရပ်နေသည်။

သူသည် စိတ်ဝိညာဉ်စွမ်းအင်များကို ဖြန့်ကျက်၍ အစီအရင်ထဲကို ကြည့်ရှုလိုက်သည်။ သို့ပေမဲ့ အစီအရင်ထဲမှာ ဖြစ်တည်နေသော အော်ရာများကို အာရုံခံမိဖို့အတွက် အလွန်ခက်ခဲနေ၏။

ပြီးနောက် သူသည် ဇဝေဇဝါဖြင့် မေးလိုက်သည်။ "ဒီမှာ အစီအရင်တစ်ခု ရှိနေတာလား။ သေချာရဲ့လား။"

"ရှေ့ကို နှစ်လမ်းတိုးလိုက်။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

ကျန့်ရာသည် သူပြောသည့်အတိုင်း ပြုလုပ်လိုက်၏။ ရှေ့သို့ တိုးလိုက်သည့် အချိန်မှာတော့ သူ၏ ဦးခေါင်းသည် အစီအရင်နှင့် တိုက်မိသွား၏။

"ဒါက"

သူသည် ဦးခေါင်းကို အုပ်ကိုင်ကာ ထိပ်လန့်တကြားဖြင့် ပြောလိုက်သည်။ "တကယ့်ကို အစီအရင်ရှိနေတာပဲ။"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ဒီအစီအရင်နဲ့ဆိုရင် စိတ်ဝိညာဉ်စွမ်းရည်တွေနဲ့ လာပြီးတော့ အာရုံခံမယ်ဆိုရင်တောင် ပေါ်ပေါက်သွားမှာ စိတ်ပူစရာ မလိုတော့ဘူး။

ကျန့်ရာသည် သူ၏ လက်ကို မြှောက်၍ အစီအရင်အတားအဆီးအား ကိုင်ကြည့်လိုက်သည်။ ပြီးနောက် စိတ်ထဲမှ ကြိတ်ကာ တုန်လှုပ်နေမိ၏။ "ဒီလို ဖုံးကွယ်ထားတဲ့ သီးခြားဖြစ်တည်ခြင်း အစီအရင်တစ်ခုကို ဖန်တီးနိုင်ဖို့ဆိုတာ တော်တော်ကို ခက်ခဲတာပဲ။ဂိုဏ်းချုပ်က အစီအရင်ဆရာတစ်ယောက် ဖြစ်ရမယ်။"

All Chapters